← Chapters

အလုပ်အကိုင် အသစ်အား အသက်သွင်းခြင်း

Vol. 109 Ch. 1626

အလုပ်အကိုင် အသစ်အား အသက်သွင်းခြင်း

Vol. 109 Ch. 1626

“ တရားစွဲမယ့် ကိစ္စ မေ့လိုက်တော့ … အဲ့နည်းလမ်းက ပျင်းဖို့ကောင်းတယ်…” လင်းရီ ပြောလိုက်ပြီး “ မင်းငါ့ကို ဘားမှာ တွေ့ခဲ့တယ်ဆိုမှတော့ ဘားက စည်းမျဉ်းအတိုင်းပဲ ကစားကြတာပေါ့ …”

“ ဘာပြောချင်တာလဲ …”

“ တကယ်လို့ ရလဒ်က ငါမှားနေပါတယ် သက်သေပြနိုင်ရင် မင်းတို့ဘက်က ပုံမှန်အတိုင်း ငါ့ကို စီရင်လိုက် … ဒါပေမယ့် ငါမမှားဘူးဆိုလို့ကတော့ …… မင်းလည်း ဟို အမျိုးသမီး သုံးယောက်လို နေရာမှာတင် ငါ့ကို ချွတ်ပေးရမယ်…”

ကူရိရန် အံ့အားသင့်သွားခဲ့၏။

“ ငါ မလုပ်ဝံ့ဘူးလို့ နင်ထင်နေလား …”

“ လုပ်ဝံ့တာ မလုပ်ဝံ့တာ မင်း ကိစ္စ … မလုပ်ဝံ့ဘူးဆို ငါ ခုချက်ချင်း သွားတော့မယ်.. မတားနဲ့ … ပြီးတော့ ငါတို့ အချင်းချင်း အချိန်မဖြုန်းတာ ကောင်းမယ်…”

“ ရိရန် ….”

ကုန်းရှောက်ယွင် သူမအနားသို့ ကပ်လာပြီး အနည်းငယ် စိုးရိမ်နေသည်။

ထိုလူက အရက်သောက်ထားမှန်း သူမ သေချာသော်လည်း ယခု အလောင်းအစား၏ လောင်းကြေးကား အနည်းငယ် …..

မည်သို့ပင်ဆိုစေ သူမကား ဘားရှိ အနှီ အမျိုးသမီးတို့နှင့် မတူညီချေ။

“ ငါ ဘာလို့ မလုပ်ရဲရမှာလဲ …” ကူရိရန် အတင်း သတ္တိမွေး၍ ပြောလိုက်ပြီး “ နင့်ကိုယ်နင် အဲ့လိုနည်းလမ်းနဲ့ ထွက်ပေါက်ရနိုင်မယ် ထင်မနေနဲ့ … နင်ဘာလုပ်ခဲ့လဲ နင့်ကိုယ်နင် သိတယ်… ဟန်ဆောင် လိမ်ညာမနေနဲ့ … နင် ဒီနေ့ စစ်ဆေးဖို့ ငါနဲ့ ဆေးရုံလိုက်ခဲ့ရမယ်…”

“ ဒါဆိုလည်း ခုချက်ချင်း သွားကြတာပေါ့ ..” လင်းရီ ပွင့်လင်းစွာ ပြောလိုက်သည်။

ကူရိရန် တီးတိုးလေသံဖြင့် “ လုပ်ကြတာပေါ့ …”

ဘေးတွင် ရပ်နေသည့် ရှောင်ပင်း၏ မျက်နှာထက်တွင်တော့ အပြုံးတစ်ခုက ဖြစ်ပေါ်လို့နေသည်။

ထိုကဲ့သို့သော စိတ်နေစရိုက် ရှိသည့် အမျိုးသမီးတစ်ဦးက မည်သို့သော အတွင်းခံမျိုး ဝတ်လိမ့်မည်လဲ ဆိုတာကို သူမ တော်တော်လေး စိတ်ဝင်စားမိသည်။ ထိုအကြောင်း တွေးတောမိတော့ ပိုလို့ပင် မျှော်လင့်လာခဲ့မိ၏။

ဆယ်မိနစ် ကြာပြီးနောက် လင်းရီနှင့် ရှောင်ပင်းတို့မှာ နီးစပ်ရာ စစ်ဆေးရုံသို့ ရောက်ရှိလာလေသည်။

