← Chapters

တိုက်ပွဲကြီး

Vol. 109 Ch. 1628

တိုက်ပွဲကြီး

Vol. 109 Ch. 1628

“ ဥက္ကဌလင်း … ဒီကိစ္စမှာ ကျုပ်တို့ဘက်က မမှားဘူး … သူတို့ တရားစွဲရင်တောင် ကျုပ်တို့ပဲ နိုင်မှာ … သူတို့နဲ့ လေကုန်ခံနေစရာ မလိုပါဘူး ..” ကော်စုန့်နန် ဖြောင်းဖြလာခဲ့သည်။

လူတော်တော်များများ ပြောကြသည်မှာ ဥက္ကဌလင်းက အတော်လေး စိတ်လက်တစ်ဆစ် နိုင်သည့် လူဟူ၍ပင်။ ထို့ကြောင့်ပဲ ကော်စုန့်နန်သည် ဤလူအုပ်ကြီးနှင့် နောင်ဂျိန်ဖြစ်မည်ကို သူ စိုးရိမ်နေခဲ့မိ၏။ ယခုတော့ သူ့ဘက်က အတွေးလွန်နေခဲ့ဟန်ပင်။

ကြမ်းတမ်း ခက်ထန်ဖို့ မလိုအပ်သော်လည်းပဲ အတိုင်းအတာတစ်ခုထိအောင် လေးလေးနက်နက် ရှိရန် လိုအပ်၏။ သို့မှသာ ဤလူများနှင့် ညှိနှိုင်းဆွေးနွေးနိုင်လိမ့်မည်။

“ မလောနဲ့ … ငါတို့ ဖြည်းဖြည်းချင်း ပြောကြမယ်… ဒီကို ပြဿနာ ဖြေရှင်းဖို့ ရောက်လာခဲ့မှတော့ ဖော်ဖော်ရွေရွေ ရှိသင့်တာပေါ့ …”

“ အဲ့တာ .. အဲ့တာလည်း ဟုတ်တာပဲ …”

ကော်စုန့်နန် အတင်းဖျစ်ညစ်၍ သဘောတူရုံမျှသာ တတ်နိုင်တော့၏။ သူ့စိတ်ထဲတွင်တော့ ဘာမှမသိသည့် လူက ကျွမ်းကျင်သူ တစ်ယောက်အား ညွှန်ကြား ထောက်ပြပေးနေသည်ဟု ခံစားနေရလေသည်။

ပရောဂျက်အသစ်အတွက် ရင်ဆိုင်ရန် အခက်ခဲဆုံး ပြဿနာမှာ အခြားမဟုတ်ပေ။ ယခုလို ကျိုးကြောင်း မညီမညွှတ်သည့် လူနလပိန်းတုန်း အုပ်စုသာလျှင် ဖြစ်သည်။

သူတို့ဘက်က ပိုပြီး ဖော်ရွေ ပျူငှာပြလေလေ ၊ တစ်ဖက်ရှိ ထိူလူများက ပိုပြီး ယောင့်တက်လာလေလေ ဖြစ်ပြီး အကယ်၍ အသာတကြည် ဆွေးနွေးနေမည်ဆိုပါက ပြဿနာကို ဖြေရှင်းနိုင်ဖို့ရာ လမ်းမမြင်ချေ။

သို့သော် သူကား ဥက္ကဌကျီ၏ ကောင်လေး ဖြစ်နေပြီး သူသည်မှာတော့ ပရောဂျက် မန်နေဂျာ တစ်ယောက်မျှသာ ဖြစ်သည်။ သူ့ဘက်က ဆရာသွားလုပ်သည်က မသင့်လျော်ချေ။

