သူဂရုစိုက်တယ်
Vol. 009 Ch. 814
ကျန်းကျူရှန့်သည် လှည့်ပြီး သူမကိုကြည့်လိုက်သည်။
“ဆရာ့ရဲ့နာမည်ပြားကိုထားခဲ့” ရှီမာယူယူ ပြောလိုက်သည် “မင်းဒီနေ့ ကောင်းကင်ခွဲနတ်ဆိုး ဓားကိုယူသွားမယ်ဆိုရင် ဆရာက သဘောတူမှာမဟုတ်ဘူး၊ ဆရာ သေသေရှင်ရှင် မင်း ဂရုစိုက်တော့ မှာ မဟုတ်ဘူးလို့ ငါထင်တယ် အဲလိုဆိုမှတော့ သူ့နာမည်ပြားကို ထားခဲ့လိုက်”
ကျန်းကျူရှန့်သည် ခံစားချက်ကိုဖုံးကွယ်ကာ ငုံ့ကြည့်လိုက်သည်။ တစ်ချက်တွေးလိုက်သည်နှင့် လက်ထဲတွင် နာမည်ပြားနှစ်ချပ်ပေါ်လာသည်။
ရှုဂျင်းအသက်ရှင်နေသေးသဖြင့် နာမည်ပြားသည်နွေးထွေးနေတုန်းပင်။
သူသည် တစ်ခုကိုရှီမာယူယူ၏ ခန္ဓာကိုယ်ပေါ်သို့ပစ်တင်လိုက်သည်။ သူတို့သည် မလှုပ်ရှားနိုင် သဖြင့် ထိုနာမည်ပြားသည်ရှုဂျင်း၏ နာမည်ပြားဟုတ်မဟုတ်ကို မသိနိုင်ပေ။
“ငါအခု ပြန်သွားပြီး ရှောင်ချီရဲ့အခြေနေကို သတင်းပို့ရမယ်၊ သူတို့ကသေချာပေါက် သူမကို ခေါ်ဖို့အတွက် လူလွှတ်လိမ့်မယ်၊ မင်း သူမကိုဂိုဏ်းထဲမှာပဲသေချာဖွက်ထားပြီး အပြင်မထွက်စေနဲ့ မင်း.. လည်း သူမနဲ့အတူမသွားလာနဲ့တော့”
ပြောပြီးနောက်တွင် ကျန်းကျူရှန့်သည် ကြမ်းပေါ်တွင်လဲနေသော လူတစ်စုကို ထားကာ ခြေလှမ်းကျဲများဖြင့် ရေခဲခန်းထဲမှထွက်သွားလေသည်။
စူးရှောင်ရှောင်နှင့် ဟန့်မြောင်ရွှမ်တို့သည် စကားမပြောနိုင်ကြပဲ ခေါင်မိုးကိုသာ ကြောင်စီစွာ ကြည့်မိကြသည်။ သူတို့အမူအရာများသည် စွန့်ပစ်ခံထားရသလိုပင်။
ရှီမာယူယူသည်လည်း ကိစ္စများကိုစဉ်းစားနေရာ စကားမပြောနိုင်ပေ။
ကုန်ရှန်ယီနှင့် ရှီမန်ဖန်တို့သည် သူတို့ကျော်ဖြတ်ခဲ့သည်များကို စဉ်းစားကြည့်ရာ သူတို့မှာ ခါးသီးနေမည်ကို တွေးမိသဖြင့် သူတို့ကို အနှောင့်အယှက်ဖြစ်သွားမည်စိုးသဖြင့် စကားမပြောကြပေ။
ခဏအကြာတွင် ဟန့်မြောင်ရွှမ်သည် သက်ပြင်းရှည်တစ်ခုချကာ “ရှောင်ရှောင် ဂျူနီယာလေး ငါတို့တော့ ကျန်းကျူရှန့်ရဲ့ နောက်ကျောဓားနဲ့ထိုးတာခံလိုက်ရပြီ မကောင်းတဲ့အကောင်”
“ဟုတ်တယ်” ရှီမာယူယူ ပြန်ဖြေလေသည်။
စူးရှောင်ရှောင်သည် မလှုပ်နိုင်သေးပေ။
“ရှောင်ရှောင် အရမ်းစိတ်တိုတယ်လို့မခံစားရဘူးလား” ဟန့်မြောင်ရွှမ်သည် မုန်းတီးစွာပြောလေ သည် “အဲဒီကျန်းကျူရှန့်… မတွေ့တာကောင်းမယ်၊ မဟုတ်ရင် သူ့ကိုတစ်ခါတွေ့ရင် တစ်ချက်ရိုက်မိ တော့မယ်၊ သူ့မိဘတွေမမှတ်မိအောင်ကိုရိုက်ပစ်မယ် နောက်ကျောဓားနဲ့ထိုးခံရတာ … ပထမဆုံး အကြိမ်ပဲ”
