← Chapters

ဇာတ်ဝင်တေး ... ။

Vol. 10 Ch. 120

ဇာတ်ဝင်တေး ... ။

Vol. 10 Ch. 120

“ အစ်ကိုစု ကျင့်ကြံမှု ပြန်ရလာတာလား။ ”

“ မှန်တယ် ချီသန့်စင်ခြင်းအစောပိုင်းကို ရောက်နေပြီ။ ”

စုရီ ခေါင်းညိတ်လိုက်သည်။ အခန်းအတွင်း စကားဝိုင်းမှာ နှစ်စုကွဲနေသည်။ ဝမ်လင်ရွယ်နှင့် စုရီသည် တီးတိုးတိုးစကားဆိုနေကာ အခြားသူများသည် သူတို့အပေါ် လျစ်လျူရှုထား၏။

“ အစ်ကိုစု ငါတို့မတွေ့တာ တစ်လသာ ရှိသေးတယ် ... တကယ် မြန်တာပဲ ... လေးစား စရာပါ။ ”

သူတို့စကားစမြည် ပြောကြား နေကြစဉ်မှာပင် လူငယ်တစ်ယောက်က သူ့အသံကို လျှော့ချပြီး၊

“ လူတိုင်းမနေ့က စစ်ရေး လေ့ကျင့်ရေးကွင်းမှာ ဖြစ်ခဲ့တဲ့ ထိတ်လန့်ဖွယ် အဖြစ်အပျက်ကို မင်းတို့ကြားပြီးပြီလား။ ”

-ဟု စကားစလာ၏။

“ ဘာသတင်းလဲ။ ”

“ ငါ့အဘိုးကြီးဆီက ဒီအကြောင်းကို နည်းနည်း ကြားလိုက်ရတယ် ... စီရင်စုသခင်နဲ့ သူ့သား အသတ်ခံလိုက်ရတယ်။ ”

“ ဟမ့် ... ဘယ်လိုဖြစ်တာလဲ။ ”

“ အစ်ကိုရန် မင်းဒီအ​ကြောင်းသိလား။ ”

မင်လွီမှ ရန်ယွင်​ဖုန်းထံ လှည့်မေးသည်။ ရန်ယွင်ဖုန်းမှ ခေါင်းညိတ်လိုက်ပြီး၊

“ ဒီသတင်းက ထိပ်တန်းလျှို့ဝှက်ချက်ပဲ အဲဒီနေ့က ရှိနေတဲ့ လူအားလုံး ပါးစပ်ပိတ်ထား ကြရတယ် ... ငါ့အဖေတောင် ငါ့ကို လုံးဝ မပြောပြဘူး။ ”

“ ဟမ့် ... တကယ်ပဲလား။ ”

ထိုစကားကြောင့် လူတိုင်း တိတ်ဆိတ်ကုန်သည်။

“ ငါတို့ရဲ့ မြစ်ပြာဓားစံအိမ်သခင်လည်း အဲဒီကိုသွားခဲ့တယ် မဟုတ်လား ငါကြားတာ လူငယ်တစ်​ယောက်ထံ ရှုံးသွားတယ်တဲ့ ...

... မနေ့က ... မြို့တော်ရဲ့ အထွတ်အထိပ်အဆင့် အင်အားစုလေးခုလုံး တက်ရောက်ခဲ့ကြတယ် ဒါပေမယ့် လူတိုင်းက ... အဲဒီကျွမ်းကျင် ပညာရှင်ရှေ့မှာ အသံတောင် မထွက်ရဲခဲ့ကြဘူး ... သူက ငါတို့နဲ့ သက်တူရွယ်တူပဲ။ ”

“ ဟမ့် ... ငါတို့နဲ့ အသက်တူတာလား။ ”

လူတိုင်း ထိတ်လန့်သွားပြီး မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ် သွားကြသည်။