အထူး ဌာနတစ်ခုက ဤကိစ္စကို ကိုင်တွယ်နေပြီး ညအချိန်လည်း ဖြစ်သဖြင့် သွေးထုတ် စစ်ဆေးမှုမှာ လျင်လျင်မြန်မြန်ပဲ ပြီးဆုံးသွားခဲ့သည်။

ကျန်ရှိသည်က ရလဒ်ကို စောင့်ဆိုင်းဖို့ရာပင်။ ဆေးရုံဘက်က ဤလူအုပ်စုအတွက် လုပ်ဆောင်သည့် လုပ်ငန်းစဉ်ကိုပင် ပို၍ အရှိန်မြင့်ထားပေးသေးသည်။

“ အစ်ကိုရီ … ရှင် မနက်ဖြန် ဘာလုပ်ဖို့ ရှိလဲ …” ခုံတန်းတွင် ထိုင်နေရင်း ရှောင်ပင်း သမ်းဝေလျက် မေးမြန်းလိုက်၏။

“ အင်ဟင့် … မနက်ဖြန် နိုးတာနဲ့ ကျိုးဟိုင်ပြန်တော့မှာ …”

ဘေး နံရံကို မှီ၍ ထိုင်နေသည့် ကူရိရန်မှာ မျက်ခုံးပင့်မိသွားခဲ့ပြီး လင်းရီအား လှမ်းကြည့်လိုက်မိ၏။ ထိုကောင်သည်လည်း ကျိုးဟိုင်မှ ဖြစ်လိမ့်မည်လို့ သူမ မျှော်လင့်မထားခဲ့ချေ။

ထိုအကြောင်း တွေးမိတော့ ကူရိရန် ပြုံးလိုက်မိသည်။

သောက်ထားသည့် အချိန်မှာလည်း အတော်ကြာနေပြီး တရားမဝင်နည်းလမ်းဖြင့် ရဲလက်တွင်းမှ ထွက်ပြေးသည်က လွတ်ရန် လမ်းရှိလိမ့်မှာ မဟုတ်ချေ။

တစ်နာရီ ကြာပြီးနောက် ညဂျူတီ ကျနေသည့် နာ့စ်တစ်ဦး ရောက်လို့လာပြီး “ အရာရှိကြီးတို့ … ရလဒ် ထွက်လာပါပြီ…”

လင်းရီနှင့် ရှောင်ပင်းမှတပါး လူတိုင်း မတ်တပ်ရပ်၍ နာ့စ်အနားသို့ ရောက်လာခဲ့ကြ၏။

“ ရလဒ်က ဘာပြောလဲ …” ကူရိရန် မေးမြန်းလိုက်သည်။

“ သွေးတွင်း အယ်လ်ကိုဟော ပါဝင်မှုနှုန်းက 0.14 ဒါမှမဟုတ် 14 မှတ်ပဲ ရှိတယ်..” နာ့စ်အငယ်လေးက တင်ပြလိုက်ပြီး “ သူ တစ်ခုခု စားထားမိပြီး အဲ့တာကြောင့်မို့ ရီဝေတဲ့ အကျိုးသက်ရောက်မှု တစ်ချို့ ခံစားနေရတာ ဖြစ်လိမ့်မယ်… ဒီဥစ္စာကို သောက်ပြီး မောင်းတယ် သတ်မှတ်လို့မရဘူး …”

“ ၁၄ ……… “

ထိုနံပါတ်ကို ကြားတော့ ကူရိရန်၏ ခေါင်းတစ်ခုလုံး ထူပူသွားခဲ့တော့သည်။

“ မဖြစ်နိုင်တာ … ဘာလို့ ၁၄ လဲ …”

“ ဒါက ပုံမှန်ပါပဲ … အချိန်ကြာလာတာနဲ့ အယ်လ်ကိုဟော ပါဝင်မှုနှုန်းကလည်း ဖြည်းဖြည်းချင်း လျော့သွားမှာပဲ …” နာ့စ်အငယ်လေးက ပြောလိုက်ပြီး “ ပြီးတော့ ၁၆ ဒါမှမဟုတ် ၁၄ က သောက်ပြီးမောင်းတဲ့ အဆင့်ကို မရောက်သေးဘူး … စည်းမျဉ်းစည်းကမ်းတွေအရဆို ရှင်တို့ သူ့ကို ထိန်းသိမ်းလို့ မရဘူး …”

