← Chapters

နှစ်သန်းပေါင်းများစွာမှ ဆက်နွယ်လာသော ချစ်ခြင်း

Vol. 009 Ch. 816

နှစ်သန်းပေါင်းများစွာမှ ဆက်နွယ်လာသော ချစ်ခြင်း

Vol. 009 Ch. 816

သူမပြောလိုက်သည်နှင့် ယူယူ၏ခန္ဓာကိုယ်မှ အနက်ရောင်အလင်းတန်းများ ထွက်လာသည်။ သူမသည် လက်နှစ်ဖက်အားလွှတ်လိုက်သည်နှင့် ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ဖြေးညင်းစွာ လဲကျ သွားလေသည်။

သူမ မျက်လုံးများမှိတ်လိုက်သည်နှင့် အနက်ရောင် လေပွေတစ်ခုသည် သူမနားတွင် ဝဲလည်သွားသည်။ အနက်ရောင်လေပွေသည် အားကောင်းလာကာ သူမ၏ စကတ်ရှည်သည် လွှင့်နေ သည်။

“ယူယူ”

အဇူရာသည် အရှေ့သို့သွားချင်သော်လည်း အားကောင်းသော စွမ်းအင်တစ်ချို့သည် သူ့ကို တားမြစ်ထားသဖြင့် အနားကပ်သွား၍မရပေ။

ထိုစွမ်းအင်သည် ရှီမာယူယူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဆွဲဖြဲလိုက်သကဲ့သို့ ခံစားရပြီး နာကျင်မိ သည်။  သို့သော် မည်မျှပင် နာကျင်စေကာမူ ယူယူသည် တစ်ချက်မညည်းပေ။

“ယူယူ”

အဇူရာသည် အပြင်တွင်ပင်ရှိနေဆဲဖြစ်ကာ စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုအပြစ်တင်မှုနှင့် နာကျင်မှုများပြည့်နေသည်။ မျက်ရည်များသည် မျက်နှာတစ်ခုလုံးဖုံးအုပ်ထားသည်။ ဒီလိုအချိန်မျိုးမှာ သာမဟုတ်ရင် ယူယူသည် သူ့ကို လှောင်ရယ်နေမည်။

ထိုခန္ဓာကိုယ်သည် အားအင်ဆုတ်ယုတ်ကာ ကောင်းကင်ခွဲဓားမှ စုပ်ယူခြင်းခံလိုက်ရပြီကို သူမ ခံစားလို့ရသည်။ နောက်ဆုံးတွင် သူမ၏ခန္ဓာကိုယ်သည် အနက်ရောင် အငလ်းတန်းအဖြစ်ပြောင်းသွား ကာ ကောင်းကင်ဓားဆီသို့ ပစ်လွှတ်လေသည်။

ယူယူ၏ အသိစိတ်သည် ထိုအရာနှင့်အတူ ဖုံးလွှမ်းသွားခဲ့လောပြီ။ သူမ အမှောင်ထဲမရောက် ခင်တွင် နောက်ဆုံးကြားခဲ့သည်မှာ အဇူရာ၏ ငိုကြွေးသံပင်ဖြစ်သည်။

“ယူယူ မင်းဝိဉာဉ်ကို တစ်စစီအဖြစ်မခံနိုင်ဘူး”

ရှီမာယူယူ နိုးလာချိန်တွင် သူမမျက်နှာသည် မျက်ရည်များဖြင့် ဖုံးလွှမ်းနေလေသည်။ သူမသည် ဘာကြောင့်ငိုနေမိသည်ကို မသိတော့ပေ။ ဖြတ်သန်းခဲ့ရသူမှာ သေချာပေါက် သူမ မဟုတ်သည်မှာ သေချာနေသော်လည်း ကြောက်ရွံ့ဆဲဖြစ်ကာ အငိုမရပ်နိုင်တော့ပေ။

