နဂါးနက်ကိုးကွယ်ရေး ညာလက်ရုံး
Vol. 009 Ch. 821
ကျန်းကျူရှန့် ကောင်းကင်ခွဲကို ဓားအိမ်မှဆွဲထုတ်လိုက်မှပင် နန်းတော်သခင်သည် စာလုံးများ ကိုမြင်လိုက်ရသည်။ သို့သော် ဓားသည် အစိတ်အပိုင်းငယ်တစ်ခုသာ ထွက်လာသေးသော်လည်း လူအများသည် ကြီးမားသော ဖိအားကိုခံစားရလေသည်။
“ဒါက…” နန်းတော်သခင်သည် စိတ်လှုပ်ရှားစွာဖြင့် ထိုင်ရာမှထလိုက်သည်။ သူသည် ကျန်းကျူရှန့် ရှေ့သို့ရောက်လာကာ ကောင်းကင်ခွဲဓားကို ဆုပ်ကိုင်မည်ပြုသော်လည်း ကျန်းကျူရှန့် သည် အနောက်ဆုတ်လိုက်သောကြောင့် မဖမ်းမိလိုက်ပေ။
သူ ကောင်းကင်ခွဲနတ်ဆိုးဓားကိုမရလိုက်သောအခါ မျက်နှာတင်းမာသွားကာ အော်လေသည် “ကျန်းကျူရှန့် ဒါဘာလုပ်တာလဲ”
ကျန်းကျူရှန့်သည် ကောင်းကင်ခွဲဓားကို ဓားအိမ်တွင်ပြန်ထည့်လိုက်ပြီးနောက် ကောင်းကင်ခွဲ ဓားကို လက်နှစ်ဖက်ဖြင့် ပေးလိုက်သည်။ “နန်းတော်သခင် ကောင်းကင်ခွဲဓားရဲ့ နတ်ဆိုးအကျင့်တွေ ယုတ်လျော့နေတယ်ဆိုပေမယ့် လွှမ်းမိုးမှုတော့ရှိနေသေးတယ်၊ အဲဒါကြောင့် လက်နဲ့တိုက်ရိုက် ကိုင်လို့ မရပါဘူး”
နန်းတော်သခင်သည် သူ့လက်မှ ပိုးလက်အိတ်ကို သတိထားမိသွားသည်။ သူတွေါ်လိုက်သည် နှင့် လက်ထဲတွင် လက်အိတ်တစ်စုံပေါ်လာသည်။
သူ လက်အိတ်ဝတ်ပြီးသည်နှင့် ကောင်းကင်ခွဲဓားကို ပြန်ယူလေသည်။ ဒီတစ်ကြိမ်တွင် ကျန်းကျူရှန့်သည် နောက်မဆုတ်တော့ပဲ သူ့ကိုပေးလိုက်သည်။
“ကောင်းကင်ခွဲနတ်ဆိုးဓား… ကောင်းကင်ခွဲနတ်ဆိုးဓား…. ဟားဟားဟား ဒါ တကယ်ပဲ ကောင်းကင်ခွဲနတ်ဆိုးဓားပဲ”
သူသည် ကျယ်လောင်စွာ အော်ရယ်လေသည်။ သူ့ရယ်သံတွင် သွေးမုန်တိုင်းစီးတော့မည့် အလားပင်။ သွေးဆာနေသောလူတစ်ယောက်သည် အလောင်းပုံများထိပ်တွင် ရပ်နေသည့်ပေါက်နေ သည်။
ထိုအချိန်တွင် သူသည် ကမ္ဘာတွင်အားအကောင်းဆုံးလူပုံပေါက်ကာ သူ့နောက်လိုက်သူတိုင်း သည် အောင်မြင်ကြကာ သူ့ကိုဆန့်ကျင်သူတိုင်းသည် သေဆုံးခြင်းနှင့် ရင်ဆိုင်ရလေသည်။
“ဟားဟားဟား”