ကျောက်ရှီဂန်းသည် ထွက်လာသည့် မှတ်တမ်းကို သေချာဖတ်ရှုနေရင်း ကူရိရန်ထံသို့ ပြောလိုက်၏။

“ ရလဒ်ထဲ ပြောထားတာတော့ အားလုံး အဆင်ပြေပြေပါပဲ …”

“ ဒါက …. “

ကူရိရန် အတော်လေး အံ့ဩဘနန်း ဖြစ်သွားခဲ့ရလေသည်။ သူမ နဖူးထက်တွင်လည်း ချွေးအေးတို့ စီးကျလာခဲ့၏။

ထိုမျှ အရက်အများအပြား သောက်ထားပြီးသည့်တိုင် လင်းရီ မည်သည့်အတွက်ကြောင့် ပုံမှန်အတိုင်း ရှိနေလဲဆိုတာကို သူမ နားမလည်နိုင်တော့ချေ။

“ ဒါက ကျုပ်ရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြနိုင်ရဲ့လား …” လင်းရီ ထိုင်ခုံတွင် အပြုံးလေးဖြင့် ထိုင်ရင်း လှမ်းမေးလိုက်လေသည်။

ကျောက်ရှီဂန်းလည်း သူ့ဘက်က မှားယွင်းနေမှန်း သိသဖြင့် လင်းရီအား ယဉ်ကျေးစွာ စကားဆိုလိုက်သည်။

“ လူကြီးမင်းဘက်က ပူးပေါင်းပါဝင်ပေးလို့ ကျေးဇူးတင်ပါတယ်…”

“ ဒါ ကျုပ် လုပ်သင့်တာတွေပါ…”

လင်းရီသည် ကျောက်ရှီဂန်းအပေါ်တွင် အမြင်ကောင်း တစ်ချို့ ရှိလေသည်။ အနည်းဆုံးတော့ ထိုလူက ကောက်ကျစ်ယုတ်မာသည့် လူတော့ မဟုတ်ချေ။

“ သွားစို့ .. ငါ မင်းကို ကားစီ ပြန်ပို့ပေးမယ်… နောက်ကျနေပြီဆိုတော့ ပြန်ပြီး အနားယူလိုက်ဦး …”

“ ကျုပ် မအိပ်ချင်သေးပါဘူး … ပြီးတော့ ထွက်သွားဖို့လည်း အလျင်မလိုသေးဘူး …”

“ ဒါဆို မင်းက …………”

“ ရှင့် တူမပြောထားတာ သူရှုံးခဲ့ရင် သူ့ရဲ့ အဝတ်တွေကို အစ်ကိုရီဆီ ပေးမယ်လို့ ပြောထားခဲ့တယ်လေ… သူ့ကတိသူ တည်ပြီးမှပဲ ထွက်သွားပေးနိုင်မယ်…” ရှောင်ပင်း ပြောလိုက်လေသည်။

“ ဒါက …….”

ကူရိရန် ကြက်သေသေသွားခဲ့၏။ သူမ သဘောတူခဲ့သည်က သူမ အင်မတန် ရက်ရောလွန်းသောကြောင့် မဟုတ်ချေ။

ထိုအစား လင်းရီ သောက်ပြီး မောင်းသည်က တပ်အပ် သေချာသောကြောင့် ဖြစ်လေသည်။ ထို့ကြောင့်ပဲ ဤမျှ အန္တရာယ်များသည့် အလောင်းအစားကို ထပ်ခဲ့ခြင်းပင်။

သွေးနမူနာ စမ်းသပ်မှုက ကျရှုံးသွားလိမ့်မည်လို့ သူမ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ချေ။

“ ရိရန် ..”

ကုန်းရှောက်ယွင် အနားသို့တိုးလာပြီး လေသံတိုးတိုးဖြင့်မေးကာ သူမလည်း ဘာလုပ်လို့ ပေးရမှန်း မသိ ဖြစ်နေသည်။

“ ဒါဆိုလည်း ပြောထားတဲ့အတိုင်းပဲပေါ့ … ငါ ကူရိရန်က စကားမတည်တဲ့လူ မဟုတ်ဘူး …”

ထိုသို့ ပြောပြီးနောက် ကူရိရန် သန့်စင်ခန်းထဲသို့ ဝင်သွားခဲ့ကာ ကုန်းရှောက်ယွင်သည်လည်း သူမ အနောက်မှ လိုက်ပါလာခဲ့လေသည်။