“ကျွန်တော်တို့်လည်း အတူတူပဲမဟုတ်ဘူးလား” ရှီမာယူယူသည်လည်း စိတ်နောက်နေသည်။ သူမသည် ကျန်းကျူရှန့်ကို များစွာယုံကြည်ခဲ့သည်။ သူမသည် သူ သူမကိုဂရုစိုက်ပေးခဲ့သည်များ ကြောင့် စိတ်လှုပ်ရှားခဲ့သည်။ သို့သော် သူမအား နောက်ကျောဓားနှင့်ထိုးလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ရှောင်ရှောင် ရှောင်ရှောင်” ဟန့်မြောင်ရွှမ်သည် စူးရှောင်ရှောင် ပြန်မဖြေသည်ကို သိသည်နှင့် ထပ်ခေါ်လေသည်။
“အင်း” စူးရှောင်ရှောင်သည် တိုးညင်းစွာပြန်ဖြေလေသည်။ သူ့အသံသည် စိတ်ဓာတ်ကျနေ သည်။
“ရှောင်ရှောင် အရမ်းမဝမ်းနည်းနဲ့၊ ငါတို့ဒီနှစ်တွေကို ခွေးအကိုက်ခံရတယ်လို့ပဲ မှတ်ယူလိုက်၊ အဲလိုလူမျိုးနဲ့ ဘယ်တုန်းကမှ အတူမနေခဲ့ဘူးလို့ သတ်မှတ်လိုက်” ဟန့်မြောင်ရွှမ်သည် စူးရှောင်ရှောင် အားအကြံပေးလေသည်။ သို့သော် သူမ ပြောသော်လည်း မျက်နှာတွင် မျက်ရည်များစီးကျလာသည်။
“စီနီယာ…” စူးရှောင်ရှောင်၏ အသံသည် အနည်းငယ်ကွဲအက်နေကာ လည်ချောင်းထဲမှ ထွက် မလာပေ။ လူတစ်ကိုယ်လုံးသည် အတွေးထဲမြောနေကာ ထိုအကြောင်းများမှ ရုန်းမထွက်နိုင်ပေ။
ရှီမာယူယူသည် ထပ်မံသက်ပြင်းချကာ ပြောသေလည် “အရမ်းကြီးဝမ်းမနည်းပါနဲ့ တကယ်တော့ စီနီယာအစ်ကိုကြီးက ကျွန်တော်တို့ ခင်မင်မှုကို မှတ်မိပါသေးတယ်”
“သူမှတ်မိတယ်ဆိုရင် အနံ့ဆယ်မျိုးအမှုန့်နဲ့ အဆိပ်ခတ်မှာမဟုတ်ဘူး၊ ငါတို့က သူ့ကို လုပ်ဖော်ကိုင်ဖက်အနေနဲ့ သတ်မှတ်ထားတာ အခုစဉ်းစားကြည့်လိုက်တော့ တကယ်ဝမ်းနည်းတယ်” ဟန့်မြောင်ရွှမ်သည် ပြောရင်းနှင့် ပိုဝမ်းနည်းလာကာ မျက်ရည်များထပ်ကျလာသည်။
“သူမှတ်မိလို့ပဲ အနံ့ဆယ်မျိုးအမှုန့်သုံးဖို့ရွေးလိုက်တာလေ” ရှီမာယူယူ ပြောလိုက်သည်။
“သူ အနံ့ဆယ်မျိုးအမှုန့်သုံးတယ်ဆိုတာ နတ်ဆိုးဓားကိုထုတ်ဖို့အတွက်ပဲ” ဟန့်မြောင်ရွှမ် ပြော လိုက်သည် “အဲဒါက ဘယ်လိုလုပ်ခင်မင်မှုအတွက်ဖြစ်ရမှာလဲ”
“သူ ကျွန်တော်တို့ကို မတိုက်ခိုက်ချင်လို့လေ” ရှီမာယူယူ ပြောလိုက်သည်။
“သူ မတိုက်ခိုက်ချင်လို့ ငါတို့ကို အဆိပ်ခတ်လိုက်တာပေါ့”
ရှီမာယူယူသည် မျက်လုံးလှန်လိုက်သည်။ သူမသည် ဉာဏ်ကောင်းပါရဲ့သားနဲ့ ဘာလို့ ဒီလို တုံးအရတာလဲ။
“စီနီယာ စဉ်းစားကြည့်လိုက်၊ သူ နတ်ဆိုးဓားထုတ်ချင်တာကို ကျွန်တော်တို့တားရင် ဘာဖြစ် မလဲ” သူမ မေးလိုက်သည်။
“သူ့ကိုသေချာပေါက် တားမှာပေါ့” ဟန့်မြောင်ရွှမ်သည် မစဉ်းစားပဲပြောလိုက်သည်။