သူကြမ်းတမ်းစွာရယ်မောရာ လက်ထဲရှိ ကောင်းကင်ခွဲဓားသည် ကမ္ဘာ့ထိပ်တွင် ရပ်တည်နိုင် ရန် အတူလိုက်ပါနေသယောင် လှုပ်ရမ်းလေသည်။
“သတ် သတ် သတ်” အက်ကွဲနေသောအသံသည် ဖမ်းစားလေသည်။
သူ ထင်ယောင်ထင်မှားထဲပိတ်မိနေသေည်ကို ကျန်းကျူရှန့်မြင်သောအခါ ကြမ်းတမ်းစွာ ရယ်မောလေသည်။ သူရှေ့တိုးကာ နန်းတော်သခင်၏ လက်ကိုဆွဲလိုက်သည်။ သူ့ကို ကြမ်းတမ်းစွာ ဖျစ်ညစ်ကာ ထင်ယောင်ထင်မှားထဲမှ ဆွဲထုတ်လိုက်သည်။
“နန်းတော်သခင်”
“ငါအခုဘာဖြစ်သွားတာလဲ” နန်းတော်သခင်သည် သူ့အား စူးရှစွာကြည့်လေသည်။
“နန်းတော်သခင်က ကောင်းကင်ဓားကြောင့်ရှုပ်ထွေးသွားပြီး ထင်ယောင်ထင်မှားဖြစ်သွားတာ” ကျန်းကျူရှန့် ပြန်ဖြေလေသည်။
နန်းတော်သခင်သည် တုန်လှုပ်သွားလေသည် “ပိုးလက်အိတ်ဝတ်ထားတာတောင်လား”
“ပထမဆုံးအကြိမ်မှာ မပြင်ဆင်ထားလိုက်ရင် အလွယ်တကူကျသွားနိုင်ပါတယ်” ကျန်းကျူရှန့် ပြန်ဖြေလေသည် “ကျွန်တော် ပထမဆုံးကိုင်လိုက်တဲ့အချိန်လည်းအဲလိုပဲ၊ ပြီးတော့ အဲတုန်းက အားနည်းနေသေးတာ၊ အခုတော့ နည်းနည်းပြန်အားကောင်းလာပြီ”
“ဟားဟား ကောင်းတယ် ကောင်းတယ်” နန်းတော်သခင်သည် ရယ်မောကာ ပုလ္လင်ဆီသို့ ပြန် လျှောက်လေသည်။ သူသည် လက်ထဲမှ ကောင်းကင်ခွဲဓားကို မြှောက်လိုက်သည်။
နန်းတော်သခင်သည် ကောင်းကင်ခွဲဓား အမည်ကို ကျယ်လောင်စွာအော်လိုက်သည်ကို နောက်လိုက်လူများ ကြားသောအခါ တုန်လှုပ်သွားကြလေသည်။ တချို့လူများသည် အတုအယောင်ဟု ထင်ထားသော်လည်း နန်းတော်သခင်၏ တုန့်ပြန်မှုမှာ အတုအယောင်မဟုတ်သောကြောင့် ဓားကို အစစ်ဟုသာ မှတ်ယူရတော့သည်။
“ဒီလိုအံ့ဖွယ်ဓားကိုရတဲ့အတွက် နန်းတော်သခင်ကို ဂုဏ်ပြုပါတယ်” အားလုံးသည် ဂုဏ်ပြုကြ လေသည်။
“ဟားဟား ကျူရှန့် ဒီတစ်ခါကိုမင်း အကောင်းဆုံးလုပ်လိုက်တာပဲ ဒီသခင်ကြီးက မင်းကို ဆုပေး မယ်၊ ဘာလိုချင်လဲပြော”
“ကျူရှန့် ဘာဆုမှမတောင်းဝံ့ပါဘူး” ကျန်းကျူရှန့်သည် ဒူးထောက်ကာ နန်းတော်သခင်ကို ကြည့်လေသည်။ “ကျွန်တော့်ရဲ့ အဓိကမစ်ရှင်က ကမ္ဘာမြေကြီးမျက်လုံးကိုရှာဖို့ပါ ဒါပေမဲ့ အဲဒါကို မပြီး လိုက်ဘူး၊ ကျွန်တော့်ကို အပြစ်ပေးပါ နန်းတော်သခင်”
