← Chapters

အရှိန်နှစ်ဆ

Vol. 109 Ch. 1623

အရှိန်နှစ်ဆ

Vol. 109 Ch. 1623

“ ဟဲ့ ဟဲ့ ဟဲ့ … နင်တို့ သုံးယောက် ဘယ်လိုတွေ ဖြစ်ကြတာ .. နင်တို့က ဒီ တစ်ချီလေးတောင် ပြီးဆုံးအောင် မသောက်နိုင်ကြဘူးလား … ခုနတုန်းက နင်တို့ပဲ မောက်မာနေကြတာ မဟုတ်ဘူးလား….”

“ ဒီတိုင်း နင့်ရဲ့ အစ်ကိုရီက ဒီလောက်ထိ တော်လိမ့်မယ်လို့ ငါတို့မှ ထင်မထားတာ …. Ace of spades လေးပုလင်း သောက်ပြီးတာတောင် ဘယ်လိုမှ မနေဘူး … ဘယ်သူက သူနဲ့ ယှဉ်နိုင်မှာလဲလို့ …” ရှောင်နာ့ ပြောလိုက်ပြီး “ ဒါပေမယ့် ငါတို့က အရှုံးလည်း လက်ခံနိုင်တဲ့လူတွေဆိုတော့ ငါတို့ စကား ငါတို့တည်တယ်…”

“ လုပ် လုပ် လုပ် …. စတော့ … ငါတို့အားလုံး စောင့်နေတယ်ဝေ့…” ပတ်ဝန်းကျင်ရှိ လူတိုင်း အားပေးချီးမြှောက်လိုက်ကြသည်။

“ လစ်စမ်း … ငါတို့ကို မြင်ချင်နေတယ်ပေါ့ ဟုတ်လား … နင်တို့ မျက်လုံးတွေ မလိုချင်တော့ဘူးနဲ့ တူတယ်…” ရှောင်နာ့မှ လေသံကျယ်ကျယ်ဖြင့် ပြောလိုက်ပြီး “ ဝိတ်တာရေ … ငါတို့ကို ဖုံးထားပေးမယ့် တစ်ခုခု ယူလာခဲ့ပေးစမ်းပါ …”

“ ဟုတ် ဟုတ် … ခုချက်ချင်း ရစေရပါမယ်..”

စားပွဲထိုးမှ အလျင်အမြန် ပြေးသွား၍ လိုက်ကာ နှစ်ခု ယူကာ မိန်းကလေး သုံးယောက်အား ကာထားပေးလိုက်သည်။

သို့သော် အပြင်မှ ကြည့်မည်ဆိုပါက လူတိုင်း ထင်ဟပ်နေသည့် အရိပ်များအား ကောင်းကောင်း ရှုစားနိုင်ပါသည်။

မကြာမီ သုံးဦးသားလုံး အတွင်းဝတ်များ ချွတ်ပြီးသွားခဲ့ကြ၏။

အပေါ်ယံတွင် မည်သည့် ထူးခြားဟန်မျှ မပေါ်သော်လည်း သေချာလေး ဂရုတစိုက် လေ့လာကြည့်မည်ဆိုပါက တစ်ချို့ ကွဲပြားမှုလေးများအား မြင်တွေ့နိုင်လိမ့်မည်။

ယင်းက တော်တော်လေး ကောင်းပါသည်။

“ ကော … ငါတို့ ကိုယ့်ကတိကိုယ် တည်တယ်နော်… ဒါတို့ဥစ္စာပဲ …”

အမျိုးသမီး သုံးယောက်မှ သူတို့၏ ပူနွေးနေဆဲ ဖြစ်သည့် အတွင်းဝတ်များကို လင်းရီထံ ကမ်းပေးလိုက်၏။

“ သောက်တဲ့ ကဏ္ဍ ပြီးသွားပြီဆိုပေမယ့် ပါတီက မပြီးသေးဘူး … ဆက်ကြမယ် …” လင်းရီ လူတိုင်းအား ဆော်ဩလိုက်လေသည်။

သူ့ဘက်က တောင်သူ အလုပ်အကိုင်ကို တစ်နှစ်ကျော်မျှ လုပ်ကိုင်ခဲ့ရပြီး ယခု နောက်ဆုံး မစ်ရှင်လည်း ပြီးသွားခဲ့ပြီ ဖြစ်ရာ ခါတိုင်းထက်ကို အပျော်လွန်နေပြီး နည်းနည်းလေး ရူးသွပ်သွားခဲ့၏။

“ ဝါး … အားရစရာကြီး…. ငါတို့လည်း သွားရောရအောင် …. ဟားဟား …..”