မိနစ် အနည်းငယ် ကြာပြီးနောက် လက်ထဲတွင် အနက်ရောင် ကြွပ်ကြွပ်အိတ် တစ်လုံးဖြင့် ပြန်ထွက်လာခဲ့၏။

“ ကိုယ့်ဘက်က အလောင်းအစား လုပ်ရဲမှတော့ အရှုံးကိုလည်း ဝန်ခံရဲမှာပဲ … ငါနင့်ကို ဒီဥစ္စာတွေ ပေးလိုက်မယ်…”

“ မင်းလုပ်သွားတာ မဆိုးဘူး … အနည်းဆုံးတော့ စကားတည်ရဲတယ်…”

လင်းရီ ကူရိရန်၏ ပခုံးကို ပုတ်၍ နားအတွင်းသို့ တီးတိုးပြောလိုက်သည်။

“ ငါ Ace of spades လေးလုံးသောက်ခဲ့တာ အမှန်ပဲ … ဒါပေမယ့် မင်း သက်သေ မပြနိုင်ဘူးမလား … ငါ့ကို ဖမ်းချင်တယ်ဆိုလည်း ကိုယ့်အတိုင်းအဆကို အရင်ဆုံး သိသင့်တယ်…”

ကူရိရန် မျက်ဝန်း ပြူးကျယ်သွားခဲ့၏။ “ နင်ကများ …….”

“ အဲ့တာ ဘာဖြစ်တာ … စိတ်တိုတာလား … စိတ်တိုလည်း မင်း ငါ့ကို ဘာလုပ်နိုင်တာမှတ်လို့ … မင်းမှာ သက်သေ မရှိဘူးလေ… ဒီတော့ ငါ့ကို ဖမ်းလို့ မရဘူး …”

ပြောပြီးနောက် လင်းရီသည် သူ၏ လက်ကို ဝှေ့ရမ်းကာ ရှောင်ပင်းနှင့်အတူ ထွက်ခွာသွားခဲ့၏။ အမှိုက်ပုံးနားရောက်တော့ အိတ်ကို သာမန်လျှံကာ ပစ်ထည့်လိုက်လေသည်။

“ ဘာလို့ လွင့်ပစ်လိုက်တာလဲ …” ရှောင်ပင်း မေးမြန်းလာခဲ့၏။

“ ဒီလို အဘွားကြီး အတွင်းခံဒီဇိုင်းကို ဘာလုပ်ဖို့ ကြည့်ရမှာ … နို့ထွက်ဖို့လား …”

“ အွန်း … ကြည့်ရတာ ၈၀ ခုနှစ်က ပုံစံနဲ့တောင် နည်းနည်း တူနေသလိုပဲ …”

“ ၁၉၈၀ ခုနှစ်တင် ဘယ်ကမှာ … ချင်မင်းဆက်ခေတ်မှာတောင် ဒီလောက် ရှေးဆန်တဲ့ အဝတ်တွေ မဝတ်ကြတော့ဘူး… ငါတော့ သူက ချင်နဲ့ မင်ကို ဆန့်ကျင်တဲ့ အတွေးအမြင်တွေ ရှိနေတယ် ထင်တာပဲ … ကောင်းကင်နဲ့ မြေပြင် အစည်းအရုံးရဲ့ လက်ကျန်အစအနတောင် ဖြစ်နေလောက်တယ်…”

ကျောက်ရှီဂန်းမှာတော့ သူ့မျက်နှာကို လက်ဝါးဖြင့် ကွယ်ထားရင်း ကျန်သူများကတော့ မကြားချင်ယောင် ဆောင်နေကြသည်။

ကူရိရန် “ ……….”

ဆေးရုံထဲက ထွက်လာခဲ့ပြီးနောက် နှစ်ယောက်သား တက္ကစီငှား၍ လမ်းပိတ်ဆို့ထားသည့် နေရာသို့ ပြန်လာခဲ့ပြီး ကားဖြင့် ဟိုတယ်သို့ ပြန်လာခဲ့သည်။

သူတို့ ပြန်ရောက်သည့် အချိန်တွင် ၁၂ ခွဲကျော်နေလေပြီ။ နှစ်ယောက်လုံး တုံ့ဆိုင်းခြင်း မရှိ အခန်း တစ်ခန်းငှားကာ မနက် ခုနစ်နာရီအထိ ထိုးအိပ်လိုက်ကြ၏။

