← Chapters

နှစ်တစ်သောင်းမှာ တစ်ယောက်။

Vol. 10 Ch. 117

နှစ်တစ်သောင်းမှာ တစ်ယောက်။

Vol. 10 Ch. 117

“ ဝူး ... ။ ”

မိုးတိတ်သွားချိန်တွင် လျင်မြန်လွန်းသော အဟုန်ဖြင့် ကြိုးကြာဖြူတစ်ကောင် ပျံသန်း ဆင်းသက်လာသည်။

“ ဝှစ် ... ။ ”

အဝါရောင် တာအို၀တ်စုံနှင့် သိမ်မွေ့သော အသွင်အပြင်ကို ထုတ်ဖော်ထားသည့် လူငယ်က ကြိုးကြာဖြူပေါ်မှ ခုန်ဆင်းလာ၏။

ထို့နောက် စစ်ရေးလေ့ကျင့်ကွင်းအတွင်း လျှောက်လှမ်းသွားသည်။ လေထုအတွင်း ရနံ့ကို ရှူရှိုက်လျက်၊

“ အရမ်းပြင်းတဲ့ သွေးရနံ့တွေ ... ။ ”

-ဟု ရေရွတ်လိုက်၏။

ထို့နောက် လေ့ကျင့်ရေးကွင်း အလယ်ဗဟိုတွင် ရပ်ကာ မျက်လုံးမှိတ်ချ လိုက်သည်။ ပတ်ဝန်းကျင်၌ ကျိုးပဲ့နေသည့် ကျောက်ချပ်များ ပြန်လည်ထွက်ပေါ်လာကာ သွေးများ နောက်ပြန်စီးဆင်းကုန်၏။

ရထားလုံးပေါ်မှ လူငယ်တစ်ယောက် အေးအေးလူလူ ဆင်းသက်လာပြီး မိုးနှင့်တိမ်ကို ဆင့်ခေါ်ကာ ကွင်းပြင်တစ်ခုလုံး ပျက်စီးသွားတော့သည်။

အဆုံးတွင် ဆီစိမ်စက္ကူထီးဆောင်းလျက် ပြန်ထွက်ခွာသွားသော လူငယ်၏ နောက်‌ကျော မြင်ကွင်းဖြင့် အဆုံးသပ်သွား၏။

အဆုံးတွင် မျက်လုံးများ ပြန်ဖွင့်ပြီး ကောင်းကင်ပေါ် အချိန်အတော်ကြာသည်အထိ မော့ကြည့်နေခဲ့တော့သည်။

“ တကယ် မရိုးရှင်းဘူး ... အန္တရာယ် အရမ်းများတယ်။ ”

လူငယ်က တစ်ကိုယ်တည်း စကားပြောလိုက်သည်။

( ဓားက တိမ်တွေကို ထိုးဖောက် ဝင်ရောက်ပြီး ရန်သူကိုသတ်ဖို့ မိုးရဲ့စွမ်းအင်ကို ဆင့်ခေါ်ခဲ့တယ် ... ဒါက ချီသန့်စင်ခြင်းအဆင့် လူငယ်တစ်ယောက်လုပ်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး ...

... ဒါပေမယ့်လည်း အမိန့်ဆိုတာ ပြင်ပခွန်အားပဲ ... အကန့်အသတ်ရှိပါတယ် အံ့သြစရာ မရှိပါဘူး။ )

လူငယ်က တွေဝေသွားသည်။ မျက်မှောင်ကြုတ်လျက် ပြတ်ရွေ့ကြောင်းထံ လှမ်းကြည့်ကာ၊

“ မူလတာအိုအဆင့် အဆောင်တွေသာ ဒီလိုအစွမ်းမျိုး ပြသနိုင်တယ် ဒါဆိုသူ့နောက်မှာ တစ်စုံတစ်ယောက် ရှိနေနိုင်လား။ ”

