← Chapters

အချိန်ကျပြီ။

Vol. 10 Ch. 118

အချိန်ကျပြီ။

Vol. 10 Ch. 118

ကောင်ကင်မူလ အအကယ်ဒမီ တောင်ထိပ်တစ်နေရာရှိ မဏ္ဍပ်တစ်ခုအတွင်း ဝမ်လင်ကျောက်နှင့် ကျူးကုချင်းတို့ ထိုင်နေခဲ့သည်။

ကျူးကုချင်း၏ ဓားရေးသည် အစွမ်းထက်လွန်းပြီး မဟာကျိုးပြည်နယ် ခြောက်ခုအတွင်း ကျော်ကြားလှ၏။

“ လင်‌‌ကျောက် ... တိမ်ဖြူတောင် လျှို့ဝှက်နယ်မြေ ဖွင့်တော့မယ် ... မင်းအတွက် နေရာတစ်ခု ငါယူခဲ့တယ် ...

... ဒီတစ်လအတွင်း ချီသန့်စင်ခြင်းကို ပြီးပြည့်စုံအောင် လုပ်ပါ ... ဒါမှ မင်းအတွက် အခွင့်အရေး ရလိမ့်မယ်။ ”

“ ကျေးဇူးတင်ပါတယ် ဆရာ ... ။ ”

“ မင်းနဲ့ငါက ဆရာတပည့်မို့ ... ဒီလောက်အထိ မလိုပါဘူး ... ပြီးတော့ မင်းသာ ဆန္ဒရှိရင် အိမ်ထောင်ရေးကို ဖျက်သိမ်းဖို့ ပြည်နယ်ဌာနမှူး ရှောင်တျန်းချွယ်ဆီ ...

... ငါ အကူအညီ တောင်းလို့ရပါတယ် ... ငါတို့မင်းရဲ့အိမ်ထောင်ရေးကို ဖျက်သိမ်းကြ မလား။ ”

ဝမ်လင်ကျောက်က ခေါင်းရမ်းလိုက်သည်။

“ ဆရာ၊ ပြည်နယ်ဌာနမှူးက ဒီလောက် အားလပ်မယ် မထင်ပါဘူး ဒါက စီနီယာအစ်ကို ရှောင်မင်ရဲ့ အကြံအစည်ဆိုတာ တပည့် သိပါတယ် ... တပည့် ပြဿနာကို ကိုယ်တိုင်ပဲ ဖြေရှင်းပါရစေ။ ”

“ ဝမ်လင်ကျောက် ... ငါမင်းကို တပည့်အဖြစ် ဘာလို့ခေါ်ခဲ့တာလဲ မင်းသိလား၊ မင်းက ငါနဲ့အရမ်းတူတယ် ... ငါလည်း ငါ့ကို တခြားသူတွေ ချုပ်ကိုင်တာမျိုး မကြိုက်ဘူး။ ”

ကျူးကူချင်တစ်ယောက် စကားခဏရပ်ကာ၊

“ ငါမနက်ဖြန် တိမ်မြစ်စီရင်စုမြို့တော်ကို ရက်အနည်းငယ်ကြာ ငါသွားရမယ် အားလပ်ရင် မင်းညီမနဲ့တွေ့ပြီး တကယ်အရည်အချင်းရှိရင် တစ်ခါတည်း ခေါ်လာခဲ့မယ်။ ”

“ ကျေးဇူးတင်ပါတယ်ဆရာ။ ”

ဝမ်လင်ကျောက်တစ်ယောက် ချက်ချင်း ပြုံးရွှင်လာတော့သည်။

“ ဒါနဲ့ဆရာ ကိစ္စရှိလား။ ”

“ ရှိတယ် မရဏတံခါးဂိုဏ်းရဲ့ ဌာနခွဲ ကာကွယ်သူသုံးဦးမြို့တော်ကို ရောက်နေပြီလို့ သတင်းရထားတယ် သူတို့က ယုတ်မာတဲ့ လူတွေပဲ လူ့ယဉ်ကျေးမှုမှာ မရှိသင့်ဘူး။”

သူမ စကားအဆုံးတွင် အေးစက်စက် လူသတ်ရန် ရည်ရွယ်ချက် ထွက်ပေါ်လာသည်။

“ ဆရာသတိထားပါ။ ”