ချင်းဝမ်ယွမ်ကိုပင် သတ်ဝံ့သည့် ထိုလူငယ်သည် နောက်ခံနှင့် အရည်အချင်းအရ (၁)ရွေးသားမျှ လျော့ကျမည်မဟုတ်ချေ။ မယုံနိုင်စရာ ပေပင်။

“ အစ်ကိုစု ဒီလို လူမျိူးတကယ် ရှိတာလား။ ”

လင်ရွယ်မှ မေးသည်။ စုရီက နှာခေါင်းကို ပွတ်ကာ၊

“ ဒါတွေက အခြေအမြစ်မရှိတဲ့ ကောလဟာလတွေပါ စိတ်ထဲမထားနဲ့။ ”

“ ဟမ့် ... စုရီ မင်းဘာပြောလိုက်တာလဲ ငါတို့က စိတ်ထင်ရာပြောနေတယ်လို့ ဆိုလိုချင် တာလား၊ ရေတွင်းထဲက ဖားသူငယ်က ပင်လယ်ကို မြင်ဖူးရဲ့လား။ ”

“ ဟုတ်တယ် ... အဲဒီနေ့က စီရင်စုသခင် သားအဖကိုသတ်ခဲ့တဲ့ ကျွမ်းကျင်သူက ငါတို့လို လူငယ်ဆိုတာ ငါ့အဖိုးကြီး အာမခံနိုင်တယ်။ ”

လူငယ်အချို့က စုရီကို ကြည့်မရ ဖြစ်လာခဲ့ပြီးနောက် အော်ဟစ်လိုက်ကြသည်။ ဝမ်လင်ရွယ်နှင့် ရင်းနှီးနေသည့်အတွက် မနာလိုကြချေ။

“ မင်းတို့ ဒီအကြောင်းကို ထားလိုက်လို့ရမလား ... ငါတို့ ဝိုင်တွေ အရမ်း ကောင်းတယ် သောက်ကြရအောင်။ ”

ထိုမြင်ကွင်းကြောင့် ဘေးမှ နားထောင်နေသော ချန်ကျင်းလုံတစ်ယောက် ချွေးများစီးကျလာပြီး၊

“ လူတိုင်း ... ပျော်ပျော်ပါးပါး နေပါ၊ ငါတို့ ဒီလိုစုဝေးခွင့်ရချိန်မှာ မကျေနပ်ချက်တွေ မေ့ပြီး သောက်ရအောင်။ ”

-ဟု ဖျောင်းဖျလိုက်လေသည်။

“ ဟမ့် ... ဘာလို့ မကျေနပ်ချက်တွေကို မေ့ထားရမှာလဲ စုရီပြောပါ မင်းဒီနေ့ မင်းစကား အပေါ် မရှင်းပြနိုင်ရင် ငါ့ကို အပြစ်မတင်နဲ့။ ”

ဤတစ်ကြိမ်တွင် ချန်ကျင်းလုံ အမူအရာသည် သိသိသာသာပြောင်းသွားပြီး စကားမဆိုတော့ဘဲ ဤအရပ်မှ ထွက်ခွာရန် ထရပ်လိုက်တော့သည်။

“ ကျွီ ... ။ ”

သို့သော် သီးသန့်တံခါးပွင့်လာပြီး ဦးလေးဟုန်ဝင်လာပြီး ကျောက်စိမ်အင်္ကျီနှင့် လူငယ်တစ်ယောက်ကို ခေါ်ဆောင်လာ၏။

“ အားလုံးပဲ၊ ငါတို့ရဲ့ ကျန်းသခင်လေးက မင်းတို့နဲ့အတူ ဒီမှာ ဝိုင်သောက်ဖို့ လာတာပါ။ ”

“ ကျန်းသခင်လေး ... ။ ”

ကျောက်စိမ်းရောင် ၀တ်စုံဝတ်ထားသည့် လူငယ်ကိုတွေ့လိုက်ရသောအခါ ရန်ယွင်ဖုန်းနှင့် အခြားသူများက ချက်ချင်း ထရပ်လိုက်ကြ၏။

