← Chapters

ကောင်းကင်ခွဲနတ်ဆိုးဓားရှည်

Vol. 009 Ch. 811

ကောင်းကင်ခွဲနတ်ဆိုးဓားရှည်

Vol. 009 Ch. 811

ကျန်းကျူကျိ ထိုမျှလောက် စိတ်လှုပ်ရှားနေသည်ကို သူတို့တွေ့သောအခါ အားလုံးလျှောက် သွားကြသည်။ ဖန်အခေါင်းအတွင်းတွင် သံဓားရှည်တစ်ချောင်းသည် တည်ငြိမ်စွာရှိနေသည်။

ထိုဓားတွင် ရစ်ခွေနေသော ဝိညာဉ်မိစ္ဆာတစ်ကောင်ကဲ့သို့ ထူးဆန်းသော အမှတ်အသားရှိနေသည်။ ထိုပုံ၏ လက်သည်းများမှာ… နဂါးနှင့်တူသည်။

နဂါးမျက်လုံးများကို တောက်ပသော ပတ္တမြားဖြင့်ပြုလုပ်ထားရာ ထိုပတ္တမြားများမှ အလင်းဖျော့ဖျော့ ထွက်နေရာ နိမိတ်မကောင်းသော ခံစားမှုမျိုး ခံစားရလေသည်။

ဓားတွင် ဓားအိမ်ရှိမနေကာ အထဲတွင် ငြိမ်းချမ်းစွာ လဲလျောင်းလျက်ရှိသည်။ ဓားပေါ်တွင် အမည်ရှိလေသည်။

ကောင်းကင်ခွဲ…

“ဓားက ဒီမှာဘယ်လိုလုပ်ရှိနေတာလဲ နိမိတ်မကောင်းတာကြီးကိုး” ဟန့်မြောင်ရွှမ်သည် သူမ စိတ်ထဲမှ စူးရှသော နိမိတ်မကောင်းမှုကို ခံစားရသောအခါ ကြောက်ရွံ့မှုဖြစ်ပေါ်လာပြီး ဓားကို မုန်းတီးစွာကြည့်လိုက်သည်။

ရှီမာယူယူလျှောက်လာရာ ရေးထားသော အမည်ကိုတွေ့လိုက်လေသည်။ သူမသည် ချက်ချင်း ပင် အော်လိုက်သည်။

“ကောင်းကင်ခွဲ နတ်ဆိုးဓားရှည်”

ထိုအချိန်တွင် လင်းလုံသည် ဝိညာဉ်စေတီအတွင်းတွင် ပြင်းထန်စွာ စိတ်လှုပ်ရှားသွားလေသည်။ သူမသည် ထွက်ချင်သည်ဟု ဆက်တိုက် အော်နေသော်လည်း သူမကို အထဲတွင် ပိတ်ထားလိုက်သည်။

“ယူယူ ယူယူ ငါထွက်ချင်တယ် ငါ သေသေကြေကြေ တိုက်ရမယ်” လင်းလုံသည် အကြီးအကျယ် လှုတ်ခတ်ကာ အဆက်မပြတ် အော်ဟစ်လေသည်။

“လင်းလုံ စိတ်အေးအေးထား” ဝိညာဉ်လေးသည် သူမအားဆွဲထားလေသည် “မင်းရဲ့ လက်ရှိ အားနဲ့ ကောင်းကင်ခွဲနတ်ဆိုးဓားနဲ့ ဘယ်လိုလုပ် ပြိုင်ဘက်ဖြစ်မှာလဲ မင်းအခုထွက်မယ်ဆိုရင် ချက်ချင်းပဲ နှစ်ခြမ်းကွဲသွားလိမ့်မယ်”