“ စိတ်မပူပါနဲ့ ... ငါ့အပြင် နောက်ထပ် လူအချို့လည်းပါသေးတယ် နောက်ကျနေပြီမို့ မင်းလည်း စောစောအိပ်သင့်တယ်။ ”

ကျူးကုချင်းမှ တပည့်မကို နှုတ်ဆက်ကာ လှည့်ထွက်သွား၏။ ဝမ်လင်ကျောက်သည်သာ တစ်​ဦးတည်းထိုင်လျက် ကျန်ရစ်ခဲ့သည်။

သူမခင်ပွန်းနှင့်ပတ်သတ်သော သတင်း စကားအချို့ကို မိသားစုထံမှ မကြာသေးမီကပင် ကြားသိထားသည်။

မည်သို့ပင်ဆိုစေကာမူ စုရီသည် နဂါးတစ်ယောက်နေလျှင်ပင် သူမကို မချစ်သော် ဤအိမ်ထောင်းရေးအပေါ် လက်ခံနိုင်စရာ အကြောင်းမရှိချေ။

***

ထိုညတွင်းမှာပင် ယွမ်ဝူတုံသည် စုရီအတွက်လက်ဆောင်သေတ္တာအချို့ ယူဆောင်လာခဲ့သည်။

“ ဆရာစု ... စီရင်စုမြို့တော်ရဲ့ အထက်တန်းစားတွေက သူတို့ကိုယ်သူတို့ အပြစ်ရှိတယ်လို့ ခံစားမိကြတဲ့အတွက် ရတနာတချို့ ပေးအပ်လာပါတယ်။ ”

“ ဟမ့် ... မျောက်ကို ခြောက်ဖို့ ကြက်သတ်ပြလိုက်တာ ... တော်တော် ထိရောက်ပုံရတယ်။ ”

စုရီမှ ပေါ့ပေါ့ပါးပါးပင် မျက်ခုံးပင့်လျက် ပြောကြားလိုက်သည်။ သို့မှသာ ယွမ်လောရှီနှင့် ယွမ်လောယွီတို့ခမျာ စိတ်သက်သာရာ ရသွားတော့၏။

သည်မလာခင် ဆရာစုမှ သူတို့ဖခင်ကို မလိုလားမည့်အရေးအတွက် တွေးပူနေမိခြင်း ဖြစ်သည်။

“ ဒါက သူတို့တွေရဲ့ ရတနာ ပေးအပ်လာတဲ့ စာရင်းပါ။ ”

စုရီက စာရွက်ကို လက်ခံယူ လိုက်သော်လည်း ဖတ်ရှုရန်ပျင်းလွန်းသဖြင့် စားပွဲပေါ်တင်လိုက်၏။

စာရင်းသည် အလွန်ရှည်လျားပြီး စီရင်စုစံအိမ်၊ မြစ်ပြာဓားစံအိမ်၊ ကျန်းမိသားစု၊ ချင်မိသားစု၊ ဟွာမိသားစု၊ လျူမိသားစုနှင့် အခြားသော မျိုးနွယ်စု အကြီးအငယ်များ ပါရှိသည်။

“ စိတ်မပူပါနဲ့ ... တစ်ယောက်ယောက် ငါ့ကိုထပ်မနှောက်ယှက်ဘူးဆိုရင် ဘယ်သူမှ မသေနိုင်ပါဘူး။ ”

“ ကျေးဇူးတင်ပါတယ် သခင်လေးစု ... ဒါဆိုရင်တော့ သူတို့အားလုံး စိတ်သက်သာရာ ရစေပါလိမ့်မယ်။ ”

ထိုနောက် ကျောက်စိမ်းသေတ္တာ တစ်လုံး ထပ်မံထုတ်ကာ လက်နှစ်ဖက်ဖြင့် ရိုရိုသေသေ ကမ်းပေးလာပြန်၏။

“ ဒါ ... ငါ့ယွမ်မိသားစုရဲ့ လက်ဆောင်ပါ ... သခင်လေးစု မင်း လက်ခံနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ ”

