← Chapters

စီနီယာအစ်ကိုကြီး၏ သရုပ်မှန်

Vol. 009 Ch. 812

စီနီယာအစ်ကိုကြီး၏ သရုပ်မှန်

Vol. 009 Ch. 812

“စီနီယာအစ်ကိုကြီး” စူးရှောင်ရှောင်သည် ကျန်းကျူကျိအား ကြည့်လိုက်သည် “အဆင်ပြေရဲ့လား”

“ပြေတာပေါ့” ကျန်းကျူကျိ ပြန်ဖြေလေသည် “ရှောင်ရှောင် ငါတို့က ဆရာတူညီအစ်ကိုဖြစ်လာတာ ဒီလောက်ကြာနေပြီ ငါ့ကိုမတားတော့ဘူးမလား”

“စီနီယာအစ်ကိုကြီး ဒီနတ်ဆိုးဓားကို ထုတ်လို့မရဘူး” စူးရှောင်ရှောင်ပြောလေသည် “ထုတ်မယ်ဆိုရင် ကျွန်တော်တို့ စီနီယာ့ကို တားရလိမ့်မယ်”

“ငါ့ကိုဘယ်လိုတားမှာလဲ ငါ့ကို မင်းမနိုင်ပါဘူး” ကျန်းကျူကျိသည် ဂရုမစိုက်သလို ပခုံးတွန့်လေသည်။

“ကျန်းကျူကျိ ဘာလို့ဒါကိုထုတ်မယ်ဆိုပြီး ခေါင်းမာနေတာလဲ ကျန်းမျိုးနွယ်အတွက်လား” ဟန့်မြောင်ရွှမ်သည် သူ့ကိုပိုရင်းနှီးကာ ညှိုးငယ်သောမျက်နှာထားဖြင့် ကြည့်လေသည်။

“ကျန်းမျိုးနွယ်ဟုတ်လား” ကျန်းကျူကျိသည် ပြုံးကာ ပြောလေသည် “ငါက ကျန်းမျိုးနွယ်နဲ့ ဘာပတ်သက်မှုမှမရှိဘူး”

“ဘာပြောလိုက်တာလဲ”

“အဲဒီငတုံးကျန်းကျူကျိက ငါ့လောက် ဘယ်လိုလုပ် ဉာဏ်ကောင်းမှာလဲ” ကျန်းကျူကျိ ပြောလေသည် “ငါက သူ့သရုပ်မှန်ကိုသုံးရုံပဲ”

“မင်းဘယ်သူလဲ”

“မင်းတို့ ဟန်မျိုးနွယ်နဲ့ ငါတို့ကျန်းမျိုးနွယ်တို့က မျိုးဆက်ပေါင်းများစွာ အဆက်အဆံရှိခဲ့တာ၊ မင်းက ကျန်းကျူကျိကို သိတယ်ဆိုတော့ ဒါဆိုရင် ကျန်းကျူကျိမှာ အမြွှာညီ ကျန်းကျူရှန်ရှိတယ်ဆိုတာ သိလား”

“မင်းကအဲဒီ…” ဟန့်မြောင်ရွှမ်သည် ကျန်းကျူကျိအား ကြည့်ပြီး မယုံကြည်စွာပြောလေသည် “သူသေသွားပြီလို့ ပြောကြတယ်မလား”

ကျန်းကျူကျိ မဟုတ်သေးဘူး…. ကျန်းကျူရှန့်သည် သူမပြောလိုက်သော စကားကိုကြားသောအခါ ပြုံးလိုက်သည်။ သူ၏ အပြုံးသည် ရန်ပြုလိုသော အရိပ်အယောင်ပါကာ ပြင်းထန်စွာ နာကျင်မှုရောယှက်နေသည်။

“သေသွားပြီဟုတ်လား မဟုတ်ဘူး ငါမသေဘူး၊ ဒါပေမဲ့ ငါသေဖို့မျှော်လင့်နေတဲ့ တစ်ယောက်တော့ရှိတယ်၊ အဲလိုနဲ့ သူက ကျန်းမျိုးနွယ်လူငယ်တွေထဲမှာ အဆင့်၁ဖြစ်လာခဲ့တယ်” ကျန်းကျူကျိ သည် ခေါင်းယမ်းပြီးပြောလေသည် “သူတင်မဟုတ်သေးဘူး တခြားသူတွေလည်း အဲလိုပဲတွေးကြတယ် အဲဒါကြောင့် သူတို့က သူ့ရဲ့ အဆိပ်သင့်နေတဲ့သွေးကိုလဲဖို့ ငါ့သွေးကိုသုံးခဲ့ကြတယ်၊ သူ့ကို အသက်ရှင် စေချင်ကြတယ်၊ ဒါပေမဲ့ အသက်ရှင်ကျန်တဲ့လူက ငါဖြစ်မယ်လို့ ဘယ်သူမှမထင်ကြဘူး ဟားဟားဟား”