လင်းရီ၏ သဘောထား အမူအရာက ဝန်းရံနေသည့် လူတိုင်းကို အံ့အားသင့်သွားစေခဲ့၏။

တစ်ဖက်သူက အချိန် တစ်ချို့ကြာမှသာ ဆွေးနွေးညှိနှိုင်းရန် သဘောတူလာလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ဤမျှ လျှင်လျှင်မြန်မြန်နှင့် သဘောတူလာလိမ့်မည်လို့ မျှော်လင့်မထားခဲ့ပါချေ။

သူတို့တွေ ရွှေချောင်း ကောက်ရလိုက်သည့်နှယ် ခံစားသွားကြရသည်။ သို့သော် ဤလူက ငါးစာကို ဟပ်ပြီးဖြစ်သဖြင့် အကယ်၍ သူတို့ဘက်က ဆူဆူပူပူ ဆက်လုပ်၍ ပြဿနာ ဆက်ရှာနေဦးမည်ဆိုလျှင် သူတို့အဆိုး ဖြစ်သွားနိုင်သည်။

ထိုအကြောင်း တွေးတောမိတော့ အနက်ရောင် ဝတ်စုံနှင့် လူတစ်ယောက်က မျက်လုံးလှိမ့်ကာ “ ကျုပ်တို့လူတွေ ဒီမှာ နေလာတာ အနှစ် ၂၀ ကျော်ပြီ… စတုရန်း မီတာ ၃၀၀ ကျော်ကို နေရာယူထားတဲ့ ဘန်ဂလို ခြောက်လုံး ၊ ပြီးတော့ စတုရန်း မီတာ ၁၀၀ စီ ရှိတဲ့ အိမ်တွေ.. လက်ရှိ ပြန်လည်နေရာချထားရေး အတွက် လျော်ကြေး နှုန်းတွေအတိုင်းဆိုရင် မင်းငါတို့ကို အပိုထပ်ဆောင်း ယွမ် ၁၀ သန်း ပေးရမယ်…”

“ ၃၀၀ ကျော်ပဲ ကျယ်တဲ့ သူတို့အိမ်လေးက သေးသေးလေးရယ်… ကျုပ်ရဲ့ အိမ်ဆို စတုရန်း မီတာ ၅၀၀ ကျော်တယ်… ခြံရောပါ ထည့်တွက်ရင် မင်း ငါ့ကို အနည်းဆုံး သန်း ၂၀ လျော်ပေးရမယ်…”

“ ငါတို့အိမ်လည်း ၄၀၀ စတုရန်း မီတာကျော်တယ်… အနည်းဆုံး ယွမ် ၁၈ သန်းလောက်ပေးမှ တင်သင့်မျှတမှာ …” အဘွားကြီး တစ်ဦးက ပြောလာခဲ့၏။

ထို့နောက် ၂၀ ကျော်သည့် လူများအားလုံး တစ်ယောက်တစ်ပေါက် ပြောဆိုကြတော့သည်။

ကျီချင်းရန် အနည်းငယ် မျက်မှောင်ကြုတ်မိသွားခဲ့၏။ သူမ အကြမ်းဖျင်း တစ်ချက် တွက်ချက်ကြည့်လိုက်ရာ အကယ်၍ သူတို့ တောင်းဆိုသည့် ဈေးနှုန်းအတိုင်း လျော်ပေးမည်ဆိုပါက သန်း ၂၀၀ ကျော်သွားလိမ့်မည်။

ဤသည်က ပရောဂျက် တစ်ခုလုံး အတွက် ဧရာမ ထိုးနှက်ချက်ကြီး တစ်ခုဖြစ်၏။

ကော်စုန့်နန်နှင့် ကျန်သူများအားလုံး နောက်ကျောတွင် မတ်တပ်ရပ်နေရင်း ပြဿနာ ရှာနေကြသူများကို မုန်းတီးစွာ ကြည့်နေမိကြသည်။

“ မန်နေဂျာကော်.. ကြည့်ရတာတော့ ဒီကိစ္စ ညှိနှိုင်းနိုင်မယ့် လမ်း မရှိတော့ဘူးနဲ့တူတယ်…”