“ မြစ်ပြာဓားစံအိမ်ရဲ့ နံပါတ်တစ် အလှတရားက ငါတို့နှင်းစံအိမ်ကို ချီးမြင့်နေမို့ နှုတ်ဆက်ဖို့ ငါလာတာပါ။ ”

ကျန်းသခင်လေးက လူတိုင်းကို နွေးထွေးစွာပြုံးပြလျက် ဂုဏ်ယူဝံ့ကြွားစွာ ပြောကြားလိုက်တော့သည်။

သို့သော် သူ့အကြည့်များက မျက်နှာချင်းဆိုင်အရပ်တွင် ထိုင်နေသေးသော စုရီထံရောက်ရှိသွားချိန်၌ ချက်ချင်း မျက်နှာ ပျက်ယွင်းသွား၏။

ထိုအမူအရာကို ရန်ယွင်ဖုန်းမှ သတိထားမိသွားကာ၊

“ စုရီ၊ ဒီမှာ ကျန်းသခင်လေး ... ရောက်လာတာ မင်း မတွေ့ဘူးလား ... ထရပ်ပြီး နှုတ်ဆက်ပါ။ ”

-ဟု ဝင်ရောက် အော်ငေါက်လိုက်တော့၏။

သို့သော် စုရီမှ စိတ်မ၀င်စားသလိုမျိုး ဆက်ထိုင်နေခဲ့သည်။ ယင်းက ဦးလေးဟုန်ကို ဒေါသထွက်လာစေ၏။ ၎င်းမှ၊

“ မင်းက ကိုယ့်ကိုယ်ကို ဘယ်သူလို့ ထင်နေတာလဲ၊ ငါ့မိသားစုရဲ့ သခင်ငယ်ရှေ့မှာ ဒီလိုမျိုး ဆက်ထိုင်ဝံ့သလား ... ဟမ့် ။ ”

-ဟု အော်ငေါက်လိုက်၏။

“ ဖြန်း ... ။ ”

“ ပါးစပ်ပိတ်ထား။ ”

သို့သော် ကျန်သခင်လေးက ချက်ချင်း လှည့်ကာပါးရိုက်ချလိုက်သည်။ ဦးလေးဟုန် ပါးစပ်နှင့် နှာခေါင်းမှ သွေးများစီးကျလာ၏။

“ မင်းလိုမိုက်မဲတဲ့ ခွေးအိုကြီးကို ... ငါတစ်ခါမှမတွေ့ဖူးဘူး၊ မြန်မြန် သခင်လေးစုကို တောင်းပန်စမ်း။ ”

ကျန်းသခင်လေးခမျာ ထိတ်လန့်ဖွယ် လှိုင်းလုံးများ သူ့နှလုံးသားထံ ဖြတ်သန်းလာပြီး ဒူးဆစ်များ ပျော့ခွေကုန်၏။

ဤစုရီရှေ့တွင် မည်သူ သတ္တိရှိမည်နည်း။ မြစ်ပြာဓားစံအိမ်သခင် မုစန်းထူကို အနိုင်ယူကာ သံချပ်ကာတပ်သား တစ်ထောင်ကျော်နှင့်အတူ ချင်းဝမ်ယွီတို့ကို သတ်ဖြတ်ခဲ့သူဖြစ်သည်။

“ သခင်လေးစု၊ ဒီခွေးအိုကြီးက မျက်စိကန်းပြီး မိုက်မဲပါတယ် ... ခွင့်လွှတ်ပေးဖို့ နှိမ့်ချစွာ တောင်းဆိုပါတယ်။ ”

ဦးလေးဟွမ်မှ နားမလည်သော်လည်း ကျန်းသခင်လေးစကားနားထောင်ကာ ချက်ချင်း တောင်းပန်တော့၏။

ဤမြင်ကွင်းသည် လူတိုင်းအတွက် ယုံနိုင်ဖွယ် မရှိချေ။ တစ်စုံတစ်ရာ လွဲချော်နေ သည်ကို သူတို့စားမိကြပြီး လေထုတစ်ခုလုံး ရုတ်တရက် တင်းကြပ်သွားတော့၏။