သူမ နောက်ဆုံးနားလည်လိုက်သည်မှာ နတ်ဆိုးဓားကိုဖျက်ဆီးရန် ဧကရာဇ်အဆင့် လောက် အားမကောင်းလျှင် မဖြစ်နိုင်ပေ။ သို့သော် အဇူရာသည် ဧကရာဇ်အဆင့်ရောက်သော်လည်း ဓားကို မဖျက်ဆီးနိုင်ခဲ့ပေ။

သူမသည် ကောင်းကင်ခွဲနှင့် ပေါင်းစပ်လိုက်သောကြောင့် သူမနေထိုင်သော နေရာဖြစ်ခဲ့သည်။ သူသည် သူ့အတွက် သူမထားခဲ့သော တစ်ခုတည်းသောအရာကို မဖျက်ဆီးနိုင်ပေ။

သည်လိုနှင့် သူသည်ကောင်းကင်ခွဲဓားကို ထိုနေရာတွင် ထားကာ မဖျက်ဆီးခဲ့ပေ။ သူသည် သူ့ဝိဉာဉ်ကို ထိုနေရာတွင်ထားကာ သူမကို အဖော်ပြုပေးနေသည်။

“ယူယူ…”

ထိုနာကျင်မှုနှင့် ငိုကြွေးသံများသည် သူမဆီသို့ ထပ်မံပဲ့တင်လာပြီး ရင်နာမှုအပြည့်ဖြစ်ရသည်။ သူမသည် လက်နှစ်ဖက်ဖြင့် ရင်ဘတ်ကိုဖိထားပြီး ဒူးနှစ်လုံးကြားခေါင်းငုံ့ကာ အဆက်မပြတ်ငိုမိလေ သည်။

“ယူယူ…ဟူး…”

လူတစ်ယောက် သူမဘေးတွင်ရှိနေသည့်ပုံကို ရှီမာယူယူ ခံစားမိသည်။ သူသည် သူမ၏ နောက်ကျောကို ညင်သာစွာပုတ်ပေးနေသည်။

သူမ ခေါင်းမော့လိုက်သောအခါ သူမမြင်ကွင်းထဲမှ လူနှင့်တူသော လူတစ်ယောက်ကိုတွေ့ လိုက်ရသည်။

“အဇူရာ…” သူမသည် အလိုလိုပင် နှုတ်ဆက်လိုက်သည်။

“ယူယူ ပြန်လာပြီလား ကိုယ် နောက်ဆုံးတော့ မင်းကိုစောင့်ရကျိုးနပ်သွားပြီ” အဇူရာသည် သူမ မျက်နှာအား ပင့်ကာ အပြုံးဖြင့်ပြောလေသည်။

သူ၏ ပုံသဏ္ဍာန်သည် ထိုအချိန်ကနှင့် များစွာပြောင်းလဲသွားသော်လည်း သူ့မျက်လုံးများသည် နူးညံ့မှုများပြည့်နေတုန်းပင်။ မျက်လုံးများသည် အချိန်ကုန်သွားသည်နှင့် မပြောင်းလဲပေ။

“အဇူရာ…” ယူယူသည် ထပ်ခေါ်ရာ သူမ၏ အသံသည်ထိုစဉ်က ယူယူ၏ အသံနှင့် တူလေ သည်။

သူမ အသံမဟုတ်သလိုပင်ခံစားရလေသည်။

“ကိုယ်ထင်တာ… ကျရှုံးသွားပြီလို့ မင်းကိုဘယ်တော့မှပြန်မတွေ့ရတော့ဘူးထင်တာ” အဇူရာ သည် သူမအား ဆွဲထူကာ ဖက်ရင်းနှင့် နှဖူးချင်းထိလိုက်သည်။

ရှီမာယူယူသည် သူမခေါင်းပူလာသည်ကို ခံစားရသည်။ သူမသည် လက်ဆန့်ထုတ်ကာ သူ၏ ခါးကိုသိုင်းဖက်လိုက်ပြီး သူ့ရင်ခွင်ထဲဝင်လိုက်သည်။

