← Chapters

ကြောက်စရာကောင်းသော နောက်ခံ

Vol. 009 Ch. 822

ကြောက်စရာကောင်းသော နောက်ခံ

Vol. 009 Ch. 822

“ဘာပြောလိုက်တာလဲ”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“ကလေးတစ်ယောက်က ဘယ်လိုလုပ်အဲလို အရည်အချင်းတွေအများကြီးရှိနိုင်ရတာလဲ”

ခန်းမထဲရှိလူများသည် တက်ကြွမှုများဖြင့် ပြည့်သွားလေသည်။ ဒီကမ္ဘာမှာဘယ်လိုလုပ် အဲလောက် အင်အားကြီးတဲ့လူရှိနေတာလဲ။

မယုံနိုင်စရာကောင်းလိုက်တာ။

“သေချာရဲ့လာ” ရှီချန်းကျိ မေးလေသည်။

“သူ့နားမှာ ဝိဉာဉ်မိစ္ဆာတွေအများကြီးရှိတယ်၊ ပြီးတော့ သူတို့သွေးသားနဲ့ အဆင့်တွေလည်း ကောင်းကြတယ်” ကျန်းကျူရှန့် ပြန်ဖြေလေသည် “သူသာ မိစ္ဆာထိန်းကျောင်းသူသခင်မဟုတ်ရင် ကျောင်းသားတစ်ယောက်က ဘယ်လိုလုပ် အဲလောက်အင်အားကြီးကိုပိုင်ဆိုင်နိုင်မှာလဲ”

“ဒါဆို ဝိဉာဉ်သခင်ဆိုတာကရော မင်းဘယ်လိုသိတာလဲ”

“သူ့ရဲ့ ဖန်ရွှီဆုံးဖြတ်တာက ကောင်းလွန်းတယ်၊ သူက သင်္ချိုင်းထဲက ဖန်ရွှီကို တစ်ချက်တည်းနဲ့ မြင်နိုင်တယ်၊ သူသာ ဝိဉာဉ်သခင်နဲ့ တည်ဆောက်မှုသခင်မဟုတ်ဘူးဆိုရင် ဖန်ရွှီနဲ့ ဒီလောက်ထိရင်းနှီး ဖို့ဆိုတာ မဖြစ်နိုင်ဘူး” ကျန်းကျူရှန့် ပြန်ဖြေလေသည်။

“အဲလိုဆိုရင် သူက တကယ်ပဲ မိစ္ဆာထိန်းကျောင်းသူသခင်နဲ့ ဝိဉာဉ်သခင်ပေါ့” နဂါးနက် နန်းတော်သခင် ပြောလေသည်။

“ဖြစ်နိုင်ချေများတယ်” ကျန်းကျူရှန့်သည် သေချာပေါက်မပြောရဲပေ။

“အဲလူက ငါတို့အာရုံစိုက်ဖို့ ထိုက်တန်တဲ့ပုံပဲ” လူတစ်ယောက်ကပြောလေသည်။

“မင်းဂျူနီယာညီလေးက အဲလောက်အားကောင်းတာလား” ရှီချန်းကျိ တအံ့တသြမေးလေ သည်။

“သူကအဲထက်တောင် အားကောင်းသေးတယ်” ကျန်းကျူရှန့်သည် ရှီမာယူယူအကြေားပြောရာ တွင် ဂုဏ်ယူသည့်လေသံအပြည့်ပါသည်။

“ဘယ်လိုလဲ”

“ကျူရှန့် မင်းရဲ့ဂျူနီယာညီလေးအကြောင်းပြောပြပါဦး” နဂါးနက်နန်းတော်သခင်သည် ပြော လေသည်။ “ဒီသခင်ကြီး အသေးစိတ်သိချင်တယ်”

“ဟုတ်ကဲ့ပါ နန်းတော်သခင်” ကျန်းကျူရှန့်ပြောလေသည် “ကျွန်တော့်ဂျူနီယာညီလေးက ငယ်ပေမယ့် အတွေ့အကြုံများတယ်၊ သူက အနိမ့်ပိုင်းတိုင်းပြည်ကလာပေမယ့် သာမာန်လူတွေထက် အားပိုမြင့်တယ် နာမည်လည်းကြီးတယ်”

“ဘယ်လိုဖြစ်ပြီးတော့လဲ”

“သူက အနိမ့်တိုင်းပြည်ကလာတာလား”

“…..”