“ဒါပေမဲ့ အဲကောင်က အခုအပြင်မှာလေ ငါဒီလောက်ကြာအောင် ရှာနေတာ၊ ဒီအထဲမှာပုန်းနေလိမ့်မယ်လို့ ထင်မထားဘူး” လင်းလုံသည် ဝိညာဉ်လေး၏လက်ကို ဘေးသို့တွန်းကာ အဆက်မပြတ် ပျံသန်းနေပြီး သူမကို အထဲတွင် ပိတ်ထားသော ရှီမာယူယူကို ကျိန်ဆဲနေလေသည်။

“သူကဒီမှာရှိတယ်ဆိုတာ သိမှတော့ နောက်ကို အခွင့်အရေးရမယ်လို့ မတွေးမိဘူးလား” ဝိညာဉ်လေးပြောလေသည် “သူနဲ့မင်းနဲ့က ပြေးမလွတ်တဲ့ရန်သူတွေပဲ မင်း သူ့ကိုမနိုင်နိုင်ဘူးဆိုရင် ထိခိုက်မဲ့လူက မင်းပဲ၊ မင်းက သူနဲ့ပြိုင်ဘက်ဖြစ်မယ်လို့ ခံစားရလား၊ မင်းက မသန်စွမ်းလက်နက် ဖြစ်ချင်လို့လား”

လင်းလုံသည် ငြိမ်ကျသွားကာ မပျော်ရွှင်စွာ ပြောလေသည် “ငါလည်း အဲဒါကိုသေချာသိပါတယ် ဒါပေမဲ့ ဒါက ငါ့အကြွေးကိုရှင်းချင်လို့ အပြင်ကို အလောထွက်ချင်တဲ့အတွက် ထုံးစံအတိုင်း ကိုယ့်ကိုယ်မထိန်းနိုင်တဲ့ သဘောပါ”

“အင်းပါ မင်းတို့က မတွေ့တာ နှစ်တစ်ထောင်ရှိနေပြီ ဒီအချိန်နည်းနည်းလောက်က ဘာမှမဟုတ်ပါဘူး” ဝိညာဉ်လေးသည် သူမကိုနှစ်သိမ့်လေသည်။

“ယူယူ ယူယူ မြန်မြန်ကျင့်ကြံတော့၊ မင်းသန်မာလာမှပဲ ငါသန်မာလာမှာ” လင်းလုံသည် ရှီမာယူယူအား မကျေနပ်စွာ အော်လေလည်။

“ဂျူနီယာညီလေး မင်းဒီဓားကိုသိလား” စူးရှောင်ရှောင်မေးလေသည်။

ရှီမာယူယူ ခေါင်းညိတ်ကာ ပြောလေသည် “ဒါကနတ်ဆိုးဓားသွားပဲ သူက ရှေးအချိန်တွေတုန်းက အများကြီးတိုက်ခိုက်ခဲ့တယ်၊ နောက်တော့ ဘာလို့အရိပ်အမြွက်မရှိ ပျောက်သွားလဲဆိုတာ ဘယ်သူမှမသိကြဘူး”

“နတ်ဆိုးဓားရှည်ဟုတ်လား အဲဓားမှာ နတ်ဆိုးစွမ်းအင်တချို့ရှိတယ် ဆိုပေမဲ့ ကောင်းနေပါတယ်၊ ဘာလို့ နတ်ဆိုးဓားလို့ခေါ်တာလဲ”

ရှီမာယူယူသည် ကျန်းကျူကျိအားကြည့်ပြီး ပြောလိုက်သည် “ဒါကို ကျွန်တော်သိတာထက် စီနီယာအစ်ကိုကြီးက ပိုပြီး ရှင်းရှင်းလင်းလင်းသိမယ်လို့ ထင်ပါတယ်”

အစောက သူတို့ပထမဆုံးဝင်လာချိန်က သူမစိတ်ထဲတွင် စွဲထင်နေသေးသည်ဟု သူ ပြောခဲ့ သည်။

သူပြောခဲ့သည်မှာ “ဒီမှာ တကယ်ရှိတယ်”

