ပိုအရေးကြီးတဲ့အရာကို ပြန်ယူခြင်း
Vol. 009 Ch. 820
မုန့်စန်းချွယ် တုန်လှုပ်သွားသည်။
“ဘာပြောလိုက်တယ်၊ ကောင်းကင်ခွဲနတ်ဆိုးဓား ပေါ်လာပြီဟုတ်လား”
ရှီမာယူယူ ခေါင်းရမ်းလေသည်။ သူမသည် သင်္ချိုင်းကအဖြစ်အပျက်ကို ပြန်ပြောပြလေသည်။
“သိပြီ မင်းတို့လည်း စိတ်မကောင်းဖြစ်ကြမှာပဲ၊ နှစ်ပေါင်းများစွာအတူနေလာတဲ့ ဆရာတူ အစ်ကိုက သစ္စာဖောက်တယ်ဆိုတာ တကယ်ဝမ်းနည်းစရာကိစ္စပဲ” မုန့်စန်းချွယ်သည် စိတ်မကောင်း သော အမူအရာဖြစ်လေသည်။
ရှီမာယူယူ၏ နှုတ်ခမ်းတွန့်သွားသည်။ ဒါရိုက်တာမုန့်က ဘာလို့အဓိကအချက်ကို သဘော မပေါက်ဘူးလို့ သူမခံစားရတာလဲ။
သူက ကောင်းကင်ခွဲနတ်ဆိုးဓားပေါ်လာတာကို မစိုးရိမ်ဘူးလား။ စိတ်မကောင်းဘူးဆိုတာကို ဘာလို့ပြောနေသေးတာလဲ။
သူမ ပြောပြတဲ့နည်းကပဲမှားနေတာလား။
“ဖြစ်လာမှတော့ အရမ်းစိတ်မကောင်းဖြစ်မနေနဲ့၊ ပြီးတော့ သူက ခင်မင်မှုကိုစဉ်းစားနေသေးလို့ ပဲ မင်းတို့ကိုမသတ်တာပေါ့” မုန့်စန်းချွယ် နှစ်သိမ့်ပေးလေသည်။
“….”
သူတို့သုံးယောက်သည် မှင်တက်သွားကြလေသည်။ သူတို့ကြားတာများ မှားနေသလား။ သူက ကျန်းကျူကျိအစား ပြောပေးနေတာလား။
“ဒါရိုက်တာမုန့် ကောင်းကင်ခွဲဓားပေါ်လာတယ်လေ မစိုးရိမ်ဘူးလား” ရှီမာယူယူသည် သိချင် စိတ်ဖြင့် မေးလိုက်သည်။
“စိုးရိမ်ရမယ် ဒါပေမဲ့ အခုမှစိုးရိမ်နေလို့ အသုံးမဝင်တော့ဘူး” မုန့်စန်းချွယ်ပြန်ဖြေလေသည် “မင်းပြောပုံအရဆိုရင် နတ်ဆိုးဓားမှာ နတ်ဆိုးအကျင့်တွေအများကြီး ပျောက်နေတယ်၊ အဲဒါပေါ် လာရင်တောင်ပြဿနာ မဖြစ်နိုင်ဘူး”
“စောတာ နောက်ကျတာပဲကွာ်မှာ နတ်ဆိုးအကျင့်ပြန်ပေါ်လာမှာပဲ” ရှီမာယူယူ ပြောလိုက် သည်။
“ငါသိတယ်” မုန့်စန်းချွယ်သည် တည်ငြိမ်စွာပြောလေသည် “အဲဒါကြောင့် အခုစိုးရိမ်နေလဲ အသုံးမဝင်ဘူးလို့ပြောတာလေ၊ စိုးရိမ်တာက အသုံးမဝင်ဘူးဆိုမှတော့ မင်းတို့ကိစ္စကိုပဲ ပြောတကောင်း မယ်”
“….”