“ ရွံဖို့ကောင်းချက် … အဲ့လို ဂိမ်းတွေတောင် ကစားနေကြတယ်…” ကူရိရန် မဝေဖန်ဘဲ မနေနိုင်ချေ။

“ နင်ကိုက မျက်မုန်းကျိုးလွန်းနေလို့ပါဟယ်… သူတို့ အခုလုပ်နေတာက ဘယ်လို သာမန် အပြုအမူမျိုးကိုမှ ဆန့်ကျင်နေတာ မဟုတ်ဘူး … ဒီလိုဂိမ်းမျိုးက အရက်ဘားမှာ ပုံမှန်ပဲ … နင်က သိပ်မလာဖြစ်လို့သာ နေသားမကျသေးတာ …” ကုန်းရှောက်ယွင် ပြောလိုက်၏။

“ ဒါ နည်းနည်းလေး ……. “

“ ဒါက ဘာဖြစ်လို့ … ငါဆို သူများတွေ သုံးပြီးသား လစဉ်သုံး ပစ္စည်း ပေးတာတောင် မြင်ဖူးတယ်… အဲ့တာကမှ ပိုပြီး ရွံဖို့ကောင်းတာ မဟုတ်ဘူးလား …”

“ သပ … ဒီခုခေတ် လူတွေကတော့ ပိုပိုပြီး ထူးဆန်းလာပြီပဲ …”

“ သောက် သောက် … သူ့ကိုပဲ စိုက်ကြည့်မနေနဲ့ …” ကုန်းရှောက်ယွင် သူမ၏ ခွက်ကို ကိုင်ထားရင်း ပြောလိုက်ပြီး “ ငါသာ နင့်အကြောင်း မသိလို့ကတော့ နင်က သူ့ကို လုပ်ကြံဖို့ ရောက်လာတဲ့လူလို့တောင် ထင်မိတော့မယ်ဟဲ့ သိလား …”

“ ထားလိုက်တော့ … ငါတို့မှာကလည်း ပိုက်ဆံမှ မရှိတာ … သူတို့ကို အပြစ်တင်လို့ ဘယ်ရမှာ …”

“ နင်ကြည့် … မှန်တယ်မလား …”

နှစ်ယောက်သား အချင်းချင်း တို့စ်လုပ်လိုက်ပြီး ပါတီကလည်း ဆက်လက် ကျင်းပနေသည်။ ညသန်းခေါင်ကျော် အချိန်သို့ ရောက်သည့်အခါတွင်တော့ လူတို့သည်လည်း ဖြည်းဖြည်းချင်း လျော့ပါးစ ပြုလာခဲ့၏။

“ သွားစို့ … ငါ့လူ အလုပ်ဆင်းပြီ… ခဏနေဆို ဒီရောက်လာတော့မယ်… အပြင်ထွက်ပြီး သွားစောင့်နေကြရအောင် … လေကောင်းလေသန့်လေး ရှူရင်းပေါ့ …” ကုန်းရှောက်ယွင် ပြောလိုက်၏။

“ သွားစို့ …”

ပစ္စည်းများ သိမ်းဆည်းပြီးနောက် နှစ်ယောက်သား ပိုက်ဆံရှင်းကာ ဘားထဲမှ ထွက်လာခဲ့ကြသည်။

တစ်ချိန်တည်းတွင် လင်းရီနှင့် ရှောင်ပင်းလည်း မတ်တပ်ရပ်လိုက်လေသည်။

“ ငါတို့ မနက်ဖြန် ကိစ္စလေးတွေ ရှိသေးလို့ အရင်သွားနှင့်ပြီ… နင်တို့တွေ ကိုယ့်ဘာကိုယ် ဆက်ပျော်ကြ … ကျသမျှကို ငါ့စာရင်းထဲ ထည့်ထားလိုက် …” ရှောင်ပင်း ပြောလိုက်သည်။

“ ဟုတ်ပြီ.. ကျေးဇူးနော် အစ်မပင်း …”

