အသောက် ပြိုင်ပွဲ
Vol. 109 Ch. 1621
“ အယ် အယ် အယ် … အစ်ကိုရီဆိုတာက ဘာသဘောလဲနော် … ငါတော့ နင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ရိုးသားတယ်လို့ မထင်ဘူး… နင်တို့တွေ အတူအိပ်ပြီးကြလောက်ပြီ ဟုတ်တယ်မလား … ဟီးဟီး ….” ဆံပင်ရွှေရောင်နှင့် မိန်းကလေးက ပြောလိုက်၏။
“ ဟုတ်တယ်… ငါသူနဲ့ အိပ်ပြီးတာ တစ်ကြိမ်မကတော့ဘူး ..”
လေထုကို ပို၍ စည်ကားသက်ဝင်စေရန်အတွက် ရှောင်ပင်းသည် ထွေထူး ဂရုစိုက်မနေချေ။ မည်သို့ပင်ဆိုစေ လင်းရီ၏ ကောင်မလေးနှင့် သူ့ ယောင်းမက ဤနေရာ၌ ရှိနေသည် မဟုတ်ချေ။
“ ကြည့်စမ်း … ငါဘာပြောခဲ့လဲ …” ရွှေရောင်နှင့် မိန်းကလေးမှ ပြောလိုက်ပြီး “ ငါတို့ချင်း သိလာတာ ဒီလောက်ကြာနေပြီကို ဒီနေရာမှာ ဘယ်သူက ဘယ်သူ့အကြောင်း မသိလို့လဲ … အဲ့တာကို ဘာလို့ ဟန်ဆောင်နေတာ .. နင်တို့ချင်း ဆက်ဆံရေးက မရိုးရှင်းတာ အသိသာကြီးကို …”
“ အဲ့ဒီထက်ကို ပိုတယ်နော်… ငါ နင်တို့ကို ရိုးရိုးသားသား အမှန်အတိုင်း ပြောပြမယ်…” ရှောင်ပင်း စကားထစ်အခြင်း မရှိဘဲ အာပေါင်အာရင်း သန်သန်ဖြင့် “ နင်တို့ကို ပြောပြမယ်… ငါ့ အစ်ကိုရီရဲ့ စကေးက သိပ်ကောင်းတာ … မိုးချုပ်ကနေ မိုးလင်းထိ တိုင်ရိုက်စက်ကြီးလိုပဲ … ငါဆို အိပ်ရာကနေတောင် မထနိုင်ဘူး …”
ကူရိရန် မျက်လုံးလှန်လိုက်မိ၏။
“ ရွံ့ဖို့ကောင်းလိုက်တာ … သောက်ရှက်လည်း မရှိဘူး …”
“ အပြစ်မြင်မနေနဲ့ … လူချမ်းသာတွေရဲ့ ဘဝက အဲ့လိုပုံစံပဲ … ငါတို့ စဉ်းစားနိုင်တဲ့ အရာမဟုတ်ဘူး …”
“ ကျစ် ….”