ဖြိုချဖျက်စီးရန် တာဝန်ယူထားသည့် အလုပ်သမားက ပြောလိုက်သည်။

“ ဘယ်တတ်နိုင်မှာ … ဥက္ကဌလင်းက ဒီလိုဖြစ်အောင် လုပ်ခဲ့တာပဲလေ…” ကော်စုန့်နန် ပြောလိုက်ပြီး “ သူ့ဘက်ကသာ စကတည်းက ခပ်ထန်ထန် အမူအရာနဲ့ သဘောထားကို ကိုင်စွဲထားမယ်ဆိုရင် သူတို့လည်း ဒီလောက်ထိ တောင်းဆိုရဲမှာတောင် မဟုတ်ဘူး …”

“ ချီးလိုပဲ … စိတ်တိုဖို့ကောင်းလိုက်တာ … အကုန်လုံးကို ဘူဒိုဇာနဲ့ ထိုးခွဲပြီး တစ်ခါတည်းသာ မြေမြုပ်ပစ်လိုက်ချင်တော့တယ်….”

“ ကောင်းပြီ… ဘယ်လိုတွေ ဖြစ်လာမလဲ အရင်ကြည့်ကြတာပေါ့ … ဘာပဲဆိုဆို ငါတို့အပေါ်တော့ အခွင့်အရေး လာယူခွင့်ပေးလို့ မရဘူး …”

ထိုအခိုက်အတန့်တွင် ကျီချင်းရန်မှာတော့ နှုတ်ဆိတ်လျက်သာ ရှိနေသည်။

လင်းရီ ဤပြဿနာကို ဖြေရှင်းရန် မည်သည့်နည်းလမ်း အသုံးပြုမည်ကို သူမ မသိသော်လည်း လင်းရီ သေချာပေါက် ကိုင်တွယ်နိုင်မည်ကိုတော့ သူမ ယုံကြည်သည်။

“ မင်းတို့က လျော်ကြေးပေးစေချင်တယ်ဆိုမှတော့ ငါတို့ထိုင်ပြီး အေးဆေး စကားပြောကြတာပေါ့ …”

“ အဲ့လို လုပ်စမ်းပါ … ဒါပေမယ့် အေး … ငါမင်းကို တစ်ခါတည်း ရှင်းအောင် ပြောထားမယ်… မင်းတို့ ပေးတာ တစ်ပြားလေးတောင် လျော့လို့ကတော့ အလုပ်စလို့ ရမယ် မထင်နဲ့ … ငါတို့ အဆုံးထိ လိုက်မယ်…”

“ ငါ ပြောပြီးပြီပဲ မလား … ထိုင်ပြီး အေးဆေး ပြောကြပါမယ် ဆိုတာကို … ဘာလို့ စိတ်လှုပ်ရှားနေကြတာ …”

လင်းရီ၏ ဖော်ရွေသည့် သဘောထား အမူအရာကို မြင်တော့ ၂၀‌ ကျော်သည့် လူအုပ်ကြီးသည်လည်း ယာယီ ရုံးခန်း ဝင်ပေါက်ဝတွင် ထိုင်ချလိုက်ကြသည်။

“ ပြော… မင်း ဘယ်လို ဖြေရှင်းပေးမှာ .. ခဏဆိုမှောင်တော့မှာ .. မလိုတဲ့ စကားပလ္လင်တွေ ဖယ်ပြီး အဓိက အချက်ပဲ တန်းသွားမယ်…”

“ ကျုပ်က ဒီကိစ္စတွေ ကိုင်တွယ်ဖို့ ကျွမ်းကျင်တဲ့လူ မဟုတ်ဘူးဆိုတော့ အချိန်ကျလာရင် ခင်များတို့နဲ့ လာပြီး ဆွေးနွေးဖို့ လူရောက်လာလိမ့်မယ်.. ခင်များတို့ ဘာမှ စိုးရိမ်စရာ မလိုဘူး …”

