← Chapters

တင်းမာမှုမြင့်တက်ခြင်း

Vol. 009 Ch. 819

တင်းမာမှုမြင့်တက်ခြင်း

Vol. 009 Ch. 819

“စီနီယာအစ်ကိုကြီးက ခင်ဗျားနဲ့ရုပ်တူတယ်ဆိုပေမယ့် ခင်ဗျားက သူ့ကိုမမှီဘူး” ရှီမာယူယူ သည် ကျန်းကျူကျိအား ကြည့်လိုက်သည်။

သူမသည် လက်မြှောက်ကာ ခရမ်းရောင်မီးတော်ကို ငြှိမ်းသက်လိုက်သည်။ တခြားမီးတောက် သုံးခုသည်လည်း အတူငြိမ်းသက်လိုက်ကြသည်။

“မင်းကဘယ်သူလဲ အဲဒါဘာမီးတောက်လဲ” ကျန်းကျူကျိသည် ရှီမာယူယူအား ကြည့် ပြီးနောက် ငြှိမ်းသက်လိုက်သော မီးတောက်ကို မယုံကြည်စွာ ကြည့်မိလေသည်။

သူ၏ အပြာရောင်မီ်းတောက်သည် ထိပ်တန်းအဆင့်၃၀ထဲဝင်သည်။ အဲဒါက သူမရဲ့ မီးတောက် လေးကို ရှုံးတာလား။

ရှီမာယူယူသည် ငှက်ပေါက်စကိုသိမ်းကာ ပြောလေသည် “ခင်ဗျားကဘယ်သူလဲ ဘာလို့ ကျွန်တော့်မီးတောက်အကြောင်းကို ပြောပြရမှာလဲ”

သူပြောသည့်အတိုင်းပင် ပြောလိုက်သဖြင့် အရိုက်ခံရသကဲ့သို့နီရဲသွားလေသည်။

ကျန်းကျူကျိ၏ မျက်နှာသည် နီရဲလာပြီး ဒေါသများစူပွက်လာသည်။ သူသည် သူမအား ပြဿနာရှာချင်သော်လည်း သူ့ဘေးမှ သတ်လတ်ပိုင်းအရွယ်လူတစ်ယောက်က တားလိုက်သည်။

“သခင်လေး ငါတို့လာရတဲ့အကြောင်းအရင်းကိုမမေ့နဲ့” ကျန်းချန်သည် သူ့အားသတိပေးလေ သည်။

“ဟင်း” ကျန်းကျူကျိသည် အေးစက်စွာနှာမှုတ်ကာ ဆက်မတိုက်တော့ပေ။

မုန့်စန်းချွယ်သည် သူငြိမ်ကျသွားသည်အထိစောင့်ကာ ပြောလေသည် “မင်းတို့ပြန်လာပြီလား ခရမ်းရောင်နုံးမြေမှာဖြစ်ခဲ့တာတွေကို ကျောင်းအုပ်ဖန်က ငါ့ကိုပြောပြီးသွားပြီ၊ ဒီတစ်ခါတော့ အန္တရာယ် အကြီးကြီးကို ရှောင်နိုင်တဲ့အတွက် မင်းတို့အားလုံးကိုကျေးဇူးတင်ပါတယ်”

“ကျွန်မတို့သွားမှတော့ အကောင်းဆုံးလုပ်ရမှာပဲ” ဟန့်မြောင်ရွှမ် ပြောလိုက်သည် “အဲလူတွေ က ဘယ်အင်အားစုကလူတွေလဲဆိုတာ ဂိုဏ်းကသိပြီလားလို့ သိချင်လို့ပါ”

“အဲဒါကိုရှာထုတ်ဖို့အတွက် အမိန့်ထုတ်ပြီးပါပြီ” မုန့်စန်းချွယ် ပြောလေသည်။

ဂိုဏ်းမှ စစ်ဆေးမည်ဟုပြောထားသဖြင့် သူတို့သည် ထိုအကြောင်းကို ဂရုစိုက်ရန်မလိုတော့ပေ။