ထိုစကားကြောင့် စုရီမှ မျက်မှောင်ကြုတ်လိုက်လေသည်။

“ ခေါင်းဆောင်ယွမ် ... ငါ့မှာ လောရှီနဲ့ ခင်မင်မှုတစ်ခုရှိပါတယ်၊ ဘာလို့ လက်ဆောင် ပေးနေရတာလဲ ... မင်းအမြင်မှာ ငါက လောဘကြီးတဲ့သူ ဖြစ်နေပြီလား။ ”

“ သခင်လေးစု နားလည်မှု မလွဲပါနဲ့ ဒီသဘောမဟုတ်ပါဘူး ... ဒီနေ့အကျိုးဆက်က ငါ့ယွမ်မိသားစုကို သက်ရောက်မှု အများကြီးရှိပါတယ်။ ”

ယွမ်ဝူတုံမှ ထိတ်လန့်စွာ ရှင်းပြ လိုက်တော့သည်။

“ ခေါင်းဆောင်ယွမ်ရဲ့ အတွေးတွေကို ငါနားလည်ပါတယ်၊ ဒါပေမယ့် တစ်ချို့အရာတွေ ရှင်းအောင် ပြောထားရမယ်။ ”

“ ကျေးဇူးပြုပြီး အကြံလေးပေးပါဦး သခင်စု။ ”

“ အနာဂါတ်မှာ ယွမ်မိသားစုက ငါ့နာမည် အသုံးပြုခွင့်မရှိဘူး။ ”

“ ဒါ သဘာဝပါပဲ။ ”

ယွမ်ဝူတုံက မဆိုင်းမတွ သဘောတူလိုက်သည်။ စုရီမှ လက်ဖက်ရည် တစ်ငုံသောက်ပြီး၊

“ ခေါင်းဆောင်ယွမ် ... မင်းဒါကို စဉ်းစားရမယ် လှိုင်းစီးရင် လှိုင်းပုတ်တတ်တယ်။ ”

“ ငါစဉ်းစားပြီးပါပြီ ... လှိုင်းပုတ်ရင် လှိုင်းခုံးထိပ်ရောက်ခွင့်ရမှာ သဘာဝပါပဲ။ ”

စုရီမှ လက်ဖက်ရည်ခွက်ကို ပြန်ချကာ ခေါင်းညိတ်လိုက်သည်။ ထပ်မပြောတော့ချေ။ သို့မှသာ ယွမ်ဝူတုံတစ်ယောက် သက်သာရာ ရသွား၏။

ယနေ့တွင် စုရီအတွက် စတုတ္ထတန်း ဝိညာဉ်ရေးဆေးကို ပြင်ဆင်လာခဲ့သည်မှာ ကံကောင်းသွား၏။ သခင်လေးစုထံမှ ကြင်နာမှုမျိုး မမျှော်လင့်ထားချေ။

အချိန်အနည်းငယ်ကြာ စကားစမြည် ပြောဆိုပြီးနောက် နှုတ်ဆက်ကာ ပြန်၍ထွက်ခွာ လာခဲ့သည်။

အပြန်လမ်းခရီးတွင် ယွမ်မောင်နှစ်မ နှစ်ယောက်က မေးခွန်းများ အလုအယက်မေး တော့၏။

“ ဖေဖေ ... ဆရာစုကို စိတ်မဆိုးပါဘူးလား။ ”

“ ဘာလို့စိတ်ဆိုးရမှာလဲ။ ”

“ ဆရာစုက အရမ်းမာကြီးတယ်ဖေဖေ။ ”

“ ဆဋ္ဌမမင်းသားတောင် သူ့အမှိုက်တွေကို ရှင်းပေးခွင့်ပဲရှိတာ ဒါဆို ဒီနေ့စကားဝိုင်းကနေ ဆရာစုရဲ့ ကြင်နာမှုကို ငါရခဲ့တယ် ...

