← Chapters

ထိုနေရာမှ စာတစ်ကြောင်း

Vol. 009 Ch. 818

ထိုနေရာမှ စာတစ်ကြောင်း

Vol. 009 Ch. 818

“ဒါက လောကအသေးတံခါးပဲ အရင်ကမြင်လိုက်တဲ့ဟာ” ရှီမာယူယူ ရှင်းပြလေသည်။

“ဒီတံခါးက ဘယ်လိုလုပ်မင်းဆီမှာရှိနေတာလဲ”

“ကျွန်တော့်သွေးပေသွားလို့နေမှာပေါ့” ရှီမာယူယူ ပြောလိုက်သည်။

လောကအသေးသည် သူမ အပိုင်ဖြစ်သည်ဟုသာ အဇူရာပြောခဲ့သော်လည်း ဘာမှထပ်မပြော ခဲ့ပေ။ ကျန်းကျူရှန့်ထွက်သွားစဉ်က သူမခံစားလိုက်ရသည်ကို ထပ်ပေါင်းပြောလျှင် လောကအသေး သည် သူမပိုင်ဆိုင်သည်ကိုသာ ခန့်မှန်းနိုင်ခဲ့သည်။

“ဟင် အဲဒါကိုယူလို့ရတာလား၊ ငါစောစောကသာသိခဲ့ရင် နံရံပေါ်ကိုငါ့သွေးထုတ်ပေးလိုက်ပါ တယ်” ဟန့်မြောင်ရွှမ်သည် နောင်တရနေလေသည်။

ရှီမာယူယူသည် ပြန်မဖြေပဲ ပြုံးရုံသာပြုံးလိုက်သည်။ သို့သော် ဟန့်မြောင်ရွှမ်သာ လုပ်ခဲ့လျှင် လည်း ဖြစ်နိုင်မည်မဟုတ်ဟု သူမ တွေးလိုက်သည်။ အဇူရာပြောခဲ့သည့်စကားများကို အခြေခံပြီး သူမ ခန္ဓာကိုယ်နှင့် ဝိဉာဉ်ကို တစ်ခုခုတော့လုပ်ရမည်။

“ယူယူ လောကအသေးက ယူယူ့ဟာဆိုမှတော့ တခြားအပိုင်းတွေရော အစ်မဟာပဲလား” ကုန်ရှန်ယိ မေးလေသည်။

သူတို့မြင်ရသော တောင်တန်းမှာသေးသည်။ တောင်တစ်လုံးစာလောက်သာရှိသည်။ သေး သော်လည်း သယံဇာတပေသည်။ ထို့ကြောင့် တခြားနေရာများကို ရှာဖွေလိုက်ပါက ရတနာများ ရနိုင် မလားဟု တွေးကြသည်။

“မရဘူး” ရှီမာယူယူ ခေါင်းရမ်းလိုက်သည် “အခုတော့ အဇူရာဧကရာဇ်သန့်စင်ထားတဲ့ ဒီတံခါး ကိုပဲ ထိန်းချုပ်နိုင်သေးတယ်၊ ပြီးတော့ ဒီတံခါးနဲ့ပဲ ဆက်သွယ်လို့ရတယ်၊ ဒါပေမဲ့ လောကအသေးကို မသန့်စင်ထားတဲ့အတွက် တခြားနေရာတွေ ပေါ်လာအောင်လုပ်လို့မရဘူး”

“သြော် အဲလိုလား” ဟန့်မြောင်ရွှမ်၏ မျက်လုံးများသည် ရှီမာယူယူအား အမိဖမ်းကာ ပြောလေ သည် “ဂျူနီယာမောင်လေး မင်းပေါင်းစပ်လို့ရတာနဲ့ ဒီမှာ ဆေးပင်ကောင်းကောင်းလေးတွေရှိရင် ငါ့ကို နည်းနည်းလောက်ပေးဦး”

“ပြဿနာမရှိဘူး ဒါပေမဲ့အခုတော့ အရင်ထွက်ရအောင်”

သူမသည် တံခါးအသေးကိုယူပြီး စဉ်းစားလိုက်သည်နှင့် အတွင်းပိုင်းသင်္ချိုင်းမှ ကျောက်အိမ် အပြင်ဘက်သို့ရောက်လေသည်။

ရှီမာယူယူသည် ပင်မတံခါးရှိခဲ့သောနေရာကို ကြည့်လိုက်သည်။ တံခါးသည်မရှိတော့ပဲ နံရသာ ကျန်ခဲ့လေသည်။ တခြားနံရံများနှင့် မထူးခြားနားပေ။

လောကအသေးတွင်ဖြစ်ခဲ့သည့် အဖြစ်အပျက်ကို စဉ်းစားကြည့်ရာ သူမ သက်ပြင်းချပြီး ပြော လိုက်သည် “အရင်ဆုံးပြန်ရအောင်”

