← Chapters

မလာသင့်ဘူး ... ။

Vol. 10 Ch. 111

မလာသင့်ဘူး ... ။

Vol. 10 Ch. 111

ယွမ်မိသားစု၊ မြက်ခင်းပြင်ခန်းမ။

ယွမ်ဝူတုံတစ်ယောက် စားပွဲရှေ့တွင် ထိုင်ကာ ‘ရှေးခေတ်ရွှေနှင့်ကျောက်ဒဏ္ဍာရီများ’ ဟူသေည့် ရှေးဟောင်းစာအုပ်တစ်အုပ်ကို ဖတ်ကြည့်နေသည်။

အဖြူရောင်ဝတ်ရုံဖြင့် ပိန်ပိန်ပါးပါး အသွင်အပြင်ကြောင့် ပညာရှိတပါးကဲ့သို့ ခံ့ညားလှ၏။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

“ ရှီ ဝင်ခဲ့ပါ ... ။ ”

“ ကျွီ ... ။ ”

ရုတ်တရက် အခန်းဝတွင် ရပ်သွားသော ‌‌ခြေသံကြောင့် ဖိတ်ခေါ်လိုက်သည်။ တံခါးရွက် ဖွင့်သံနှင့်အတူ ယွမ်လောရှီဝင်လာ၏။

“ အဖေ ... ရှီမှန်း ဘယ်လိုသိလဲ။ ”

ယွမ်လောရှီမှ အံ့ဩစွာမေး၏။ ယွမ်ဝူတုံက စာအုပ်ကို ချလိုက်ပြီး၊

“ ငါတို့မိသားစုမှာ ငါစာဖတ်နေချိန် နှောက်ယှက်ရဲတာဆိုလို့ ရှီတစ်ယောက်တည်း ရှိပါတယ်။ ”

“ ဟမ့် ... ။ ”

ယွမ်လောရှီက မကျေမနပ်ဖြစ်သွား၏။

“ ပြောပါဦး ... ဘာကိစ္စ။ ”

ယွမ်ဝူတုံမှ ပြုံးလျက်မေးသည်။ ထို့နောက် သမီးငယ်အတွက် ကုလားထိုင်ကို ကိုယ်တိုင်ပြင် ပေးလိုက်၏။

“ ပလောက် ပလောက် ... ။ ”

တစ်ဆက်တည်းမှာပင် လက်ဖက်ရည်ခွက်ကို ကိုင်ကာ အနည်းငယ် ငှဲ့ထည့်ပေးမိသည်။

“ ဖေဖေ၊ ရှီမှာ ပြောစရာရှိတယ် ... ။ ”

ယွမ်ဝူတုံမှ တုန့်ပြန်ခြင်းမရှိချေ။

“ ဖေဖေ ... ငါတို့ အပြင်ထွက်ဖို့ လိုနေပြီ။ ”

ယွမ်လောရှီက စိတ်လှုပ်ရှားစွာ တောင်းဆို၏။ သို့သော် ယွမ်ဝူတုံမှ ပြုံးပြပြီး၊

“ ဘယ်လောက်ပဲ ... အရေးကြီးတဲ့အရာမျိုး ဖြစ်နေပါစေ ကောင်းကင်ကြီး ကြွေကျသလိုမျိုး အရေးမကြီးနိုင်ပါဘူး ... ငါမမှားရင် စုရီဆိုတဲ့ ကောင်လေးအကြောင်း မဟုတ်လား။”

-ဟု ပြန်လည်ကြားလိုက်သည်။

သူ့အကြည့်များသည် ကြည်လင် ငြိမ်သက်နေသော ပင်လယ်ကြီးနှင့်တူနေ၏။ ထိုအကြည့်ရှေ့တွင် ယွမ်လောရှီတစ်ယောက် လျှို့ဝှက်ချက် မရှိသလို ခံစားလိုက်ရသည်။

“ ဖေဖေ ဘယ်လိုသိတာလဲ။ ”

“ ရှီ ... မင်းအဖေက ယွမ်မိသားစု ခေါင်းဆောင်လေ ... မင်းဘာတွေ လုပ်နေလဲ ငါသိချင်ရင် ငါ့အတွက် ရေသောက်သလို လွယ်ပါတယ်။ ”