ထိုအချိန်က ရှေးခေတ်က အမျိုးသမီး၏ အလောင်းကို ရည်ညွှန်းခြင်းဖြစ်ရမည်ဟု သူမ တွေးထင်ခဲ့သည်။ ထိုနတ်ဆိုးဓားရှည်ကို ရည်ညွှန်းသည်ဟု သူမ ထင်မထားခဲ့ပေ။

“ရှေးခေတ်တုန်းက ကောင်းကင်ခွဲဓားက ကောင်းကင်မှာ နံပါတ်၁ဓားလို့ ဂုဏ်မြောက်ခံရတယ် အားကလည်း ပြိုင်ဘက်ကင်းပြီး သာမန်ကျင့်ကြံသူရဲ့ လက်ထဲမှာဆိုရင် သူ့အားက ဧကရာဇတ် အဆင့်တိုက်ပွဲစွမ်းရည်ရှိပြီး ကျွမ်းကျင်သူရဲ့ လက်ထဲမှာဆိုရင် ပြိုင်ဘက်ကင်းပဲ။ ကောင်းကင်ခွဲ.. သူက မျိုးနွယ်တိုင်းက လိုချင်နေတဲ့ အံ့ဖွယ်လက်နက်ပဲ အဲတုန်းက လင်းလုံလို့ခေါ်တဲ့ အံ့ဖွယ်လက်နက်ကပဲ သူ့ရဲ့ပြိုင်ဘက်ဖြစ်တယ်လို့ သိကြတယ်” ကျန်းကျူကျိ ရှင်းပြလေသည်။

“အဲဒါက အံ့ဖွယ်လက်နက်ပဲကို ဘာလို့ နတ်ဆိုးဓားလို့ခေါ်တာလဲ” ကုန်ရှန်ယိသည် နားမလည်ပေ။

“အဲဓားက နေ့တိုင်းကို လူ၁၀ယောက်ရဲ့ သွေးလိုလို့ပဲ” ကျန်းကျူကျိ ပြောလေသည် “အဲဒါတင် မဟုတ်ဘူး သူက ပိုင်ရှင်ရဲ့ စိတ်ကိုပါထိန်းချုပ်နိုင်ပြီး လူသတ်စက်လိုမျိုးကို သွေးဆာစေတယ်”

“ဟား”

“အဲလောက်တောင် ကြောက်စရာ ကောင်းတာလား”

“အဲဒါကို ရှင်းပစ်ဖို့ ဘယ်သူမှ မစဉ်းစားကြဘူးလား” ရှီမန်ဖန် မေးလေသည်။

“အစတုန်းကတော့ အဲဓားမှာ နတ်ဆိုးအကျင့်တွေရှိမယ်လို့ ဘယ်သူမှ မထင်ထားကြဘူး အာရုံလည်း သိပ်မထားခဲ့ကြဘူး၊ တစ်နေ့ကို လူဆယ်ယောက်လောက် သတ်တာပဲလေ၊ စွမ်းအားနောက်လိုက်တဲ့ လူတွေက အဲဒါကို လိပ်ပြာမသန့်မဖြစ်ကြဘူး၊ နောက်တော့ အားလုံးက အဲဒါကို နတ်ဆိုးဓားဆိုတာကို သိလိုက်တဲ့အချိန်မှာ အရမ်းနောက်ကျသွားပြီ လုံးဝမပျက်ဆီးနိုင်တဲ့ဓားဖြစ်သွားပြီး ဘယ်သူကမှ မနိုင်နိုင်တော့ဘူး”

“အဇူရာဧကရာဇ်ကလည်း ဘာမှမလုပ်နိုင်ဘူးလား”