သူမနှင့် ရင်းနှီးကျွမ်းဝင်သူများအား နှုတ်ဆက်ပြီးနောက် ရှောင်ပင်းသည် လင်းရီ၏ ပခုံးကို တွဲရင်း ဘားအပြင်ဘက်သို့ ထွက်လာခဲ့လေသည်။

ဘားအပြင်ဘက်တွင် ကူရိရန်သည် ကုန်းရှောက်ယွင်၏ ကောင်လေးကို မြင်လိုက်ရပြီး နာမည်က လီခန်ဟု ခေါ်သည်။ စကား အနည်းငယ် ပြောပြီးနောက် တစ်ဖက်သူက မဆိုးလှဟု သူမ ခံစားမိ၏။

“ သွားစို့ … တစ်နေရာသွားပြီး ညလယ်စာ စားကြရအောင် …” ကုန်းရှောက်ယွင်သည် လီခန်၏ လက်မောင်းကို ကိုင်ထားရင်း ပြောလိုက်သည်။ “ ဒီနေ့ ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်းကြီးက သူကျွေးမှာတဲ့နော်… ငါတို့ ကောင်းကောင်းကြီး ဂုန်းဆင်းရမယ်…”

“ နေဦး …” ကူရိရန် ရုတ်တရက် ဟန့်လာခဲ့၏။

“ ဘာဖြစ်တာလဲ … နင် ဘားထဲ ပစ္စည်းတစ်ခုခု မေ့ခဲ့လို့လား …”

“ မဟုတ်ဘူး … ဟိုနှစ်ယောက် ခုလေးတင် ထွက်လာလို့ …”

ကူရိရန်၏ အကြည့်တို့နောက် လိုက်ပါကြည့်ရှုသော် ကုန်းရှောက်ယွင်သည် လင်းရီနှင့် ရှောင်ပင်းတို့ တွဲလျက် ထွက်လာသည်ကို မြင်တွေ့လိုက်ရလေသည်။

“ မင်း ဘာ‌တွေ လုပ်နေတာ …” လင်းရီ ဘားထဲက ထွက်လာပြီးနောက် ရှောင်ပင်းမှ လက်ဆန့်တန်း၍ တက္ကစီငှားနေသည်ကို မြင်တော့ လှမ်းမေးလိုက်သည်။

“ တက္ကစီ စီးကြမယ်လေ…”

“ ခေါ်မနေနဲ့တော့ … ဟိုတယ်က ဒီနဲ့ ဝေးတာ မဟုတ်ဘူး … ဒီတိုင်း မောင်းသွားလို့ရတယ်…”

“ ဘယ်လိုမောင်းမှာလဲ …. နင်သောက်ထားတယ်လေ…”

“ အသေးအမွှားလေးကို … ငါအခု အမူးပြေနေပြီးသား …” လင်းရီ ရှောင်ပင်းထံသို့ လေမှုတ်ထုတ်လိုက်ရင်း “ အရက်နံ့ရလို့လား …”

“ အမ် ….”

ရှောင်ပင်း ကြက်သေသေသွားခဲ့၏။

“ ဘာတွေလဲ … နင် ဒီလောက် သောက်ထားတာ ဘာလို့ အရက်နံ့ မရတာ …”

“ မင်း D အဆင့်ရောက်ရင် မင်း တန်းထျန်ထဲက အတွင်းအားကို သွေးလည်ပတ်မှု မြန်အောင် အသုံးချလို့ရတယ်… ပြီးတော့ အဲ့ဒီနောက် ငါ ဘာမှ ဆက်မသောက်တော့ဘူးလေ… သုံးလေးခေါက်လောက် သေးပေါက်ပြီး စွန့်လိုက်ပြီ…”

“ အာ …. အဲ့လောက် မှော်ဆန်တဲ့ အရာမျိုး လုပ်လို့ရတယ်ပေါ့ …”

“ မင်း D အဆင့်‌ ရောက်ပြီးရင် စမ်းကြည့်ကြည့် …”

မူလတုန်းက လင်းရီလည်း ယခုလို ပြုလုပ်၍ ရသည်ကို မသိခဲ့ချေ။ နင်ချဲ့ ပြောပြခဲ့တာ ဖြစ်၏။