“သူ့မှာလည်း အကြပ်အတည်းနဲ့ သေချာပေါက် ထုတ်ရမှာပဲ ဒါပေမဲ့ ကျွန်တော်တို့က တားမယ် အဲဒါဆိုရင် ဘယ်လိုဖြစ်မလဲ”
အဖြေမှာရှင်းသည်။ သူတို့တိုက်ခိုက်ရမည်။ သေဆုံးသည်အထိ တိုက်ရမည့် တိုက်ပွဲဖြစ်သည်။
စူးရှောင်ရှောင်နှင့် ဟန့်မြောင်ရွှမ်တို့ စကားမပြောနိုင်ကြပေ။ နှစ်ယောက်လုံးသည် စဉ်းစားနေ ကြသည်။
“အဲဒီအနံ့ဆယ်မျိုးအမှုန့်ရဲ့ လက္ခဏာတွေကဘာတွေလဲ” ရှီမာယူယူ မေးလိုက်သည်။
“အားလျော့စေတယ်၊ စိတ်အခြေအနေကို သက်ရောက်စေတယ် ဒါပေမဲ့ အချိန်ခဏကြာရင် ပြန်ကောင်းသွားတာပဲ”
“ဒါဆို ပြောဦး သူကဘာလို့ကျွန်တော်တို့ကို အဆိပ်ခတ်တာလဲ” ရှီမာယူယူ ပြောလိုက်သည် “သူက အဲပစ္စည်းကိုယူချင်တဲ့အတွက် အဆိပ်ခတ်တယ်လို့ ပြောမယ်ဆိုရင် အောင်မြင်ဖို့အတွက် ကျွန်တော်တို့ကို သတ်တာက အကောင်းဆုံးနည်းလမ်းပဲ၊ အဲနည်းလမ်းကပဲ နတ်ဆိုးဓားထွက်ပေါ်လာ တယ်ဆိုတဲ့ သတင်းကိုဖုံးလို့ရမှာ”
သို့သော် သူမလုပ်ခဲ့ပေ။ သူသည် သူတို့ကို မထိခိုက်စေခဲ့ပေ။
ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့သည် အတွေးထဲမြောနေကြသည်။ သို့သော် စူးရှောင်ရှောင် သည် ခိုကိုးရာမဲ့မဖြစ်တော့ပဲ ဟန့်မြောင်ရွှမ်သည်လည်း မျက်ရည်များမကျတော့ပေ။
အပြင်တွင် ကျန်းကျူရှန့်သည် တဖြည်းဖြည်းလှည့်ပြီးထွက်သွားလေသည်။ သူ့နှုတ်ခမ်းတွင် နွမ်းလျသော အပြုံးရှိနေသည်။
သူမသည် သူ့ကို သိလွန်းသည်မှာ သူ့ကိုကျေနပ်စေသည်။ သို့သော် ကောင်းကင်ခွဲဓားကို သူ လိုချင်သည်မှာ အရေးကြီးသော အကြောင်းပြချက်တစ်ခုကြောင့်ဖြစ်သည်ကို သူမ စဉ်းစားမိမည်မဟုတ် ပေ။ ထိုအကြောင်းပြချက်ကြောင့်ပင် သူသည် ရှောင်ချီကိုခေါ်မသွားချင်ပေ။
သူတို့သည် ထိုအကြောင်းပြချက်အား ဘယ်တော့မှမသိနိုင်တော့သည်မှာတော့ နှမြောဖို့ ကောင်းသည်။
သူသည် အိမ်သို့လာပြီး လက်ထဲမှ နာမည်ပြားကို ကြည့်လိုက်သည်။ သက်ပြင်းတစ်ချက်ချကာ နာမည်ပြားကိုသိမ်းလိုက်ပြီး နယ်နိမိတ်ဖျက်အဆောင်ကို ထုတ်လိုက်သည်။ သူသည် အားစိုက်ကာ လမ်းဖန်တီးလိုက်ပြီး လောကအသေးမှပျံထွက်သွားလေသည်။
သူထွက်သွားသောအခါ ရှီမာယူယူသည် တစ်စုံတစ်ခုကိုခံစားမိလိုက်သည်။
“ထူးဆန်းတယ် ငါက ဘာလို့ခံစားမိနေတာလဲ” သူမသည် တိုးတိုးတိတ်တိတ် ရေရွတ်မိသည်။
“ငါပြောတာက” ကုန်ရှန်ယိ၏ အသံသည် သူမအတွေးများကို ဖြတ်တောက်လိုက်သည် “ဆေး ဆိပ်ပြေတာက ဘယ်လောက်ကြာမှာလဲ၊ အဆိပ်ပြေတဲ့အထိ ဒီနေရာမှာလှဲနေရမှာလား”