ကျန်းကျူကျိသည် သူတို့ဂိုဏ်းကိစ္စများကိုစိတ်မဝင်စားပေ။ သူသည် ချက်ချင်းပင် စကားဖြတ် ကာပြောလေသည် “ဟိုကောင် ကျန်းကျူရှန့်ရော”

“ဒါရိုက်တာမုန့် ဒါက…” ရှီမာယူယူသည် သူ့ကိုလျစ်လျူရှုလေသည်။ သူ့လိုလူသည် ကိုယ်ပိုင် အတ္တစိတ်ကိုသာ ချစ်သူဖြစ်သဖြင့် သူနှင့် ညှိနှိုင်းရန် ဆန္ဒမရှိပေ။

“ဒီလိုပါ” မုန့်စန်းချွယ် ပြောလေသည် “သူက ကျန်းမျိုးနွယ်က သခင်လေးကျန်းကျူကျိပါ၊ မင်း တို့ရဲ့ စီနီယာအစ်ကိုကြီးက အခုသူ့နာမည်ယူသုံးထားတာ၊ သူတို့က ကျန်းကျူရှန့်အတွက်လာကြတာ ကျန်းကျူရှန့်က သူ့ကိုဖမ်းပြီး နှစ်ပေါင်းများစွာ အကျဉ်းချထားခဲ့တာ၊ အခုမှပဲ ကျန်းမျိုးနွယ်က သူ့ကို ကယ်နိုင်သွားတာ၊ အခု သူတို့ကကျန်းကျူရှန့်ကိုလာရှာတာ၊ မင်းတို့ဆရာလည်းမရှိတော့ ဒီအခြေအနေ ကခက်နေပြီ မင်းတို့စီနီယာအစ်ကိုကြီးကဘယ်မှာလဲ”

“ကျန်းကျူရှန့်သွားလိုက်ပြီ” ဟန့်မြောင်ရွှမ် ပြောလေသည်။

“သွားလိုက်ပြီဟုတ်လား” ကျန်းကျူကျိ ထခုန်လေသည် “မင်းတို့က အတူတူရှိနေတာ မဟုတ်ဘူးလား သူက ဘယ်လိုလုပ်သွားလိုက်တာလဲ၊ မင်းတို့သူ့ကိုဖွက်ထားတာပဲဖြစ်မယ်”

“ကျန်းကျူကျိ ရှင်ရူးနေတာလား၊ ကျွန်မတို့က သူ့ကိုဘာလို့ အကြောင်းပြချက်မရှိ ဖွက်ထားရ မှာလဲ” ဟန့်မြောင်ရွှမ်သည် သူ့အား ချက်ချင်းပင်ပြောဆိုလေသည် “သူ့သရုပ်မှန်ပေါ်သွားတဲ့အတွက် ကြောင့်သာမဟုတ်ရင် ရှင့်ကိုတွေ့တာနဲ့ အံ့သြသွားမှာမဟုတ်ဘူးလား၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့က ခရမ်းရောင်နုံးမြေကိုသွားပြီး ကျောင်းနဲ့အဆက်အသွယ်မရခဲ့ဘူး ရှင်ဒီရောက်နေတယ်ဆိုတာ ဘယ်လို လုပ်သိမှာလဲ၊ ကျွန်မတို့က အကြားအမြင်ရနေတယ်လို့ထင်နေလား၊ ကျွန်မတို့က ဂန္ဘီရဉာဏ်ရှိတယ် ထင်နေလား”

