← Chapters

တင်းကြပ်စွာ စီစဉ်ထားသော

Vol. 109 Ch. 1630

တင်းကြပ်စွာ စီစဉ်ထားသော

Vol. 109 Ch. 1630

“ အခု ပြဿနာလည်း ဖြေရှင်းပြီးသွားပြီဆိုတော့ အဲ့လူတွေကို အာရုံထားနေဖို့ မလိုတော့ဘူး မဟုတ်လား …”

“ သတိထားရင်တော့ ပိုကောင်းတာပေါ့ … သူ့ဘက်က ထပ်ပြီး ပြဿနာရှာလာတာလည်း ဖြစ်ရင် ဖြစ်နိုင်တာပဲလေ…” လင်းရီ ပြောလိုက်သည်။ “ ဒါပေမယ့် အဲ့ကိစ္စတွေ စိတ်ပူစရာမလိုပါဘူး … ကိုယ့်ဘက်က ပရောဂျက်ကို ကူပြီး စောင့်ကြည့်ထားပေးမယ်… မင်းက ရုံးခန်းထဲမှာပဲ အေးဆေး သက်သက်သာသာနေ…”

ကျီချင်းရန်၏ မျက်လုံးလှလှလေးတို့မှာ လင်းရီအပေါ်တွင် ခေတ္တမျှကြာအောင် တရေးရေး လှုပ်ရှားသွားပြီး “ ဒီလိုဆို ကျွန်မမှာ လင်းလူကြီးမင်းနဲ့ စိတ်ချချင်တဲ့ တာဝန်တစ်ခုရှိတယ်.. ရှင် စဉ်းစားပေးနိုင်မလား …”

“ ဘာလို့ အဲ့လို မျက်လုံးနဲ့လာကြည့်နေတာ … ဘာလဲ ... မိခင် ဖြစ်ချင်နေပြီလား … အဲ့လိုဆိုရင်တော့ ကိုယ့်ဘက်က ငြင်းပယ်ချင်း မရှိဘဲ ဝမ်းပန်းတသာနဲ့ တာဝန်ယူပေးဖို့ အဆင့်သင့်ပဲနော် … ကြာပါတယ် ဒီညပဲ ကြိုးစားကြတာပေါ့ … ပြီးရင် နောက်ဆယ်လကျ မင်းရဲ့ မိခင် ဖြစ်ချင်တဲ့ အိပ်မက်လည်း အကောင်အထည် ပေါ်လာစေရမယ်လို့ အာမခံတယ်…”

“ နင် သွားစမ်း … ဘယ်သူက အမေဖြစ်ချင်ပြီ ပြောနေလို့လဲ …” ကျီချင်းရန် မျက်လုံးလှိမ့်လိုက်ပြီး “ဘယ်လိုပဲ ဖြစ်ဖြစ် နင်လည်း ကုမ္ပဏီကို နေ့တိုင်း သွားနေတာမှ မဟုတ်တာ … ဒီတိုင်း လျှောက်လုပ်နေမယ့်အစား ငါ့နေရာ လာခဲ့ပါလားလို့ … နင် ဘယ်လိုထင်လဲ …”

“ မင်းရဲ့ နေရာကိုလား …”

“ ကုမ္ပဏီက ကော်မာရှယ် အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီဘက်ကို ကူးပြောင်းသွားပြီမလား … ဒီဧရိယာက လုပ်ငန်း အသစ်တွေကို ကုမ္ပဏီက တခြား လုပ်ငန်းတွေနဲ့ ခွဲထားချင်လို့ … ငါ့ကုမ္ပဏီလာပြီး ငါ့ရဲ့ ဒုဥက္ကဌလာလုပ်လေ … နင်က အဲ့ဒီ လုပ်ငန်းတွေကို ကြီးကြပ်ရမယ်… အဲ့လိုသာဆို ငါလည်း တခြား တစ်ယောက် ငှားစရာ မလိုတော့ဘူးပေါ့ …”

ကျီချင်းရန် တစ်ချက်ခုတ် နှစ်ချက်ပြတ် အမူအရာဖြင့် ပြောလိုက်သည်။

“ မင်းသာ ငါ့ကို တစ်ရက်လောက်လေး စောပြောဖြစ်ခဲ့ရင် ငါ သဘောတူရင် တူမိလောက်တယ်… ဒါပေမယ့် ခုတော့ မရတော့ဘူး …”

“ ဟင် … ဘာလို့ မရတာလဲ … နင် ခုလည်း တော်တော် အားနေတာပဲ မဟုတ်ဘူးလား …”

“ ငါအားနေတယ်လို့ ဘယ်သူပြောလဲ … ငါ အလုပ်အသစ် တွေ့ထားပြီ နော်…”

“ ဟင် … အလုပ်အသစ် ….”