ဘား အဝင်ပေါက်ဝတွင် လူတိုင်းက လင်းရီနှင့် ရှောင်ပင်းကို သောင်းသောင်းဖြဖြ ကြိုဆိုနေလျက် ရှိကြသည်။
“ ပင်းပင်း … နင် ငါတို့ကို နောက်နေတာ မဟုတ်ဘူးဆိုတာ သေချာလား … သူက တကယ်ရော တိုင်ရိုက်စက်ကြီးဆိုတာ ဟုတ်လို့လား …”
“ ဒါပေါ့ … အပ်ချုပ်စက်လို အမြန်နှုန်းနဲ့ တိုင်ရိုက်စက်လို ခွန်အားမျိုး … “ ရှောင်ပင်း ဆန်းကြယ်စွာ ပြောလိုက်ပြီး “ နင်တို့ မယုံဘူးဆိုရင် သူ့ကို မူးအောင်တိုက်လိုက်ကြ … နင်တို့တွေ ပီတိဖြာသွားစေရမယ်ဆိုတာ ငါ အာမခံတယ်…”
“ ဟီးဟီး … ဒါဆိုလည်း ညီအစ်မချင်း အားနာမနေတော့ဘူးနော်…”
ရှောင်ပင်း ခေါ်ထားသည့် ကောင်မလေးများအားလုံးက သတ္တိခဲလေးမျာပင်။ သူတို့အားလုံးက လင်းရီကို ကသည့် နေရာသို့ ဆွဲခေါ်လာကြပြီး သူမတို့၏ ခန္ဓာကိုယ်ကို လင်းရီအနား တွန့်လိမ်နေကြကာ ခန္ဓာကိုယ်ချင်း ရဲရဲတင်းတင်း ထိတွေ့နေလျက် ရှိတော့သည်။
“ သူတို့ ဘာလုပ်နေကြတာလဲတဲ့ …” ကူရိရန် မေးမြန်းလိုက်၏။ “ သူက အဲ့ဒီ သူဌေးမကြီးနဲ့ အတူရှိနေပြီးသားကို ဘာလို့ တခြား အမျိုးသမီးတွေနဲ့ပါ ပျော်ပါးနိုင်နေရတာ … ဟို သူဌေးမကြီးကရော ဂရုတောင် မစိုက်ဘူးလား …”
“ နင်လည်း အတွေ့အကြုံနှံ့စပ်ရဲ့သားနဲ့ကို ဒါလေးတောင် နားမလည်ဘူးပေါ့ … နင် ပြည့်တန်ဆာ လုပ်ငန်းကို တင်းကြပ်တဲ့ ကာလတုန်းက ဒါတွေ မမြင်ဖူးဘူးလား …” ကုန်းရှောက်ယွင် မေးမြန်းလိုက်သည်။
“ ပြည့်တန်ဆာ လုပ်ငန်း တင်းကြပ်တာနဲ့ ဘာဆိုင်လို့ …”
“ ဒီလို ပတ်သက်မှုမျိုးကို နင်ထင်နေတာ သာမန် ဒိတ်လုပ်သလိုမျိုး ထင်နေလား … အကုန်လုံးက ပျော်ဖို့ … လိုချင်တာ ရဖို့ပဲ …” ကုန်းရှောက်ယွင် ပြောလိုက်ပြီး “ ပြီးတော့ ချမ်းသာတဲ့ အမျိုးသမီးတွေရဲ့ အသိုင်းအဝိုင်းမှာ အကုန်လုံးက sharing ချည်းပဲ … သူတို့ ချမ်းသာတဲ့ လူတစ်ယောက်နဲ့ ချိတ်မိတယ်ဆိုရင် အကုန်လုံးက အတူ ကစားကြမယ်… တော်တော်များများက အဲ့လိုသွားကြတာပဲ …”
“ အာ ….”
ကူရိရန် တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်း ထသွားခဲ့ရသည်။ “ ငါတွေးကြည့်တာနဲ့တင် အန်ချင်လာပြီ…”
“ နင်က ဘာတွေ ရွံနေတာ … အဲ့မိန်းကလေးတွေ ကစားနေတာက နင့်ကိုလည်း မဟုတ်ပဲနဲ့ …” ကုန်းရှောက်ယွင် လက်ဝှေ့ယမ်းလိုက်ပြီး “ ဒါပေမယ့် ငါတော့ ဆစ်ပတ်နဲ့ အမျိုးသားလေးတစ်သိုက် ငါ့ကို ကစားနေတဲ့ မြင်ကွင်းကို စိတ်ကူးလိုက်မိတယ်.. ဟီးဟီး …. အိုက်ယိုး ဖာသာ … သမီးက အမိုက်မဲမလေးပါ …”
“ ချီးလိုပဲ … ငါ့မှာ ဘာလို့ နင့်လို သူငယ်ချင်းမျိုး လာရှိနေရလဲ မသိဘူး … နင် သိပ် ညစ်ညမ်းလွန်းတယ်…”
“ နင် အဲ့ဒီ အတွေ့အကြုံမျိုး မခံစားဖူးသေးလို့နော်… နင် ကောင်လေး ရလာတဲ့ အခါကျရင် မြင်ယောင်ပါသေးတယ်.. ငါ့ထက်တောင် ရူးသွပ်စွဲလမ်းနေဦးမယ်ဆိုတာ …”
“ ငါကနင့်လို မဟုတ်ဘူး … နော်….”
