လက်တစ်ဖက် ချန်ခဲ့
Vol. 109 Ch. 1634
ထိုသို့ ပြောပြီးနောက် မာစန်း ဖုန်းပြန်ချကာ သူ၏ မနက်စာအား ဆက်လက် သုံးဆောင်သည်။
“ စန်းရယ်(တတိယသခင်) …. ကျွန်တော်တို့ နောက်ထပ် လှုပ်ရှားဖို့ လိုသေးလား … တစ်ဖက်လူက ကျွန်တော်တို့ သူတို့ ပစ္စည်းတွေ ဖျက်စီးတာနဲ့တင် လွယ်လွယ် အရှုံးပေးမယ် မထင်ဘူး…”
“ ဒီလောက်ဆို လုံလောက်ပြီ… ဟွာရှ လူတွေက ငါတို့ ဟောင်ကောင်သားတွေနဲ့ ကွဲတယ်… သူတို့က သူရဲဘောကြောင်တယ်… ဒီလိုလေး ခြောက်လှန့်လိုက်တာနဲ့တင် ငါတို့ ဘယ်လောက် အင်အားကြီးလဲဆိုတာ သူတို့ နားလည်သွားလောက်ပြီ…” မာစန်ရှန်း အစာကို ဖြည်းညင်းစွာ ဝါးရင်း ပြောလိုက်၏။ “ ဒါပေမယ့် ငါတို့ နောက်ထပ် ဘာဆက်လုပ် မလဲဆိုတာကတော့ ဥက္ကဌကျီရဲ့ ပြောစကားတွေ အပေါ် မူတည်တယ်… တစ်ဖက်လူက မြေကို အသာတကြည် ပေးရင်တော့ အကောင်းဆုံးပေါ့ … မဟုတ်ရင်တော့ ငါတို့ ဆက်ပြီး တိုက်ခိုက်ရမှာပဲ … သူ ငါ့ကို ဘာလုပ်နိုင်မှာမို့လို့ …”
ဘေးရှိ ငယ်သားကလည်း ခေါင်းတဆတ်ဆတ် ငြိမ့်ရင်း မာစန်း၏ စကားကို ထောက်ခံလိုက်သည်။
ဝုန်း …
ထိုအချိန်တွင် သူတို့နှစ်ဦး အပြင်ဘက်၌ ထူးဆန်းသည့် အသံတစ်သံကို ကြားလိုက်ရကာ တံခါးဝသို့ တစ်စုံတစ်ရာ လာရောက် ထိမှန်သည့် ပုံစံပင်။
စက္ကန့်အနည်းငယ်မျှ ရပ်တန့်သွားခဲ့ပြီးနောက် မာစန်း သူ့ငယ်သား တစ်ဦးအား ကြည့်၍ “ ထွက်ပြီး ဘာဖြစ်နေလဲ သွားကြည့်ကြည့်စမ်း …”
အနက်ရောင် ဝတ်စုံနှင့် လူလည်း တံခါးဝသို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားသည်။ သူ တံခါးကို ဖွင့်လိုက်သည့် အချိန်၌ တံခါးဝတွင် စောင့်ကြည့်နေသည့် ဘော်ဒီဂတ် နှစ်ယောက်က ကြမ်းပြင်တွင် လဲလျောင်းနေသည်ကို အံ့အားသင့်စွာ မြင်တွေ့လိုက်ရလေသည်။
သူတို့၏ ရင်ဘက်ကို ဖိနှိပ်ထားရင်း နာကျင်စွာ ညည်းညူနေကြကာ မည်သို့ပင် အားပြုစေကာမူ ပြန်မထနိုင် ဖြစ်နေကြ၏။
လင်းရီအား ကြည့်နေရင်း မာစန်း ပျာယာခတ်သွားခြင်း မရှိချေ။ လက်ထဲရှိ ဓားနှင့် ခက်ရင်းအား အောက်သို့ချ၍ စုံစမ်း မေးမြန်းကြည့်လိုက်၏။
“ မင်းက ….. “
လင်းရီ အပြင်ဘက်မှ ဝင်ရောက်လာပြီး မာစန်းအား ကြည့်လိုက်သည်။
“ မင်းက မာစန်းပဲ ဖြစ်ရမယ်…”
“ ငါ့ကို သိနေတယ်ပေါ့ …” မာစန်း မျက်လုံး ပင့်လိုက်မိပြီး “ ဘာအတွက် ငါ့ကို ရှာတာလဲ ..”