“ ဒီမှာစောင့်နေ….”

လင်းရီ ကားထံသို့ ပြန်သွား၍ စနစ်မှ ပေးထားသည့် အိုင်ဒီနှင့် အချက်အလက်များအား ထုတ်လာခဲ့လိုက်သည်။

ဤသည်ကို မြင်တော့ ကျီချင်းရန်မှာ အချိန်အတော်ကြာသည်ထိတိုင်အောင် ကြက်သေသေနေမိခဲ့၏။ သူမ၏ အမူအရာသည်လည်း မရေမရာ ဖြစ်သွားခဲ့ကာ “ နင်က ………… ရဲ …”

“ စိတ်ဝင်စားဖို့ ကောင်းတယ်မလား … ငါ စမ်းကြည့်မလို့လေ….”

“ နင်ကတော့ တကယ်လေ .. တစ်စက်ကလေးမှကို အငြိမ်မနေနိုင်တာ …”

ကျီချင်းရန်သည် လင်းရီ ရဲတပ်ဖွဲ့ထဲ ဝင်လိုက်ပြီ ဆိုသည့် အချက်ကို လျင်လျင်မြန်မြန်ပဲ လက်ခံလိုက်သည်။

မည်သို့ပင်ဆိုစေ သူက DIDI လည်း မောင်းဖူးပြီး အီရန်ဘွိုင်းလည်း လုပ်ခဲ့ဖူး၏။ ရဲအရာရှိ တစ်ယောက် ဖြစ်လာသည်ကို နားလည်လက်ခံပေးဖို့ရာ မခက်ခဲချေ။

အနည်းဆုံးတော့ သင့်တင့်လျောက်ပတ် ကောင်းမွန်သည့် အလုပ်အကိုင် တစ်ခု ဖြစ်လေသည်။

မကောင်းသည် အချက်က ခက်ခဲမှုပင်။ ဤသည်ကတော့ သိပ်မကောင်းလှချေ။

“ နင် ရဲတစ်ယောက် ဖြစ်လာမှာကို ငါ မငြင်းပါဘူး … ဒါပေမယ့် အန္တရာယ် မများဘူးလား … သေနတ်ပစ်ရတာ … သူလျှို လုပ်ရတာ … အဲ့လိုတွေ လုပ်ရမယ်မလား …”

“ အာ …”

လင်းရီ ကျီချင်းရန်၏ နဖူးအား လက်ညိုးဖြင့် အသာ တွန်းထိုးလိုက်ပြီး “ ဘာတွေ လျှောက်စဉ်းစားနေတာ … ပုံမှန်လုပ်စမ်းပါ … အလွန်ဆုံးမှ သူခိုးတွေ လိုက်ဖမ်းရရုံလောက်ပါပဲ … မင်း စိတ်ထင်နေသလောက်လည်း မရှုပ်ပါဘူး …”

“ ဒီတိုင်း သူခိုးတွေ လိုက်ဖမ်းရုံလောက်ပဲဆိုရင်တော့ ကိစ္စ မရှိပါဘူး ..” ကျီချင်းရန် ပြောလိုက်၏။ “ နင်က တိုက်ခိုက်တာ တော်တယ်ဆိုရင်တောင် နင့်ကိုယ်နင် စွန့်စားလို့ မရဘူးနော်… ဂရုစိုက်ရမယ်…”

“ အင်းပါ… မင်း စိတ်ပူစရာ မလိုပါဘူး …”

ကျီချင်းရန် အပြုံးတစ်ပွင့်ဖြင့် ခေါင်းညိမ့်လိုက်သည်။

“ နင်က အခုလောလောဆယ် ငါ့ကုမ္ပဏီကို မလာနိုင်သေးဘူးဆိုတော့ လူတော့ ရှာပေးနိုင်မယ်မလား …”

“ ကြည့်ရတာ ငါ့ကို တကယ်လာစေချင်နေတဲ့ပုံစံပဲ ဟုတ်တယ်မလား ….”