“ထပါ” နန်းတော်သခင် လက်ကိုဝေ့လိုက်သည်နှင့် ကျန်းကျူရှန့်သည် ကြမ်းပေါ်မှထလိုက် သည် “မင်းက ကမ္ဘာမြေကြီးမျက်လုံးကိုမရခဲ့ပေမယ့် ပိုတန်ဖိုးကြီးတာကိုယူလာခဲ့တယ်လေ၊ ကောင်းကင်ခွဲဓား…. မင်းကိုတာဝန်ပေးတာထက်တောင် ပိုပြီးတာဝန်ကျေအောင်လုပ်ခဲ့တယ် ဆုနဲ့ ထိုက်တန်ပါတယ်၊ ဒီလိုဆိုရင်ရော ငါမင်းကို ညာလက်ရုံးသူလျှိုအဖြစ် ရာထူးတိုးပေးမယ် နောက်ကို မင်း ဒီသခင်ကြီးဆီက အမိန့်ကိုပဲ တိုက်ရိုက်လိုက်နာရမယ်”
“ကျေးဇူးတင်ပါတယ် နန်းတော်သခင်” ကျန်းကျူရှန့်သည် ဒူးထောက်ကာ ကျေးဇူးတင်စကား ပြောလေသည်။
ကျန်းကျူရှန့် ညာလက်ရုံးအဖြစ်ရာထူးတိုးသွားသည်ကို နောက်လိုက်တပည့်များကြား သောအခါ တချို့မှာ အံ့သြကြ၊ တချို့မှာ မပျော်မရွင်ဖြစ်ကြကာ တချို့မှာ သူ့အတွက်ဝမ်းသာပေးကြ လေသည်။
လူတစ်ယောက် မတ်တပ်ရပ်ကာပြောလေသည် “နန်းတော်သခင် ညာလက်ရုံးက နန်းတော် သခင်ရဲ့ လက်အောက်မှာပဲရှိတာပါ၊ နန်းတော်ခွဲသခင်နဲ့ အံ့ဖွယ်တမန်၁၀ယောက်ထဲမှာ ကျန်းကျူရှန့် က အဆင့်အနိမ့်ဆုံးတပည့်ပါ၊ ဒါမမြန်လွန်းဘူးလား၊ တပည့်တချို့တွေ မကျေနပ်မှာစိုးပါတယ်”
“သြော် ဘယ်သူက မကျေနပ်တာလဲ” နန်းတော်သခင်သည် လက်ကိုဝေ့ရမ်းလေသည် “မကျေနပ်တဲ့ ဘယ်သူမဆိုငါ့ဆီလာလို့ရတယ်၊ မဟုတ်ရင် ရှေးခတ်အံ့ဖွယ်ဓားကိုယူလာတဲ့ ဘယ်သူ မဆို ဒီသခင်ကြီးက သူနဲ့ရာထူးတူ ညာလက်ရုံးအဖြစ် ရာထူးတိုးပေးမယ်”
သူထိုသို့ပြောလိုက်သည်နှင့် အားလုံးသည် ငြင်းဆိုရန် စကားမရှိတော့ပေ။
အတွင်းပိုင်းကိုးကွယ်သူများ ရှာဖွေနေသည့် ရှေးဟောင်းအံ့ဖွယ်ဓားကို ယူဆောင်လာနိုင်ခြင်း သည် ထူးကဲသော အခြေအနေတစ်ရပ်ဖြစ်သည်။