“မင်းက တုံးတာပဲ ဟန့်မြောင်ရွှမ်၊ မင်းက ဟန်မျိုးနွယ်ကမို့လို့ မင်းကို မတိုက်ခိုက်ရဲဘူးလို့ ထင်နေလး၊ မင်းတို့ဟန်မျိုးနွယ်က မင်းကိုမလိုတော့ဘူး၊ ရှုဂျင်းသာ မင်းကိုမကယ်ခဲ့ရင် မင်းက လမ်းပေါ်လွင့်နေတဲ့ ခွေးလေခွေးလွင့်ဖြစ်နေပြီ”

“ဖုံးး”

စူးရှောင်ရှောင်သည် ကျန်းကျူကျိဆီသို့ ဝိဉာဉ်စွမ်းအင်ပစ်လွှတ်လိုက်သည်။ သူ့ဘေးတွင်ရှိနေ သော ကျန်းချန်သည် လျင်မြန်စွာပင် တိုက်ခိုက်မှုကို သူ့ဝိဉာဉ်စွမ်းအင်ဖြင့် တားလိုက်သည်။ ဝိဉာဉ် စွမ်းအင် နှစ်လုံးသည် စောင့်တိုက်မိရာ အသံထွက်လာသည်။

“အရိုင်းအစိုင်းလေး”  ဝိဉာဉ်စွမ်းအင်တိုက်ခိုက်မှုအသံထွက်လာသည်နှင့် ထိုဧကရာဇ်အဆင့် တိုက်ခိုက်မှုဖိအားသည် သူတို့ကိုနာခံစေရန် ဝိဉာဉ်စွမ်းအင် ကျူးကျော်လာမှုကို ကြည့်ကာ ဖိအားပေးထားလေသည်။

“တော်တော့”

အဖြစ်အပျက်မှာ မျက်စိတစ်မှိတ်အတွင်းဖြစ်သွားကာ ကျန်းချန်နှင့် ရှီမာယူယူတို့သည် အနီးကပ်ရှိနေကာ မုန့်စန်းချွယ်သည် ကြားထဲမှမဖျန်ဖြေနိုင်ပဲ သူတို့သုံးယောက်ကို မီးတောက်ဝိုင်းနေ သည်ကိုသာ ကြည့်နေရသည်။

မီးတောက်ဖြတ်သွားသည်နှင့် သူတို့်သုံးယောက်သည် နေရာတွင်ပင်ရပ်လိုက်သောကြောင့် ပျက်စီးမှုဖြစ်မသွားပေ။

“ဘာဖြစ်သွားတာလဲ” ကျန်းကျူကျိသည် သူတို့အား သံသယဖြင့်ကြည့်လိုက်သည်။

“လေဟာပြင်ပိတ်လိုက်တာပဲ” ကျန်းချန်သည် တအံ့တသြဖြင့်ရပ်ကာ ရှီမာယူယူအား မယုံကြည်စွာကြည့်လေသည်။

မုန့်စန်းချွယ်သည် သူတို့သုံးယောက်အား ပျော်ရွှင်စွာဖြင့် အံ့သြစွာကြည့်မိသည်။

“လေဟာပြင်ပိတ်တာ မင်း လေဟာပြင်သော့ကိုဘယ်လိုပိတ်ရမလဲဆိုတာသိတာပဲ”

ရှီမာယူယူသည် လေဟာပြင်သော့ကိုလွှတ်လိုက်ကာ ကျန်းချန်အား နှာမှုတ်ကာကြည့်လေ သည်။

သူ သူ့ဝိဉာဉ်စွမ်းအင်ဖြင့်တိုက်ခိုက်သည်နှင့် သူမသည် သူတို့ဘေးမှလေဟာပြင်ကို ပိတ်လိုက် ကာ ဝိဉာဉ်စွမ်းအင်များ သူတို့ကိုရှောင်သွားရန် လုပ်လိုက်သည်။ သည်လိုနှင့် သူတို့သုံးယောက်သည် မထိခိုက်အောင် လုပ်နိုင်လိုက်သည်။