လင်းရီ သူမလေး၏ အတွေးများကို တစ်ချက်တည်းနှင့် ထွင်းဖောက် မြင်နိုင်လိုက်သည်။

“ ခစ်ခစ် …” ကျီချင်းရန် မျက်လုံးမှေးကျဉ်းသွားသည်အထိ ရယ်မောလိုက်ရင်း “ အဓိကက ဒီလုပ်ငန်းက ကုမ္ပဏီကို တစ်ဆစ်ချိုး ပြောင်းလဲသွားစေနိုင်တာမို့လို့လေ.. အမှားအယွင်း ဖြစ်လို့ မရဘူး … ငါလည်း လက်ထဲမှာက အလုပ်တွေ အများကြီး ဆိုတော့ ဂရုစိုက်ပေးဖို့ အချိန် သိပ်မရှိဘူး … ပြီးတော့ တစ်စုံတစ်ယောက်က အပြင်မှာ လျှောက်ပြီး ပျော်ပါးနေတာထက်စာရင် ငါ့ကို ကူညီပေးတာက ပိုပြီး ဖြစ်သင့်တာပဲလေ… ငါလဲ ဘယ်တတ်နိုင်မှာ …”

“ ဟုတ်ပြီ ဟုတ်ပြီ … တော်တော့ … ငါ ဒီကိစ္စ ကြည့်လုပ်ပေးမယ် .. ဟုတ်ပြီလား … မထိတထိတွေ ပြောမနေနဲ့တော့ …”

“ အဲ့လိုမှပေါ့ … နင်သာ ငါ့စကား နားထောင်ရင် နင်လည်း အကျိုးအများကြီး ရှိမှာကို …”

“ လူခေါ်ဖို့ ကိစ္စကိုတော့ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကရင် လိုအပ်တဲ့ အချက်အလက်တွေ ကြေညာထားပြီးထား … နောက် ရက်နည်းနည်းနေရင် ငါ့ဆီလာပြီး လျှောက်လွှာတွေ လာကြည့်ပေး ..”

“ အိုက်ယား … မင်းပြောတာ နားထောင်ရင်းနဲ့ ငါ့တစ်ကိုယ်လုံးတောင် ချိနဲ့လာသလိုပဲ … “

“ သက်လုံကလည်း ဆိုးလိုက်တာ .. ဝေဖန်တယ်…”

ကျီချင်းရန် သူ့အား ဆတ်ခနဲ ရိုက်၍ သူမ၏ စည်းထားသည့် ဆံပင်အား ဖြေချလိုက်သည်။

“ နင် လုပ်စရာ ရှိတာ သွားလုပ်တော့ … ငါ ရေချိုးဦးမယ်…”

“ အင်း သွားလေ…”

ကျီချင်းရန် ရေချိုးခန်းထဲ ဝင်သွားခဲ့ပြီး လင်းရီ ဖုန်းထုတ်၍ ချီရှန်းကျောက်ထံ ဖုန်းဆက်လိုက်သည်။

ယခုအချိန်တွင် တစ်ဖက်၌ မနက်ခင်း အချိန်အခါ ဖြစ်လောက်၏။

“ ဥက္ကဌလင်း …”

“ ဟိုဘက် အခြေအနေ ဘယ်လိုရှိလဲ …”

“ ကျုပ်တို့ ဖြေရှင်းနိုင်မယ့် နည်းလမ်းကို တစ်ချိန်လုံး ဆွေးနွေးနေတာပဲ …” ချီရှန်းကျောက် ပြောလိုက်ပြီး “ ဒီလူတွေက လျော်ကြေးပေးဖို့ သဘောတူပေမယ့် မဟုတ်တာတွေ အကြောင်းပြ အချိန်ဆွဲပြီး တာဝန် မယူချင်ဘူး …”

“ အဲ့ဒီ အရေးမပါတာတွေ ထားလိုက် .. အရေးကြီးတာက ငါတို့တွေ ပစ္စည်းကို ဒီရောက်အောင် မြန်မြန်ပို့နိုင်ဖို့ပဲ ..”