“ ဖွံ့ဖြိုး တိုးတက်ရေး ဇုန်က ပရောဂျက်ကို လျှို့ဝှက်တိုက်ခိုက်နေတာ မင်းပဲ ဟုတ်တယ်ဟုတ် …”
မာစန်း၏ မျက်လုံးတို့ ရွေ့လျားသွားခဲ့၏။ သူ့ရှေ့ရှိ လူက ဤကိစ္စကြောင့်နှင့် ရောက်လာခဲ့သည်ကို သိလိုက်ရတော့ သူ အနည်းငယ် အံ့အာသင့်မိသွားခဲ့သည်။
“ မင်းက ချောင်ရန် အုပ်စုရဲ့ ဥက္ကဌကျီနဲ့ ဘာတော်လဲ …”
မာစန်းက အရူးမဟုတ်ပေ။ သူ့ရှေ့ရှိလူက ဤကိစ္စနှင့် ရောက်လာသည်မှာ ချောင်ရန်အုပ်စုရှိ ကျီချင်းရန်နှင့် ကျိန်းသေပေါက် ရင်းနှီးသည့် ဆက်ဆံရေး ရှိသောကြောင့်သာ ဖြစ်မည်။
“ သူက ငါ့ကောင်မလေး ….”
“ အိုး … ဆိုတော့ အဲ့လို ပတ်သက်မှုမျိုးကိုး ….”
မာစန်း အဓိပ္ပာယ် ပါပါဖြင့် ပြောလိုက်ပြီး “ ဒါပေမယ့် မင်း ဒီ ဘာလာလုပ်လဲ ဆိုတာ ငါသိချင်နေတုန်းပဲ …”
“ တကယ်ဆို ငါ မင်းတို့ဘက်ခြမ်းနဲ့ အချင်း မများချင်ဘူး … အားလုံးက စီးပွားရေး သမားတွေပဲ … ငါတို့က ပေါင်းစည်းညီညွှတ်မှုကို တန်ဖိုးထားတယ်… ပေါင်းစည်းမှုက ငွေကို ဖန်တီးတယ်… မင်းတို့နဲ့ မသာယာတဲ့ ဆက်ဆံရေးတွေ မဖြစ်ချင်ဘူး …”
“ ဟက် …”
မာစန်း နှာမှုတ်လိုက်ပြီး အထင်သေးစွာ နှာခေါင်းရှုံ့လိုက်သည်။
“ ငါတို့အားလုံးက စီးပွားရေး သမားတွေလို့ မင်း ပြောတယ်နော်… ဒီ နယ်ပယ်ထဲမှာ ပါဝါ ပိုကြီးတဲ့သူက အမှားအမှန် ဆုံးဖြတ်တာကိုလည်း မင်းသိပြီးရောပေါ့ … မင်း ငါ့ကို ဒီစကားတွေ လာပြောနေလို့ အသုံးဝင်မှာ မဟုတ်ဘူး …”
“ တကယ်ကြီး ညှိနှိုင်းလို့ မရဘူးပေါ့ …”
“ မင်းက ဟွမ်ဟိုင် အုပ်စု မျက်စိကျနေတဲ့ မြေကို ယူသွားခဲ့တယ်… သေချာပေါက်ပေါ့ … ငါတို့ ဘယ်လိုလုပ် လွယ်လွယ်နဲ့ လက်လွှတ်ပေးနိုင်မှာ …”
မာစန်း အမဲစတိတ်ခ် တစ်ဖဲ့ လှီးဖြတ်၍ ပါးစပ်ထဲ ထည့်လိုက်ပြီး ညှက်နေအောင် ဝါးကာ သေချာ အရသာ ခံလိုက်သည်။
“ ငါ့ကို စည်းလုံးညီညွှတ်တာတွေ ၊ ငြိမ်းချမ်းရေးတွေ လာမပြောနဲ့ … ဘယ်သူကမှ ဖြူစင်နေတာ မဟုတ်ဘူး … ပြီးတော့ ငါကိုယ်၌က လူဆိုးဖြစ်ဖို့ မွေးဖွားလာခဲ့တာ … ဥပဒေနဲ့ ငါ့ကို ချုပ်နှောင်လို့ မရဘူး …”
“ ကြည့်ရတာ ရှည်ရှည်ဝေးဝေး ဆက်ပြောဖို့ မလိုတော့တဲ့ ပုံပဲ …”
“ အဲ့လို မပြောနဲ့ …”
မာစန်း သူ့ ပါးစပ်ကို ပုဝါဖြင့် သုတ်လိုက်ပြီး ဓားနှင့် ခက်ရင်းကို စားပွဲပေါ် ချထားလိုက်သည်။
“ မင်းငါ့ကို လက်လျော့စေချင်တယ်ဆိုရင် တကယ်တော့ လွယ်ပါတယ်… အားလုံးက မင်း ငါ့ တောင်းဆိုမှုတွေကို ဖြည်းဆည်းပေးနိုင်မလား ဆိုတဲ့ အပေါ်မှာ မူတည်တယ်…”
“ ငါ့ကိုပြော ..”