“ဒီကျောင်းသားသုံးယောက်ကို တိုက်ခိုက်ဖို့အတွက် ဒီလိုဖိအားကိုသုံးတယ်ဆိုတော့ ကျန်း မျိုးနွယ်ဝင်တွေက တကယ်ပဲနှလုံးသားရှိတာပဲ” ရှီမာယူယူသည် အေးစက်စွာပြောလေသည်။

“မင်းတို့က အရင်တိုက်တာလေ၊ ချောင်းတိုက်သေးတယ်၊ အဲဒါကြောင့် ဦးလေးချန်က တိုက် တာ” ကျန်းကျူကျိသည် သတိပြန်ဝင်လာသည်။

“ခင်ဗျားတို့ ကျွန်တော်စီနီယာတွေကို စကားနဲ့မစော်ကားဘူးဆိုရင် စီနီယာက ဘာလို့လုပ်မှာ လဲ၊ သူလှုပ်ရှားရင်တောင် ဒါလူငယ်ကြားကကိစ္စပဲ၊ သူကဘာလို့အဲလိုလုပ်ရတာလဲ” ရှီမာယူယူ ပြော လိုက်သည်။

“မင်းတို့အရင်လုပ်တာလေ အကျိုးအကြောင်းက သင့်ရဦးမှာလား”

“ခင်ဗျားတို့က အားနည်းတဲ့လူကိုဖိနှိပ်နေတာ အဲဒါရော အကျိုးအကြောင်းသင့်လား”

“ဘယ်သူက အားနည်းတဲ့လူကို အနိုင်ကျင့်နေလို့လဲ”

“ဘယ်သူလဲဆိုတာ ပြောဖို့လိုသေးလို့လား”

“မင်းတို့ ဒီလိုပဲငါ့ကျန်းမျိုးနွယ်ကို နာမည်ဖျက်နေမယ်ဆိုရင် ငါ…”

“ဘာလုပ်ချင်တာလဲ သတ်မလို့လား”

ထိုအချိန်တွင် မုန့်စန်းချွယ်သည် အံ့သြနေရာမှ သတိပြန်ဝင်လာလေသည်။ နှစ်ဖက်လုံး တင်းမာ နေသည်ကိုတွေ့သောအခါ ပြောလိုက်သည် “ယူယူ လူငယ်လေးကျန်း၊ နှစ်ယောက်လုံး စိတ်အေးအေး ထားပါ၊ ဒါကကျောင်းပါ ဈေးထဲမှာလိုမျိုး ပြုမူလို့မရဘူး”

“ဈေးထဲမှာတောင် ဒီလိုမျိုး ယဉ်ကျေးမှုမျိုးမတွေ့နိုင်ဘူး” ရှီမာယူယူ နှာမှုတ်လေသည်။

“မင်း…”

“တော်ပြီ ယူယူ စကားလျော့ပြော” မုန့်စန်းချွယ် ပြောလိုက်သည် “မင်းတို့ပြောကြ ကျန်းကျူကျိ မဟုတ်သေးဘူး ကျန်းကျူရှန့်ထွက်သွားပြီ ဘာဖြစ်လို့လဲ”

သူ ကျန်းကျူရှန့်အကြောင်းပြောလာသည်နှင့် သူတို့သုံးယောက်သား စိတ်ညစ်သွားကြသည်။

“ဘာဖြစ်လို့လဲ” မုန့်စန်းချွယ်သည်  သူတို့ကိုမြင်သောအခါ တစ်ခုခုဖြစ်နေသည်ကို သိလိုက်ပြီ။

“ဒါရိုက်တာမုန့် ကျွန်တော်တို့ ပြောချင်တာရှိတယ်” ရှီမာယူယူသည် ပြောရင်းနှင့် ကျန်းကျူကျိ ကို တစ်ချက်ကြည့်လိုက်သည်။