“ ကျုပ်လည်း ဒီကိစ္စ ကိုင်တွယ်နေတယ်… ကျုပ်ဘက်က လောလောဆယ် နာမည်တော်တော်ကောင်းတဲ့ သင်္ဘော ပို့ဆောင်ရေး ကုမ္ပဏီ နှစ်ခုကို ဆက်သွယ်ထားတယ်.. ဒါပေမယ့် တစ်ခုမှာမှ သင်္ဘောအပိုတွေက မရှိဘူး ဖြစ်နေတာ … ကျုပ်တို့ နည်းနည်း ကြာကြာ ထပ်စောင့်ဖို့တော့ လိုမယ်.. အစောဆုံး တစ်လအတွင်းတော့ ထွက်နိုင်မှာပါ … ဘယ်တတ်နိုင်မှာ … ကျုပ်တို့ကိုက အလေးမသာတဲ့ အခြေအနေမှာ ရှိနေတာကိုး …”

လင်းရီ တိတ်ဆိတ်သွားခဲ့၏။ ကိစ္စရပ်တို့က အဆိုးဘက်သို့ ဦးတည်နေလေသည်။

မြင်နေရသည့် လက္ခဏာရပ်များအရတော့ နောက်ကွယ်တွင် တစ်စုံတစ်ယောက် ရှိနေသည်က ကျိန်းသေည်။ သို့သော် မည်သူမည်ဝါဆိုတာကို သူတို့ဘက်က ယခုထက်တိုင် သိရှိခြင်း မရှိသေးချေ။

“ လျော်ကြေးကိစ္စနဲ့ စပ်လျဉ်းပြီးမှတော့ မင်း အဲ့တာကို အရင်ကိုင်တွယ်လိုက် … တစ်ခါတည်း ဘရာဇီးဘက်က ဆက်သွယ်ပြီး သူတို့ကိုပါ ကူညီပေးဖို့ ပြောလိုက် .. သူတို့ဘက်က သဘောမတူဘူးဆိုရင် လက်ကျန် ၂၀ ရာခိုင်နှုန်းကို မပေးနဲ့တော့…” လင်းရီ ပြောလိုက်သည်။ “ တကယ်လို့ နောက် ရက်နည်းနည်းနေလို့တောင် မင်းဘက်က ဘာတိုးတက်မှ မရှိသေးဘူးဆိုရင် ကျိုးဟိုင်က သင်္ဘော ၂ စင်းသာ ရှာလိုက် .. ကုန်ကျစရိတ်ကို စိတ်ပူစရာမလိုဘူး … ပစ္စည်းသာ အရင် တင်လာခဲ့….”

“ နားလည်ပြီ ဥက္ကဌလင်း …”

“ ဟိုမှာ ဂရုစိုက်ပြီးလည်း နေဦး …”

“ ကျေးဇူးပါ ဥက္ကဌလင်း .. ကျုပ် ဂရုစိုက်မှာပါ …”

နောက်ထပ် အနည်းငယ် ထပ်သတိပေးပြီးနောက် လင်းရီ ဖုန်းချလိုက်လေသည်။ ထို့နောက် အချိန်အတော်ကြာအောင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့တော့သည်။

သူ့ဘက်က ရာနှုန်းပြည့် မသေချာသော်လည်း ကွယ်ဝှက်ထားသည့် အချက်တစ်ချို့ ရှိနေကြောင်းတော့ သူ ၇၀ ရာခိုင်နှုန်း သေချာသည်။ ထို့ကြောင့် အတွေးလွန်ဖို့ ကြိုးစားသည်က စဉ်းစားဉာဏ်ရှိသည့် လုပ်ရပ်တော့ မဟုတ်ချေ။ အရေးကြီးဆုံးက ကုန်များအား ပြန်သယ်လာရန်ပင်။

သူတို့ဘက်တွင် နောက်ဆုံး ၂၀ ရာခိုင်နှုန်း ကျန်ရှိနေသေးသဖြင့် ဆုံးရှုံးမှု အနည်းငယ် ရှိသည့်တိုင်အောင် လင်းယွင်အုပ်စုသည် ရောင်းရငွေမှ အရင်းပြန်ကာမိနိုင်သည်။