လင်းရီ သူ၏ ဖုန်းကို အပေါ်အောက် ပွတ်ဆွဲရင်း ပြောလိုက်ပြီး “ ဒါပေမယ့် ခင်များတို့တွေ ခုနတုန်းက ပြောခဲ့တာတွေကို ကျုပ် အသံသွင်းထားတယ်… ခဏနေကျရင် သက်သေ အချက်အလက်အဖြစ် သုံးလို့ရတာပေါ့ ….”

လူနှစ်ဆယ်ကျော်မှာ အနည်းငယ် ကြက်သေသေသွားခဲ့လေသည်။ “ မင်းက ဒီတိုင်း ကုမ္ပဏီ အကြီးအကဲပဲ မဟုတ်ဘူးလား … ဘယ်သူ့ကို ပြောဖို့ လိုနေသေးလို့ …”

“ စိတ်ရှည်ရှည်ထားစမ်းပါ … ခဏဆို သိရမှာပေါ့ …”

ကျီချင်းရန်နှင့် ကော်စုန့်နန်လည်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။ လင်းရီက ဘယ်သူ့ကို ခေါ်လာမှာလဲ …

“ မင်းတို့ သူဌေးတွေက ပြဿနာ ဖြေရှင်းတဲ့ နေရာမှာ တော်တော် တော်ကြတာပဲ ..” အမောက်မာဆုံး အနက်ရောင် ဂျက်ကတ်နှင့် အမျိုးသားက ပြောလိုက်ပြီး “ ဒါက ဒီတိုင်း အသေးမွှားကိစ္စလေးကို မင်းတို့ဘက်က နည်းနည်းလေး လျော်ပေးလိုက်တာနဲ့ ငါတို့နဲ့ ပြေလည်သွားပြီ… အဲ့တာကို ဘာလို့ ရှုပ်ယှက်ခတ်အောင် လုပ်ချင်နေရတာ … မင်းတို့မှာ အပေါဆုံးက ပိုက်ဆံ မဟုတ်ဘူးလား …”

“ ခင်များတို့ လိုချင်နေတဲ့ ပိုက်ဆံကလည်း နည်းနည်းနောနောမှ မဟုတ်တာ ဒီတော့ ကျုပ်တို့ဘက်ကလည်း သေချာ ဂရုစိုက်ရတာပေါ့ …”

“ ကောင်းပြီလေ… စောင့်ဆိုလည်း စောင့်တာပေါ့ …”

လူ ၂၀ ကျော်မှာ သူ့အရှေ့တွင် ထိုင်နေကြပြီး ဘာတစ်ခွန်းမျှ မဆိုကြချေ။ သူတို့အားလုံးတွင် စိုးရိမ်ကြောင့်ကြခြင်းလည်း ရှိမနေချေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာသို့ မလာမီ ပိုင်ဆိုင်မှု သဘောတူညီချက် အတုများအား ပြုလုပ်ထားပြီး ဖြစ်သောကြောင့်ပင်။

သူတို့ဘက်က အိမ်ခြံမြေ အကျိုးဆောင် ဗျူရိုကို ခေါ်လာ၍ စုံစမ်း စစ်ဆေးလျှင်ပင် မည်သူကမျှ အမှန်တရားကို ရှာတွေ့နိုင်မည် မဟုတ်ပေ။ ထို့ပြင် သူတို့၏ နောက်ကွယ်၌ ပံ့ပိုးနေသည့် ဂျိုင်းရက်ကြီးလည်း ရှိနေသေး၏။ အဘယ်ကြောင့် ဤလူများကို ကြောက်ရွံ့နေရမည်နည်း။