ထို့နောက် ရေနွေးကြမ်းတစ်ခွက်ကို သောက်လိုက်ပြီး၊

“ ပြီးတော့ ဒီမတိုင်မီ မင်းအိမ်ကနေ ထွက်သွားတာ ငါစိတ်မပူဘူးလို့ ထင်နေလား ကွမ်လင်ကနေ မင်းပြန်ရောက်တည်းက ငါစောင့်ကြည့်နေတာ။ ”

ဤတစ်ကြိမ်တွင် ယွမ်ဝူတုံမျက်နှာ၌ မလိုမကျမှုများ ပါဝင်လာ၏။ ယွမ်လောရှီခမျာ မျက်နှာပျက်ယွင်းသွားလေသည်။

“ ဖေဖေ ဘယ်လောက်သိလဲ။ ”

“ အများကြီး မဟုတ်ပေမယ့် ... နည်းလည်း မနည်းပါဘူး။ ”

ထိုအဖြေကြောင့် ယွမ်လောရှီခမျာ ဒေါသထွက်လာပြီး အဆုံးတွင် အံကြိတ်လျက်၊

“ ဖေဖေ၊ ဒီလို အမူအကျင့်က မကောင်းဘူးဆိုတာ မသိဘူးလား။ ”

-ဟု အပြစ်တင်လိုက်တော့၏။

“ ဟမ့် ... ငါ့သမီးနောက် ငါလိုက်ကြည့်တာ ဘာများဖြစ်သွားမှာမို့လဲ အရင်တုန်းက အိမ်ပြန် ရောက်ရင် ငါ့ကိုအနှောက်အယှက် ...

... အပေးဆုံးက ငါ့သမီးပဲ၊ ဒါပေမယ့် အဲဒီကောင်လေးကြောင့် ... အခု ငါ့သမီးလေးကို ဆုံးရှုံးသွားရပြီ ... ။ ”

“ ဖေဖေ ... ဘယ်သူ့အကြောင်း ပြောနေတာလဲ။ ”

ယွမ်လောရှီ မျက်နှာနီရဲသွားသည်။ ထို့နောက် ရောက်လာရသည့် ရည်ရွယ်ချက်ကို ချက်ချင်းပြောင်းလဲလိုက်မိ၏။

“ ဒါဆို ... ဒီညဘာလို့ ရှီရောက်လာတာလဲ သိလား။ ”

“ ငါ ခန့်မှန်းကြည့်လို့ ရပါတယ်။ ”

ယွမ်ဝူတုံက ပြုံးသည်။

“ အကြမ်းဖျင်းအရတော့ ... စုရီက အရည်အချင်းမဆိုးပါဘူး သူ့မှာ လျှို့ဝှက်ချက် အနည်းငယ်ရှိတယ်ဆိုတာ ထင်ရှားတယ် ... မဟုတ်ရင် ...

... စီရင်စုသခင်ရဲ့ အစောင့်‌(၆)ယောက်ကို သတ်ပစ်ဝံ့မှာ မဟုတ်ဘူး အရေးကြီးတာက ဒီည စည်းစိမ်းချမ်းသာစံအိမ်မှာ သူ့ရဲ့ဂိုဏ်းတူ ညီအစ်တွေကို သတ်ပစ်တဲ့ကိစ္စ ... သူ့အတွက် နေ့ရက်တွေက အေးချမ်းမယ် မထင်ဘူး။ ”

ယွမ်လောရှီတစ်ယောက် တိတ်ဆိတ် သွားလေသည်။ သူမဖခင်၌ ဤမျှများပြားသော အချက်အလက်များ ရရှိထားလိမ့်မည်ဟု မထင်ထားမိချေ။

“ ဖေဖေ၊ ကူညီဖို့ ဆန္ဒရှိလား။ ”

ယွမ်ဝူတုံက ရုတ်တရက် မနာလိုဖြစ်လာပြီး၊

“ တကယ်ပဲ တစ်စုံတစ်ယောက်က ငါ့သမီးဝိညာဉ်ကို ခိုးယူသွားပြီပဲ။ ”

-ဟု ညည်းတွားတော့သည်။

“ ဖေဖေ ... ခေါင်းစဉ် မပြောင်းနဲ့ မေးတာပဲဖြေပါ။ ”

“ ဟား ဟား ဟား ... ငါတို့ ဝူဟောင်လာတဲ့အထိ စောင့်ရအောင် ငါသူ့ကို မေးစရာလေး နည်းနည်းရှိသေးတယ် ... ပြီးရင် ရှီမေးခွန်းကို ဖြေပေးမယ်။”