( မင်းပြောချင်တာက သူ့နောက်မှာ မြေကြီးအဆင့် ကျွမ်းကျင်သူတစ်ယောက် ရှိနေတယ်လို့ ပြောချင်တာလား။)

မဟာကျိုးနိုင်ငံတစ်ခုလုံးတွင် လူအနည်းငယ်သည်သာ မူလတာအိုနယ်ပယ်သို့ ရောက်ရှိနိုင်သည်။

ထိုအဆင့်ကို မြေကြီးအင်မော်တယ် အဖြစ်သတ်မှတ်ကြ၏။ တစ်ဖက်လူငယ်သည် မုစန်းထူကို အနိုင်ယူကာ ချင်းဝမ်ယွမ်ကို သတ်ပစ်ခဲ့သည်။

ထို့ကြောင့် ၎င်းကိုဘ်တိုင်ပင် ရိုးရှင်း လှသူမဟုတ်ချေ။ ယင်းအပေါ် မြေကြီးအဆင့် ကျွမ်းကျင်သူအဖြစ် ယူဆရမည်လော။

“ ကျောက်စိမ်းမြို့တော်ရဲ့ ... ဖီးနစ် အကယ်ဒမီက အမာခံတပည့်တွေလောက်သာ ချင်းဝမ်ယွမ်ကို အသက်နဲ့ဘဝ တိုက်ပွဲဝင်ပြီး သတ်နိုင်လိမ့်မယ်။ ”

ဆိုလိုသည်မှာ စုရီကဲ့သို့ ၎င်းတို့သည်ပင် အလွယ်တကူ ပြီးမြောက်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် တစ်ဖက်လူသည် လျှို့ဝှက်နဂါး ဓားဂိုဏ်း၏ အဆက်အနွယ်ဖြစ်နိုင်​မည်။

ထိုအ​တွေးက လူငယ် နှလုံးခုန်နှုန်းကို မြန်လာစေ၏။ လျှို့ဝှက်နဂါးဓားဂိုဏ်းဟူသည် သေမျိုးကမ္ဘာကို ကျော်လွန်သော စစ်မှန်သည့် ကျွမ်းကျင်သူ အင်အားစုဖြစ်သည်။

( ဟမ့် ... လျှို့ဝှက်နဂါးဓားဂိုဏ်းကို မင်းတွေးနေတာလား ... ဒါက ဒုတိယတန်း အင်အားစုလေးတစ်ခုပါ ... အထင်ကြီး လောက်စရာ မရှိပါဘူး။ )

“ အဘိုးကြီး၊ သိပ်မောက်မာမနေပါနဲ့ မင်းငါ့ဆရာလို ... ရှန်ရှင်းအဆင့် ရှေ့မှာတောင် စကားမပြောရဲလောက်အောင် ကြောက်နေတာ လျှို့ဝှက်နဂါးဓားဂိုဏ်းကို ဘယ်လိုများ လှောင်ပြောင်ဝံ့တာလဲ။ ”

စုရီတစ်ယောက် မက်မွန်သီး (၃)လုံးကို သိမ်းယူသွားသည့်ဖြစ်စဉ်သည် ပင်လယ်ဘုရင် အပေါ် ဒေါသထွက်စေ၏။ ထို့ကြောင့် စုရီ အကြောင်းစုံစမ်းရန် တာဝန်ပေးခဲ့သည်။

“ မေ့လိုက်ပါ၊ မင်းလို ဝါကြွားတတ်တဲ့ အဖိုးကြီးနဲ့ ငါငြင်းခုန်မနေတော့ဘူး။ ”

( ဟမ့် ... ချီသန့်စင်ခြင်းအဆင့်ရဲ့ အဓိက သော့ချက်အကြောင်း ငါပြောခဲ့တာကို ... မင်း မှတ်မိသေးလား။ )

