← Chapters

ကြာပန်းအမည်း

Vol. 009 Ch. 808

ကြာပန်းအမည်း

Vol. 009 Ch. 808

“အထဲဝင်ပြီး ကြည့်ကြည့်ပါလား” ကုန်ရှန်ယိသည် ရှီမာယူယူဘက်လှည့်လိုက်သည် “ဒီနေရာ ထိရောက်လာပြီးမှ အထဲကိုဝင်မကြည့်ဘူးဆိုရင် စိတ်မဖြောင့်ဘူးလို့ ခံစားရတယ်”

“ဟုတ်တယ်” ဟန့်မြောင်ရွှမ် ပြောလေသည် “အထဲမှာ ဘာမှမရှိဘူးဆိုရင်တောင် ဘယ်လိုပုံစံလဲဆိုတာ ကြည့်လို့ရတာပေါ့၊ ဂျူနီယာမောင်လေး ငါတို့ဆက်ဝင်ကြည့်မယ်လေ”

ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။ အားလုံးက ဝင်ချင်နေသည်ကို တွေ့သောအခါ သူမသည် စိတ်ထဲမှ သံသယများကို ချုပ်တည်းကာ ခေါင်းညိတ်လိုက်သည် “ဒါဆိုရင် ဝင်ပြီးကြည့်ကြတာပေါ့”

“ဒါပေမဲ့ အခန်းတွေကများလွန်းတယ် ဘယ်လိုဝင်ရမှာလဲ”

“စီနီယာအစ်ကိုကြီး ဘယ်လိုဝင်ရမလဲဆိုတာသိလား” စူးရှောင်ရှောင်သည် ကျန်းကျူကျိအား မေးလေသည်။

သူက ရှေးဟောင်းစာအုပ်တွေမှာ ဖတ်ဖူးတော့ ဘယ်လိုဝင်ရမလဲဆိုတာ သူသိမှာပဲ ဟုတ်တယ်မလား။

ကျန်းကျူကျိသည် ကျောက်အိမ်များကို လှည့်ပတ်ကြည့်လိုက်သည်။ အားလုံးသည်လည်း လှည့်ပတ်ကြည့်ရာ ပစ္စည်းများပြည့်နေသည်ကို တွေ့ရလေသည်။ ထိုနေရာတွင် လမ်းကြောင်းမရှိသည့်ပုံပင်။

ထိုနေရာသည် သင်္ချိုင်း၏ ဂိတ်ဆုံးဖြစ်သည့်ပုံပင်။

“ငါတို့ အဆုံးကိုရောက်နေပြီ” သူသည် လှည့်ပတ်ကြည့်ပြီးနောက် ပြန်လာကာ ပြောလေသည် “ဒါပေမဲ့ ဒီမှာအခေါင်းလည်းမရှိဘူး၊ အဇူရာဧကရာဇ်က ဖန်အခေါင်းဆောက်ပေးမယ်လို့ သတင်းတွေ ရှိတယ် ဒါပေမဲ့ မတွေ့ဘူးပဲ”

“ဖန်အခေါင်းဟုတ်လား ဖြုန်းတီးတာပဲ ဘယ်လိုပဲဖြစ်ဖြစ် စုပ်ယူတာခံရမယ်လို့ လောင်းရဲတယ်” ဟန့်မြောင်ရွှမ် ဝမ်းနည်းစွာပြောလေသည်။

“ဖန်အခေါင်းက သာမန်ပစ္စည်းလို မဟုတ်ဘူး၊ ချီဝိညာဉ်တွေရဲ့ စုပ်ယူတာကို မခံရလောက်ဘူး” ကျန်းကျူကျိ ပြောလေသည်။

“ဒါဆိုလည်း သေချာကြည့်သင့်တယ်၊ ရှေးခေတ်က အဲလူကိုသာတွေ့ရမယ်ဆိုရင်… ဟီးဟီး” ဟန့်မြောင်ရွှမ် ရယ်မောလေသည် “ဂျူနီယာမောင်လေး ငါတို့ခေတ်ကလူတွေက ပိုကောင်းမယ်လို့ထင်လား အဲအချိန်တုန်းကလူတွေက ပိုကောင်းမယ်လို့ထင်လား”

“အတူတူလောက်ပဲ မဟုတ်ဘူးလား၊ အချိန်တွေအများကြီး ကြာပြီးတဲ့နောက်တော့ အဲဒီရှေးဟောင်းလူတွေလည်း မဖွံ့ဖြိုးတော့ဘူး” ရှီမာယူယူ ပြောလေသည်။