ဘားထဲရှိ ဂီတသံက ဆက်လက် ပျံ့လွင့်နေသည်။ သို့သော် မကြာမီ လင်းရီ သူ၏ ထိုင်ခုံသို့ ပြန်ရောက်လာခဲ့၏။
သူ့တွင် ဖိအားတို့က အများကြီး မရှိသဖြင့် သူ့ကိုယ်သူ ပွင့်ထွက်စေရန်အတွက် ကခုန်သည့် နေရာအလယ်သို့ သွားရန် မလိုအပ်ချေ။ သူက ဤအတိုင်း ရိုးရိုးရှင်းရှင်း ပျော်ရွှင်ချင်ရုံမျှသာ ဖြစ်၏။
သို့သော် အနှီ မြူဆွယ်နေသည့် မိန်းကလေးများကို ကြည့်ရသည်ကတော့ တစ်မျိုးလေး စိတ်ဝင်စားဖို့ ကောင်းလှသည်။
သူ့ရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း လင်းရီသည် ရှေးတုန်းက မင်းဧကရာဇ်တို့ မောင်းမဆောင်၊ ကိုယ်လုပ်တော်များနှင့် ယစ်မူးပြီး တိုင်းရေးပြည်ရေး စိတ်မဝင်စားတော့သည်ကို အပြစ်မတင်လိုတော့ပေ။ သူနားလည်ပေးနိုင်သည်။
အတွေ့အကြုံ ရှိသည့် လူတိုင်း မည်သို့ ခံစားရသည်ကို ကောင်းကောင်းနားလည်ကြသည်။
အကယ်၍ သူသာ ဆိုပါက တစ်လမပြည့်မီ အနိစ္စသဘောဖြင့် ကိစ္စချောသွားလောက်သည်။
“ ရီကောကော … ငါတို့ ပျော်ရတာ ခဏလေးပဲ ရှိသေးတယ်လေ… ဘာလို့ ရပ်လိုက်တာလဲ … “ ရွှေရောင် ဆံပင်နှင့် မိန်းကလေးက နားအနားကပ်ပြီး ချွဲနွဲ့ကာ ပြောလိုက်သည်။
“ ဒီလို အရာမျိုးက ငါနဲ့ မကိုက်ဘူး … မင်းတို့ပဲ ပျော်ကြ …”
“ ဒါပေမယ့် နင်လည်း မပါဘူးဆိုမှတော့ ငါတို့ချည်းပဲ ငြီးငွေ့တာပေါ့လို့ …”
“လွယ်ပါတယ်…”
လင်းရီသည် စားပွဲထိုးအား လှမ်းခေါ်လိုက်ပြီး “ ဒီမိန်းကလေးတွေကို Ace of spades ဆယ်လုံးချပေးလိုက် ….”
“ သောက်ကျိုးနည်း ..။”
လင်းရီ Ace of spade ဆယ်လုံးကို မိန်းကလေးများအတွက် ဖွင့်လိုက်သည်ကို မြင်တော့ လူတိုင်း ထိတ်လန့်ကုန်ကြ၏။
ဘယ်လိုတောင် ရက်ရောလိုက်သလဲ …
“ ဒီ အစ်ကိုလေးက ဆိုးတော့ မဆိုးဘူးပဲ … တော်တော်လေး ရက်ရက်ရောရော ရှိတယ်…” ကုန်းရှောက်ယွင် ပြောလိုက်သည်။
“ ဒီ ချဲ့ကားတာကြီးက သူနဲ့ ဘာဆိုင်တာမှတ်လို့ … ဘေးက ဟို မိန်းကလေးပဲ ပေးရမှာ … သူက ဒီတိုင်း ရက်ရောချင်ယောင် ဆောင်နေတာကိုများ …”
“ နင်ပြောတာ မှန်တယ်… ဘာပဲဆိုဆို သူတို့ရဲ့ ပတ်သက်မှုကလည်း သာမန်မှ မဟုတ်ဘဲလေ…”
လင်းရီ၏ Ace of spades ဆယ်လုံးကို ဖွင့်လှစ်လိုက်မှုကြောင့် ဘားအတွင်းရှိ မိန်းကလေးများအားလုံး သူ့ထံ ပြေးလာခဲ့ကြလေသည်။