သူ့စကားမဆုံးခင် အလျင်လိုနေသော ခြေသံများ ကြားလာရသည်။ ‌ခြေသံမှာ နှစ်စုံ ဖြစ်၏။

“ ဟမ့် ... ဝူဟောင် ဒါက မင်းကိုယ်မင်း မရိုးသားတာ ပြနေတာပဲ ... ငါ့ကိုသွေးဆောင်ဖို့ ငါ့သားကိုတောင် ခေါ်ခဲ့တယ်။ ”

“ မိသားစုခေါင်းဆောင် စိတ်ဆိုးမနေပါနဲ့ ... ဒုတိယသခင်ငယ်က ... ဒီကိစ္စတွေမှာ သက်သေ ခံနိုင်ပါတယ်။ ”

ချောင်ဝူဟောင်က ရှက်ရွံ့စွာ ပြုံးကာ ပြောကြားလိုက်သည်။

“ ပြောပါဦး ... ငါ့ကို ဘယ်လိုများ ဆွဲဆောင်မယ် စီစဉ်ထားလဲဆိုတာ ငါသိချင် နေပါတယ်။ ”

“ မိသားစုခေါင်းဆောင် ... ငါမင်းကို ပြောစရာတစ်ခုပဲ ရှိပါတယ် ဆရာစုက မြေကြီး အဆင့် ကျွမ်းကျင်သူ အစစ်အမှန်ပါ ...

... သူက ယွမ်မိသားစု အကူအညီကို မလိုအပ်ပါဘူး ဒါတောင် ဒုက္ခကြုံနေမှန်းသိလို့ ငါတို့ဘယ်လိုမှ ကြည့်မနေနိုင်လို့ပါ။ ”

ယွမ်လောယွီမှ ခေါင်းညိတ်လိုက်သည်။

“ ဟုတ်တယ် ဖေဖေ၊ သခင်လေးစုကို ငါရှုံးခဲ့တယ် ... သူတကယ် အရည်အချင်းရှိတဲ့ လူတစ်ယောက် ဆိုတာ အာမခံတယ်။ ”

ဤတစ်ကြိမ်၌ ယွမ်ဝူတုံတစ်ယောက် ပြုံးလေသည်။

“ စိတ်ဝင်စားဖို့ကောင်းတယ် ... စွန့်ပစ်ခံလိုက်ရတဲ့ တပည့်က တစ်နှစ်အတွင်း ကျွမ်းကျင်သူတစ်ပါး ဖြစ်လာတယ် ကောင်းပြီ ငါတို့သွားကြည့်ရအောင်။ ”

“ ဖေဖေ၊ ဒါက မင်းကူညီဖို့ သဘောတူခဲ့တာလို့ ဆိုလိုတာလား။ ”

ယွမ်လောရှီက တိုက်ရိုက်မေး၏။ ထိုမေးခွန်းကြောင့် ယွမ်ဝူတုံမှ ကူကယ်ရာ မဲ့သွားပြီး၊

“ ငါငြင်းရင် ခေါင်းဆောင်ဖြစ်ပေမယ့် ကလေးတွေလောက် အမြင်မကျယ်နိုင်ဘူးလို့ မြင်လာကြလိမ့်မယ် ... မင်းတို့ထက်တော့ ဘယ်နည်းနဲ့မှ အညံ့မခံနိုင်ဘူး။ ”

-ဟု တုန့်ပြန်လိုက်တော့သည်။

“ ဟား ဟား ဟား ... ။ ”

ထို့နောက် မိသားစု သုံးယောက်သား ရယ်မောလိုက်ကြ၏။ ချောင်ဝူဟောင်သာလျှင် ပြုံးလိုက်မိလေသည်။

“ ရှီ၊ မင်းတကယ်ကြီးပြင်းလာပြီ ... ကျေးဇူးတရားကို ပြန်ဆပ်ဖို့ မင်းနားလည်တယ် မင်းမှာ သူ့ကိုအသုံးချမဲ့ အကြံဉာဏ်တွေမရှိဘူး ဒါက ရန်ဖြစ်ဖို့သာသိတဲ့ မင်းအစ်ကိုထက် အများကြီးသာတယ်။ ”

အဆိုပါ မှတ်ချက်သည် ယွန်လောရှီကို ရွှင်မြူးသွားစေသော်လည်း ယွမ်လောယွီမှာမူ မျက်နှာရှုံ့မဲ့သွားတော့၏။