သူမအကြည့်မှာ ထင်ရှားနေသည်။ တချို့လူတွေက ဒီမှာမရှိသင့်ဘူး မောင်းထုတ်သင့်တယ်။

“အဲဒီကောင်က ငါတို့ကိုဖုံးကွယ်ထားတာရှိနေတာလား” ကျန်းကျူကျိသည် မကျေနပ်စွာ ပြောလေသည်။

“အဲဒါက ကျွန်တော်တို့ဂိုဏ်းကိစ္စပါ၊ ခင်ဗျားတို့နဲ့ဘာဆိုင်လို့လဲ၊ ကျွန်တော်တို့နဲ့ ဘာပတ်သတ် မှုမှမရှိပဲနဲ့”

“ငါတို့ဂိုဏ်းရဲ့ လျှို့ဝှက်ချက်ဖြစ်လို့ မင်းတို့အားလုံးကိုထွက်သွားပေးဖို့ တောင်းဆိုပါတယ်” မုန့်စန်းချွယ် ပြောလိုက်သည်။

“ဒါရိုက်တာမုန့် အဲလိုပြောလို့မရဘူးလေ၊ သူက ကျွန်တော်တို့ကျန်းမျိုးနွယ်ရဲ့ ရန်ငြိုးရှိတဲ့ ကျန်းကျူရှန့်လေ၊ ခင်ဗျားတို့ဂိုဏ်းက သူ့ကိုကာကွယ်ပေးလို့မရဘူး” ကျန်းကျူကျိ ပြောလိုက်သည်။

“ကျန်းကျူကျိ ဒါက ကောင်းကင်ဂိုဏ်းပါ မင်းတို့ကျန်းမျိုးနွယ်မဟုတ်ဘူး” မုန့်စန်းချွယ်၏ မျက်နှာထားသည် အေးစက်လာသည်။

“ဒါရိုက်တာမုန့် ဒါဘာသဘောလဲ” ကျန်းကျူကျိသည် ဒေါသဖြစ်စွာပြောလေသည် “ဘယ်လိုလုပ်….”

“ကျိ” ကျန်းချန်သည် ကျန်းကျူကျိအားဆွဲပြီးနောက် မုန့်စန်းချွယ်ဘက်လှည့်ကာ “ဂိုဏ်းရဲ့ ကိစ္စဆိုမှတော့ ထပ်ပြီးမနှောင့်ယှက်တော့ပါဘူး၊ ကျွန်တော်တို့ မနက်ဖြန်မနက်လာခဲ့ပါမယ်၊ အဲအချိန် ကျရင် ကိစ္စတွေဖြေရှင်းပြီးလောက်ပြီလို့ ထင်ပါတယ် ကျိ သွားရအောင်”

“ဦးလေးချန်…”

“သွားမယ်”

ကျန်းကျူကျိသည် ကျန်းမျိုးနွယ်၏ သခင်လေးဖြစ်သော်လည်း သူသည် ကျန်းချန်ကို မငြင်းဆန် ရဲသောကြောင့် ထွက်သွားရတော့သည်။

သူတို့နှစ်ယောက်ထွက်သွားသည်နှင့် မုန့်စန်းချွယ်ပြောလေသည် “ဘာတွေဖြစ်နေတာလဲ မင်းတို့ စီနီယာအစ်ကိုကြီး အာ.. အဲဒီကျန်းကျူရှန့် ဘာဖြစ်တာလဲ”

“ဒါရိုက်တာမုန့် ကောင်းကင်ခွဲကိုကြားဖူးလား” ရှီမာယူယူ မေးလိုက်သည်။

“ကောင်းကင်ခွဲဟုတ်လား”

ရှီမာယူယူ ခေါင်းညိမ့်ပြီး ပြောလိုက်သည် “ကောင်းကင်ခွဲဓား ထပ်ပြီးပေါ်လာပြီ၊ ပြီးတော့ အဲဒါကို စီနီယာအစ်ကိုကြီးယူသွားပြီ…”

***

All Chapters