ရုတ်တရက် အဖိုးအို အသံသည် မခံချင်စိတ်ဖြင့် လူငယ်၏ စိတ်ပင်လယ်အတွင်း ပဲ့တင်ထပ်လာသည်။ လူငယ်ခမျာ ချက်ချင်း မျက်လုံးပြူးလာပြီး၊

“ စွမ်းအင်လမ်းကြောင် (၁၀၈) ခု။ ”

-ဟု အော်ဟစ်လိုက်၏။

( မှန်တယ် ... မပြည့်စုံတဲ့ နည်းစနစ်တွေကြောင့် စွမ်းအင်လမ်းကြောင်း (၁၀၈)ခုကို ဖွင့်လှစ်နိုင်တဲ့ အကျိုး‌ကျေးဇူးကို လူတိုင်း နားမလည်ကြဘူး ...

... ဒါကြောင့် သူတို့ မဟာသခင် ဖြစ်လာပြီးနောက် အင်္ဂါငါးပါး သန့်စင်နေတဲ့ အချိန်မှာ အခြေခံအုတ်မြစ်က ...

... ချို့ယွင်းချက်တွေ အများကြီး ဖြစ်ပေါ်လာတယ် ဒါဆို စွမ်းအင်လမ်းကြောင်း (၁၀၈)ခု ဖွင့်ထားတဲ့ စုရီအတွက် သူတို့တွေက ဘယ်လိုများ ပြိုင်ဘက်ဖြစ်လာနိုင်မှာလဲ။ )

“ အဘိုးကြီး၊ အဓိပ္ပါယ်မရှိဘူး ... မိုးပြာကုန်းမြေကြီးမှာ စွမ်းအင်လမ်းကြောင်း (၁၀၈)ခုကို ဖွင့်နိုင်တဲ့ ပညာရပ် မရှိပါဘူးလို့ မင်းပြောဖူးတာ ငါမှတ်မိတယ် ... ဒါဆို စုရီက ဘယ်ကနေ ဒီလိုနည်းစနစ်ကို ရခဲ့တာလဲ။ ”

( ဟမ့် ... ဒါကြောင့် သူ့နောက် လိုက်သွားဖို့မင်းကို ငါအကြံပေးနေတာပေါ့ မင်း အန္တရာယ်ကြုံလာရင် ငါရပ်ကြည့်နေပါ့မလား ဒီကောင်လေးကိုသာ ဖမ်းမိရင် ...

... သူ့လျှို့ဝှက်ချက်တွေကို ထုတ်ဖော်နိုင်မှာ သေချာတယ် ဘယ်သူသိမှာလဲ ကံကြမ္မာတောင် ရနိုင်တယ်။ )

သို့တိုင် လူငယ်မျက်နှာမှာ မည်းမှောင်သွားပြီး ခေါင်းခါယမ်းလျက်၊

“ ဒီလို အန္တရာယ်ဇုန်အတွင်း ဝင်းသွားရတာထက် အရှက်မဲ့နေတာက ငါ့ပုံစံပဲ မင်းလည်းသိပါတယ် ငါက ...

... လမ်းလျှောက်နေရင်း မြေပြင်ပေါ်က ပုရွက်ဆိတ်တွေကို နင်းရမှာတောင် ကြောက်မိ နေခဲ့တာ ... ။ ”

( သေလိုက်လေ ... ။ )

အဖိုးအိုက ဒေါသအလွန်ထွက်လာကာ သွေးအန်လုနီးပါး ဖြစ်သွားတော့၏။ နှစ်ပေါင်း မရေမတွက်နိုင်အောင် နေထိုင်ခဲ့စဉ်အတွင်း ဤမျှ သူရဲဘောကြောင်သူတစ်ယောက်ကို မမြင်ဖူးခဲ့ချေ။

လူငယ်အများစုသည် အရှက်ကွဲခံရ ပြီးနောက် ရဲရင့်လာတတ်ကြ၏။ ဤလူငယ် သည်သာ အခွင့်အရေးထက် အရှက်ရမည့် နည်းလမ်းကိုသာ အမြဲရွေးချယ်နေသည်။