... ဆရာစုမှာ မဟာကျိုးကို ပြောင်းလဲပစ်နိုင်တဲ့ အစွမ်းသတ္တိမျိုးရှိတယ် ဒါက ငါတို့အတွက် ကံကြမ္မာပဲ။ ”

“ လူတစ်ယောက် တာအိုကို ရှာတွေ့သွားခဲ့ရင် သူ့ဘေးက ကြက်တွေ ဝက်တွေတောင် ကောင်းကင်ပေါ် ပျံတတ်နိုင်မယ်။ ”

ယွမ်လောရှီက ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။ ဤဥပမာသည် ယွမ်လောယွီကို မျက်နှာပျက်ယွင်းလျက် မကျေမနပ် ဖြစ်သွား စေတော့၏။

“ ဟမ့် ... ရှီ၊ နင်က ငါတို့ကို ကြက်တွေဝက်တွေလို့ ပြောချင်တာလား။ ”

“ ဟားဟားဟား ... မှန်တယ်ရှီ ... ကြက်တွေဝက်တွေတောင် ကောင်းကင်မှာ တစ်နေ့ပျံနိုင်ပါလိမ့်မယ်။”

“ ဒါပေမယ့် ဖေဖေ ... ဆရာစုတစ်ယောက် အန္တရာယ်နဲ့ ကြုံလာရရင် သေချာပေါက် ငါတို့ဆီ သက်ရောက်မှာပဲ မင်းစိုးရိမ်မနေဘူးလား။ ”

ယွမ်လောယွီက တွက်ဆပြ၏။

“ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှု၊ ဘဝနဲ့သေခြင်း ဒါတွေကို အတူတူဖြစ်ကျော်ဖို့ ဆုံးဖြတ်ထားရင် အတူမျှဝေခြင်းလို့ခေါ်တယ် ... ဒီကမ္ဘာကြီးမှာ မင်းမပေးရင် ... မင်းဘာမှ ရမှာမဟုတ်ဘူး ...

... အခုငါတို့က သခင်လေးစုနဲ့အတူ လှိုင်းစီးနေတယ် ... လှိုင်ခုံးထိပ်ရောက်မလား ... မြုပ်သွားမလား ငါလည်းမသိဘူး။ ”

ထိုအချိန်တွင် ဟွမ်ချမ့်ကျွယ်သည် လက်ဆောင်ရတနာများကို အမျိုးအစား ခွဲဝေနေခဲ့သည်။

“ အစ်ကိုစု ရပြီ။ ”

တတိယတန်း ဝိညာဉ်ရေးဆေး ခုနစ်မျိုး၊ ဒုတိယတန်း ဝိညာဉ်ရေးဆေး ခုနစ်ဆယ့်ကိုးမျိုး နှင့် ပထမတန်းဝိညာဉ်ရေးဆေး လေးရာသုံးဆယ် ရှိသည်။

ထို့ပြင် ပထမတန်း ဝိညာဉ်ကျောက်တုံး ငါးရာလေးဆယ်၊ ဒုတိယတန်း ငါးဆယ့်ငါးနှင့် ဝိညာဉ်လက်နက် ခြောက်ဆယ့်လေးမျိုး ပါရှိသေး၏။

ယင်းသည် ဟွမ်မိသားစု ပိုင်ဆိုင်မှုအားလုံးထက် ဆယ်ဆရှိသည်။ အဆုံးတွင် ယွမ်ဝူတုံ၏ လက်ဆောင်ဟူသည် အရာအားလုံးထက် များစွာ တန်ဖိုးရှိသော စတုတ္ထတန်းဆေးဖြစ်နေ၏။

“ ပထမတန်း ဝိညာဉ်ကျောက်တုံးနဲ့ ဝိညာဉ်ရေးဆေးတွေကို ... မင်းတို့ ခွဲယူလိုက်ပါ ကျန်တဲ့ ရတနာတွေအားလုံး ငါ့အခန်းထဲ ထည့်ထားပေး။ ”

စကားဆုံးသည်နှင့် စုရီမှ ထရပ်လိုက်ပြီးခြံဝင်းထဲ လျှောက်လှမ်းသွားကာ ထင်ရှူးကြိုးကြာခန္ဓာကိုယ် နည်းစနစ်ကို စတင်လေ့ကျင့်တော့၏။

ဟွမ်ချမ့်ကျွယ်တစ်ယောက် အချိန်အတော်ကြာအောင် ငြိမ်သက်နေခဲ့ပြီး အသက်ပြင်းပြင်း ရှူလိုက်မိတော့သည်။