“စကားဖြတ်မပြောကြနဲ့ ကျူရှန့်ပြောတာနားထောင်” ရှီချန်းကျိသည် ရှီမာယူယူအကြောင်း အလွန်သိချင်နေရာ မေးခွန်းထုတ်ကြသောလူများကို ချက်ချင်းပင် အော်ငေါက်လေသည်။ “ကျန်းရှန့် ဆက်ပြော သူက ဘယ်လိုနာမည်ကြီးတာလဲ”

ကျန်းကျူရှန့်သည် ခေါင်းညိမ့်ကာဆက်ပြောလေသည် “အနိမ့်တိုင်းပြည်က ရွှမ်းယွမ်ဆိုင်ရဲ့ အဆင့်အတန်းကိုအားလုံးသိကြမှာပါ၊ ပြီးခဲ့တဲ့တစ်ခေါက်က သူတို့အားလုံးက သူ့ကို တလေးတစား ဆက်ဆံတာကို ကြားခဲ့တယ် သူ့ရာထူးကလည်း အဲဒီကသခင်လေးတွေထက် မြင့်တယ်၊ သူက ချင်းမိသားစု၊ ဖန်မိသားစုနဲ့ ဟော့ဘာမိသားစုတွေနဲ့လည်း ဆက်ဆံရေးကောင်းတယ်၊ အဲအပြင်ကို ရှုဂျင်း၊ ဖန်မိသားစုက ဖန်ကျိရှင်းက သူ့ဆရာ၊ ပြီးတော့ အဘိုးနတ်ဆိုးရဲ့ တပည့်ဖြစ်တဲ့အပြင် အံ့ဖွယ်နတ်ဆိုးတောင်ကြားရဲ့ သခင်လေးထဲကတစ်ယောက်ပဲ”

ကျန်းကျူရှန့် ရပ်လိုက်သည်။

“ရှုး ရှုး”

သူ့စကားကိုနားထောင်နေကြသော လူအားလုံးသည် အံ့သြကာ အေးစက်စွာ အသက်ရှုသွင်း လိုက်ကြသည်။

သူသာ ထိုတိုင်းပြည်မှာမွေးဖွားလာပြီး မွေးဖွားစဉ်ကပင် ထူးခြားသောသရုပ်ကိုပိုင်ဆိုင်ထားပါ က ထိုကဲ့သို့အဆက်အသွယ်များရှိသည်မှာ အံ့သြစရာမရှိပေ။ သို့သော် သူသည် အနိမ့်တိုင်းပြည်မှ လူ တစ်ယောက်ဖြစ်သည်။

ရိုးရှင်းစွာပင် မဖြစ်နိုင်ပေ။

ကြည့်ရသည်မှာ ကျန်းကျူရှန့် စကားဆုံးသေးသည့်ပုံမပေါ်ပေ။

သူ တခြားမှင်တက်လောက်စရာ သရုပ်မှန်များရှိဦးမလား။

ကျန်းကျူရှန့်သည် အားလုံး၏ အမူအရာကိုကြည့်ပြီး ထိုလူများ၏ တုန့်ပြန်မှုကို အလွန်ကျေနပ် နေလေသည်။ သူ လည်ချောင်းရှင်းပြီးနောက်တွင် ဆက်ပြောလေသည် “ခုနကပြောပြီးတာအပြင် သူ ကြယ်ကိုးပွင့်သမုဒ္ဒရာကိုသွားပြီး ပြန်လာတော့ ခရမ်းရောင်ရေနဂါးမျိုးနွယ်ရဲ့ မင်းသားဖြစ်လာတယ်၊ ခရမ်းရောင်ရေနဂါးမျိုးနွယ်က အပြင်ပိုင်းဒေသမှာရှိတယ်ဆိုပေမယ့် သူတို့ရဲ့အင်အားကို လျော့တွက်လို့ မရဘူး၊ လူသားတွေကို သူတို့မနှစ်မြို့တာလည်း အများသိတဲ့အတိုင်းပဲ”

“ဟုတ်တယ် ပြီးခဲ့တဲ့နှစ်တွေတုန်းက သူတို့တွေကုန်းမြေပေါ်တက်လာပေမယ့် သူတို့ကို လူ တစ်ယောက်ကမှတ်မိဖို့ မလွယ်ဘူး၊ လူသားတစ်ယောက်ကို တော်ဝင်သွေးသားအဖြစ်မွေးစားဖို့ဆိုတာ ပိုမလွယ်ဘူး” လူတစ်ယောက် မှတ်ချက်ပေးလေသည်။