“ဟုတ်တယ်၊ အဲလိုထူးခြားတဲ့ဓားကိုယူလာနိုင်တဲ့သူကို သခင်က ညာဘက်ရုံးအဖြစ်ရာထူးတိုး ပေးတာ ဖြစ်သင့်တယ်လို့ထင်တယ်” နန်းတော်သခင်၏ ညာဘက်တစ်ဆင့်နှိမ့်သောနေရာတွင် ရပ်နေ သော အမျိုးသားတစ်ယောက်သည် ပြောလေသည် “ကောင်းကင်ခွဲရဲ့ ပြိုင်ဘက်အံ့ဖွယ်လက်နက် လင်းလုံရှိသေးတယ်မလား၊ လင်းလုံကိုပြန်ယူလာနိုင်တဲ့သူကို သခင်က အံ့ဖွယ်တမန်အဖြစ်ရာထူးတိုး ပေးလိမ့်မယ် မလုပ်နိုင်ဘူးဆိုရင် ဒီမှာ လာမရမ်းနဲ့”
ငြင်းဆိုချက်ထုတ်သော လူသည် သူ့စကားများကို ပြန်မပြောနိုင်တော့ပေ။
“ဟုတ်တယ် ရှေးဟောင်းလက်နက် လင်းလုံကိုပြန်ယူလာနိုင်မယ်ဆိုရင် ဒီသခင်ကြီးက သူ့ကို အံ့ဖွယ်တမန်အနေနဲ့ ရာထူးတိုးပေးမယ်” နန်းတော်သခင်သည် ပြုံးပြီးပြောလေသည်။
ကျန်းကျူရှန့်သည် သူ့အတွက်ေ ပြာပေးသော နန်းတော်သခင်၏ တပည့် ရှီချန်းကျိကို ကျေးဇူးတင်စွာကြည့်လိုက်သည်။
ရှီချန်းကျိသည် သူ့ကိုမျက်စိမှိတ်ပြလေသည်။
“နန်းတော်သခင် ကောင်းကင်ခွဲဓားက ကိုးကွယ်သူတွေ စုဆောင်းထားတဲ့ ရှေးစာအုပ်တွေမှာ ရှင်းရှင်းလင်းလင်းကို မှတ်တမ်းတင်ထားပါတယ်၊ ရှေးအချိန်တွေကတည်းက ပျောက်ဆုံးနေပြီဆိုပေ မယ့် ဒီဓားရှိနေသေးတယ်ဆိုတာ အားလုံးသိကြပါတယ်၊ ဒါပေမဲ့ လင်းလုံကတော့ ရှေးစာအုပ်တွေမှာ ရှိတယ်ဆိုတာ မှတ်တမ်းမရှိပါဘူး အပြောပဲရှိတာပါ၊ တကယ့်အစစ်လားဆိုတာကို မသိရပါဘူး”
“အမှန် ဟုတ်ဟုတ် မဟုတ်ဟုတ်၊ မယုံတာထက်စာရင် ယုံထားတာကောင်းတယ်၊ အဲလိုပစ္စည်း မျိုးရှိတယ်ဆိုရင် ကောင်းကင်ခွဲအတွက် ပြဿနာဖြစ်လာမှာပဲ” နန်းတော်သခင် အမိန့်ပေးလေသည်။
“ဟုတ်ကဲ့ပါ နန်းတော်သခင်” အောက်မှလူများသည် တညီတညွှတ်ထဲပြန်ဖြေကြလေသည်။
“နန်းတော်သခင် ညာလက်ရုံးက ကမ္ဘာမြေကြီးမျက်လုံးကိုရှာဖို့အတွက် ကောင်းကင်ဂိုဏ်းကို သွားတာကို ဘယ်လိုလုပ် ဒီအံ့ဖွယ်ဓားယူပြီးပြန်လာနိုင်လားဆိုတာကို ပိုသိချင်တယ်၊ ညာလက်ရုံးက ဒီ ကောင်းကင်ခွဲနတ်ဆိုးဓားကို ဘယ်လိုရလာတာလဲ”
“အင်း ကျူရှန့် ဒီသခင်ကြီးလည်း သိချင်တယ်၊ အံ့ဖွယ်ဓားကိုဘယ်လိုရလာတာလဲ” နန်းတော်သခင် ပြောလေသည် “ဖြစ်စဉ်တစ်ခုလုံးပြောပြဦး”