ရုတ်တရက်ပင် သူမ၏ နှလုံးသားသည် အေးစက်လာကာ မိုရှား၏ရောင်ဝါသည် သူမ ဦးနှောက်ထဲ ဝင်လာသည်။ ထိုအရာကြောင့် သူမ ပြန်ကြည်လင်သွားသည်။

သူမ သူ့ကိုလွှတ်ပြီး နောက်ဆုတ်ကာ ရင်ခွင်ထဲမှထွက်လိုက်သည်။

“ယူယူ ဘာဖြစ်လို့လဲ” အဇူရာသည် ခေါင်းငုံ့ကာ သူမအားကြည့်လိုက်သည်။ သူ့မျက်လုံးများ တွင် နာကျင်မှုများ ရှိနေသည်။

ရှီမာယူယူသည် သူ့ကိုကြည့်ကာ ပြောလေသည် “တောင်းပန်ပါတယ် ကျွန်မကရှင့်ရဲ့ ယူယူ မဟုတ်ပါဘူး ကျွန်မက ယူယူ ရှီမာယူယူပါ”

“ကိုယ် မင်းနာမည်ကိုသိတယ်၊ ဒါပေမဲ့ မင်းက ကိုယ့်ရဲ့ယူယူပဲ ကိုယ်နှစ်ပေါင်းများစွာ စောင့်လာ ခဲ့ရတဲ့ ယူယူပဲ” အဇူရာပြောလိုက်သည်။

“ရှင်လူမှားနေပြီထင်တယ်” ရှီမာယူယူ ခေါင်းရမ်းလေသည် “ကျွန်မက လူသားမျိုးနွယ်ကပါ ကိုးခုမြောက်တောင်မြေအောက်ကမ္ဘာက ကြာပန်းနက်မဟုတ်ဘူး”

“ဟုတ်တယ်” အဇူရာသည် လက်ဆန့်ထုတ်ကာ သူမ ပါးကို ဆွဲလိုက်သည်။ သူသည် သူမ၏ မျက်ခုံးကြားနေရာကို ညင်သာစွာပွတ်သပ်ကာ “မင်းကယူယူပဲ မင်းပြန်လာမယ်ဆိုတာ ကိုယ်သိတယ်”

“ဒါပေမဲ့ ကျွန်မ…”

“ရှုး” အဇူရာသည် လက်ချောင်းထုတ်ကာ သူမနှုတ်ခမ်းပေါ်တင်လိုက်သည် “ကိုယ် မင်းရဲ့ မှတ်ဉာဏ်ကိုဖတ်ပြီးသွားပြီ မင်းဘာပြောချင်လဲဆိုတာ ကိုယ်သိတယ်”

“ရှင်သိတယ်လား”

အဇူရာသည် ခေါင်းညိမ့်လိုက်သည် “မင်းဒီနေရာကိုဝင်လာကတည်းက ကိုယ်နိုးလာခဲ့တာ အဲဒါကြောင့် အားလုံးကိုသိနေတယ် ကိုယ် သူ့အကြောင်းလည်းသိတယ်”

သူသည် လက်များကို သူမပါးပေါ်မှဖယ်လိက်ကာ လက်ကောက်ဆီသွားပြီး သူမ၏ နတ်ဆိုးညွှတ်လက်ကောက်ကို ရိုက်လိုက်သည်။

ရှီမာယူယူ လန့်သွားသည်။ အခုမှပင် မိုရှားသည် သူမစိတ်ကိုပြန်သတိဝင်စေခဲ့သည်။ သူသိနေ ခဲ့တာပဲ။