“ ဖေဖေ ... ငါက အနီရောင်သံချပ်ကာ တပ်ရင်းရဲ့ သူရဲကောင်းတစ်ယောက်ပဲ ဖေဖေရဲ့ ချစ်သမီးလိုတော့ သခင်လေးစုရီကို စိတ်မဝင်စားတာ သဘာဝပါပဲ။ ”

ချောင်ဝူဟောင်က တုံ့ဆိုင်းနေရာမှ အဆုံးတွင်၊

“ မိသားစုခေါင်းဆောင် ဒီပြဿနာမှာ မြစ်ပြာဓားစံအိမ်နဲ့ စီရင်စုစံအိမ်ပါဝင်လာမှာမို့ ယွမ်မိသားစုဝင်တိုင်းအပေါ် သက်ရောက်မှု ရှိပါလိမ့်မယ် သေချာစဉ်းစားဖို့ လိုပါမယ်။ ”

-ဟု သတိပေးလိုက်သည်။

“ ဒါက ယွမ်မိသားစုအနေနဲ့ တိမ်မြစ် စီရင်စုမြို့တော်ကို ဖြတ်ကျော်နိုင်မဲ့ အခွင့်အရေး လို့ရော မင်းမမြင်မိဘူးလား။ ”

“ ဒါ ... ။ ”

ချောင်ဝူဟောင်ခမျာ ယွမ်ဝူတုံကို ပြန်မော့ကြည့်မိ၏။ မိသားစုခေါင်းဆောင်သည် ကောင်းကျိုး ဆိုးကျိုးများကို ချိန်ဆထားပြီး ဖြစ်ကြောင်း နားလည်လိုက်ချေပြီ။

“ အခု ... ငါစိတ်ဝင်စားနေတာ ဘာဖြစ်မလဲဆိုတာ ... မင်းမသိချင်ဘူးလား ဝူဟောင်။ ”

ယွမ်ဝူတုံက မျက်ဝန်းများ မှေးစင်းလျက် မေးမြန်းလာသောကြောင့် ချောင်ဝူဟောင်ခမျာ ဆတ်ခနဲ တုန်ရင်သွား၏။

“ မှန်တယ် ဝူဟောင် ... မင်းငါ့ကို ပြသင့်တယ်။ ”

အဆုံးတွင် ကြောက်ရွံ့နေခဲ့သော တစ်စုံတစ်ရာသည် ပို၍နီးကပ်စွာကျရောက် တတ်ချေပြီ။ တွန့်ဆုတ်စွာဖြင့် သူ့လက်စွပ်မှ စာလိပ်ကိုထုတ်ယူပြီး ယွမ်ဝူတုံထံ ကမ်းပေး လိုက်ရ၏။

“ ခေါင်းဆောင် ... မင်းဒါကို ကြည့်လို့ရပါတယ် ဒါပေမယ့် ယူလို့တော့မရဘူး ငါမဟာသခင် ဖြစ်ချင်သေးတယ်။ ”

“ ဟမ့် ... မင်းကိုယ်မင်း ပြန်ကြည့်စမ်း မင်းဘယ်လောက်တောင် ... ဝန်တိုနေလိုက်လဲ မင်းရဲ့ အခွင့်အရေးကောင်း ငါအသုံးချပစ်မယ် ထင်နေတာလား ... ငါက ဘယ်သူလဲ မဟာသခင်ပဲ မဟုတ်လား။ ”

ယွမ်ဝူတုံက အေးစက်စွာ ဟစ်အော် လိုက်ပြီးနောက် စာလိပ်ကို ဖြည်ချလေသည်။ စာလုံးရှစ်လုံးပါသော ဝါကျတိုဖြစ်၏။

သူဟူသည် စာဖတ်ဝါသနာပါပြီး ခေတ်ဟောင်း လက်ရေးလှစာအုပ်များကို စုဆောင်းတတ်သူဖြစ်၏။

ထို့ကြောင့် ဤစကားလုံးများရှိ ကျက်သရေကိုခံစားနိုင်ပြီး အချိန်အတော်ကြာ သည့်တိုင် နစ်မျောနေမိသည်။

“ ခေါင်းဆောင် ... ငါ့ကို ပြန်ပေးဖို့ အချိန်တန်ပြီ။ ”

ချောင်ဝူဟောင်မှ မပြောစဖူး လေသံ အနည်းငယ် အေးစက်သွားခဲ့၏။ ယွမ်ဝူတုံခမျာ အိမ်မက်မှ လန့်နိုးသူကဲ့သို့၊

“ စကားလုံး ရှစ်လုံးတည်းရှိပေမယ့် ... အကြွင်းမဲ့မာနကို အပြည့်အဝ ပြသနိုင်တယ် တကယ်ပဲ ကမ္ဘာတစ်ခုလုံးကို လျစ်လျူရှု နေတာကိုး ...