“ဟားဟား လူတွေတောင် ဖွံ့ဖြိုးရဦးမှာလား၊ သူတို့က ငါတို့လိုပုံမျိုး မဟုတ်နိုင်ဘူးလား” ကုန်ရှန်ယိ ရယ်မောလေသည်။

“ဒါပေါ့၊ အဲလူတွေက ဒီလိုပုံဖြစ်မယ်လို့ ထင်နေတာလား” ရှီမာယူယူ ပြောလေသည်။

“ဒါဆို အရင်တုန်းကလူတွေက ဘယ်လိုပုံမျိုးလဲ” ဟန့်မြောင်ရွှမ်သည် သိချင်စိတ်ဖြင့် မေးလေသည်။

“သူတို့က… ကျွန်တော်က ဘယ်လိုသိမှာလဲ” ရှီမာယူယူသည် ပြောလုနီးပါး ဖြစ်သွားသည်။

သူမသည် ဖွံ့ဖြိုးမှု သီအိုရီကို သူတို့ကိုပြောပြရမှာလား။ လူသားတွေနဲ့ မျောက်တွေက မျိုးရိုးဗီဇ အများစုကို မျှဝေထားတယ် ဆိုတာလေ။

သူတို့ သူမကိုယုံကြည်ဖို့က ခက်သွားမယ်။

ဒါပေမဲ့ အားနည်းတဲ့ လူသားတွေက အဲအကြောင်းကို သိပြီးတာကြာပြီလေ။

“ငါတို့အခု လက်ရှိအခြေအနေကို ပြောတာကောင်းမယ်” ရှီမန်ဖန်သည် သူတို့စကားဝိုင်းကို ဖြတ်လိုက်သည်။

သူသည် ရှီမာယူယူ၏ ဖွံ့ဖြိုးမှုအကြောင်းကို ကြားဖူးသည်။ ထိုအချိန်က အနည်းငယ် မယုံကြည်ပေ။ သူတို့ သူမကိုသာ ဆက်မေးနေပါက တစ်နေကုန်စောင့်နေရမည့် အခြေအနေကို သူသိသည်။

ကျန်းကျူကျိသည် လူသားဖွံ့ဖြိုးမှုအကြောင်းကို ဆွေးနွေးနေသည်ကို ကြားသော်လည်း ဘာမှ မပြောပေ။

“ဒီမှာ စက်ကိရိယာတွေရှိတယ် ဆိုရင်တောင် ရှာဖို့မလွယ်ဘူး” သူသည် နောက်တစ်ခေါက် ပြန်ပတ်ကြည့်သော်လည်း ဘာမှမတွေ့ပေ။

“အခန်းတွေထဲမှာ ပစ္စည်းတွေတော့အများကြီးပဲ၊ အဲဒါတွေက တစ်ခုခုကိုပိတ်ထားသလိုပဲ အရင်ဆုံးရှင်းပြီးမှ ရှာကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည်။

ကျောက်အိမ်တိုင်းတွင် ပစ္စည်းများပြည့်နေသည်။ တချို့မှာ မူလပုံအတိုင်းရှိနေပြီး တချို့မှာ ဖုန်တက်ကာ မြေပေါ်တွင် ပြန့်ကျဲနေသည်။

ရှီမာယူယူသည် တစ်ချက်တွေးပြီး ထိုပစ္စည်းများကို ဝိညာဉ်စေတီထဲ ထည့်လိုက်သည်။

ထိုအချိန်တွင် ဝိညာဉ်လေးသည် လင်းလုံနှင့် ကစားနေရာ ဖုန်လုံးကြီး ကျလာသည်ကို တွေ့လိုက်ရသည်။ သူ၏ လျင်မြန်သော တန်ပြန်တိုက်ကွက်ကြောင့်သာ မဟုတ်လျှင် သူသည် ဖုန်အောက်၆ပေလောက် မြုပ်သွားလောက်ပြီ။

“ယူယူ ဘာလုပ်တာလဲ” သူသည် ပေါက်ကွဲကာ သူမအားအော်လေသည်။

“မတော်တဆပါ မတော်တဆ” ရှီမာယူယူသည် တောင်းပန်စွာ ပြောလေသည်။

“ယူယူ ဘာတွေဖြစ်နေတာလဲ” ဝိညာဉ်လေးသည် သူမကို တစ်ခုခုဟုခံစားရသည်။ ဒီလို အဆင့်မရှိတဲ့ အမှားမျိုးလုပ်မိသည်မှာ ထူးဆန်းသည်။