“ ရီကောကော .. နင် ငါတို့ကိုပဲ ဒီတိုင်း မပေးလိုက်နဲ့လေ… နင်ရောသောက် … ငါတို့ချည်း သောက်လို့ ဘာ အဓိပ္ပာယ် ရှိမှာ …”
ဆံပင်အရှည်နှင့် ကောင်မလေးက လင်းရီ၏ လက်မောင်းကို တွယ်ဖက်ရင်း သူမ၏ ယုန်ဖြူကြီးများကို သူ၏ အသားနှင့် ဆက်တိုက် ပွတ်သပ်နေလျက် ရှိသည်။
ရှောင်ပင်းနှင့် သူ၏ ဆက်ဆံရေးကို လျစ်လျူရှုထားလျှင်ပင် ဤသို့သော ကောင်ချောလေးနှင့် ရင်းနှီးရန်အတွက် ပေးဆပ်ရမည်မှာ ထိုက်တန်ပါသည်။
“ ဘာလို့ ငါနဲ့ အတူသောက်ချင်တာ …”
“ ဘာလို့ဆို … အစ်မပင်းပြောတာ ကောက သိပ်အထင်ကြီးဖို့ကောင်းတယ်တဲ့ … ဒီတော့ ငါတို့လည်း ကောနဲ့အတူ မူးပြီး ကောရဲ့ အစွမ်းအစတွေကို စမ်းကြည့်ချင်လို့ …”
“ အစ်ကိုရီ … သူ့နာမည်က ရှောင်နာ့ … အရက်တအား သောက်နိုင်တယ်… Ace of spade တစ်လုံးကို တစ်ယောက်တည်းကုန်တယ်… ရှင် ကြိုးစားကြည့်ချင်လား …” ရှောင်ပင်းက ဆံပင်ရှည်နှင့် ကောင်မလေးအား လက်ညိုးထိုး၍ ပြောလိုက်သည်။
“ အိုက်ယား ပင်းပင်း … နင် ဘာလို့ အဲ့လို ပြောလိုက်တာလဲ … ကောက သိပ်မသောက်နိုင်ရင် ဘယ်လိုလုပ်မှာ .. ခုလိုကျ သူ့သိက္ခာထိန်းဖို့ မသောက်ရင် ဘယ်ဖြစ်တော့မှာ... သူ တစ်ခွက်တည်းနဲ့ မူးသွားရင် ဘယ်လိုလုပ်မလဲ ..”
ရှောင်ပင်း တသိမ့်သိမ့်တုန်အောင် ရယ်မောလိုက်ပြီး “ နင်လိုချင်နေတာလည်း အဲ့လိုဖြစ်ဖို့ပဲ မဟုတ်လား ..”
“ နင့်ဘာနင် ပြောတာနော်… ပြီးမှ ကိုယ့်စကားကိုယ် ပြန်မရုတ်သိမ်းနဲ့ …”
“ ငါ ရှောင်ပင်းက ဘယ်လိုလူစားမျိုးလဲဆိုတာ နင်မသိဘူး … နင် သူ့ကို မူးအောင် လုပ်နိုင်ရင် သူ့ကို ခေါ်သွားလိုက် … ငါ နင်တို့ဖို့ အခန်းခပါ ရှင်းပေးလိုက်မယ်…”
“ ပင်းပင်း … နင်သိပ်လွန်တာပဲ … ငါတို့လည်း သောက်နိုင်တယ်လေ.. ဘာလို့ ရှောင်နာ့ကိုပဲ ဒီအခွင့်အရေး ပေးလိုက်တာလဲ…”
“ ဟုတ်တယ်… Ace of spades တစ်လုံးလောက်ကတော့ အပျော့လေးပဲ … နင့် အစ်ကိုရီက ဒီလောက်ချောမှတော့ ငါတို့လည်း အခွင့်အရေးရဖို့ တိုက်ခိုက်ချင်တာပေါ့ …”
ကျန်မိန်းကလေး နှစ်ယောက်ကလည်း လျှော့တွက်၍ မရသည်ကိုမြင်တော့ လင်းရီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
သူတို့က Ace of spades တစ်လုံးလုံး ကုန်အောင် သောက်နိုင်ကြတယ်ဆိုတော့ သွားရှုပ်လို့တော့ မရဘူးပဲ …