သူတို့တွေ မစ်ရှင် ထမ်းဆောင်ချိန်၌ အများနှင့် ဝင်ရောရင်း အရက် မသောက်မဖြစ် သောက်ရသည့် အချိန်များလည်း ရှိနိုင်သည်။ ယခုလို နည်းလမ်းဖြင့် အရက်ကို ပြန်စွန့်ထုတ်နိုင်ပါက မစ်ရှင်ထမ်းဆောင်သည့် အပေါ်၌ အကျိုးသက်ရောက်မှု ရှိလိမ့်မည် မဟုတ်တော့ချေ။

“ ဒါဆိုလည်း ဘာလို့ တက္ကစီ ငှားနေဦးမှာ … ကားထဲဝင် …”

နှစ်ယောက်သား ကားထဲဝင်သွားသည်ကို မြင်တော့ ကူရိရန်နှင့် ကျန်နှစ်ယောက်မှာ ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်သွားခဲ့ရသည်။

ဒီလောက် သောက်သောက်လဲ သောက်ထားတာတောင် ကားမောင်းဦးမယ်….

ဘွန်း ဘွန်း ဘွန်း ….

အင်ဂျင်စက်နှိုးလိုက်ပြီး လင်းရီသည် ရှောင်ပင်းကို ခေါ်တင်ကာ တုံ့ဆိုင်းခြင်း မရှိ အဝေးသို့ မောင်းထွက်သွားခဲ့၏။

“ မြန်မြန် မြန်မြန် .. နင့်ကား ငါ့ကို ကားစမ်း ..” ရှောင်ပင်း ပြောလိုက်ပြီး “ ငါတို့ အမှီလိုက်ကြမယ်…”

ကူရိရန်၏ သတိပေးစကားကို ကြားတော့ ကုန်းရှောက်ယွင်နှင့် သူ့ကောင်လေးလည်း ချက်ချင်း တုံ့ပြန်လိုက်ကြသည်။

သုံးယောက်သား ကားထဲသို့ ကမန်းကတမ်း ဝင်၍ လင်းရီအနောက်ကနေ လိုက်ကြတော့လေသည်။

“ ရိရန် … နင်က ရဲအရာရှိ မဟုတ်လား … ပြီးတော့ ကျိုးဟိုင်မှာ အလုပ်လုပ်နေတာ ဆိုတော့ ယာဉ်လမ်းကြောင်း ကိစ္စတွေလည်း ကိုင်လို့ ရတယ်မလား …” ကုန်းရှောက်ယွင် မေးလိုက်၏။

“ ငါ့ဦးလေးက ယာဉ်ထိန်းရဲ အသင်းရဲ့ ကပ္ပတိန်… ငါ သူ့ဆီ ဖုန်းခေါ်လိုက်မယ် … သူဆို ကိုင်လို့ရတယ်…” ကူရိရန် ပြန်ဖြေလိုက်၏။

“ အခု ငါတို့ မျက်စိရှေ့မှာ ဖြစ်နေပြီဆိုမှတော့ သေသေချာချာလေး ကိုင်တွယ်ပေးရမှာပေါ့ …”

တစ်ချိန်တည်းတွင် ခရီးသည် ထိုင်ခုံ၌ ထိုင်နေသည့် ရှောင်ပင်းသည့် ကားနောက်ကြည့်မှန်ကို တစ်ချက်ကြည့်မိသွားခဲ့သည်။

“ ဟင် … ကြည့်ရတာ ငါတို့နောက် တစ်ယောက်ယောက် လိုက်နေသလိုပဲ …”

လင်းရီလည်း လှမ်းကြည့်လိုက်တော့ ဟွန်ဒါ အက်ကော့ တစ်စင်းက သူတို့နောက်ကနေ နီးနီးကပ်ကပ် လိုက်ပါလာနေသည်ကို မြင်တွေ့လိုုက်ရသည်။

သူ၏ ခန့်မှန်းမှုကို အတည်ပြုရန်အတွက် ကားကို အရှိန်မြင့်လိုက်ရာ နောက်ရှိ အက်ကော့ကလည်း ၎င်း၏ အရှိန်ကို ထပ်တူ မြင့်လာသည်။