“သူလုပ်နိုင်မယ်ဆိုရင် ဒီမှာနှစ်ထောင်ချီပြီး ရှိနေတော့မှာမဟုတ်ဘူး” ကျန်းကျူကျိ ပြောလေသည် “သူတို့က ဒီဓားကိုဒီနေရာမှာ တစ်သက်လုံးထားဖို့အတွက် လောကအသေးကိုသုံးပြီး အလင်းရောင်ကို မမြင်စေတော့ပဲ ဘယ်သူနဲ့မှလည်း မတွေ့ခိုင်းတော့ဘူး၊ သူတို့က ဒီဓားရဲ့ နတ်ဆိုးအကျင့်တွေကို သတ်ပစ်ဖို့အတွက် နှစ်ထောင်ချီပြီးသုံးခဲ့တယ်၊ ဒါပေမဲ့အချိန်တွေ ဒီလောက်ကြာသွားတာတောင်မှ အမြစ်မဖြတ်နိုင်တာ နှမြောစရာပဲ”

“အဲဓားက ဘယ်တော့မှ အမြစ်မဖြတ်နိုင်ဘူးလို့ ထင်တယ်”

“မဖြစ်မနေတော့ မဟုတ်ဘူး” ကျန်းကျူကျိ ပြောလေသည် “အဲတုန်းက လင်းလုံနဲ့ ကောင်းကင်ခွဲက ပေါင်းကူးတွေဖြစ်ကြတယ်လို့ ပြုလုပ်ခဲ့တဲ့လူက ပြောတယ်၊ ဒီကမ္ဘာမှာ အနိုင်ရနိုင်တဲ့ သူမရှိဘူးလားလို့ မေးရင်တော့ လင်းလုံလို့ပဲဖြေရမှာပဲ”

“အံ့ဖွယ်လက်နက် လင်းလုံလား” ကုန်ရှန်ယိ မျက်မှောင်ကြုတ်လိုက်သည် “အရင်က ကြားဖူးတယ် ဒါပေမဲ့ အဲဒါက ရှေးအချိန်တွေတုန်းက အံ့ဖွယ်လက်နက်ပဲ၊ အခုအဲလက်နက် ဘယ်မှာရှိလဲဆိုတာ ဘယ်သူမှမသိကြဘူး ပြီးတော့ ရှိသေးလားဆိုတာလည်း ဘယ်သူမှမသိကြဘူး”

“ကောင်းကင်ခွဲဓားက အဲဒီလောက် ကြောက်ဖို့ကောင်းတာ ဒီမှာပဲထားသင့်တယ်” ဟန့်မြောင်ရွှမ် ပြောလိုက်သည် “အဲဒီထဲက နတ်ဆိုးချီကို အခုထိ ငါခံစားမိနေတယ်၊ ထွက်နေတဲ့ရောင်ဝါက အရမ်းကြောက်ဖို့ကောင်းတယ်၊ ထုတ်လိုက်မယ်ဆိုရင် ဘယ်လိုသွေးစီးကြောင်းတွေ ဖြစ်လာမလဲ မသိနိုင်ဘူး”

“စီနီယာအစ်ကိုကြီးကတော့ အဲဒါကို သဘောတူမှာ မဟုတ်ဘူး” ရှီမာယူယူသည် ပြောပြီးသည်နှင့် ဖန်အခေါင်းအနောက်သို့ သွားရပ်ကာ သူ့အားကြည့်လိုက်သည်။

“စီနီယာအစ်ကိုကြီး” ရှီမာယူယူ ဘာကြောင့် ထိုသို့ပြောသည်ကို သိချင်သောကြောင့် စူးရှောင်ရှောင်နှင့် ဟန့်မြောင်ရွှမ်တို့သည် သူ့ကိုကြည့်လိုက်ကြသည်။

ကျန်းကျူကျိသည် ရှီမာယူယူအား အကူအညီမဲ့စွာကြည့်ကာ ပြောလိုက်သည် “ဘယ်သူမှ မပြောနိုင်ပါဘူးဆို မင်းက ဘယ်လိုပြောနိုင်တာလဲ”