မာစန်း စားပွဲပေါ်ရှိ စတိတ်ခ် လှီးသည့် ဓားအား မေးငေါ့ပြကာ “ လက်တစ်ဖက် ထားခဲ့လိုက် … ပြီးရင် ငါ မာစန်း မင်းနဲ့ ဒီပရောဂျက်ကို ဆက်မပြိုင်တော့ဘူးလို့ ကတိပေးတယ်…”
လင်ဂရီ၏ အကြည့်က စားပွဲပေါ်ရှိ ဓားပေါ်သို့ ကျရောက်သွားခဲ့သည်။
“ ကောင်းပြီလေ….”
………
ချောင်ရန် အုပ်စု၏ ဥက္ကဌရုံးခန်းထဲတွင် ။
သူမ၏ စားပွဲပေါ်တွင် ယခုလေးတင် ပေးပို့လာသည့် ဘလူးပရင့် တစ်ခု ရှိနေသည်။
သူမ ဝန်းကျင်တွင် ကုမ္ပဏီ၏ အမှုဆောင် အဖွဲ့ဝင်များနှင့် အင်ဂျင်နီယာတို့က ဘလူးပရင့်၏ အသေးစိတ်ကို တိုင်ပင် ဆွေးနွေးနေကြပြီး မိုဒီဖိုင်း လုပ်မည့် အရာများအတွက်လည်း ထည့်သွင်းစဉ်းစားနေကြသည်။
ပရောဂျက် အသစ်နှင့် ပတ်သက်၍ မည်သည့် အရာကိုမျှ သူမ ထိန်ချန်ထားရစ်ခဲ့မိခြင်းမျိုး မလိုချင်ပေ။ အရာအားလုံးကို ပြီးပြည့်စုံချင်သည်။
သူမတို့ဘက်က အရှုံးနှင့် ရင်ဆိုင်ခဲ့ရလျှင်ပင် အနည်းဆုံးတော့ သူမ အကောင်းဆုံး ကြိုးပမ်းအားထုတ်ခဲ့သည်ဟူ၍ စိတ် ရှင်းရှင်းသန့်သန့်ဖြင့် ထုတ်ပြောနိုင်မည် ဖြစ်သည်။
ကလင် ကလင် ကလင် …
သူမတို့ ဘလူးပရင့် အကြောင်း ဆွေးနွေးနေစဉ်မှာပဲ ကျီချင်းရန်၏ အတွင်းကြိုးဖုန်းလိုင်းသည် အသံမြည်လာသည်။ သူ၏ အတွင်းရေးမှူးထံမှ ဖြစ်၏။
“ ဥက္ကဌကျီရှင့် … ဟွမ်ဟိုင် အုပ်စုရဲ့ ဥက္ကဌလီက တွေ့ခွင့်တောင်းနေပါတယ်…”
“ လီဟွာရှင်း ဒီရောက်နေတာလား …”
လီဟွာရှင်း၏ ရောက်ရှိလာမှုက ကျီချင်းရန်ကိုသာ မကဘဲ ကော်ပိုရေးရှင်းရှိ အခြား အမှုဆောင် အဖွဲ့ဝင်များကိုပါ အံ့အားသင့်သွားစေခဲ့လေသည်။
ကုမ္ပဏီနှစ်ခုက ယခုတင်ပဲ ပြင်းထန်သည့် ပြိုင်ဆိုင်မှုများနှင့် အဆင်မပြေမှုတို့ ရှိထားခဲ့သည်။ အဆုံးတွင် ချောင်ရန်အုပ်စုက မြေကို အရယူနိုင်ခဲ့၏။ ကုမ္ပဏီ နှစ်ခုမှာ တစ်ခုနှင့် တစ်ခု မသက်ဆိုင်တော့ချေ။ အဘယ်ကြောင့် သူက ကုမ္ပဏီသို့ ရောက်လာရသနည်း။
“ ငါတို့ လောလောဆယ် ဒီမှာတင်ပဲ ရပ်ကြတာပေါ့ … ရှင်တို့တွေ ပြန်နှင့်ကြ….”