ဟန့်မြောင်ရွှမ်နှင့် တခြားသူများသည် ကျန်းကျူကျိအကြောင်းစဉ်းစားမိသည်နှင့် ရင်ကွဲ ပက်လက်ဖြစ်ရသည် “သွားကြမယ်”

ခရမ်းရောင်နုံးမြေမှထွက်ပြီးနောက်တွင် သူတို့သည် ကျင်းဝမ်နှင့် ကုန်တောင်ကြား မျိုးနွယ်ဝင်များ စောင့်နေသော ကျားလင်းမြို့သို့ပြန်လာကြသည်။ သူတို့သည် ဧည့်ခန်းတွင်စောင့်နေ ကြလေသည်။

“နောက်ဆုံးတော့ပြန်လာပြီလား ဒီထက်ကြာရင် လာရှာတော့မလို့”

“ဘာလို့လူတစ်ယောက်ပျောက်နေတာလဲ” ကျင်းဟွမ်သည် ကျန်းကျူရှန့်ပျောက်နေသည်ကို မြင်သည်နှင့် ပုံမှန်အတိုင်းထင်၍ မေးလိုက်သည်။

“စီနီယာအစ်ကိုကြီးက လုပ်စရာရှိလို့အရင်ပြန်နှင့်တယ်” ဟန့်မြောင်ရွှမ်နှင့် တခြားသူများ မျက်နှာပျက်သွားသည်ကို တွေ့သည်နှင့် ရှီမာယူယူသည် ပုံမှန်သာပြန်ဖြေလိုက်သည်။

“မြို့အပြင်မှာဖြစ်ခဲ့တဲ့အဖြစ်ကြောင့်များလား”

“ဘာဖြစ်ခဲ့တာလဲ”

“လွန်ခဲ့တဲ့ ၁၀ရက်က ကျားလင်းမြိုရဲ့ မြို့သေးတစ်ခုမှာ အစုလိုက် အပြုံလိုက်သတ်တာဖြစ် သွားတယ်” ကျင်းဝမ် ပြောလေသည်။

ထိုသတင်းကြားသောအခါ ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့၏ခန္ဓာကိုယ်သည် ဆတ်ဆတ် တုန်သွားပြီးနောက် တောင့်သွားလေသည်။

“အစုလိုက်အပြုံလိုက်သတ်တယ်ဟုတ်လား” ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။

“ဟုတ်တယ် တစ်ယောက်မှတောင်မကျန်ခဲ့ဘူး” ကျင်းဝမ်ပြောလေသည် “အစတုန်းကတော့ အနီရောင်တောင်ထိပ်တုန်းကဖြစ်သလိုဖြစ်တယ်မှတ်ပြီး အားလုံးက လူတွေလွှတ်ကြတယ်၊ ဒါပေမဲ့ မြင်ကွင်းကိုတွေ့လိုက်တဲ့အခါမှာ တစ္ဆေလောကကလုပ်တာမဟုတ်ဘူးဆိုတာသိတော့မှ အသက်ရှု ချောင်သွားတာ”

“အသတ်ခံရတဲ့အလောင်းတွေရော” ဟန့်မြောင်ရွှမ် မေးလိုက်သည်။

“ဓားတစ်ချက်တည်းနဲ့ ပြတ်သွားတာပဲ၊ ဒါပေမဲ့ထူးဆန်းတာက မြို့ထဲမှာ သွေးတစ်စက်မှစွန်း မသွားဘူး” ကျင်းဝမ် ပြောလေသည် “အင်အားကြီးတဲ့လူတော်တော်များများက အကြောင်းအရင်းရှာဖို့ နေခဲ့တယ် ဒါပေမဲ့ အဖြေမရှာနိုင်ဘူး”

ဘယ်သွေးကျန်ခဲ့မလဲ… သွေးတွေအကုန်လုံးကို ကောင်းကင်ခွဲဓားက စုပ်ယူသွားပြီလေ.. ရှီမာယူယူသည် သူမဘာသာတွေးနေလေသည်။

“အဲဒါပြီးတော့ ဘာဖြစ်သေးလဲ” စူးရှောင်ရှောင်မေးလိုက်သည်။

“မရှိဘူး အဲဒါပဲ ဘာလို့လဲ မင်းတို့စီနီယာအစ်ကိုကြီးက ဒါကိုစုံစမ်းဖို့သွားတာမဟုတ်ဘူးလား”

“စီနီယာအစ်ကိုကြီးက သူ့ကိစ္စနဲ့သူသွားတာပါ” ရှီမာယူယူ ပြောလိုက်သည် “ဒီလိုမျိုးဖြစ်သွားပြီ ဆိုမှတော့ ကျွန်တော်တို့ ဂိုဏ်းကိုပြန်ပြီး သတင်းပို့ရမယ်”