“ကျန်းကျူကျိ…” ဟန့်မြောင်ရွှမ်သည် သူ့အားကြည့်လိုက်သည် “အဲတုန်းက မင်း အဆိပ်မိရာကနေ ကုလို့ရသွားပြီလို့ ကျန်းမိသားစုက သတင်းလွှင့်ခဲ့တယ်၊ မင်းသေသွားပြီပဲ… ဘယ်လိုလုပ် အသက်ရှင်နေတာလဲ”

“မင်းသိဖို့မလိုဘူး” ကျန်းကျူကျိသည် ရှင်သန်နေရာသည်မှာ နာကျင်လှသဖြင့် ထိုမေးခွန်းကို ပြန်ဖြေရန် အစီအစဉ်ရှိပေ။ သူသည် ထိုအရာတွက် တန်ဖိုးကြီးကြီးပေးဆပ်ခဲ့ရာ မစဉ်းစားချင်တော့ပေ။

“ကျောင်းက ထောက်ပံ့ပြီး ကယ်ခဲ့တဲ့လူက စီနီယာပဲ” ရှီမာယူယူ ပြောလိုက်သည်။

ကျန်းကျူကျိသည် ရှီမာယူယူအားကြည့်ပြီး ပြောလေသည် “ဂျူနီယာညီလေး မင်းက သာမန်လူထက် ဉာဏ်ကောင်းတယ် ငါတကယ်ပဲ မင်းရဲ့ရန်သူမဖြစ်ချင်ဘူး”

“ဒါဆိုလည်း ကျွန်တော့်ကို ရန်သူဖြစ်အောင်မလုပ်နဲ့ပေါ့” ရှီမာယူယူ ဆက်ပြောလေသည် “စီနီယာပြောသလိုပဲ ကျွန်တော်တို့က ဆရာတူတပည့်ဖြစ်လာတာ ကြာနေပြီ”

“မင်းတို့နဲ့ နေရတာ ငါ့အတွက်တော့ အကောင်းဆုံးပဲ စိတ်အသက်သာရာရဆုံးပဲ၊ သူများ အချိန်ငှားပြီးနေရတာတော့ နှမြောစရာပဲ၊ ပြီးတော့ ငါအမုန်းဆုံးလူရဲ့ အချိန်ကိုငှားသုံးနေရတယ်” သူသည် သူ့အစ်ကိုအကြောင်း ပြောရာတွင် နာကျင်မှုကို ဖိနှိပ်ထားသကဲ့သို့ အသံမှာကွဲအက်နေသည်။

“ကျန်းကျူရှန် ငါ မင်းကိုမေးမယ် ဒီနှစ်တွေမှာ မင်းပဲလား” ဟန့်မြောင်ရွှမ် မေးလိုက်သည်။

စူးရှောင်ရှေင်သည် သူ့အားတည့်တည့်ကြည့်ပြီး ရလာမည့်အဖြေကို အလွန် စိတ်လှုပ်ရှားနေသည်။

“ကျန်းကျူကျိက ကျန်းမျိုးနွယ်ဆေးပြိုင်ပွဲအတွက် ထွက်သွားတုန်းက အဖမ်းခံလိုက်ရတာ၊ သူက ပြိုင်ပွဲကို ဘယ်တုန်းကမှ ဝင်မပြိုင်ခဲ့ဘူး” ကျန်းကျူကျိ ပြောလေသည် “ဒါပေမဲ့ သူ့အရည်အချင်း အရဆိုရင် ရှုဂျင်းက သူ့ကို သတိထားမိမှာမဟုတ်ဘူး”

“အစကတည်းက မင်းဆိုတာလို့ပြောနေတာလား” ဟန့်မြောင်ရွှမ် ပြောလေသည် “ဆရာလက်ခံခဲ့တဲ့တပည့်က အစကတည်းက မင်းပဲ…”

“ဟုတ်တယ် အဘိုးကြီးသိသွားရင်တော့ အရမ်းဝမ်းမနည်းဖို့ မျှော်လင့်ရတာပဲ” ကျန်းကျူကျိ ပြောလေသည် “ဒါပေမဲ့ သူဒါကိုကြားရင် အသက်ရှင်ပါ့မလားတောင် မသိဘူး၊ သူသာသိသွားရင် ဒီနှစ်တွေမှာ မသိခဲ့တဲ့အတွက် နောင်တရလောက်တယ်”