တော်လောက်ပြီ ရာထူးမြင့်တဲ့လူတွေက သူတို့နဲ့ စဉ်းစားပုံကွာတယ်။
“ဒါဆိုရင် စီနီယာအစ်ကိုကြီးကရော” ဟန့်မြောင်ရွှမ် မေးလေသည်။
“သူ့ကိုတော့ ဂိုဏ်းကထုတ်ရလိမ့်မယ်” ဟန့်မြောင်ရွှမ် ဖြေလေသည် “နတ်ဆိုးဓားပေါ်လာ တယ်ဆိုတဲ့သတင်းက တိုင်းပြည်ထဲမှာ အချိန်တိုအတွင်းပြန့်သွားလိမ့်မယ်၊ ဖြစ်လာတာလည်း ဂိုဏ်း ကြောင့်မို့လို့ပဲ ငါတို့ အားလုံးကိုရှင်းပြရလိမ့်မယ်”
“ကျွန်မတို့လည်း အဲလိုဖြစ်လာမယ်လို့ခန့်မှန်းထားပါတယ်” ဟန့်မြောင်ရွှမ် ပြောလေသည်။
သူတို့သိသော်လည်း သူပြောလိုက်သည့်စကားကိုကြားလိုက်သောအခါ စိတ်များရှုပ်ထွေးသွား သည်။
“ဒါပေမဲ့ အတင်းကျောင်းထုတ်တယ်ဆိုတာ ဂိုဏ်းကိစ္စပဲ၊ မင်းတို့ဆရာက အမြဲတမ်း စည်းကမ်း အတိုင်းလုပ်တာမဟုတ်ဘူး၊ ရှုဂျင်းက သူ့ကိုကျောင်းထုတ်ပါ့မလား မသိဘူး” မုန့်စန်းချွယ် ဆက်ပြော လေသည် “ဒါပေမဲ့ ရှုဂျင်းဘယ်လိုပဲ ရွေးချယ်ရွေးချယ် ဂိုဏ်းကတော့ သူ့ကိုမလိုက်လျောနိုင်ဘူး၊ ကျန်းကျူကျိ ကျောင်းကိုခြေတစ်လှမ်းမှ ဝင်လာလို့မဖြစ်ဘူး”
“ဒါရိုက်တာမုန့် ကျန်းမိသားစုကဘယ်မှာလဲ”
“ကျန်းကျူကျိက နှစ်တွေအများကြီး အဆိပ်မိထားတာ၊ ပြီးတော့ သူ့ကိုအခုမှပဲ ကယ်လို့ရထား တာ၊ သူက သေချာပေါက်လက်စားချေမှာပဲ” မုန့်စန်းချွယ်ပြောလေသည် “ဘယ်လိုပဲဖြစ်ဖြစ် ကျန်းကျူရှန့်က ငါတို့ဂိုဏ်းသားမဟုတ်တော့ဘူး၊ ဘာမှလုပ်စရာမလိုဘူး၊ ပြီးတော့ သူတို့လည်း ဘာမှ မလုပ်နိုင်ဘူး၊ သူတို့လူကိုလိုချင်ရင် အဲပဟေဠိဆန်တဲ့ အင်အားစုကိုရှာရမှာပဲ”
“ဒါရိုက်တာမုန့် ဘာလို့ဆရာနဲ့တူနေရတာလဲ” ဟန့်မြောင်ရွှမ် ရေရွတ်လေသည်။
မုန့်စန်းချွယ်မှာ ယုတ်ညံ့တဲ့အကျင့်ရှိတယ်လို့ဘာလို့ မမြင်မိတာလဲ။ အဲတုန်းက သူက ရှေးဟောင်းစာအုပ်ကြီးလိုပဲလို့ သူမထင်ခဲ့ဘူးတယ်။
“တူတဲ့နေရာရှိတာလား ငါက မင်းဆရာထက် တော်တယ်ထင်တာပဲ” မုန့်စန်းချွယ်သည် မေးစေ့ ကို ပွတ်သပ်ကာ ပြောလေသည်။
“….”
သုံးယောက်သား ဆွံ့အသွားကြသည်။ အကျင့်မှာလည်း တူနေသေးသည်။
“ကောင်းပြီ ငါအခြေအနေကိုနားလည်သွားပြီ မင်းတို့ဒါတွေကို ကြုံတွေ့ခဲ့ရတော့ ပင်ပန်းနေကြ မှာပဲ၊ ခွဲခွာခြင်းဥယျာဉ်ကို ပြန်ပြီးနားကြတော့ ကျန်တာကို ငါတို့လုပ်လိုက်မယ်” မုန့်စန်းချွယ်သည် သူတို့ ကို လက်ရမ်းပြလေသည်။
ရှီမာယူယူနှင့် သူတို့သည် မုန့်စန်းချွယ်ကိုအရိုအသေပေးပြီး ထွက်သွားလေသည်။ သူတို့ ထွက်သွားပြီးနောက်တွင် မုန့်စန်းချွယ်သည် သက်ပြင်းရှည်ချမိလေသည်။ “ဒီကိစ္စကို အဘိုးကြီးဖန်နဲ့ ဆွေးနွေးတာ ပိုကောင်းမယ်”
…..