ဤအတိုင်း အနည်းငယ် ကြန့်ကြာသွားရုံမျှသာ ဖြစ်သည်။

ချီရှန်းကျောက်နှင့် စကားပြောပြီးနောက် လင်းရီ ဖုန်းအား ပွတ်ဆွဲ၍ မိုဟုန်ရှန်းထံ ဖုန်းဆက်လိုက်သည်။

“ အစ်ကိုရှန်း … အိပ်နေပြီလား …”

“ မအိပ်သေးဘူး … အကြီးအကဲရန်ကို ခုလေးတင် ပြန်လိုက်ပို့ပြီးခဲ့တာ … ကိစ္စ ရှိလို့လား …”

“ ကျုပ် အကူအညီ သေးသေးလေး တောင်းချင်လို့ …”

“ ယဉ်ကျေးနေစရာ မလိုပါဘူးကွာ … အချင်းချင်းတွေကို ပြောစရာရှိရင် တည့်ပြောစမ်းပါ …” မိုဟုန်ရှန်းက တည့်သမားပင်။

“ ပေါင်ရှန်းလမ်းမှာ ကျုပ်ပရောဂျက် တစ်ခု ရှိတယ်.. ခုတလော တစ်စုံတစ်ယောက်က ပြဿနာ လာရှာနေလို့ … လူနည်းနည်းလောက် လွှတ်ပေးပြီး ကျုပ်ဖို့ ရက်နည်းနည်းလောက် စောင့်ကြည့်ထားပေးလို့ ရမလား …”

“ မင်းရဲ့ နေရာမှာ ဘယ်သူက ပြဿနာ လာရှာရဲနေတာ … သူတို့ ဦးနှောက်ဆဲလ်တွေက ဘယ်လောက်ပဲ ရှိကြလို့တုန်းကွ… ဟမ် … ” မိုဟုန်ရှန်း ရယ်ရယ်မောမောနှင့် မေးလိုက်သည်။

“ ကျုပ်လည်း မသေချာဘူး … တခြားလူတွေကို အားကိုးဖို့ စိတ်မချလို့ အစ်ကိုရှန်းဆီ အကူအညီ လှမ်းတောင်းလိုက်တာ …”

“ ပြဿနာ မရှိဘူး … လိပ်စာ အတိအကျနဲ့ ဆက်သွယ်လို့ရမယ့် အချက်အလက်တွေသာ ပေးထားလိုက် … ပြီးရင် ငါတို့ အခြေစိုက် စခန်းပါ တစ်ခါတည်း ဆောက်ပေးလိုက်မယ်…”

“ ကျေးဇူးပါပဲ အစ်ကိုရှန်း … ဒါပေမယ့် ချဲ့ကားစရာ မလိုပါဘူး … သိုသိုသိပ်သိပ်လေးပဲနေ..”

“ ငါသိတယ်… ဒါက ငါတို့ ထရိနင်လုပ်တဲ့ ပစ္စည်းတွေထဲက တစ်ခုပဲလေ… အသေးအမွှားလေးပါ …”

“ ကောင်းပြီ…” လင်းရီ ပြောလိုက်ပြီး “ ကျုပ် ခဏနေကျရင် လိပ်စာ ပို့လိုက်မယ်…”

ထို့နောက် လင်းရီသည် သက်ဆိုင်ရာ အချက်အလက်များအား မိုဟုန်ရန်းထံ ပို့ပေးလိုက်၏။ သူ၏ လုပ်နိုင်စွမ်းဖြင့် ဤကိစ္စအား ကိုင်တွယ်ရန် ပြဿနာ ရှိမည် မဟုတ်ချေ။

ထိုညအလယ်တွင် နှစ်ခြိုက်စွာ အိပ်မောကျနေသည့် လင်းရီသည် ရုတ်တရက် မြည်လာသည့် ဖုန်းသံကြောင့် ရုတ်တရက် ဆတ်ကနဲ လန့်နိုးလာခဲ့၏။

၎င်းက မိုဟုန်ရှန်းထံမှပင်။

“ မအိပ်သေးနဲ့ဦး … ငါတို့ မိထားပြီ… အဲ့ဒီ နေရာကို လာခဲ့လိုက်…”

All Chapters