← Chapters

အဆိပ်

Vol. 009 Ch. 813

အဆိပ်

Vol. 009 Ch. 813

“အနံ့ဆယ်မျိုးအမှုန့်” ဟန့်မြောင်ရွှမသည် ကြမ်းပေါ်တွင်လှဲနေကာ ကျန်းကျူရှန့်ထုတ်လိုက် သော ပစ္စည်းကို တွေးမိသောအခါ မျက်နှာအမူအရာပြောင်းသွားလေသည်။

“အနံ့ဆယ်မျိုးအမှုန့်ဟုတ်လား အဲဒါဘာလဲ” ကုန်ရှန်ယိသည် ခန့်မှန်းမိသော်လည်း မေးလိုက် သည်။

“ကြွက်သားတွေနဲ့ အရိုးတွေကိုပျော့ေစေတဲ့ အမှုန့်ပဲ၊ ဧကရာဇ်အဆင့်ကျွမ်းကျင်သူတောင်မှာ ဒီအမှုန့်နဲ့တွေ့ရင် အားကုန်သွားတယ်၊ ဝိဉာဉ်စွမ်းအင်လှုပ်ရှားလို့ရတော့မှာမဟုတ်ဘူး အဲဒါတင် မဟုတ်ဘူး စိတ်စွမ်းအင်ကိုလည်း ဆန့်ကျင်တဲ့အတွက် ဝိဉာဉ်ပစ္စည်းတွေနဲ့ပတ်သတ်ပြီး အဆက်အသွယ် ပြတ်တောက်စေတယ်” ဟန့်မြောင်ရွှမ် ရှင်းပြလေသည် “ဒီဆေးကိုရှိတဲ့အင်အားစုက အရမ်းနည်းတယ်”

ရှီမာယူယူ နားလည်သွားသည်။ အဲဒါကြောင့် ဝိဉာဉ်စေတီနဲ့ အဆက်အသွယ်ပြတ်သွားတာကိုး။

“မင်း သတိပြုမယ်ဆိုတာ ငါသိတယ်” ကျန်းကျူရှန့်သည် ပြောလေသည်။

“ငါတို့ကို ဘယ်တုန်းက အဆိပ်ခတ်လိုက်တာလဲ” ဟန့်မြောင်ရွှမ် မေးလိုက်သည်။

“အခုမဟုတ်ဘူးလား”

“မဟုတ်ဘူး အခုက မောင်းတင်တဲ့သဘောပဲ” ဟန့်မြောင်ရွှမ် ပြောလိုက်သည် “အနံ့ဆယ်မျိုး အမှုန့်က အဆိပ်မိဖို့ဆိုရင် အရင်ဆုံးတစ်ခုလုပ်ရမယ်၊ ပြီးမှ အမှုန့်ဖြန်းတာ၊ အမှုန့်မဖြန်းဘူးဆိုရင် ငါတို့ ခန္ဓာကိုယ်ထဲက အဆိပ်က ၁၀ရက်ဆိုရင် ပျောက်သွားမှာ”

ထို့ကြောင့်ပင် သူတို့ သူ့ကိုမတားပါက လဲကျအောင်လုပ်ရန်အစီအစဉ်မရှိပေ။

“ကျွန်တော်တို့ အိမ်ထဲမှာ ပုံရှာနေတုန်းကဖြစ်မယ်” ရှီမာယူယူ ပြောလိုက်သည် “အဲတုန်းက အနံ့သင်းသင်းရတယ်လို့ပြောတယ်လေ အဲဒါက အနံ့ဆယ်မျိုးအမှုန့်အနံ့ဖြစ်မလားပဲ”

“ဟုတ်တယ်” ကျန်းကျူရှန့်သည် အင်္ကျိလက်ကိုဝေ့ရမ်းကာ သူတို့ကိုဂရုမစိုက်တော့ပေ။ သူ ခေါင်းငုံ့ကာ ကောင်းကင်ခွဲနတ်ဆိုးဓားကိုကြည့်ကာ “ကောလဟလတွေပဲလို့ထင်ခဲ့တာ တကယ်ဖြစ် လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ”