သူတို့သုံးယောက် ခွဲခွာခြင်းဥယျာဉ်ကိုရောက်သောအခါ ရင်းနှီးသောပတ်ဝန်းကျင်ကို မြင်လိုက် ရသောအခါ စိတ်များလေးလံသွားသည်။
ထိုနေရာရှိ နေရာတော်တော်များများတွင် ကျန်းကျူရှန့်၏ ပုံရိပ်များရှိနေသည်။ သူတို့သည် အခု ချိန်တွင်ပိုစိတ်ဓာတ်ကျနေသည့်ပုံပင်။
“ဂျူနီယာမောင်လေး ဆရာ့ကိုလွမ်းလိုက်တာ” ဟန့်မြောင်ရွှမ် စပြောလေသည် “ဆရာ့ရဲ့ အသက်ကျောက်စိမ်းရော”
ရှီမာယူယူသည် ရေခဲခန်းမှာရှိစဉ်က ရခဲ့သော အသက်ကျောက်စိမ်းကို သတိရသွားသည်။ သူမ သည် လျင်မြန်စွာထုတ်လိုက်သည်။ သို့သော် နာမည်ကိုကြည့်ပြီး အားလုံး မှင်တက်သွားကြသည်။
“ဒါက ဆရာဟော်ရဲ့ အသက်ကျောက်စိမ်းပြားမလား” ဟန့်မြောင်ရွှမ် တိုးညင်းစွာပြောလေ သည်။
ရှီမာယူယူသည် ဟော်လန်ဟူသော စာလုံးများကိုကြည့်ပြီး ကျိန်ဆဲလေသည် “ကျန်းကျူရှန့် အဲကောင် ကျွန်တော်တို့ကို ဆရာဟော်ရဲ့ အသက်ကျောက်စိမ်းပေးပြီး ဆရာ့အသက်ကျောက်စိမ်းကို သူယူသွားတယ်”
“သူဒီလိုမျိုးကို လုပ်ထွက်တယ်၊ သူက ဆရာ့ရဲ့ အသက်ကျောက်စိမ်းကို ဘာလို့သိမ်းထားရတာ လဲ”
“သူလည်း ဆရာ့ရဲ့လုံခြုံရေးကို သိချင်လို့ဖြစ်မယ်” ရှီမာယူယူ ခန့်မှန်းလေသည်။
“ဒါပေမဲ့ ငါတို့ဘယ်လိုလုပ်သိနိုင်တော့မှာလဲ” ဟန့်မြောင်ရွှမ်သည် ဒေါသဖြင့်ပြောလေသည်။
“သိရမယ့် နည်းလမ်းတစ်ခုတော့ရှိတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဘာနည်းလမ်းလဲ”
ရှီမာယူယူသည် ဟော်လန်၏ အသက်ကျောက်စိမ်းကိုသိမ်းလိုက်သည်။ “ဆရာဟော်က ဆရာနဲ့အတူရှိနေတာလေ၊ ်ဆရာဟော်ရဲ့ အသက်ကျောက်စိမ်းကဒီမှာရှိတယ်ဆိုတော့ ဆရာလည်း အဆင်ပြေမှာပါ”
“ဒါဆိုရင် ဆရာဟော်ရဲ့ အသက်ကျောက်စိမ်းကို မင်းသေချာဂရုစိုက်ထား မကွဲစေနဲ့ သတင်းရ တာရှိရင် ချက်ချင်း ငါတို့ကိုပြော” ဟန့်မြောင်ရွှမ် ဒေါသထွက်လေသည်။
“အင်း သိပြီ” ရှီမာယူယူ ပြန်ဖြေလေသည် “ဆရာသာ ဒါကိုသိမယ်ဆိုရင် သူဘယ်လိုတုန့်ပြန် မလဲမသိဘူး သူကပိုပြီး စိတ်ထိခိုက်မလားပဲ”
“မဖြစ်လောက်ပါဘူး” ဟန့်မြောင်ရွှမ် ပြောလေသည် “ဒီလူက ဆရာ့ကို ရည်ရွယ်ချက်နဲ့ ချဉ်းကပ်ခဲ့တယ်၊ ငါတို့ကိုသစ္စာဖောက်ခဲ့ပေမယ့် ငါတို့နှစ်တွေအတူနေခဲ့တယ်ဆိုတာကိုထောက်ပြီး ငါတို့ကိုထိခိုက်အောင်လုပ်မသွားဘူးလေ”
ကောင်းကင်ခွဲနတ်ဆိုးဓားအကြောင်း စဉ်းစားကြည့်လျှင် သူမသည် သက်ပြင်းချမိသည်။