လင်းရီ အိပ်ရာနိုးလာသည့်အခါတွင်တော့ ရှောင်ပင်းမှာ မရှိတော့ဘဲ မျက်နှာသွားသစ်နေသည်။

မည်သူမျှ မရှိနေသည်ကို အခွင့်ကောင်းယူကာ လင်းရီသည် စိတ်ထဲတွင် ရေရွတ်လိုက်၏။

“ စနစ် … အလုပ်အကိုင်အသစ်ကို စတင်မယ်…”

[ အလုပ်အကိုင် အသစ်ကို အသက်သွင်းပြီးပါပြီ ]

[ အလုပ်အကိုင် အသစ် : ရဲအရာရှိ ]

[ အလုပ်ပြီးမြောက်နှုန်း : ၀ ရာခိုင်နှုန်း ]

[ စနစ်ရှင် … ကျေးဇူးပြုပြီး လက်ဆောင်အိတ် ယွမ် ၁၀ သန်းနဲ့ မှုခင်း စုံစမ်း စစ်ဆေးခြင်း ပညာရပ် ( ကျွမ်းကျင် အဆင့်) ကို လက်ခံပေးပါ … ]

“ လက်ခံမယ်…”

[ ယွမ် ဆယ်သန်းကို စနစ်ရှင်ရဲ့ ဘဏ်အကောင့်ထဲ လွှဲပြောင်းပေးလိုက်ပါပြီ ]

မကြာမီ စားပွဲဘေးရှိ ဖုန်းထံသို့ အသိပေးစာ တစ်စောင် ရောက်ရှိလာသည်။ ဖွင့်ကြည့်ရန်ပင် မလိုချေ။ သူ့ထံသို့ ငွေလွှဲရောက်လာကြောင်း အသိပေးစာ ဖြစ်၏။

သို့သော် ထိုအခိုက်အတန့်တွင် တစ်စုံတစ်ရာက သူ၏ စိတ်အတွင်း၌ ထွက်ပေါ် ပေါက်ဖွားလာသည်ကို လင်းရီ ခံစားလိုက်ရသည်။

မှုခင်း စုံစမ်းခြင်း ပညာရပ်နှင့် ပတ်သက်သည့် အသိပညာတို့က သူ၏ စိတ်တွင်းသို့ ဒီရေအလား ပြည့်နှက်လာလေသည်။

လင်းရီ၏ အမူအရာ ပြောင်းလဲသွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် မှတ်ဉာဏ် အများစုက သွေးများ ၊ အေးစက်မှုတို့ဖြင့် ပြည့်နှက်နေကာ လူ့သဘာဝ၏ လက်ဖျားခါလောက်အောင် ဉာဏ်ထက်မြက်ခြင်းနှင့် အန္တရာယ်အားလုံးတို့သည် အနှီမှတ်ဉာဏ်များထဲ၌ ရောင်ပြန်ဟပ်နေသောကြောင့်ဖြစ်သည်။

ယင်းက လင်းရီကို အနည်းငယ် စိတ်မတည်ငြိမ်မှု ဖြစ်ပေါ်စေသည်။

စနစ် သူ့အား ပေးအပ်လာခဲ့သည်မှာ မှုခင်း စစ်ဆေးမှု မှတ်တမ်းနှင့် ပတ်သက်သည့် မှတ်ဉာဏ်များတင် မကဘဲ အနှီ ကြမ်းတမ်းပြီး သွေးထွက်သံယိုများသည့် အစစ်အမှန် လက်တွေ့လူမှုဘ၀၏ တစ်ဖက်ခြမ်းကို ပြသလိုက်ခြင်းဖြစ်သည်ဟု ခံစားလိုက်ရ၏။

မိနစ် အနည်းငယ် ကြာပြီးနောက် မှတ်ဉာဏ်များအားလုံး ကြေညှက်သွားခဲ့ပြီး လင်းရီလည်း အချိန်အနည်းငယ် ယူ၍ သူ၏ နဂို စိတ်အခြေအနေသို့ ရောက်အောင် ပြုလုပ်လိုက်သည်။ သို့သော် လင်းရီသတိထားမိလိုက်သည်က စနစ်သည် အလွန်အရေးကြီးသည့် တစ်စုံတစ်ရာကို မေ့လျော့နေခဲ့ကြောင်း သတိပြုမိသွားခဲ့၏။

သူက ဘယ်နေရာမှာ အလုပ်သွားလုပ်ရမှာလဲ ….

All Chapters