“ငါလည်း ငါ့ကိုယ်ငါမသိဘူး” ရှီမာယူယူ ပြောလိုက်သည် “ဂူသင်္ချိုင်းကို ဝင်လိုက်ကတည်းက ထူးဆန်းတယ်လို့ ခံစားရတယ်၊ ဒီမှာထူးဆန်းတာ ရှိနေတယ် ထူးဆန်းတဲ့ခံစားချက် ရနေတယ်”

“ထူးဆန်းတယ်ဟုတ်လား ဘယ်လိုလဲ” ဝိညာဉ်လေးသည် အပြင်ဘက်အား စစ်ဆေးကြည့်ကာ ပြောလေသည် “ဒီမှာ ထူးဆန်းတာ ဘာမှမရှိပါဘူး၊ အပြင်ဘက်က ပုံမှန်ပါပဲ တကယ်ပဲ ဘာမှမရှိဘူး”

“ငါပဲ အတွေးလွန်နေတာလား” ရှီမာယူယူသည် စမ်းသပ်သလို ပြောလေသည် “ထားလိုက်တော့ ဘာမှမတွေးမိမှတော့ သင်္ချိုင်းအတွင်းကိုသွားဖို့ နည်းလမ်းရှာကြည့်ရမှာပဲ”

“ယူယူ ဘာတွေစဉ်းစားနေတာလဲ” ကုန်ရှန်ယိသည် ရှီမာယူယူ အတွေးထဲမြောနေသည်ကို တွေ့သည်နှင့် မေးလေသည်။

“အိမ်ထဲမှာ စက်ကိရိယာတွေဘာတွေ ရှိမလားဆိုတာ တွေးနေတာ” ရှီမာယူယူသည် ကြုံရာကို ဆွဲပြောလိုက်သည်။

“ဘာမှမတွေ့ဘူးလား”

“မတွေ့ဘူး” ရှီမာယူယူသည် ခေါင်းယမ်းလိုက်သည် “တည်ဆောက်မှုရှိတယ်ဆိုရင် တစ်ခုခုတော့တွေ့ရမှာပဲ၊ ဒါပေမဲ့ဒီလိုစက်ယန္တရားက ကျွန်တော့်လုပ်နိုင်စွမ်းထက် သာလွန်နေတယ်”

“အကုန်လုံးကတော့ ဒါနဲ့စိမ်းတာပဲ ငါတို့အလောင်းအစား လုပ်ရမဲ့ပုံပဲ” ဟန့်မြောင်ရွှမ် ပြောလေသည်။

“ငါ စမ်းကြည့်မယ်” ဟာစွန် ပြောလေသည်။

“ကောင်းပြီ မင်းအကြံများ ထွက်မလားလို့ ကြည့်ကြည့်လိုက်” ရှီမာယူယူ ပြောလေသည်။

ဟာစွန်သည် မျက်လုံးမှိတ်ကာ ထိုနေရာအား အာရုံခံကြည့်သည်။

ဟန့်မြောင်ရွှမ်သည် ရှီမာယူယူဘေးသို့ အပြေးလာကာ တိုးညင်းသောအသံဖြင့် မေးလေသည် “ဟာစွန်က ဝိညာဉ်မိစ္ဆာ မဟုတ်ဘူးလား သူက ဘယ်လိုလုပ် ဒါကိုသိမှာလဲ”

“သူ မသိဘူး”

“ဒါဆို ဘာလို့လုပ်ခိုင်းတာလဲ”

“သူက ဒီအကြောင်းကိုတော့ မသိဘူး ဒါပေမဲ့သူက လေဟာပြင်ဝိညာဉ်မိစ္ဆာပဲ၊ သူက နေရာတွေနဲ့ပတ်သက်ပြီး ခံစားရလွယ်တယ်၊ ပုံမှန်မဟုတ်တာတွေကို သူပြောနိုင်တယ်” ရှီမာယူယူ ပြောလိုက်သည်။

“လေဟာပြင်ဝိညာဉ်မိစ္ဆာက ဒီလိုစွမ်းရည်ရှိတာလား” ထိုအကြောင်းကြားဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သဖြင့် အလွန်အံ့သြနေသည်။ သူတို့သည် ဟာစွန်အား စပ်စုစွာနှင့် မှန်းဆကြည့်လေသည်။