သူသည် ပိုးသားလက်အိတ်ဝတ်ကာ စိတ်တုန်လှုပ်မှုမဖြစ်မိပဲ ဖန်အခေါင်းအားနူးညံ့စွာကိုင် လိုက်သည်။

“ဓားကအိပ်နေတာအတော်ကြာနေပြီ နတ်ဆိုးအကျင့်က နည်းနည်းပဲကျန်တော့တာ ဓားနိုးထဖို့ ကို လတ်လတ်ဆတ်ဆတ်သွေးလိုတယ်”

သူသည် ကြမ်းပေါ်တွင်လဲနေသော လူများကိုကြည်ကာ ရှီမန်ဖန်ဘေးလာပြီးနောက် ကောင်းကင်ဓားနိုးထစေရန် သူ့ကိုအသုံးပြုရန် ဟန်ပြင်လေသည်။

“သူ့ကိုမထိနဲ့” ရှီမာယူယူ အော်လိုက်သည်။

ကျန်းကျူရှန့်သည် သူ့အားလှည့်ကြည့်လေသည်။ သူမ အမူအရာသည် အရင်ကထက် လေးနက်နေကာ မျက်လုံးမှာလည်း အဆက်မပြတ်ကြည့်ထားပြီး သူမ မည်မျှလေးနက်နေကြောင်းကို ပြသလေသည်။

သူ ရှီမန်ဖန်ကိုထိရဲရင် သူမ သေချင်သေပါစေ သူ့နောက်လိုက်ပြီးသတ်မည်။

“မင်း ငါ့ကိုသတ်ချင်တာလား” ကျန်းကျူရှန့်သည် သူမမျက်လုံးထဲမှ လူသတ်မည့် အရိပ်အယောင်များကိုတွေ့လေသည်။ သူမ၏ မျက်လုံးများသည် အကြမ်းဖက်မှုများပြည့်နေကာ ရှီမန်ဖန်အား လက်ဖြင့်ဆုပ်ကိုင်သော်လည်း တင်းကြပ်မှုမရှိပေ။

“ငါ သူ့ကို ဘယ်လောက်ကယ်ချင်တာမှန်း မင်းသိတာပဲ၊ သူက ငါ့အတွက်ဘယ်လောက် အရေးကြီးလည်းဆိုတာလည်း သိနေတာပဲ” ရှီမာယူယူ ပြောလိုက်သည် “မင်းသူ့ကိုသတ်ရဲရင် မင်း ပြန်ပေးဆပ်ရမယ်၊ သူ့ကိုမသတ်ဘူးဆိုရင် မင်းကိုလည်းမသတ်ဘူး၊ ပြီးတော့ မင်းကို စီနီယာအစ်ကိုလို့ ဆက်ခေါ်မယ်”

ကျန်းကျူရှန့်သည် သူမခေါ်လိုက်သော စီနီယာအစ်ကိုကြီးဆိုသော အမည်နာမတွင် ကျေနပ် လေသည်။ သူသည် ရှီမန်ဖန်အား အနည်းငယ်ကြာအောင်ကြည့်ကာ မြေပေါ်တွင် ကစားနေလေသည်။

ရှီမန်ဖန်သည် ခန္ဓာကိုယ်ထဲမှ ချီကို တိုက်ခိုက်ရန်ပြင်ဆင်နေလေသည်။ ထိုချီသည် ထိုအချိန်မှ ပင် သန့်စင်ထားသော်လည်း ပြင်ဆင်၍ရသည်။ အားများစွာစိုက်ထုတ်ရသော်လည်း သူ့ကို သတ်လာပါ က ပြန်တိုက်ခိုက်ရန် ချီကိုအသုံးပြုမည်။