“ဟူး…”
“ကောင်းကင်ခွဲနတ်ဆိုးဓား… အခုဘယ်ရောက်နေလဲ မသိဘူး”
တစ်ချိန်တည်းမှာပင် တောင်ထိပ်တစ်ခုရှိ နဂါးနက်ကိုးကွယ်မှု စလင်ဒါပုံစံခန်းမတွင် သွေးအနီ ရောင်ဝတ်စုံဝတ်ထားသော လူတစ်ယောက်သည် အလယ်တွင်ရှိနေသည်။ ထိုလူသည် သူ၏ပုံစံကို အသွင်ပြောင်းရန် မျက်နှာဖုံးဝတ်ဆင်ထားသည်။ သူ၏တစ်ကိုယ်တော် အရှိန်အဟုန်သည် လူများကို စိတ်ထဲမှ အညံ့ခံလိုသောစိတ်ကိုဖြစ်စေသည်။
ခန်းမဘေးနှစ်ဖက်တွင် လူများဖြင့်ပြည့်နေသည်။ အားလုံးသည် နန်းတော်သခင်၏ ဆင့်ခေါ်မှု ကြောင့် အစည်းအဝေးတက်ရန်ရောက်နေခြင်းဖြစ်သည်။
ကျန်းကျူရှန့်သည် ခန်းမအလယ်တွင် ကောင်းကင်ခွဲနတ်ဆိုးဓားကိုင်ကာ ရပ်နေသည်။ သူသည် လူများနေခြင်းကြောင့် ပျာယာခတ်ခြင်းမရှိ၊ နန်းတော်သခင်၏ အရှိန်အဝကြောင့် တုန်လှုပ်ခြင်း ရှိမနေပေ။
“ကျန်းကျူရှန့် မင်းကိုငါ အဲနေ့ကကယ်ခဲ့တယ်၊ မင်းအသက်နဲ့ တန်တာကိုယူလာမယ်လို့ ငါ့ကို ပြောခဲ့တယ်၊ အခုမင်းရဲ့တန်ဖိုးကို သက်သေပြဖို့ ဒီကိုလာတာလား” နန်းတော်သခင်သည် ပုလ္လင်ပေါ် တွင်ထိုင်နေရာ ပုံမှန်ပုံစံပေါက်သော်လည်း လူအများကို ဖိအားကို ခံစားရလေသည်။
“ဟုတ်တယ်” ကျန်းကျူရှန့် ခေါင်းညိမ့်လေသည်။
“ကောင်းကင်ဂိုဏ်းက ကမ္ဘာမြေကြီးမျက်လုံးကို ယူဖို့အတွက် မင်းကိုလွှတ်လိုက်တာလို့ မှတ်မိ ထားတယ်၊ မင်းပြန်လာပြီဆိုတော့ ကမ္ဘာမြေကြီးမျက်လုံးကို ရလာပြီလား” နန်းတော်သခင် မေးလေ သည်။
“မရခဲ့ဘူး” ကျန်းကျူရှန့် ပြန်ဖြေလေသည်။
“မရခဲ့ဘူး ဟုတ်လား” နန်းတော်သခင်သည် ဒေါသထွက်ကာ “ဒါဆို ဘာလို့ပြန်လာတာလဲ”
“ဘာလို့လဲဆိုတော့… နန်းတော်သခင်ပိုလိုချင်မယ့် ပိုပြီး တန်ဖိုးရှိ အားကောင်းတဲ့အရာတစ်ခု ကိုယူလာလို့ပဲ၊ ဒီပစ္စည်းရဲ့တန်ဖိုးက ကမ္ဘာမြေကြီးရဲ့ တန်ဖိုးထက်သေချာပေါက်ကြီးတယ်” ကျန်းကျူရှန့်သည် နန်းတော်သခင်အား တည့်တည့်ကြည့်လိုက်သည်။
“ဟုတ်လား ဘာပြန်ယူခဲ့တာလဲ ကမ္ဘာမြေကြီးထက် တန်ဖိုးကြီးတဲ့ဟာက”
“နန်းတော်သခင်ကိုယ်တိုင် မြင်လိုက်ရင် ပိုပြီးသဘောကျမယ်လို့ထင်ပါတယ်”
သူပြောပြီးသည်နှင့် ကောင်းကင်ခွဲနတ်ဆိုးဓားကိုဆွဲထုတ်လိုက်ရာ သူ့အရှေ့မှ နန်းတော်သခင် သည် ကောင်းကင်ခွဲဟု ဓားသွားပေါ်တွင် ထွင်းထားသော စာလုံးကြီးများကိုတွေ့ရလေသည်။
***