“ ဒါဆို ကျုပ်တို့ သွားနှင့်ပါဦးမယ်…”
ကုမ္ပဏီ၏ အမှုဆောင် အဖွဲ့ဝင်များလည်း နှုတ်ဆက်စကားဆိုကာ ရုံးခန်းထဲက ထွက်ခွာသွားခဲ့ကြလေသည်။
ထို့နောက် ကျီချင်းရန်မှ အတွင်းရေးမှူးထံ ပြောလိုက်သည်။
“ ငါ့ရုံးခန်းထဲ လွှတ်လိုက် ….”
ဖုန်းချပြီးနောက် ကျီချင်းရန်သည် လက်နှစ်ဖက်ကို ပိုက်လျက် လီဟွာရှင်း၏ ရည်ရွယ်ချက်ကို လေးလေးနက်နက် တွေးတော ချင့်ချိန်နေလျက် ရှိသည်။
မနေ့က ကိစ္စကို လင်းရီမှ ဖြေရှင်းပြီး ဖြစ်လေသည်။
ဧကန္တ .. ထိုကိစ္စကြောင့်များလော….
ယုတ္တိရှိရှိ ပြောမည်ဆိုပါက ကိစ္စတို့က ထိုမျှ ဆိုးရွားမနေချေ။
မိနစ် အနည်းငယ် ကြာပြီးနောက် ရုံးခန်း တံခါးထံသို့ ခေါက်သံ တစ်သံ ထွက်လာခဲ့ပြီး အတွင်းရေးမှူးမှ ဝင်ရောက်လာခဲ့သည်။
“ ဥက္ကဌကျီ… ဥက္ကဌလီ ရောက်ပါပြီ…”
အတွင်းရေးမှူး၏ နောက်တွင် သက်လတ်ပိုင်း အမျိုးသား တစ်ဦး ရှိနေသည်။ အနည်းငယ် ဝဖိုင့်ပြီး အနက်ရောင် ဝတ်စုံပြည့်နှင့် ဆံပင်ကိုလည်း ဘေးသို့ ခွဲထားသည်။ သွင်ပြင်မှာ ထူးထူးခြားခြား ရှိမနေချေ။
တစ်ခုတည်းသော ကောင်းချက်မှာတော့ ကြင်နာတတ်သည့် ဟန်ပန် ရှိခြင်းပင်။
“ ဥက္ကဌကျီ… ကျုပ်တို့ တွေ့ကြပြန်ပြီနော်…”
ကျီချင်းရန်၏ ရုံးခန်းထဲသို့ ဝင်သည်တွင် လီဟွာရှင်းမှ လက်ကို ဆန့်တန်းလာခဲံသည်။ ကျီချင်းရန်သည်လည်း ထို့အတူပင်။ နှစ်ယောက်သား နှုတ်ဆက်သည့် သဘောဖြင့် လက်ဆွဲနှုတ်ဆက်လိုက်ကြ၏။
မာစန်းနှင့် နှိုင်းယှဉ်မည်ဆိုပါက လီဟွာရှင်းသည် ပို၍ စီးပွားရေး တစ်ယောက်၏ သွင်ပန်း သဏ္ဌာန် ရှိသည်။ သူ့တွင် မာစန်းကဲ့သို့သော ဓားပြအော်ရာများ ကင်းမဲ့နေသည်။ သို့သော် ပြုံးနေသည့် ကျားတစ်ကောင်ကဲ့သို့သော ခံစားချက်မျိုးအား ပေးစွမ်းနေပြီး ကောက်ကျစ် ဉာဏ်များသည့် သဘာဝအား ဖော်ကြူးနေစေတော့သည်။
“ ဥက္ကဌလီ… ကျေးဇူးပြုပြီး ထိုင်ပါဦးရှင့် …”