သူ ဒီလောက်လွယ်လွယ်နှင့် လွှတ်ပေးမည်ဟု မထင်ပေ။

ကျန်းကျူရှန့်သည် ကုန်ရှန်ယိအားကြည့်ပြီး သူမကို ဖမ်းရန်စဉ်းစားလေသည်။ ခြေလှမ်း အနည်းငယ်လှမ်းပြီးနောက်တွင် သူရပ်တန့်လိုက်သည်။

သူ အခေါင်းဘေးပြန်လာကာ ကောင်းကင်ခွဲကိုကောက်ယူပြီး ဓားသွားအား သေချာစွာ စစ်ဆေး လေသည်။

ထက်လှသော ဓားသွားသည် အမှောင်ထဲတွင် တောက်ပနေသည်။ ထိုအလင်းသည် သူ့ မျက်နှာပေါ်ကျရောက်လာသောအခါ ရင်ထဲမှ ကြက်သီးများထမိသည်။

သို့သော် ထိုကြက်သီးထမှုသည် သူ့မျက်လုံးထဲမှ ဒေါသကို မငြှိမ်းသက်နိုင်ပေ။ သူ့ကိုယ်သူ ကြည့်ရသည်မှာ ကမ္ဘာထိပ်တွင် လူထောင်ချီဝန်းရံကာ ကောင်းကင်ခွဲဓားကို ကိုင်ဆောင်ထားသည်ဟု မြင်လိုက်ရသည်။

သူသည် ကောင်ကင်ခွဲဓားကိုပြန်ချလိုက်ရာ မျက်စိရှေ့မှ မြင်ကွင်းသည် ပျောက်ကွယ်သွား လေသည်။

“အားကောင်းလိုက်တဲ့ နတ်ဆိုးဓားပဲ နှစ်တွေအများကြီးကြာသွားတာတောင် အကြည့်တစ် ချက်လောက်နဲ့ ရင်ခုန်အောင်လုပ်နိုင်တယ်”

သူ ပတ်သွားကာ ဓားအိမ်ကိုကောက်ယူပြီး ကောင်းကင်ဓားကိုထည့်လိုက်သည်။ ထိုနတ်ဆိုးချီ သည် အထဲတွင်ချိပ်ပိတ်ထားသည်။

“နတ်ဆိုးဓားက တကယ်ပဲနတ်ဆိုးအကျင့်ရှိတယ်၊ ကျန်းကျူရှန့် မင်းထုတ်လို့မရဘူး” ဟန့်မြောင်ရွှမ် ပြောလေသည်။

ဟန့်မြောင်ရွှမ်သည် သူ၏ ပိုးလက်အိတ်ကိုချွတ်လိုက်သည်။ ဟန့်မြောင်ရွှမ် ပြောလိုက်သော စကားကိုကြားသောခါ သူမ လည်ပင်းပေါ်ဓားတင်လိုက်သည်။

“မင်း ဆက်ပြောနေရင် ဓားနိုးထဖို့အတွက် မင်းကိုပဲသုံးရလိမ့်မယ်”

ဓားကိုဓားအိမ်စွပ်ထားသော်လည်း ဟန့်မြောင်ရွှမ်သည် အေးစိမ့်မှုကို ခံစားရလေသည်။ သို့သော် သူမ မကြောက်ရွံ့ပေ။

“မင်း မသတ်ပါဘူး မင်းငါတို့ကိုသတ်ချင်တယ်ဆိုရင် အနံ့ဆယ်မျိုးအမှုန့်ကိုသုံးမှာမဟုတ်ဘူး” သူမသည် ကျန်းကျူရှန့်ကိုကြည့်လိုက်သည် “မင်းက မင်းရဲ့ရောင်ဝါကိုဖုံးပြီး လုံးဝပြောင်းလဲလိုက် ပေမယ့် မင်းက ငါတို့နဲ့ ဆယ်နှစ်လောက်နေလာတဲ့လူဆိုတဲ့ အမှန်တရားကတော့ မပြောင်းလဲဘူး မင်း ငါတို့ကိုမသတ်ပါဘူး”