“စီနီယာဒီကိုလာတာ ဒါအတွက်ကြောင့် မဟုတ်ဘူးလား” ရှီမာယူယူ ပြောလိုက်သည် “မဟုတ်ရင် ဒီကိုမလာခင်ကို ဒါကိုမျက်စိကျပြီးသားလို့ ပြောရမှာလား”

ကျန်းကျူကျိသည် အနက်ရောင် ပိုးသားလက်အိတ်ကိုထုတ်ပြီး ဝတ်ကာ ပြောလေသည် “ဂျူနီယာညီလေး တော်လွန်းတာ မကောင်းဘူး”

“ကျွန်တော်လည်း အဲလိုမဖြစ်ချင်ပါဘူး” ရှီမာယူယူသည် သူ့အားကြည့်ကာ ပြောလိုက်သည် “စီနီယာအစ်ကိုကြီး တကယ်ပဲ ကောင်းကင်ခွဲကို ထုတ်ချင်တာလား”

“အင်း”

“ကောင်းကင်ခွဲကို ထုတ်လိုက်ရင် ရလာမဲ့ရလဒ်ကိုရော သိလား”

“ဒါပေါ့”

“ခဏလေး ဘာတွေပြောနေတာလဲ ငါက ဘာလို့နားမလည်ရတာလဲ” ဟန့်မြောင်ရွှမ်သည် ရှီမာယူယူအား ကြည့်ပြီး ကျန်းကျူကျိကို ပြန်ကြည့်ကာ ပြောလိုက်သည် “ကျန်းကျူကျိ နတ်ဆိုးဓားကို ထုတ်ချင်တာလား ဘာအဓိပ္ပာယ်လဲ”

ကျန်းကျူကျိသည် သူမအစ်ကိုကြည့်ရုံသာကြည့်ပြီး ပြန်မဖြေပေ။ သူ့ဆိုလိုရင်းမှာ ထင်ပေါ်နေသည်။

“ကျန်းကျူကျိ ရူးနေလား” ဟန့်မြောင်ရွှမ်သည် အော်လေသည်။

“စီနီယာအစ်ကိုကြီး” စူးရှောင်ရှောင်သည် သူ့အား တုန်လှုပ်စွာ ကြည့်လေသည်။ သူသည် သူ့မျက်လုံးကိုပင် သူမယုံနိုင်ပေ။

“ဂျူနီယာမောင်လေး မင်းအစကတည်းက သိပြီးသားလား” ဟန့်မြောင်ရွှမ်သည် ရှီမာယူယူအား မေးခွန်းထုတ်ကာ ကြည့်လေသည် “ဘာတွေဖြစ်နေတာလဲ”

“တကယ်ရိုးရှင်းပါတယ်” ရှီမာယူယူ ပြောလိုက်သည် “စီနီယာအစ်ကိုကြီးက ကောင်းကင်ခွဲဓား ကိုထုတ်ချင်နေတယ်”

“မဖြစ်နိုင်တာ” ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့သည် တစ်ပြိုက်နက်တည်း ငြင်းဆန်ကြလေသည် “နတ်ဆိုးဓားက အန္တရာယ်များလွန်းတယ်၊ အဲဒါသာထွက်လာရင် ပျက်စီးမှုက တွေးလို့တောင် မရဘူး၊ စီနီယာအစ်ကိုကြီး ထုတ်လို့မရဘူး”

“ထုတ်မယ်ဆို ထုတ်မယ်ပဲ မင်းတို့က ငါ့ကိုတားချင်လို့လား” ကျန်းကျူကျိ၏ ရောင်ဝါသည် ပြောင်းလဲသွားသည်။ သူသည် ပျင်းရိခြင်းမရှိတော့ပဲ အန္တရာယ်ပြုမည့် ရောင်ဝါထုတ်လွှတ်လေသည်။

****

All Chapters