“အဲဒါအပြင်ကို သူ့မှာပိုပြီး အံ့သြလောက်စရာသရုပ်မှန်ရှိသေးတယ်” ကျန်းကျူရှန့် စကားရပ် လိုက်သည်။

“နောက်ထပ်သရုပ်မှန်ဟုတ်လား”

“ညာလက်ရုံး စကားကိုမဖြတ်နဲ့ ပြောသာပြော”

“ဟုတ်တယ်”

“ညာလက်ရုံး ပြော”

“ကျူရှန့် ပြော” ရှီချန်ကျိသည်လည်း စိတ်မရှည်နိုင်တော့ပေ။

“ကျူရှန့် ပြော” နဂါးနက်နန်းတော်သခင် ပြောလေသည်။

“ဟုတ်ကဲ့ပါ နန်းတော်သခင်” ကျန်းကျူရှန့်သည် သူ့အားအရိုအသေပေးကာ ဆက်ပြောလေ သည် “အစောကပြောခဲ့တာတွေအပြင် သူက ဒဏ္ဍာရီလာ အတောင်ပံလေးခုဂဠုန်ငှက်နဲ့လည်း စာချုပ် ချုပ်ထားတယ်၊ အံ့ဖွယ်ဟင်္သာတွေပျောက်ကွယ်သွားပြီးနောက်ပိုင်း ဒဏ္ဍာရီလာဂဠုန်ငှက်က ငှက်တွေ ရဲ့ ဘုရင်ဖြစ်လာတယ်၊ အဲဒါကြောင့် သူကငှက်ဘုရင်ရဲ့ စာချုပ်သခင်ပဲ”

“ဘာ”

ခန်းမထဲရှိ လူအားလုံးအော်မိကြသည်။

“တကယ်တော့ ဒီကိစ္စက အပြင်ပိုင်းဒေသတွေနဲ့ အတွင်းပိုင်းဒေသတွေမှာ သတင်းပြန့်နေပြီးပါ ပြီ၊ ကျွန်တော်တို့က အတွင်းပိုင်းဒေသမှာ လုပ်ဆောင်တာမကြာသေးတော့ အပြင်ပိုင်းဒေသအကြောင်း လည်းသိပ်မသိတော့ အဲသတင်းကိုမသိကြတာပါ”

“ငှက်ဘုရင်ရဲ့ စာချုပ်သခင်… ခုနကပြောခဲ့တဲ့ ဂုဏ်ထူးတွေကထားတော့ ဒါနဲ့ဆိုရင် အင်အား ကြီးတစ်ခုဖြစ်နေပြီပဲ” ရှီချန်ကျိ ပြောလေသည် “သခင် ဖြစ်နိုင်မယ်ဆိုရင် သူနဲ့ ဆက်ဆံရေးဆိုးသွား အောင်မလုပ်တာကောင်းမယ်”

“ဒါပေမဲ့ ညာလက်ရုံးက အံ့ဖွယ်ဓားကိုယူသွားတယ်ဆိုတာ အဲလူတွေသိကြတယ်၊ ငါတို့ သူတို့ကို မရှင်းပစ်ဘူးဆိုရင် ဒီသတင်းမြန်မြန်ထွက်သွားမှာစိုးတယ်၊ ပြီးတော့ မလိုအပ်တဲ့ပြဿနာတွေ ဖြစ်လာနိုင်တယ်” လူတစ်ယောက်က ပြောလေသည်။

“ဒါပေမဲ့ တွေ့ကရာလူတကိုလွှတ်ရင်တော့ အသုံးမဝင်မှာမဟုတ်ဘူး” ရှီချန်ကျိ ပြောလေသည် “ဒီလောက်ကြာနေပြီ သူတို့ကောင်းကင်ဂိုဏ်းကို သတင်းပို့ပြီးလောက်ပြီလို့ထင်တယ်”

“ညာလက်ရုံး အဲတုန်းက သူတို့ကိုဘာလို့မသတ်လိုက်တာလဲ” လူတစ်ယောက်သည် ပြန်ချေပ လေသည်။

“အံ့ဖွယ်တမန်မူ ကျွန်တော်အခုပြောလိုက်တာကို နားမလည်လိုက်တာလား” ကျန်းကျူရှန့် ပြော လေသည် “ရှီမာယူယူရဲ့ အင်အားက သူမတူဘူး၊ သူတို့ကို အဆိပ်ခတ်လိုက်ပေမယ့် လောကအသေး က သူနဲ့ အဆက်အသွယ်ရှိတယ် သူတို့ကို တကယ်သာသတ်လိုက်မိရင် ကျွန်တော်ပြန်ထွက်လာလို့ရ မှာတောင်မဟုတ်ဘူး”