စုရီက မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ ဝမ်လင်ရွယ်လက်ကို ဆွဲကာ၊

“ လင်ရွယ် အဲဒီမှာရပ်မနေဲ့ ပြန်ထိုင်ပါ။ ”

-ဟု ပြောကြားလိုက်သည်။

များမကြာခင် လူတိုင်းပြန်ထိုင်ရန် ကျန်းသခင်လေးမှ လက်ဝှေ့ရမ်းပြလျက် စုရီ အနားတိုးကပ်သွားကာ ဝိုင်ငှဲ့ပေးလိုက်သည်။

“ အစ်ကိုစု ... ငါ့ကိုယ်ငါ သုံးခွက်သောက်ပြီး အပြစ်ပေးပါ့မယ်။ ”

၎င်းအသွင်ကြောင့် ပြန်ထိုင်နေသော လူငယ်များကို ကုန်းကုန်းကွကွ ဖြစ်လာကုန်၏။ ထိုင်ရမည်လော၊ ရပ်နေ ရမည်လော သူတို့ မဝေခွဲနိုင်တော့ချေ။

***

ထို့နောက်တွင် အကောင်းဆုံးသော ဝိညာဉ်ရေးဝိုင်တစ်အိုးယူဆောင်ကာ စုရီထံ မကြာမကြာ ဝိုင်ငှဲ့ပေးတော့၏။

အဆုံးတွင် စုရီက ပျင်းရိလာသဖြင့် ဝမ်လင်ရွယ်ကိုခေါ်လျက် ထွက်ခွာသွားသည်။ ထို့ကြောင့် ကျန်းယွင်ရှင်းက ဟန်ဆောင် မနေတော့ဘဲ ဝိညာဉ်ရေးဝိုင်အိုးကို ကောက်သိမ်းပြီး လိုက်ပါသွား၏။

သီးသန့်ခန်းတွင်းရှိ လူတိုင်းသည် စိတ်ပျက်လက်ပျက်နှင့် အချင်းချင်း ပြန်ကြည့် လိုက်ကြတော့သည်။

ထိုအချိန်တွင် ပြတင်းပေါက်မှ ရွှင်မြူးနေသော ဗျပ်စောင်းသံ ထွက်ပေါ်လာ၏။ ‘ဘဲကလေး’ဟူသော ‘မန်ဒရင်းသီချင်းတစ်ပုဒ်’ ဖြစ်ချေပြီ။

“ သခင်လေးစု ခဏစောင့်ပါဦး။ ”

စုရီနှင့် ဝမ်လင်ရွယ် လျှောက်လှမ်းလာစဉ် အမျိုးသမီးတစ်ဦး လိုက်ပါလာတော့၏။ သူမ၏ ဆံပင်များသည် နက်မှောင်ပြီး ထူထဲကာ ဖီးနစ် ဆံညှပ်ဖြင့် သိမ်းဆည်းထားရသည်။

“ မင်း ... ငါနဲ့ ကိစ္စရှိလား။ ”

စုရီက မျက်ခုံးပင့်လိုက်၏။ ဤသည်မှာ ဆဋ္ဌမမင်းသားကို လုပ်ကြံလိုသော ဥယျာဉ်ထဲမှ ပန်းကလေးချာကျင်းဖြစ်သည်။

စီရင်စုမြို့တော်သို့ စရောက်သည့်နေ့တွင် သူထံစကားပြောရန် ပထမအကြိမ် လာရောက် တွေ့ဆုံဖူး၏။

“ ငါတို့ ကိစ္စမရှိပါဘူး ... မင်းဒီမှာ ထမင်းစားနေတယ်ဆိုတာ ကြားလို့ ထမင်းစား ဖိတ်ချင်လို့ပါ ... ဒါပေမယ့် အခုလို မင်းပြန်သွား လိမ့်မယ်လို့ ... ဘယ်သူများ ထင်မှာလဲ။ ”