“ဟုတ်တယ် မြန်မြန်ပြန်ရအောင်”

ဟန့်မြောင်ရွှမ်သည် တစ်ခါသုံးဖြတ်လမ်းတည်ဆောက်မှုကို ထုတ်ကာ မြေပေါ်တွင်ထားလိုက် သည်။ သူတို့သုံးယောက်သည် ရပ်လိုက်ရာ ဝင်သွားလေသည်။

ထိုအခြေအနေမှာ အရေးကြီးသည်ကို ကုန်ရှန်ယိသိသောကြောင့် နေခဲ့ရန် မနှောင့်ယှက်တော့ ပေ။ သူမသည် ကျေးဇူးတင်စကားသာ ပြောလေသည် “ယူယူ ဒီတစ်ခါတော့ အများကြီးကျေးဇူးတင်ပါ တယ်၊ အများကြီးလည်းကူညီပေးပြီးပြီ ကုန်တောင်ကြားက သူတို့စိတ်ထဲမှာ စွဲနေအောင် မှတ်ထားမှာပါ နောက်ကို အခွင့်အရေးရှိမယ်ဆိုရင် ကျွန်မတို့ သေချာပေါက်ပြန်ဆပ်ပါမယ်”

“ကောင်းပြီ နောက်ကို ကိစ္စတစ်ခုခုရှိရင် မင်းကိုတို့လာရှာပါမယ် နောက်မှတွေ့မယ်”

ရှီမာယူယူသည် ရှီမန်ဖန်အားကြည့်လိုက်သည်နှင့် တည်ဆောက်မှုသည် အသက်ဝင်ကာ သူတို့ ထွက်သွားကြလေသည်။

ကုန်ရှန်ယိသည် သူတို့ထွက်သွားသည်အထိ စောင့်ပြီးနောက် ကျင်းဝမ်ဘက်လှည့်ကာ “မင်းတို့ ကိစ္စတွေရှင်းပြီးပြီလား”

“ပြီးပြီ ငါတို့ကို လူအင်အားပေးတဲ့အတွက် ကျေးဇူးအများကြီးကျေးဇူးတင်ပါတယ်” ကျင်းဝမ် သည် ပြုံးပြီးပြောလေသည်။

“ဒါဆို ငါသူတို့ကိုအရင်ခေါ်သွားမယ်” ကုန်ရှန်ယိ ရှေ့သို့ခြေလှမ်းနှစ်လှမ်းပြီးနောက်တွင် ပြန် လှည့်ကာ ပြောလေသည် “ဟုတ်သားပဲ မင်းကျင်းမျိုးနွယ်က လုပ်တဲ့ကိစ္စတွေကိုကူညီရင် ဂရုစိုက်ရမယ်”

“ငါသိပါတယ်” ကျင်းဝမ် ခေါင်းညိမ့်လေသည်။

သူတို့ မြို့အပြင်သို့ရောက်သည်နှင့် ရှီမန်ဖန်သည် ကုန်ရှန်ယိ၏ လက်ကိုဆွကြာ “မပြန်ခင်ကို ငါ မင်းကို တောင်ကြားကိုပြန်ပို့ပေးမယ်”

“ရှင် သူမကိုစိတ်ပူနေတာ သိပါတယ်၊ တကယ်တော့ ကျွန်မကိုပြန်ပို့ပေးစရာမလိုပါဘူး” ကုန်ရှန်ယိ ပြောလိုက်သည်။

“အတွင်းပိုင်းဒေသက အရမ်းဂယက်ထသွားမှာပဲ၊ မင်းကိုပြန်ပို့မှပဲ စိတ်ချရမယ်” ရှီမန်ဖန်သည် သူမလက်ကိုပုတ်ကာ “သွားမယ် ငါမင်းကို ပြန်ပို့ပြီးမှ ပြန်မယ်”

“အင်း”

….

ရှီမာယူယူနှင့် ကျန်နှစ်ယေက်သည် တစ်ခါသုံးဖြတ်လမ်းကိုသုံးပြီး ဂိုဏ်းသို့ပြန်ကြလေသည်။ သူတို့သည် ခွဲခွာခြင်းဥယျာဉ်သို့ပြန်ရန်အချိန်မရှိတော့ပဲ မုန့်စန်းချွယ်၏ ရုံးခန်းသို့ တိုက်ရိုက်သွားလိုက် ကြသည်။

မုန့်စန်းချွယ်သည် အခုလေးတင်ရလိုက်သောသတင်းနှစ်ခုကြောင့် ခေါင်းကိုက်နေလေသည်။ ရှီမာယူယူနှင့် တခြားသူများပြန်လာပြီဟု ကြားလိုက်သည်နှင့် သူတို့ကိုဝင်ခိုင်းကာ အိမ်ထဲရှိ တခြားသူများဘက်လှည့်ကာ ပြောလိုက်သည် “သူတို့ပြန်လာပြီ သူတို့ကိုပြောပြလိုက်ဦး”