“ အဖိုးကြီး ... ဒါကို သတိကြီးတယ်လို့ ခေါ်တယ် ... ။ ”

( ဟမ့် ... ။ )

လူငယ်မှ အဖိုးအို၏ အတွေးအပေါ် မြင်နိုင်သဖြင့် ပြုံးလျက် ပြန်လည်ပြောကြားကာ လေ့ကျင့်ရေးကွင်းမှ ထွက်ခွာလာ၏။

( မင်း ... ဘာလုပ်ဖို့ စီစဉ်နေတာလဲ။)

“ ငါ့ဆရာဆီ ပြန်မယ် ... ဒီစုရီကို ငါအပြစ်ပြုဖို့ အရည်အချင်း မရှိဘူးလို့ ... သူ့ကို ပြောပြရမယ်၊ စိတ်မချမ်းသာရင် သူ့ကိုယ်တိုင် လှုပ်ရှားပါစေ ... ငါပုန်းနေမယ်။ ”

( မင်း ... ။ )

အဖိုးအိုခမျာ မျက်နှာရှုံ့တွသွားတော့၏။

( တကယ် ... စိတ်ပျက်စရာကောင်းတယ် မင်းလိုလူမျိုး နှစ်တစ်သောင်းမှာ တစ်ယောက်ပဲ ပေါ်ထွက်နိုင်တယ်။)

လူငယ်မှ မကြားသကဲ့သို့ လျစ်လျူရှုကာ ကြိုးကြာဖြူပေါ် ခုန်တတ်လျက်၊

“ ငါသတ္တိမရှိလို့ မဟုတ်ဘူး ... ငါတို့တိုက်တဲ့အခါ သူ့ရဲတိုက်ခိုက်မှုကို မင်းလို အဖိုးကြီးက ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးဆိုတာ ငါပြောရဲတယ်တယ် ... မင်းသေလိမ့်မယ်။ ”

( ဟမ့် ... ဒါဆို ငါ့ကို မင်းစိတ်ပူနေတာလို့ ယူဆရမှာလား ... ။ )

အဖိုးအိုအသံက အနည်းငယ် ကျေနပ်သွားသည့်လေသံ ဖြစ်လာ၏။ လူငယ်မှ ပြုံးလိုက်သည်။

သူ ဟူသည် သိုသိုဝှက်ဝှက် နေရခြင်းအပေါ်နှစ်သက်ကာ အန္တရာယ်များကို မကြိုက်ချေ။ ယင်းအပေါ် မည်သည့်နေရာ၌ မှားယွင်းနေသည်ဟု ပြောမည်နည်း။

( စုရီ၊ ငါတို့တွေ့ကြမယ် ... မင်းတောင် စွမ်းအင်လမ်းကြောင်း (၁၀၈)ခုကို .. ဖွင့်နိုင်ခဲ့ရင် ငါ့လည်းလုပ်နိုင်ရမယ် ... ဘယ်သူများ လျှို့ဝှက်ချက် မရှိတဲ့လူ ရှိမလဲ။ )

လူငယ်မှ တိတ်တဆိတ် ကြွေးကြော်၏။ ဤအဖိုးကြီးသည် ယနေ့ခေတ်၏ ဇာတ်ကောင် ဖြစ်အောင် သူ့ကိုကူညီမည်ဟု ကတိပေးထား သော်လည်း အလုံးစုံ မယုံနိုင်ချေ။

“ စုရီ ... မင်းငါရဲ့ရန်​သူ မဖြစ်ပါစေနဲ့လို့ မျှော်လင့်ရအောင်။ ”

တစ်ဆက်တည်းမှာပင် ကြိုးကြာဖြူသည် အတောင်ပံများဆန့်ထုတ်ကာ ကောင်းကင်ပေါ် တဟုန်ထိုး ပျံတက်သွားတော့သည်။

***

All Chapters