ချာကျင်းအသံသည် နူးညံ့ပြီး ငြိမ့်ညောင်းသော ပုလွေသံကဲ့သို့ ဖြစ်နေသည်။

“ အစ်ကိုစု ... သူက ဘယ်သူလဲ။ ”

ဝမ်လင်ရွယ်မှ မျက်မှောင်ကြုတ် လိုက်တော့၏။ ဤအမျိုးသမီးတွင် ခဲအိုအတွက် အကြံအစည်များ ရှိနေကြောင်း မြင်သာသည်။

“ ဒီလိုပဲ လမ်းပေါ်မှာ သိလာတဲ့ မိန်းမတစ်ယောက်ပါ။ ”

စုရီက ပေါ့ပေါ့ပါးပါး ပြန်ဖြေ၏။ ထိုအဖြေကြောင့် ချာကျင်းခမျာ အပြုံးများ အေးခဲသွားသော်လည်း ချက်ချင်း ရယ်မောလိုက်သည်။

“ မှန်ပါတယ် ငါတို့က လမ်းပေါ်မှာ တွေ့ဆုံရတာပါ ... သခင်လေးစု ဒီနေရာက စကားစမြည်ပြောလို့ မကောင်းပါဘူး ဒါကြောင့် ဒီညမင်းရဲ့ နေအိမ်ကို ငါလာလည်မယ် ...

... အဲဒီအချိန်ရောက်ရင် မင်းငါ့ကို တံခါးဝကနေ မောင်းမထုတ်ဖို့ မျှော်လင့်မိ ပါတယ်။ ”

ထိုနောက် အလှပဆုံး အပြုံးမျိုးဖြင့် အနည်းငယ်ဦးညွှတ်ကာ နှင်းစံအိမ်ထဲ ပြန်ဝင် သွားတော့်သည်။

“ အစ်ကိုစု၊ သူ ... မရိုးသားဘူး၊ သူ့မှာ အကြံအစည်တစ်ခုခု ရှိနေတယ်။ ”

“ ဟား ဟား ဟား ... ။ ”

စုရီမှရယ်သည်။

“ လင်ရွယ် ... မင်းမြင်တတ်လာပြီ ... စိတ်မပူနဲ့ သူလာဝံ့ရင် ... ငါတံခါးဖွင့်ပေးမှာ မဟုတ်ဘူး။ ”

“ ခစ်ခစ်ခစ် ... ကောင်းပြီအစ်ကိုစု ငါလည်းမင်းအိမ်ကို လိုက်လည်မယ်။ ”

နူးညံ့သော နေရောင်ခြည်သည် သူတို့အပေါ်မှ ဖြာကျလာပြီး သင်းပျံ့သောရနံ့ကို လေနှင့်အတူ သယ်ဆောင်လာ၏။

နှင်းစံအိမ်အတွင်းမှ မန်းဒရင်း ဘဲကလေးသီချင်းသံက သူတို့နှစ်ဦးအနား ရစ်သိုင်းလာသည်။

ဝမ်လင်ရွယ်မှ စုရီ လက်မောင်းကို ရင်းနှီးစွာဖြင့် တွဲခိုလိုက်တော့၏။ လူဝင်စားခဲ့ ပြီးနောက် စုရီအပေါ် စစ်မှန်သော ဂရုစိုက်သည့် လူတစ်ယောက်ကို ပြရမည်ဆိုသော် ဝမ်လင်ရွယ်သာ ရှိပေတော့သည်။

***

( မန်းဒရင်းသီချင်း ဘဲကလေးဟူသည် ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းသော တေးသွား ဖြစ်ချေ၏။

ဤအခန်းတွင် မူရင်းစာရေးဆရာမှ တစ်စုံတစ်ရာအတွက် နောက်ခံတေးသွားအဖြစ် ရည်ရွယ်ကာ ရွေးသုံးချင်နေပုံရသည်။ )

Book-10

All Chapters