“သူဝမ်းနည်းမှာမဟုတ်ဘူး” ရှီမာယူယူသည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည် “သူ ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး”

ကျန်းကျူကျိသည် သူမအားကြည့်ပြီး ပြုံးလိုက်သည်။ သူသည် သူမစကားများကို မယုံပေ။

“ဒီလောက်ဉာဏ်ကောင်းတဲ့ ဆရာက သတိမထားမိဘူးလို့ ထင်လား” ရှီမာယူယူသည် သူ့အား မေးခွန်းပြန်ထုတ်လေသည်။

“ဂျူနီယာညီလေး ဆရာက သိနေတယ်လို့ ပြောတာလား”

“မဖြစ်နိုင်ဘူး သူသိတယ်ဆိုရင် ဘာမှမပြောဘဲနေမှာ မဟုတ်ဘူး” ကျန်းကျူကျိသည် သူမကို မယုံသေးပေ။

“ဆရာက သိနေတာကြာပြီ” ရှီမာယူယူ ပြောလိုက်သည် “သူဘာမှမပြောတာက အစကတည်းက သူလက်ခံခဲ့တဲ့ တပည့်က စီနီယာဖြစ်နေလို့ပဲ၊ စီနီယာကိုပဲ သူလက်ခံခဲ့တာ ကျန်းမျိုးနွယ်ရဲ့ သခင် လေးဆိုတဲ့ နာမည်ကိုလက်ခံခဲ့တာ မဟုတ်ဘူး၊ စီနီယာက လျှို့ဝှက်ထားပေမဲ့ သူက အပြစ်တင်မှာ မဟုတ်ပါဘူး”

သူမစကားများကို ကျန်းကျူကျိကြားသောအခါ တုန်ယင်မိသည်။

“မဖြစ်နိုင်ဘူး သူအရင်က တစ်ခါမှမပြောဖူးဘူး” သူသည် သူမကိုမယုံသေးပေ။

“သူ ကျွန်တော့်ကို အရင်က ဘာပြောဖူးလဲသိလား”

“ဘာလဲ”

“ကျွန်တော့်သရုပ်မှန်က ဘာပဲဖြစ်နေနေ၊ သူအသိအမှတ်ပြုတဲ့ အမြဲတမ်း သူ့ရဲ့တပည့်ဖြစ်သွားမှာပါတဲ့၊ ကမ္ဘာကြီးကို ပျက်စီးစေမဲ့အလုပ် မလုပ်သရွေ့ကို ကျွန်တော်က သူ့တပည့်ပဲ၊ ဆရာ တစ်ရက် အဖ တစ်သက်လို့ သူပြောသေးတယ်၊ သူက အမြဲတမ်း ကျွန်တော်တို့ကို ကာကွယ်ပေးတယ် စီနီယာအစ်ကိုကြီးကို ခက်ခဲမှာပဲလို့တောင် သူပြောဦးမှာ၊ အစ်ကိုတစ်ခုခုလုပ်ရင် ရက်စက်ကြမ်းကြုတ်တာ မဟုတ်သရွေ့တော့ သူက ခွင့်လွှတ်မှာပဲ” ရှီမာယူယူ ပြောလိုက်သည် “အဲဒီကျန်းမျိုးနွယ်က သခင်လေးက ဘယ်အခက်အခဲမှ မကြုံဖူးဘူးလား ကျွန်တော့်ကိုပြောဦး ဆရာက သိသွားပြီဆိုရင် သူ အဲလိုပြောမလားလို့”

သူမ ထိုစကားများကို ပြောလိုက်သောအခါ ကျန်းကျူကျိသည် အနည်းငယ် အလင်းရသွားကာ မသိစိတ်မှ ဖန်အခေါင်းကိုကိုင်မိလေသည်။

“ဘယ်တုန်းက… သူဘယ်တုန်းက အဲဒါတွေပြောတာလဲ”

“ကျွန်တော်ဝင်လာပြီး မကြာဘူးပဲ” ရှီမာယူယူ ပြောလိုက်သည် “စီနီယာရဲ့ သရုပ်မှန်က ဘာပဲဖြစ်နေနေ သူက တပည့်တစ်ယောက်လို ဆက်ဆံတယ် ဒါပေမဲ့ ဒီနေ့ စီနီယာက နတ်ဆိုးဓားကိုထုတ်မယ် ဆိုရင်တော့ ဆရာတပည့်ဆက်ဆံရေးကို စီနီယာကိုယ်တိုင် လက်နဲ့ဖြတ်လိုက်တာပဲ စီနီယာအစ်ကို တကယ်ပဲ ဒါကိုလုပ်ချင်ရဲ့လား”