နာရီဝက်နီးပါးခန့် ကြာသော် ရဲကား အချက်ပေးသံများ လမ်းတစ်လျှောက် မြည်ဟည်းလာပြီး လူအုပ်ကြီး၏ နောက်ကွယ်မှ ထွက်ပေါ်လာသည်။

လမ်းဘေးတွင် ယာဉ်အစင်းရေ ၂၀ ခန့် ထိုးရပ်ထားပြီး ကားမော်ဒယ်လ်တို့ကလည်း အစုံအစုံပါပင်။ ကားတံခါးများ တစ်ခုပြီး တစ်ခု ပွင့်ဟလာခဲ့ပြီး တူညီဝတ်စုံ ယူနီဖောင်းနှင့် လူများ အပြင်သို့ ထွက်လာခဲ့ကြ၏။

သူတို့၏ အနက်ရောင် ဝတ်စုံမှတဆင့် ရဲအရာရှိများ ဖြစ်သည်ကို လွယ်လင့်တကူ သိရှိနိုင်သည်။

ထိုလူများကို မြင်တော့ ကျီချင်းရန်နှင့် ကော်စုန့်နန်လည်း အံ့အားသင့်သွားခဲ့သည်။

ခဏလေးပဲ ရှိသေးတာကို လင်းရီ ဒီလောက် လူတွေ အများကြီး ဘယ်လို လှမ်းခေါ်လိုက်တာ ….

အထူးသဖြင့် ရှေ့ဆုံးက လျှောက်လာသည့် ရဲယူနီဖောင်းနှင့် သက်လတ်ပိုင်း အမျိုးသားဖြစ်၏။ ပုံစံ အရှိန်အဝါကို ကြည့်ရုံမျှဖြင့် သာမန်လူတစ်ဦး မဟုတ်သည်ကို သိရှိနိုင်သည်။

သူကား ကျိန်းသေပေါက် အာဏာရှိမည့် တစ်စုံတစ်ယောက်သာ ဖြစ်ရမည်။

ထိုသို့သော အံ့ဩဘနန်း အမူအရာဖြင့် ဖြစ်သွားခဲ့သူမှာ သူတို့ နှစ်ယောက်တည်း မဟုတ်ပေ။ ရှိနေကြသည့် လူတိုင်း အံ့အားသင့်သွားခဲ့ကြ၏။

အဘယ်ကြောင့်ဆိုသော် ရောက်လာခဲ့ကြသည့်လူများအားလုံးက ရိုးရှင်းနေခြင်း မရှိသောကြောင်ပင်။ သူတို့အားလုံးက ဌာန အသီးသီး၏ ခေါင်းဆောင်ကြီးများ ဖြစ်နေကြလေသည်။

ရဲ၊ မီးရထား ၊ လေဆိပ်နှင့် ဟွာရှ ယာဉ်လမ်းကြောင်း ထိန်းသိမ်း ကြီးကြပ်ရေး ဝန်ထမ်းများပင် ဤနေရာသို့ အားလုံး ရောက်လာနေကြသည်။

ဒီလောက် လူတွေ အများကြီးကို ဖုန်းကော တစ်ချက်နဲ့ ခေါ်လိုက်နိုင်တယ်… ဒါကြီးက သောက်ရမ်း မကြမ်းလွန်းဘူးလား ….

လင်းရီကို မြင်တော့ ချိန်ပင်းချန် လျှောက်လာပြီး လင်းရီလည်း သူ့အနားသို့ လျှောက်သွားလိုက်၏။

“ ခေါင်းဆောင်ချိန် … ခင်များ လူတစ်ချို့ လွှတ်လိုက်လည်း ရနေတာကို ဘာလို့ လူကိုယ်တိုင် ဒီရောက်နေသေးတာ .. ကျုပ်ကို ရှက်ကိုးရှက်ကန်း ဖြစ်အောင် လုပ်နေတာပဲ …”