“တကယ်တော့ ကျွန်တော်ကမ္ဘာမြေကြီးမျက်လုံးသတင်းကို သိရပါတယ်” ကျန်းကျူရှန့် ရှင်းပြ လေသည် “ဒါပေမယ့် အံ့ဖွယ်ဓားက မတော်တဆရလာတာပါ၊ ဒီမတော်တဆကြောင့်ပဲ ကျွန်တော့် သရုပ်မှန်ကပေါ်သွားလို့ ကမ္ဘာမြေကြီးမျက်လုံးကို လက်လျော့ခဲ့ရတာပါ”
“ဘာလို့အဲလိုလုပ်တာလဲ” ရှီချန်းကျိ မေးလေသည်။
“ကျွန်တော် ဒီနှစ်တွေမှာ ရှုဂျင်းဘေးမှာနေလာခဲ့ပါတယ် သိပ်မကြာခင်ကပဲ ကမ္ဘာမြေကြီး မျက်လုံးက လူသားအသွင်ပြောင်းသွားတယ်ဆိုတာ သိခဲ့ရတာပါ၊ ဒါပေမဲ့ သူဘယ်ရောက်နေလဲဆိုတာ ထူးဆန်းထွေလာဖြစ်နေလို့ သူမကိုရှာမတွေ့ခဲ့ပါဘူး၊ နောက်တော့ ဓားကိုတွေ့တော့ သူမရဲ့ သရုပ်မှန် ကို အတည်မပြုရဲပါဘူး၊ သူမ သရုပ်မှန်သေချာသွားတဲ့အချိန်မှာ သူမက အံ့ဖွယ်ဓားကို ရှာတွေ့ပြီးနေပြီ” ကျန်းကျူရှန့် ပြောလေသည်။
“ရှင်းအောင်ပြောဦး ကမ္ဘာမြေကြီးမျက်လုံးက လူသားအသွင်ပြောင်းလိုက်တာလား” ရှီချန်းရှန့် သည် တအံ့တသြမေးလေသည်။
“ဟုတ်ပါတယ်”
ကျန်းကျူရှန့်သည် ရှောင်ချီ၏ ဇာတ်ကြောင်းကိုရှင်းပြပြီး ခရမ်းရောင်နုံးမြေမှကိစ္စကို ပြောပြလေ သည်။
“အကြီးအကျယ်တိုက်ပြီးနောက်မှာ ကမ္ဘာမြေကြီးမျက်လုံးရဲ့ နေရာကိုမသိရတဲ့အတွက်ရော အံ့ဖွယ်ဓားကိစ္စလည်းပေါ်လာတဲ့အတွက် ကျွန်တော့်သရုပ်မှန်ကိုဖော်ထုတ်ပြီး အံ့ဖွယ်ဓားကိုပြန်ယူခဲ့ တာပါ” ကျန်းကျူရှန့် ပြန်ဖြေလေသည်။
“ရှီမာယူယူ…” နန်းတော်သခင်သည် နာမည်အားရေရွတ်ပြီး ခေတ္တမျှစဉ်းစားလေသည်။ အောက်မှလူများသည် ကျယ်လောင်စွာမပြောရဲကြပေ။ “ကျူရှန့် ဒီလူကိုဘယ်လိုထင်လဲ”
“သူနဲ့ ရန်သူမဖြစ်တာတော့ အကောင်းဆုံးပဲ” ကျန်းကျူရှန့် ပြန်ဖြေလေသည် “အမှောင်တော တိုက်ပွဲမှာ သူ ဧကရာဇ်အဆင့်ရှိတဲ့လူတွေကို သူကိုယ်တိုင်သတ်ခဲ့တာ၊ အဲလူက အရည်အချင်းရော သတ္တိရောရှိတယ်၊ နောက်ကို သူသာမာန်လူပဲဖြစ်သွားမှာမဟုတ်ဘူး၊ ပြီးတော့ သူက တည်ဆောက်မှု သခင်နဲ့ အဂ္ဂိရတ်ပညာရှင်ဖြစ်နေတယ်၊ ကျွန်အတော်မမှားဘူးဆိုရင် သူက မိစ္ဆာထိန်းကျောင်းသူသခင် နဲ့ ဝိဉာဉ်သခင်လည်းဖြစ်နေတယ်”
***