ဟာစွန်သည် ပတ်ဝန်းကျင်အား အာရုံခံပြီးနောက် မျက်လုံးဖွင့်ကာ ညာဘက်မှ ကျောက်တုံးအိမ်ကို ညွှန်ပြကာ ပြောလေသည် “အဲနေရာမှာ လှိုင်းတချို့ရှိနေတယ်”

အားလုံးသည် ထိုကျောက်တုံးအိမ်သို့ ဝင်ကာ ပစ္စည်းများကို ရှင်းလိုက်သည်။ သူတို့သည် ကျောက်တုံးတစ်တုံးပင် ချန်မထားဘဲ နေရာတစ်ခုလုံးကို ရှင်းလင်းလိုက်သည်။

သူတို့သည် အကြိုအကြားများပါ ဂရုတစိုက် ကြည့်သော်လည်း ဘာမှမတွေ့ပေ။

ကျန်းကျူကျိ၏ မျက်လုံးများတွင် စိတ်မရှည်မှုများ ဖြစ်လာသည်။ သို့သော် ခေတ္တမျှသာဖြစ်သွားသဖြင့် ဘယ်သူမှ သတိမထားမိလိုက်ပေ။

“ရှူး”

ရှီမာယူယူသည် ရုတ်တရက် အသက်ပင့်ရှူလိုက်သည်။

“ဂျူနီယာမောင်လေး ဘာဖြစ်တာလဲ”

ရှီမာယူယူသည် သူမလက်အား ပြန်ယုတ်ကာပြောလေသည် “ကျွန်တော်ဒီနံရံကို ထိလိုက်တော့ စူးသွားပြီး နံရံမှာသွေးပေသွားတယ်”

“ကိုယ့်လူတွေ ကြည့်လိုက်ကြ” ကုန်ရှန်ယိသည် နံရံတွင် အပြောင်းအလဲဖြစ်သည်ကို တွေ့လိုက်သည်နှင့် အော်လေသည်။

အစပိုင်းက ဗလာကျင်းနေသောနံရံသည် အဖြူအဖြစ် စတင်ပြောင်းပြီးနောက် မရေတွက်နိုင်သော အရောင်များအဖြစ် ပြောင်းလေသည်။ မိုးပြာရောင်၊ မြက်စိမ်းရောင်များသည် မြစ်သဖွယ် ညင်သာစွာစီးဆင်းလေသည်။ မြစ်သည် ဘေးတစ်လျှောက်စီးဆင်းသွားရာ ကြာရွက်နှစ်ရွက် ဖြစ်သွားလေသည်။ ထို့နောက်တွင် ပုံစံတဖြည်းဖြည်းပေါ်လာပြီး ပွင့်ဖတ်ကိုးဖတ်ပါသော ကြာပွင့်ပုံပေါ်လာသည်။

ထို့နောက် ထိုပန်းသည်…. အနက်ရောင် ပြောင်းသွားလေသည်။

အနက်ရောင်အရွက်များသည် ချီအအေးဓာတ်ထုတ်လွှတ်ပြီး နူးညံ့သောကြာပွင့်သည် လှပသော မိန်းမပျိုနှင့်တူလေသည်။

ထိုပွင့်ဖတ်ကိုးဖတ်ပန်းသည် တည်ငြိမ်စွာ ဖူးပွင့်လေသည်။

အားလုံးသည် ထိုအနက်ရောင်ကြာပန်းကို ကြောင်စီစွာကြည့်နေပြီး အအေးဓာတ်ထုတ်လွှတ်သော ဆွဲဆောင်မှုကို မှင်တက်ကာ အသက်ရှူရန်ပင် မေ့နေလေသည်။

သို့သော် သူတို့ဘာမှ မပြောရသေးခင်မှာပင် ထိုအနက်ရောင်ကြာပန်းသည် နှစ်ပွင့်ဖြစ်သွားကာ ထိုကြာပန်းနှစ်ပွင့်သည် လျင်မြန်စွာ ပြန်ပျောက်ကွယ်သွားကာ နံရံအနောက်သို့ ဆုတ်ခွာသွားလေသည်။

ထိုအချိန်တွင် နံရံပေါ်တွင် ရှည်လျားသောအက်ကြောင်း စတင်ဖြစ်ပေါ်လာပြီး နံရံအဖြစ်မှ တံခါးရွက်နှစ်ခုပါသော တံခါးအဖြစ် ပြောင်းသွားလေသည်။

****

All Chapters