သူက လူသားမျိုးနွယ်ရဲ့ ဧကရာဇ်… မိုရှားက နတ်ဆိုးလောကရဲ့ နတ်ဆိုးဘုရင်… သူ…

“မစိုးရိမ်ပါနဲ့ ကိုယ်သူ့ကို ထိခိုက်အောင်မလုပ်ပါဘူး” အဇူရာ ပြောလိုက်သည် “ကိုယ် ကိုယ့်ကိုယ်ကို ထိခိုက်အောင်မလုပ်ဘူး”

“ကိုယ့်ကိုယ်ကိုဟုတ်လား” ရှီမာယူယူသည် ရှုပ်ထွေးသွားကာ မျက်လုံးဝိုင်းများဖြင့် ကြည့်လိုက် သည် “ရှင် ရှင်ပြောတာ…”

အဇူရာ ပြုံးလိုက်သည်မှာ သူမကို ကြောက်သွားစေသည်။

“ယူယူ ကိုယ်ထွက်မသွားခင် မင်းကိုစောင့်ရတာ ပျော်ခဲ့တယ် ဒါပေမဲ့ မင်းကိုထပ်ဆုံးရှုံးရမယ်လို့ တွေးလိုက်တော့လည်း ဝမ်းနည်းတယ် ကိုယ်ဘယ်လိုလုပ်ရမလဲ”

“ကျွန်မ…” ရှီမာယူယူသည် သူ့မျက်လုံးထဲမှ နာကျင်မှုကိုတွေ့ရသည်။ သူမသည် ယူယူမဟုတ် ကြောင်းကို မပြောနိုင်တော့ပေ။

ခဏကြာသောအခါ သူမ အသိချင်ဆုံးအကြောင်းကို မေးလိုက်သည် “ဒီလောက်နှစ်တွေကြာ နေတာ ရှင့်ဝိဉာဉ်ကဘယ်လိုလုပ် အသက်ရှင်နေနိုင်တာလဲ”

“ချိပ်ပိတ်ခဲ့တာ” အဇူရာ ပြောလိုက်သည် “မင်းပျောက်ကွယ်သွားပြီဆိုတာ သိလိုက်ရတဲ့အချိန် မှာ မင်းပြန်လာတဲ့အချိန်ထိ ကိုယ့်ကိုယ်ကိုချုပ်နှောင်ခဲ့တာ၊ ကိုယ့်ကိုယ်ကို ချုပ်နှောင်ခဲ့တဲ့အတွက် နှစ်ပေါင်းသန်းချီကြာသွားပေမယ့် ရှိနေသေးတာပဲ”

“ဒါပေမဲ့ ရှင်ပျောက်ကွယ်သွားတော့မယ်လို့ ပြောခဲ့တယ်မလား…”

“ဒီချိပ်က ကိုယ့်ကိုအချိန်ဆွဲပေးတာပဲရှိတာ၊ ချိပ်ပွင့်သွားတာနဲ့ ကိုယ်ပျောက်ကွယ်သွားမှာ ချိပ်ပွင့်စေတဲ့နည်းလမ်းကတော့ မင်းရဲ့သွေးကိုသုံးပြီး ဒီလောကအသေးကိုဖွင့်တာပဲ”

“ရှင်…”

ရှီမာယူယူသည် ဘာပြောရမည်ကို မသိတော့ပေ။ သူသည် သူအချစ်ဆုံးလူတစ်ယောက်ကို စောင့်ရန်အတွက် ဒီလိုနည်းလမ်းကိုသုံးခဲ့သည်။ သူသည် သူ့ကိုယ်သူ နှစ်ပေါင်းသန်းချီအောင် ချုပ်နှောင်ထားခဲ့သည်။ သူသည် သူမကိုထပ်တွေ့ရန်အတွက် နှစ်ပေါင်းများစွာစောင့်ခဲ့သည်။

သူစောင့်နေသည်မှာ သူမမဟုတ်သော်လည်း သူမစိတ်လှုပ်ရှားမိသည်။

“ယူယူ မင်းက သူမပဲ ဒါပေမဲ့ မင်းက သူမ မဟုတ်ဘူး၊ မင်းရဲ့ခန္ဓာကိုယ်က ထူးခြားတယ် ဒါပေမဲ့ မပြည့်စုံသေးဘူး မင်းအန္တရာယ်ရှိတုန်းပဲ” အဇူရာ ပြောလေသည် “ဒါပေမဲ့ အချိန်မလောက်ဘူး…”