“မင်းက ပုံမှန်ထက် ဉာဏ်ကောင်းနေပါလား” ကျန်းကျူရှန့်သည် ဓားကိုဖယ်လိုက်ရာ အားလုံး အသက်ရှုချောင်သွားလေသည်။

“ကျန်းကျူရှန့် ငါ မင်းကိုမေးချင်တာရှိတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ငါ အခုစိတ်ကောင်းဝင်နေတယ်ဆိုတော့ မေးလေ” ကျန်းကျူရှန့်သည် ကောင်းကင်ဓားကို ကြည့်လိုက်ရာ ဓားအိမ်ကိုကောင်းမွန်စွာ ဖုံးအုပ်ထားသည်ကို မယုံနိုင်စွာတွေ့လိုက်ရသည်။

“ချီဝိဉာဉ် အဲဒါတွေက တကယ်ပဲ မင်းရဲ့နောက်ကွယ်ကလုပ်တာမဟုတ်ဘူးလား” ရှီမာယူယူ မေးလိုက်သည်။

“မဟုတ်ဘူး”

“တကယ်လား”

“ဟုတ်တယ်” ကျန်းကျူရှန့်သည် လိမ်နေသည့်ပုံမပေါ်ပေ “ခရမ်းရောင်နုံးမြေကိုမလာခင်တုန်း က အဲအကြောင်းကို ငါလည်းမသိခဲ့ဘူး အဲဒီချီဝိဉာဉ်တွေကို မတွေ့ခင်က စဉ်းတောင်မစဉ်းစားမိဘူး”

“ဒါဆိုဘာလို့ အဲတုန်းက ငါ့နောက်ကိုလိုက်ဖို့ သဘောတူခဲ့တာလဲ”

“ဒီလိုပါပဲ” ကျန်းကျူရှန့်သည် ဝန်မခံသလို ငြင်းလည်းမငြင်းဆန်ပေ။

ထိုစဉ်က သူမကို ကာကွယ်ရန် အမှန်တကယ်လိုက်လာခြင်းဖြစ်သည်။ သူ၏ လေးနက်သော သတ္တိသည်လည်း… သူ့အတွက်သာဖြစ်သည်။

“ကောင်းပြီ ငါမင်းကိုမေးရမယ့်အလှည့်ပဲ” သူသည် ကောင်းကင်ခွဲဓားကိုသိမ်းကာ ရှီမာယူယူ ဘေးတွင် ဒူးထောက်တစ်ဖက်ထောက်ကာ မေးလေသည် “ရှောင်ချီဘယ်မှာလဲ”

“ငါသိရင်တောင် မပြောဘူး” ဒီလိုအချိန်မျိုးတွင် ရှောင်ချီအကြောင်းမေးလာမည်ဟု ရှီမာယူယူ ထင်မထားပေ။ သူမသည် ဝိဉာဉ်စေတီအတွင်းတွင် သိမ်းထားကာ မထုတ်မိသည်မှာ ကံကောင်းသွား သည်။

“မင်း ရှောင်ချီ့ကိုဘာလို့မေးတာလဲ” ဟန့်မြောင်ရွှမ်သည် ကျန်းကျူရှန့်၏အတွေးကို မသိတော့ ပေ။

“ငါ သူမကိုပြန်ခေါ်သွားချင်လို့လေ” ကျန်းကျူရှန့် ပြောလေသည်။

“သူမကိုပြန်ခေါ်သွားမယ်ဟတု်လား သူမက ကျောင်းရဲ့ကျောင်းသားပဲ”