ကျီချင်းရန်သည် လီဟွာရှင်းကို ဆိုဖာပေါ်သို့ ထိုင်ရန် ပျူငှာလိုက်သည်။ အတွင်းရေးမှူးမှ ရေနှစ်ဖန်ခွက် ငှဲ့ပေးလိုက်ပြီး ဘေးတွင် ရပ်နေကာ ကျီချင်းရန်၏ နောက်လာမည့် ညွှန်ကြားချက်များအား စောင့်ဆိုင်းနေလျက် ရှိသည်။
“ ဥက္ကဌကျီ… ကျုပ် ဒီတစ်ခေါက်လာခဲ့တာ အဓိကက ဖွံ့ဖြိုးတိုးတက်ရေး ဇုန် ပရောဂျက် ကိစ္စ ပြောချင်လို့ပဲ …” လီဟွာရှင်း ယဉ်ကျေးစွာ ပြောလိုက်သည်။
“ လေလံကလည်း ပြီးသွားပြီ… ပြီးတော့ ကျွန်မတို့ဘက်ကလည်း ပရောဂျက်ကို စနေပြီ… ကျွန်မတို့ ဆွေးနွေး စရာ အကြောင်း မရှိတော့ဘူး ဟုတ်တယ်မဟုတ်လား ….”
“ ဟုတ်ပါတယ်.. အဲ့တာလည်း ဥက္ကဌကျီ ကျုပ်နဲ့ ပြောလိုခြင်း ရှိမရှိ အပေါ် မူတည်တယ်လေ….”
ကျီချင်းရန် ခတ္တမျှ တုံ့ဆိုင်းသွားခဲ့ပြီး သူမ၏ ထက်ရှသည့် စီးပွားရေး အမြင်က ပြောပြနေသည်မှာ လီဟွာရှင်း၏ လာရောက် လည်ပတ်သည့် ရည်ရွယ်ချက်က အကြောင်းမဲ့ မဟုတ်ဟု ပြောနေသည်။ သူ့တွင် အခြား အားကိုးစရာများ ရှိကိုရှိရမည်။
မဟုတ်ပါက သူ၏ အဆင့်အတန်းဖြင့် ယခုလို လုပ်ဖို့ဆိုသည်မှာ အကျင့်စရိုက်နှင့် မကိုက်ညီချေ။
“ ဒါဆိုလည်း ပွင့်ပွင့်လင်းလင်းပဲ ပြောကြတာပေါ့ …”
ဤသည်က ရင်းနှီးဖော်ရွေသည့် စီးပွားရေး ညှိနှိုင်းဆွေးနွေးမှု မဖြစ်နိုင်မှန်း ကျီချင်းရန် သဘောပေါက်သည်။ သူမ မသိသေးသည့် အခြား ကိစ္စတို့ ရှိနေနိုင်လေသည်။
ထို့ကြောင့် သူမဘက်ခြမ်းတွင် ရိုးသားပွင့်လင်းသည့် လေထုကို အာရုံမခံမိဘဲ လီဟွာရှင်း၏ လာရင်း ရည်ရွယ်ချက် အစစ်အမှန်ကိုသာ သိချင်နေမိခဲ့၏။
“ ကျုပ် သိသလောက်ဆိုရင် ပရောဂျက်က စတင်နေပြီ … ဒါပေမယ့် ချောချောမွေ့မွေ့တော့ မရှိဘူးပဲ … ပြဿနာ နည်းနည်း တက်နေတယ် တူတယ်…”
လီဟွာရှင်း၏ စကားကို ကြားတော့ ကျီချင်းရန် ပြုံးလိုက်မိ၏။
“ မနေ့က ကိစ္စကို ပြောကြေးဆိုရင်တော့ ကျွန်မလည်း သတင်းတစ်ချို့တော့ စုဆောင်းမိထားတယ်… ဟန်ဆောင်ပြီး ပြဿနာ ရှာနေတဲ့ လူတွေရဲ့ နောက်ကွယ်မှာ ဥက္ကဌလီနဲ့ ပတ်သက်မှု တစ်ချို့ ရှိနေမယ်လို့ ကျွန်မ ယုံကြည်တယ်…”