သူသည် သူမပခုံးပေါ်လက်တင်လိုက်ရာ သူမ၏ အဝတ်များသည် တဖြည်းဖြည်းပြာကျသွား လေသည်။ သူမတွင် အနီရောင်အတွင်းခံသာကျန်တော့သဖြင့် အနည်းငယ်ရှက်ရွံ့မိသည်။

သူ ရုတ်တရက် သူမ၏အဝတ်များကို ဖျက်ဆီးပစ်မည်ဟု ရှီမာယူယူ မထင်ထားခဲ့ပေ။ သူဘာမှ မပြောခင်တွင် သူခန္ဓာကိုယ်ထဲသို့ ရောင်ဝါတစ်ခုဝင်သွားသည်ကို ခံစားလိုက်ရသည်။ ထို့နောက်တွင် သူမ စတင်ပြန်ပူလာသည်မှာ ကြာပန်းနက်ကိုတွေ့စဉ်က ပူသလိုမျိုးပင်။

အဇူရာသည် သူမအနောက်ဘက်သို့လာရာ သူမ၏ ကျောပြင်သည် အလွန်ပင် စွဲမက်စရာ ကောင်းလေသည်။

သူသည် သူမ၏ ပြီးပြည့်စုံသော ကျောပြင်ကိုကြည့်နေရာ ကြာပန်းနက်သည် တဖြည်းဖြည်း ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ရှည်လျားသောရိုးတံသည် သူမ ခါးအထိရှည်လျား ပြီး ထိုအပေါ် တွင်လှပသော ပွင့်ဖတ်ကိုးဖတ်ရှိလေသည်။

ထိုပန်းသည် လောကအသေးတံခါးပေါ်ရှိ ကြာပန်းအနက်နှင့် ကွက်တိပင်တူလေသည်။

အဇူရာသည် ကြာပန်းနက် တဖြည်းဖြည်းပျောက်သွားသည်ကို ကြည့်နေခဲ့သည်။ သူ့မျက်လုံး များသည် နူးညံ့မှုများပြည့်နေသည်။ သူသည် လက်ချောင်းဆန့်ထုတ်ကာ ပွင့်ဖတ်တစ်ခုချင်းဆီကို ချစ်သူတစ်ယောက်ကဲ့သို့ ယုယစွာ ပွတ်သပ်ပေးနေသည်။

“မင်းရဲကခန္ဓာကိုယ်ထဲမှာ ယူယူရဲ့ မျိုးနွယ်က သွေးသားစီးဆင်းနေတယ်”

သူမ နောက်ကျောသည် မည်မျှကြာအောင် လောင်ကျွမ်းနေမည်ကို ရှီမာယူယူမသိပေ။ သို့သော် သူမ၏ အရိုးများသည် ပြာများအဖြစ် ပြာကျသွားမတတ်ခံစားရသည်။ သူမ မခံနိုင်တော့သည့် အချိန်လောက်တွင် အေးစက်မှုသည် သူမနာကျင်မှုများကို ပျောက်ကွယ်သွားစေသည်။

ပြီးတော့ သူပြောလိုက်သည်မှာ သူမအတွက် အံ့သြစရာများဖြင့် ပြည့်နှက်သွားသည်။

သူမမှာ ကြာပန်းအနက်သွေးသားရှိတယ်လို့ပြောလိုက်တာလား။

“သူမရဲ့ သွေးသားတစ်ခုတည်းကပဲ သူမရဲ့ ဝိဉာဉ်ကိုအမွေဆက်ခံနိုင်တယ်” အဇူရာ ဆက်ပြော လေသည်။

***

All Chapters