“ကျောင်းသားဟုတ်လား” ကျန်းကျူရှန့်သည် မတ်တပ်ရပ်လိုက်သည် “ကမ္ဘာမြေကြီးမျက်လုံး က တကယ်ပဲ ကျောင်းသားတစ်ယောက်ဆီမှာရှိတာလား”

“ကမ္ဘာကြီးမျက်လုံးလား”

“ဘာလဲ ရှောင်ချီက ကမ္ဘာမြေကြီးမျက်လုံးဆိုတာ မသိဘူးလား” ကျန်းကျူရှန့်သည် မျက်ခုံးပင့် လိုက်သည်။ ဂိုဏ်းသည် ထိုလျှို့ဝှက်ချက်ကို ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်သည့်ပုံပင်။

သို့သော် ရှီမာယူယူ၏ တုန့်ပြန်မှုကိုကြည့်ရာ သူမသည် ကြိုတင်ခန့်မှန်းမိသည့်ပုံပင်။

“ငါ့ရဲ့နောက်ထပ်တာဝန်က ကမ္ဘာမြေကြီးမျက်လုံးကိုပြန်ခေါ်သွားဖို့ပဲ” ကျန်းကျူရှန့်သည် ပြောလိုက်သည် “ဂျူနီယာညီလေး သူမကိုပေးပါ”

“ရှောင်ချီ ဒီမှာမရှိဘူး” ရှီမာယူယူသည် ဝန်မခံပေ “သူမကိုရှာချင်တယ်ဆိုရင် ဂိုဏ်းကိုသွားသင့် တယ်”

“ရှောင်ချီက ဂိုဏ်းမှာမရှိဘူး အဲဒါကို ရှင်းရှင်းလင်းလင်းသိတယ်” ကျန်းကျူရှန့်သည် မတ်တပ် ရပ်ကာ ပြောလေသည် “တကယ်တော့ ကောင်းကင်ခွဲနဲ့ဆိုရင် ငါပြန်ပြီး ငါ့မစ်ရှင်ကိုပြီးအောင်လုပ်လို့ ရတယ် ကမ္ဘာမြေကြီးမျက်လုံးကို စိတ်မဝင်စားဘူး၊ ငါ့မှာ သူမ ရှိရှိ မရှိရှိ ဘာမှမထူးဘူး ဒီနေ့ ငါတို့က ဆရာတူတပည့်ဆိုတာကို ထည့်တွက်ပြီးတော့ သူမကိုလွှတ်ပေးလိုက်မယ်၊ ဒါပေမဲ့ မင်းတို့အကြောင်း ကို တစ်ခုမကျန်အသေးစိတ် သတင်းပို့ရလိမ့်မယ်”

ရှီမာယူယူသည် သတိပြန်ဝင်လာသည်။ သူသည် မကြာသေးခင်က ရှောင်ချီအကြောင်းကို မေး ခဲ့သည်။ သူသည် သူမအား လုယူသွားချင်သဖြင့် ပြောလာသည်ဟု သူမ မထင်ခဲ့ပေ။

သို့သော် သူမကို ခေါ်မသွားချင်ဘူးဆိုရင် ဘာလို့ပြောနေသေးတာလဲ။

“ငါ မင်းတို့နဲ့ အချိန်တစ်ခုနေခဲ့တဲ့အတွက် ဒီနေ့ မင်းတို့အသက်ကို တကယ်မယူချင်ဘူး အနံ့ ဆယ်မျိုးအမှုန့်က ရက်ပိုင်းလောက်တော့ကျန်နေလိမ့်မယ်၊ နောက်ရက်နည်းနည်းနေရင် အဆင်ပြေ သွားလိမ့်မယ်” ကျန်းကျူရှန့်သည် ပြောပြီးသည်နှင့် သူမ ခန္ဓာကိုယ်ပေါ်မှကျော်ကာ ထွက်သွားရန် ပြင် လေသည်။

“ခဏလေး”

***

All Chapters