... အံ့ဖွယ်အကောင်းဆုံးကတော့ စကားလုံးတိုင်းမှာ ဝိညာဉ်အမှတ်အသားတွေ ပါဝင်နေတာ ... ဟမ့် ... တာအိုကျက်သရေနဲ့ စည်းချက်တွေ။ ”

ချောင်ဝူဟောင်ခမျာ မျက်ဝန်းများ တောက်ပလျက် ခန္ဓကိုယ်တောင့်တင်းသွားပြီး၊ “ မိသားစုခေါင်းဆောင် ငါ့ကို ပြန်ပေးသင့်ပါပြီ။ ”

-ဟု ထပ်မံ တောင်းဆိုလိုက်သည်။

သို့တိုင် ယွမ်ဝူတုံမှ တဖြည်းဖြည်း လေးနက်လာသဖြင့် ချောင်ဝူဟောင်မှ များစွာ စိုးထိတ်လာကာ စာရွက်ကိုလုယူရန် လှမ်းတက်မိ၏။

“ ဟား ဟား ဟား ... မင်းဘာလို့ ဒီလောက်အလျင်လိုနေတာလဲ မင်းဘဝအတွက် ဒါကို ငါသိမ်းထားလိုက်မယ် မင်းအချိန်မရွေး ငါ့ဆီလာဖတ်ကြည့်လို့ရတယ်။ ”

“ ခေါင်းဆောင် ... မင်းက မိသားစု ခေါင်းဆောင်ပါ ... ငါ့ကိုအခွင့်ကောင်းယူမှာ မဟုတ်ဘူးလို့ ပြောခဲ့တယ် မဟုတ်လား။ ”

“ ဟမ့် ... ငါပြောခဲ့လို့လား ... အခုလည်း ငါမင်းကို ပြန်မပေးတာ မဟုတ်ဘူး မင်းဘဝကို ‌ကယ်တင်နေတာ ... မင်းဘာလို့ အရမ်း ကြောက်နေရတာလဲ။ ”

ချောင်ဝူဟောင်က ငြင်းခုံရန် ပြင်နေစဉ် ယွမ်ဝူတုံတစ်ယောက် စာလိပ်ကို သိမ်းဆည်း လိုက်ပြီဖြစ်လေသည်။

“ ညည့်နက်နေပြီ ... ငါအရင် အနားယူတော့မယ် ... မင်းတို့တွေလည်း ပြန်သင့်တယ်။”

ဤမြင်ကွင်းကြောင့် ယွမ်မောင်နှစ်မခမျာ မျက်ခုံးပင့်လိုက်၏။ သူတို့အဖေသည် အမြဲတမ်း တောင်တစ်လုံးလို တည်ငြိမ်လွန်းသူပေပင်။

စာလိပ်တစ်လိပ်အတွက် ကလေး တစ်ယောက်ကဲ့သို့ စိတ်လှုပ်ရှားစွာ လုယူသွား သည်မှာ အဓိပ္ပါယ်မရှိချေ။

“ ငါ ... မလာသင့်ဘူး၊ ငါ မလာခဲ့သင့်ဘူး ဘယ်သူသိမှာလဲ ယွမ်မိသားစု ခေါင်းဆောင်က ဒီလို လုယူလိမ့်မယ်လို့ ... ။ ”

ချောင်ဝူဟောင်မှ နာကျင်စွာ ညည်းတွားလျက် စာကြည့်ခန်းအတွင်းမှ ဝိညာဉ် ပျောက်ဆုံးနေသည့် လူတစ်ယောက်လို အသက်မဲ့စွာ လှမ်းထွက်သွားလေသည်။

ဤမြင်ကွင်းကြောင့် ယွမ်မောင်နှစ်မကို အံ့ဩရယ်မောလိုစိတ်များ ဝင်ရောက်လာစေ၏။ သူတို့အဖေသည် သူတို့အဖေသာဖြစ်ချေပြီ။

***

All Chapters