“ ချီချီ… ကျားကျား … ငါ နင်တို့ကို အခွင့်အရေး မပေးချင်တာ မဟုတ်ပါဘူးဟယ်… ဒါပေမယ့် နင်တို့နှစ်ယောက်က လာတာ နောက်ကျတော့ ရှောင်နာ့ကိုပဲ အရင် ကြိုးစားကြည့်ခိုင်းလိုက်ပေါ့ …”
“ နင် အပျက်မ… ငါတို့ကို အခွင့်ကောင်းယူသွားတယ် ဟုတ်လား …”
“ ဒီလောက် ချောတဲ့ အစ်ကိုလေးကို မြင်ပြီးတာတောင် နင်တို့ လက်က မသွက်မှတော့ ငါ့ကို အပြစ်လာတင်လို့ ဘယ်ရမှာ … “ ရှောင်နာ့ အမည်ရသည့် မိန်းကလေးက ပြုံးလိုက်ပြီး “ ဒါပေမယ့် မလောနဲ့ … မနက်ဖြန် မနက်ကျရင် အခြေအနေကို နင်တို့ဆီ သတင်းပို့မယ်…”
“ ကျစ် … နင့်ကိုယ်နင် ကံကောင်းတယ်မှတ်လိုက် …”
“ မင်းတို့သုံးယောက်လုံးက စိတ်ဝင်စားတယ်ဆိုမှတော့ အတူလာကြတာပေါ့ … ငါ့ရဲ့ အကြီးမားဆုံး အားသာချက်က ညီတူမျှတူ ရှိတာပဲ … မင်းတို့အားလုံး ဝင် join လို့ ရတယ်…” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။
“ ရွံဖို့ ကောင်းလိုက်တာ ..” ကူရိရန် မျက်လုံးလှန်လိုက်မိသည်။
အနှစ်ချူပ်ရမည်ဆိုပါက လင်းရီ ထိုအခိုက်အတန့်တွင် သူမရှေ့ ပြုမူနေသည့် အရာမှန်သမျှက သူမ မျက်လုံးထဲတွင် မသတီစရာ ကောင်းနေပါသည်။
“ ဘယ်လိုမျိုးလဲ …” အမျိုးသမီး သုံးယောက်လုံးက ပြိုင်တူမေးလို့လာသည်။
“ မင်းတို့သုံးယောက် တစ်သင်း … ငါ့ဘာငါ တစ်သင်း .. ပြီးရင် မင်းတို့နဲ့ တစ်ယောက်ချင်း ပြိုင်သောက်မယ်… အရင်လဲသွားတဲ့လူ အရှုံးပဲ …”
“ သောက်ကျိုးနည်း…”
ဘားတစ်ခွင် အာမေဋိတ်သံတို့ဖြင့် တစ်ဖန် ဆူညံသွားခဲ့လေသည်။
“ အစ်ကိုရီ … ရှင် သေချာလား …” ရှောင်ပင်း သတိပေးလိုက်၏။ “ ကျွန်မရဲ့ အသိုင်းအဝိုင်းမှာ သူတို့သုံးယောက်က တအား သောက်နိုင်လွန်းလို့ နာမည်ကြီးတဲ့လူတွေနော်.. ရှင်သာ ရှုံးသွားခဲ့ရင် သုံးယောက်လုံးက ရှင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး .. တစ်စက်မှ မကျန်အောင် ညှစ်ထုတ်လိုက်ကြလိမ့်မယ်…”
“ စိတ်ချစမ်းပါ … ငါ့ဘက်က ယုံကြည်ချက် အပြည့်ရှိပြီးသား …”
ပြောပြီးနောက် လင်းရီသည် လက်ဝှေ့ယမ်း၍ စားပွဲထိုးကို လှမ်းခေါ်လိုက်သည်။
“ ဝိတ်တာရေ ... နောက်ထပ် Ace of spades ဆယ်လုံး ထပ်ချလာခဲ့ … အားလုံး… ဖွင့်မယ် …”