“အင်း” ထိုလူသည် ပေါ့ပါးစွာဖြေလေသည်။ သူသည် ဘဝင်မြင့်သည့်သဘောရှိသည်။

ရှီမာယူယူ၊ ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့ဝင်လာပြီးနောက် မုန့်စန်းချွယ်ကို အရိုအသေ ပေးလေသည်။ သူတို့သည် ခေါင်းမော့ပြီး သူ့ဘေးမှလူကိုကြည့်လိုက်သည်။

“ကျန်းကျူကျိလား” ဟန့်မြောင်ရွှမ်သည် တအံ့တသြ ခေါ်မိလသည်။

အဖြူရောင်ဝတ်ထားသော ကျန်းကျူကျိသည် ဟန့်မြောင်ရွှမ် သူ့နာမည်ကို တိုက်ရိုက်ခေါ်လိုက် သည်ကို တွေ့သည်နှင့် မျက်မှောင်ကြုတ်သွားသည်။ သူသည် ဟန့်မြောင်ရွှမ်အား မုန်းတီစွာအော် လိုက်လေသည် “မင်းက ဘယ်သူလဲ ငါ့ကိုနာမည်တပ်ပြီး ခေါ်ရဲတယ်ဟုတ်လား”

ရှီမာယူယူသည် ထိုလူအား ပထမဆုံးအကြည့်တွင်ပင် မနှစ်သက်ပေ။ အခု သူသည် ဟန့်မြောင်ရွှမ်အားအော်လိုက်ခြင်းကြောင့် သူမ ပို၍ဒေါသထွက်လာသည် “ခင်ဗျားနာမည်ခေါ်တော့ ဘာဖြစ်လဲ နာမည်ဆိုတာ ခေါ်ဖို့ပေးထားတာပဲ စားဖို့ပေးထားတာလား”

“အတင့်ရဲလိုက်တာ” ကျန်းကျူကျိသည် ရှီမာယူယူ၏ ပြန်ချေပမှုကြောင့် ဒေါသထွက်သွားကာ သူမဆီသို့ မီးတောက်ချက်ချင်းပင် ပစ်လွှတ်လိုက်လေသည်။

ဟိန်းဟောက်ခြင်း လိမ္မော်ရောင်မီးတောက်ဖြစ်သည်။ သူမအပေါ်ကျရောက်သွားပါက တစ် ခဏအတွင်းတွင် ပြာဖြစ်သွားနိုင်သည်။

ရှီမာယူယူ မျက်လုံးမှေးလိုက်သည်။ စံသွေမီးတောက်ပဲ။

“ကျန်းကျူကျိ အတင့်ရဲလိုက်တာ”

“အာ….”

ဟန့်မြောင်ရွှမ်သည် အော်ကာ သူ့မီၤးတောက်ကို အနိုငယူရန် မီးတောက်လုံးကိုပစ်လိုက်ရာ အလယ်တွင် သွားဆုံလေသည်။

ထိုအချိန်တွင် စူးရှောင်ရှောင်၏ မီးတောက်စိမ်းသည်လည်း တိုက်ခိုက်ရာ ထိုမီးတောက်နှစ်ခု သည် ကျန်းကျူကျိ၏ မီးတောက်ကို လုံးဝမလှုပ်နိုင်အောင် လုပ်လေသည်။

“မင်းတို့မှာပဲ မီးတောက်နှစ်ခုရှိတယ်လို့ထင်နေတာလား” ကျန်းကျူကျိသည် အေးစက်စွာ နှာမှုတ်ကာ နောက်ထပ် အပြာရောင်မီးတောက်ကိုထုတ်လွှတ်လေသည်။ ထိုမီးတောက်သည် အစော ပိုင်းကမီးတောက်ထက် အဆင့်တစ်ဆင့်မြင့်ကာ စူးရှောင်ရှောင်နှင့် ဟန့်မြောင်ရွှမ်တို့်၏ မီးတောက် သည် မတားနိုင်ပေ။

ဟိန်းဟောက်ခြင်းအပြာရောင်မီးတောက်သည် ရှီမာယူယူဆီသို့ သွားကာ ချက်ချင်းပင် သူမ  အားထိမှန်သွားလေသည်။

ထိုမီးတောက် စင်တီမီတာအနည်းငယ်အလိုလောက်တွင် ရှီမာယူယူသည် ညာဘက် လက်မြောက်ကာ  ခရမ်းရောင်မီးတောက်ဖြင့်တားလိုက်သည်။

သူမလက်တွင် နီရဲမီးတောက်သည် လက်ထိပ်တွင် လှိုင်းထနေလေသည်။

***

All Chapters