“ဟင်း မင်း မသတ်ချင်ဘူးဆိုတာလည်း ပြောမရဘူးလေ” အံ့ဖွယ်တမန်မူ ပြန်ချေပလေသည်။

“အဲတော့ အံ့ဖွယ်တမန်မူက ကျူရှန့်ပြောတာကို မယုံဘူးပေါ့၊ ဒီလိုဆိုမှတော့ ခင်ဗျားစမ်းကြည့် လေ၊ အံ့ဖွယ်တမန်မူရဲ့ အားနဲ့ဆိုရင် ကမ္ဘာမြေကြီးမျက်လုံးကို အလွယ်တကူရနိုင်ပါတယ်” ကျန်းကျူရှန့် ပြောလေသည်။

“ကလေးတစ်ယောက်က မင်းကိုကြောက်အောင်လုပ်နိုင်တာပဲ၊ ပြောဖို့တောင် တကယ်ရှက်စရာ ကောင်းတယ်” အံ့ဖွယ်တမန်မူ အပြင်တင်လေသည်။

“တကယ်ပဲလုပ်နိုင်စွမ်းတော့ရှိတယ်၊ အံ့ဖွယ်တမန်မူက သူ့ထက်တောင် ပိုအားကောင်းမယ်လို့ ယုံတယ်” ရှီချန်းကျိ ပြောလေသည် “သခင် ဒီလိုဆိုရင်ရော ကမ္ဘာမြေကြီးမျက်လုံးရဖို့အတွက် အံ့ဖွယ် တမန်မူကို ခွင့်ပြုပေးပါ”

နန်းတော်သခင်သည် တိတ်နေကာ စကားမပြောပေ။

“သခင် ကမ္ဘာမြေကြီးမျက်လုံးက ကလေးတစ်ယောက်အဖြစ်ပြောင်းပြီး ရှီမာယူယူနောက်ုလိုက် နေတယ်လို့ ကျူရှန့်ပြောတယ်မလား” ရှီချန်ကျိ ပြုံးလေသည် “အဲလိုဆိုမှတော့ သူ့ကို ကမ္ဘာမြေကြီး မျက်လုံးသွားယူခိုင်းပြီး ရှီမာယူယူနဲ့ တိုက်ခိုင်းလိုက်ပါ၊ အဲတော့ကျမှ ကျူရှန့်လိမ်သလားဆိုတာကို သိရ ပါလိမ့်မယ်”

“နန်းတော်သခင် ကျွန်တော်အဲကလေးကို စမ်းသပ်ပြီး ကမ္ဘာမြေကြီးမျက်လုံးကိုပြန်ယူလာပါ မယ် နန်းတော်သခင် ခွင့်ပြုပေးပါ” အံ့ဖွယ်တမန်မူ မေးလေသည်။

နဂါးနက်နန်းတော်သခင်သည် သူတို့ အောက်တွင် ငြင်းခုံနေသည်ကို စောင့်ကြည့်နေခဲ့သည်။

“သခင်”

နဂါးနက်နန်းတော်သခင်သည် ရှီချန်းကျိအား ရပ်ရန် လက်ကိုဝေ့ရမ်းလိုက်သည်။ “ဒီကိစ္စက သေချာစဉ်းစားဖို့လိုတယ်၊ အလောတကြီးဆုံးဖြတ်ချက်ချလို့မရဘူး”

“နန်းတော်သခင် ညာလက်ရုံးက ကမ္ဘာမြေကြီးမျက်လုံးသတင်းအတိအကျရထားတာ ဘာလို့ လက်လျော့ရမှာလဲ”

“ကမ္ဘာမြေကြီးမျက်လုံးလို ရတနာကိုဘာလို့လက်လျော့ရမှာလဲ၊ သူမကို ဖမ်းမိပြီး အံ့ဖွယ်ဓား အကူအညီနဲ့ဆိုရင် နဂါးနက်က အတွင်းပိုင်းဒေသမှာ သေချာပေါက်လွှမ်းမိုးနိုင်သွားပြီ၊ ဒါပေမဲ့ ဒီကိစ္စကို သေချာစဉ်းစားဖို့လိုပြီး တကယ်ကျွမ်းကျင်တာလား လိမ်တာလားဆိုတာကို ချင့်ချိန်ရမယ်” နဂါးနက် နန်းတော်သခင် ပြောလေသည်။

***

All Chapters