တစ်ဖက်သူက နောက်ယောင်ခံလိုက်နေကြောင်းကို လင်းရီ ကျိန်းသေသွားတော့သည်။ သို့သော် ၎င်းတို့၏ နည်းလမ်းကတော့ အတော်လေးမှ ပရော်ဖက်ရှင်နယ် ဆန်ခြင်း မရှိလှချေ။

“ ငါနဲ့ ရန်ငြိုးရန်စ ရှိတဲ့လူတွေနဲ့လည်း စာရင်းရှင်းပြီးပါပြီ… ငါ့နောက် လိုက်တာကတော့ မဖြစ်နိုင်ဘူး …”

“ ယွီဟန်က ကျွန်မတို့ရဲ့ အဆင့်အတန်းနဲ့ဆိုရင်လည်း ကျွန်မနောက် လိုက်နေတာက မဖြစ်နိုင်ဘူး …” ရှောင်ပင်း ပြေလိုက်၏။

“ အင်း …. စိတ်ဝင်စားစရာပဲ …”

“ ရှင် အပြင်ထွက်ပြီး ဘာဖြစ်နေလဲ မေးကြည့်ချင်လား …”

“ မေ့လိုက် … ဒီတိုင်း ခါချခဲ့လိုက်လို့ရတယ်…” လင်းရီ ပြောလိုက်ပြီး “ ဒီကား ဘယ်လောက်ကောင်းကြောင်း စမ်းသပ်ရမယ့် အချိန်ပဲ …”

“ ရှင့် လက်တွေ တော်တော်ယားနေတယ်နဲ့ တူတယ်…”

ဘွန်း ဘွန်း ဘွန်း …

ကျယ်လောင်သည့် ဟိန်းဟောက်သံနှင့်အတူ ကား၏ အမြန်နှုန်းက နှစ်ဆတက်သွားခဲ့ပြီး တစ်ဖက်ယာဉ်နှင့် တစ်မဟုတ်ချင်း အလှမ်းဝေးသွားခဲ့၏။

ကူရိရန်နှင့် ကျန်သူများလည်း တစ်ဖက်သူသည် သောက်ရင်း မောင်းနေသည့်တိုင် ဤမျှ အရှိန်တင်ဝံ့လိမ့်မည်လို့ ထင်မထားခဲ့ပါချေ။

သူမတို့လည်း ကားကို အရှိန်တင်၍ လင်းရီနောက်သို့ ထပ်ကြပ်မကွာ လိုက်တော့၏။

“ မြန်မြန် သူတို့နောက်ကိုလိုက် … မဟုတ်ရင် ငါတို့ ကျန်ရစ်ခဲ့လိမ့်မယ်…” ကုန်းရှောက်ယွင် လောလိုက်၏။

“ အဲ့ လူက အရည်အချင်း တော်တော်ရှိတယ်.. သူ့ကို လိုက်မှီဖို့က တော်တော်လေး ခက်မှာ …” လီခန် ပြောလိုက်၏။

“ ငါ ငါ့ဦးလေးနဲ့ သူတို့ကို တားလိုက်မယ်…”

“ အင်း လုပ်လိုက်လေ… အဲ့လိုက ပိုပြီး အန္တရာယ်ကင်းတယ်…”

မိနစ် နှစ်ဆယ် ကြာပြီးနောက် ကားနှစ်စီးကြားရှိ အကွာအဝေးသည် ပို၍ ပို၍ ကြီးမားလာသည်။

နောက်ကြည့်မှန်မှတဆင့် ကားမီးအလင်းရောင်ကိုသာလျှင် မြင်နိုင်တော့ပြီး တစ်ဖက်သူကို လွယ်လင့်တကူ ခါချ၍ ရနေပြီ ဖြစ်သည်။

“ အစ်ကိုရီ … ရှင့်ရဲ့ စကေးတွေနဲ့သာဆို လမ်းကျဉ်းလေးထဲ ပြိုင်မောင်းရရင်တောင် ကိစ္စ ရှိမှာ မဟုတ်ဘူး …”

“ သူတို့ကိုက ညံ့လွန်းနေလို့ပါကွာ…” လင်းရီ ကားကို အရှိန်လျော့၍ စဉ်းစားလိုက်၏။ “ ဒါပေမယ့် ငါ သိတော့ သိချင်မိသား … ဘယ်သူကများ ငါတို့နောက် လိုက်နေတာပါလိမ့်…”

All Chapters