“ မင်္ဂလာပါ တာအိုသခင် ... ငါ့အတွက် ဘာညွှန်ကြားချက်တွေများ ရှိပါသလဲ။ ”

ညနက်လာသည်နှင့် စုရီက ချင်းဝမ်ကို ခေါ်ထုတ်ကာ အသေးစိတ် စစ်ဆေး ကြည့်မိ၏။ ထိုအကြည့်ကြောင့် ချင်းဝမ်ခမျာ မျက်နှာ နီရဲလျက် ခေါင်းငုံ့ကျသွားသည်။

သူမ၏ အသားအရေသည် ကျောက်စိမ်းကဲ့သို့ ကြည်လင်ပြီး မျက်နှာတွင် သွေးရောင်လွှမ်းနေ၏။

လှပပြီး ဆွဲဆောင်မှုရှိသည်။ ဤသည်မှာ လူအများကို ရင်သပ်ရှုမောဖွယ် ဖြစ်စေသည့် သရဲမ ပေပင်။

“ ဒါဆို မင်းက အသွင်ပြောင်းပြီး ရုပ်ခန္ဓာပေါ်လာနေပြီပေါ့ ... မဆိုးဘူး။ ”

ဝိညာဉ်များတွင် တစ္ဆေများသည် အနိမ့်ဆုံးဖြစ်ပြီး သရဲများများမှာ တစ်ဆင့်မြင့် ချေ၏။ ရုပ်လုံးပေါ်နိုင်သဖြင့် လူအများကို ခြောက်လှန့်နိုင်ကြသည်။

ထိုအဆင့်၌ ဝိညာဉ်နှင့် ခန္ဓာကိုယ်သည် ထင်ရှားလာပြီး ရုပ်ခန္ဓာသည် သာမန်လူသားနှင့် တူလာ၏။ ချင်းဝမ်အသွင်သည် ဤအဆင့်ကို ဖြတ်ကျော်ပြီးပါက ပကတိ ညို့အားပြင်းသော သရဲမဖြစ်လာမည်မှာ သေချာနေသည်။

စုရွှမ်ကြွယ်ဘဝတွင် အမြီးကိုးချောင်း မြေးခွေးမသည် သူ့ကို သွေးဆောင်ရန် ကြိုးစား ခဲ့ဖူး၏။

၎င်းသည် အရိုင်းမြေကိုးပါး၌ အလှအပကြောင့် နာမည်ကြီးသည်။ သို့သော် တစ်ချက်တည်းဖြင့် အမြီးများကို ခုတ်ဖြတ်ခဲ့ရာ ထိတ်လန့်စွာ ထွက်ပြေးသွား၏။

နောင်တွင် ထိုမြေခွေးမသည် တာအိုတစ်သောင်းသခင် စုရွှမ်ကြွယ်ဟူသည် ယောက်ျားမဟုတ်သည့် ကုန်းကုန်းအဖြစ် အမျိုးသမီးတိုင်းကို ပြောကြားခဲ့သည်။

ဤသတင်းသည် အရိုင်းမြေကိုးပါးအတွက် ရယ်မောစရာ ပြက်လုံးတစ်ခုကဲ့သို့ သမိုင်းတွင် သွား၏။ ချင်းဝမ်သည် ထိုမြေခွေးမထက် သာလွန်တင့်တယ်ချေပြီ။

စုရီက သရဲတစ္ဆေများအတွက် သင့်လျော်သော ဒုတိယတန်း ဝိညာဉ်ရေးဆေး အချို့ကို ထုတ်ကာ၊

“ ယူသွားပါ ... မင်းအတွက်အသုံးဝင်တယ်။ ”

-ဟု ပေးအပ်လိုက်သည်။

“ ကျေးဇူးတင်ပါတယ် တာအိုသခင်။ ”

“ ကောင်းပြီ ငါအနားယူတော့မယ်။ ”

စကားဆုံးသည်နှင့် စုရီတစ်ယောက် ကုတင်ပေါ်လှဲချကာ အိပ်ပျော်သွားလေသည်။ ကံကြမ္မာကို ဖြတ်တောက်ပြီးဖြစ်ရာ မနက်ဖြန် ဝမ်လင်ရွယ်နှင့် တွေ့ဆုံရန် အချိန်ကျချေပြီ။

***

All Chapters