ကျန်းကျူကိသည် ခေါင်းငုံ့ပြီး ဖန်အခေါင်းထဲက ကောင်းကင်ခွဲဓားကို ကြည့်လိုက်သည်။ သူ့မျက်လုံးများသည် လှုပ်ရှားလာသည်။

“ငါ့ရဲ့ အမြဲတမ်းအဓိကတာဝန်က ကောင်းကင်ခွဲနတ်ဆိုးဓားရဖို့ပဲ ဒီဓားအတွက်နဲ့ ငါအပြင်ပိုင်းဒေသကိုဝင်ပြီး ဂိုဏ်းမှာစာရင်းသွင်းပြီးတော့ ဂိုဏ်းမှာတွေ့တဲ့ ရှေးစာအုပ်တွေမှာရေးထားတဲ့ သတင်းတွေရခဲ့တာ၊ ဒါပေမဲ့ ငါဘာမှမလုပ်ခင်ကို တွေ့လိုက်ရပြီ အားအကုန်သက်သာသွားတယ်”

“ကောင်းကင်ခွဲဓားက အပြင်ပိုင်းဒေသမှာ ရှိတယ်ဆိုတာကို အစကတည်းက သိထားတာလား” ဟန့်မြောင်ရွှမ်သည် ယုံကြည်မှုအပြည့်ဖြင့် ပြောလေသည် “မင်းက အစကတည်းက ဆရာ့ကို အသုံးချတာပဲ ငါတို့ကိုလည်း အသုံးချတယ်”

“ငါ မင်းတို့ကို အသုံးချတာလည်း ဟုတ်ချင်မှဟုတ်မယ်” ကျန်းကျူရှန် ပြောလေသည် “ငါက အတွင်းဂိုဏ်းကိုဝင်ဖို့အတွက် တခြားသရုပ်မှန်ကို သုံးလိုက်တာပဲရှိတာ မင်းတို့ကို ဘာမှထိခိုက်အောင် မလုပ်ဘူးလေ”

“စီနီယာအစ်ကို တကယ်ပဲ ကောင်းကင်ခွဲကို ထုတ်မလို့လား” စူးရှောင်ရှောင်သည် တည်တံ့သော မျက်နှာထားဖြင့် မေးလေသည်။

“ရှောင်ရှောင် ငါ ဒီမေးခွန်းကို သုံးခါရှိပြီဖြေနေရတာ” ကျန်းကျူရှန် ပြောလေသည် “မင်း ဘယ်လောက်ပဲမေးမေး ငါ့အဖြေကမပြောင်းဘူး”

“ကျွန်တော်တို့တားရင်ရော”

ကျန်းကျူရှန့်သည် လက်ချောင်းထုတ်ကာ ယမ်းလိုက်ပြီး ပြောလေသည် “ငါ မင်းစရိုက်ကိုသိတယ် အဲဒါကြောင့် မင်းကိုတားမဲ့နည်းကို ငါစဉ်းစားပြီးသား”

သူပြောသည့်စကာကို ကြားလိုက်သောအခါ အားလုံးသည် တုန်လှုပ်သွားကြသည်။ သူတို့တွင် ခံစားချက်များ မကောင်းတော့ပေ။

သူသည် အဖြူရောင်အလုံးထုတ်ပြီး ခွဲလိုက်သည်ကို အားလုံးကြည့်နေရသည်။ အနံ့သင်းသင်း တစ်ခုထွက်လာရာ အားလုံးရှူမိပြီး ရင်များတုန်လာသည်။ သူတို့၏ စွမ်းအားများ လျော့နည်းသွားကာ တစ်ယောက်ပြီး တစ်ယောက် လဲကျကုန်လေသည်။

သူတို့သည် ဝိညာဉ်စွမ်းအင် လှုပ်ရှားချင်သော်လည်း မလှုပ်နိုင်တော့ပေ။

ရှီမာယူယူသည် ခေတ္တမျှအာရုံခံကြည့်ရာ ထိုပစ္စည်းသည် သူမနှင့် ဝိညာဉ်စေတီတို့ ဆက်သွယ်မှုကို ဖြတ်တောက်လိုက်ပြီ ဖြစ်ကြောင်း သိလိုက်ရသည်။

******

All Chapters