“သိပ်မကြာပါဘူး ၁၀ရက် မဟုတ်ရင် ၈ရက်ပဲ” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။
“၁၀ရက် ၈ရက်ဟုတ်လား” ကုန်ရှန်ယိ အော်မိလေသည် “ဒီနေရာက အေးလွန်းတယ် ပြီးတော့ ငါတို့ ဝိဉာဉ်စွမ်းအင်တွေလည်းထုတ်လို့မရဘူး၊ ဒီမှာ ၈ရက် ၁၀ရက်လောက် လှဲနေရမယ်ဆိုရင် တစ်ပိုင်းသေသွားမှာမဟုတ်ဘူးလား”
“အဲတော့ ငါတို့ကိုယ့်ဘာသာ နည်းလမ်းစဉ်းစားရမယ်” ရှီမာယူယူ ပြောလိုက်သည်။
“မှော်ဝင်လက်စွပ်နဲ့ ဆက်သွယ်မှုကပြတ်သွားပြီ အနီးအနားမှာ တခြားနည်းလမ်းရှိသေးလား” ကုန်ရှန်ယိ ပြောလိုက်သည်။
“ခဏစောင့်”
ရှီမာယူယူသည် ဆေးကိုခံစားကာ ခန္ဓာကိုယ်မှ စတင်ဖယ်ရှားလေသည်။ သူမ၏ အံ့ဖွယ် နတ်ဆိုးခန္ဓာကိုယ်သည် ဆေးအဆိပ်ဖယ်ရှားသည်ကို ကူညီပေးသည်။ ထိုအရှိန်နှင့်ဆိုလျှင် သူမသည် နှစ်ရက်အတွင်းလှုပ်ရှားနိုင်မည်။
နှစ်ရက်ကြာသောအခါ ရှီမာယူယူသည် ဝိဉာဉ်စေတီနှင့် အဆက်အသွယ်ပြန်ရကာ ခန္ဓာကိုယ်မှ အားအင်များပြန်ပြည့်လာသည်။
သူမသည် အရင်ဆုံး ဆေးတစ်လုံးထုတ်ကာ ပင်ပန်းစွာ သောက်လိုက်သည်။ ထို့နောက်တွင် ကြမ်းပေါ်တွင်တရွတ်ဆွဲသွားလိုက်သည်။ သို့သော် သူမသည် အားနည်းနေဆဲဖြစ်ရာ မတော်တဆ ဖန်အခေါင်းကို တိုက်မိသွားလေသည်။
ဖန်အခေါင်းမှာ မာကြောလွန်းသည်။ အလွန်မာသဖြင့် သူမ ခေါင်းကွဲသွားကာ လတ်ဆတ်သော သွေးများ မြေပေါ်သို့ စီးကျကုန်သည်။
“ယူယူ အဆင်ပြေလား”
“ပြေတယ်” ရှီမာယူယူသည် ဒဏ်ရာရသွားသောနေရာကို ထိပြီး အခေါင်းကိုကိုင်လိုက်သဖြင့် သွေးအစေးများသည် အခေါင်းတွင်ပေကျံသွားသည်။ သူမသည် အခေါင်းကိုကိုင်ကာ တခြားသူ များဆီသို့သွားကာ တစ်ယောက်ချင်းစီကို ဆေးတစ်လုံးစီကျွေးလိုက်သည်။
“အသုံးဝင်မလား မဝင်ဘူးလားတော့မသေချာဘူး ဒါပေမဲ့ ကြွက်သားမျှင်တွေပျော့တယ်ဆိုတာ တော့ အကုန်အတူတူပဲဆိုတော့ မဆိုးလောက်ပါဘူး” ရှီမာယူယူသည် ဆေးကျွေးပြီးသည်နှင့် တစ်စုံ တစ်ရာကို ခံစားမိရာ ဖန်အခေါင်းပေါ်ထိုင်လိုက်သည်။ သူမသည် မိန်းမောနေရာ သူမ စိတ်များသည် ပျံသန်းနေသကဲ့သို့ ခံစားရလေသည်။
“ယူယူ ဘယ်လိုလဲ ဒီနေရာကိုကြိုက်လား” သူမ အတွေးထဲတွင် လေတိုးလာကာ လူစိမ်း အမျိုးသားတစ်ယောက်၏ အသံကိုကြားလိုက်ရသည်။ ထိုအသံသည် မယုံကြည်နိုင်လောက်အောင် နူးညံ့သည်။
ရှီမာယူယူသည် အားတင်းကာ မျက်လုံးဖွင့်လိုက်သည်။ သူက ဘယ်တုန်းကဒီလိုထူးဆန်းတဲ့ နေရာကိုလာလိုက်တာလဲ။
ထင်ယောင်ထင်မှားပဲလား…..
***