“ အားနေတာနဲ့ အတော်ပဲမို့ ကိုယ်တိုင် လိုက်လာခဲ့လိုက်ပါ…” ချိန်ပင်း အပြုံးတစ်ခုဖြင့် ပြောလိုက်ပြီး “ ပြီးတော့ မြို့ကလည်း လက်ရှိမှာ ဒီလို အရေးကိစ္စတွေကို တင်းတင်းကြပ်ကြပ်နဲ့ ကိုင်တွယ် ဆောင်ရွက်နေတာလေ… သူတို့ကို ဥပမာပြဖို့ ငါ့လူတွေ တစ်ချို့ကိုပါ ဒီခေါ်လာခဲ့လိုက်တာ …”

“ ခင်များလို ဒိတ်ဒိတ်ကျဲကြီး ကိုယ်တိုင် လာစရာတောင် မလိုပါဘူး …ခုတော့ ကြည့်ပါဦး ..” လင်းရီ ယဉ်ကျေးစွာ ပြောဆိုလိုက်၏။

“ မင်း ငါ့ကို သူစိမ်းလို လုပ်နေတာပဲကွ ဟမ် … ဒါ ငါ့တာဝန်ပဲလေ …” ချိန်ပင်းချန် ပြောလိုက်ပြီး “ ခဏဆို မှောင်တော့မှာ .. နောက်မှ ဆက်ယဉ်ကျေးကြတာပေါ့ .. ကိုင်တွယ်စရာရှိတာ တစ်ခါတည်း ကိုင်တွယ်ကြမယ်…”

“ ဒါပေါ့ .. မြန်မြန် လုပ်လိုက် … ကျုပ်တို့ရဲ့ ညစာကို နှောင့်နှေးစေရင် ဘယ်ကောင်းမှာ …”

လင်းရီ ဘေးသို့ သွားရပ်နေပြီး တည်ငြိမ်စွာ ပြောလိုက်၏။

“ ဒီလူတွေက သူတို့ အရင် တစ်လလုံး ကျိုးဟိုင် အပြင်ဘက်ကို ရောက်နေတယ် ပြောကြတယ်.. ကျုပ် သူတို့ရဲ့ ခရီးသွား မှတ်တမ်းကို စစ်ဆေးကြည့်ချင်လို့ …”

“ ငါတို့ရဲ့ ခရီးသွားမှတ်တမ်းကို စစ်မယ်…….”

အနက်ရောင် ဂျက်ကတ်နှင့် အမျိုးသားမှာ ချွေးအေးပြိုက်သွားခဲ့ရသည်။ ခရီးသွားနေသည့် ဇာတ်လမ်းက လက်တန်း ဖန်တီးထားခဲ့တာ ဖြစ်ပြီး သူတို့ မည်သည့်နေရာကိုမျှ သွားခဲ့သည့် သက်သေများလည်း မပြင်ဆင်ထားခဲ့ရချေ။

တစ်ချက်စစ်ဆေးလိုက်သည်နှင့် သူတို့၏ အလိမ်အညာများမှာ ထွက်ပေါ်လာနိုင်သည်။

“ ကောင်လေး … မင်း ငါတို့ကို ကြောက်အောင် ခြောက်နေတာတွေ တော်လိုက်စမ်း .. ငါတို့ ခရီးသွားတယ်လို့ ပြောခဲ့တာ ဒီ ဧရိယာ တစ်ဝိုက်မှာ မရှိခဲ့ရုံပဲ … ကျိုးဟိုင်က ထွက်သွားခဲ့တယ်လို့ မပြောခဲ့မိဘူး … မင်း ငါတို့ကို စစ်ဆေးရင်တောင် ဘာမှရှာတွေ့မှာ မဟုတ်ဘူး … မင်းရဲ့ ခွန်အားတွေကို ဖြုန်းတီမနေနဲ့ … ငါတို့ကို ပိုက်ဆံသာလျော်ပေးလိုက် ….”

All Chapters