← Chapters

စိတ်ဝင်စားမှု

Vol. 009 Ch. 823

စိတ်ဝင်စားမှု

Vol. 009 Ch. 823

နေ့တစ်ဝက်အကြာတွင် အားလုံးသည် ခန်းမထဲမှထွက်လာကြသည်။ သူတို့သည်ဒီနေ့ အဖြစ်အပျက်ကို ပြန်ပြောနေကြသည်။

ကျန်းကျူရှန့်နှင့် ရှီချန်ကျိတို့သည် နောက်ဆုံးမှထွက်ခွာကြသည်။

“ဒီလောက်နှစ်တွေကြာသွားပြီ နောက်ဆုံးတော့ မင်းပြန်လာပြီပေါ့၊ မင်းပြန်မလာဘူးဆိုရင် မင်း ဘယ်လိုပုံလဲဆိုတာတောင် မေ့သွားတော့မယ်” ရှီချန်ကျိသည် ကျောက်တုံးပေါ်နင်းပြီး လျှောက်လာ ကာ ပြောလေသည်။

“ဆယ်နှစ်လောက်ပဲကို” ကျန်းကျူရှန့်သည် မထီမဲ့မြင်ပြုကာ ပြောလေသည် “မင်း ငါ့ကို မမေ့ တာပဲ တော်နေပြီ၊ အဲလိုဆိုရင် မင်းရဲ့ သနားစရာမျက်နှာကို ငါကြည့်စရာမလိုတော့ဘူး”

“မပြောပါနဲ့တော့ မင်းမှာအကောင်းမြင်စိတ်မရှိဘူး၊ မင်း သွားနေတော့ မင်းကိုအရမ်းလွမ်းနေ တာ” ရှီချန်ကျိ လက်သီးနှင့်ထိုးလေသည်။

“မသတီစရာကောင်းအောင်မလုပ်နဲ့” ကျန်းကျူရှန့်သည် သူ့လက်ကိုဆုပ်ကိုင်ကာ ပြန်တွန်းလေ သည်။

“ဟူး ဒီကလေးက အကောင်းမြင်စိတ်ကိုမရှိဘူး” ရှီချန်ကျိသည် မတ်မတ်ရပ်ကာ တွက်ကပ်စွာ ကြည့်လေသည်။

“အကောင်းမြင်စိတ်ကဘာလဲ စားရတဲ့ဟာလား” ကျန်းကျူရှန့် မေးလေသည်။

“…. တကယ်ကိုမဖြစ်တော့ဘူး” ရှီချန်ကျိ သက်ပြင်းချလေသည် “မင်း ပြန်မလာတာကြာပြီဆို တော့ သွားသောက်ရအောင်”

“စိတ်မဝင်စားဘူး ငါလုပ်စရာရှိသေးတယ်” ကျန်းကျူရှန့် ပြောလေသည်။

“ကျန်းမိသားစုကိစ္စလား”

“အင်း”

“ငါတို့ ကျန်းကျူကျိကိစ္စကို လျစ်လျူရှုမိလို့ သူ့ကိုကယ်ဖို့ ကျန်းမိသားစုကို ခွင့်ပြုမိသလိုဖြစ်သွား တယ်၊ မင်းသာ ဒီတစ်ကြိမ်ကိုပြန်မလာရင် ငါတို့မင်းကိုပြန်ခေါ်တော့မလို့” ရှီချန်ကျိသည် အားနာသလို ပြောလေသည်။

“ဒါက မင်းနဲ့တာဝန်မဟုတ်ပါဘူး” ကျန်းကျူရှန့် ပြောလေသည် “ကျန်းမိသားစုက သာမာန် အင်အားမဟုတ်ဘူးလေ၊ သူ့ကို သူတို့ရှာတွေ့မယ်ဆိုတာကလည်း မသိထားတာ မဟုတ်ဘူးလေ”

“အဲတော့ နောက်ကိုဘာလုပ်မှာလဲ”

“ကျန်းမိသားစုရဲ့ အလုပ်လုပ်တဲ့စတိုင်နဲ့ဆိုရင် ငါ ကျန်းကျူကျိနေရာမှာ အစားဝင်ထားတယ်ဆို တာသိရင် ငါ့ကိုရှာဖို့ဂိုဏ်းကို သေချာပေါက်သွားကြမှာပဲ၊ ကျန်းကျူကျိကို ဖမ်းတာ မင်းဆိုတာကို သူတို့ မသိသေးဘူးမလား”

“မသိသေးဘူး ငါတို့လူတွေက နှုတ်လုံတယ်” ရှီချန်ကျိ ပြောလေသည်။

“ဒါဆိုရင် သူတို့သေချာပေါက် ကောင်းကင်ဂိုဏ်းကိုသွားကြမှာပဲ”

“မင်း ကောင်းကင်ဂိုဏ်းကိုပြန်မလို့လား” ရှီချန်ကျိသည် သူ့ကိုကြည့်လေသည် “မင်း အခုဆို ရင် အလိုရှိတဲ့လူတစ်ယောက်ဖြစ်နေပြီ၊ မင်းကိုကမ္ဘာအဆုံးထိ လိုက်ကြတော့မှာ အရူးအနှမ်းတွေ လျှောက်မလုပ်နဲ့”

“ငါ ကောင်းကင်ဂိုဏ်းကိုပြန်မယ်လို့ပြောလို့လား အပိုတွေမလုပ်နဲ့” ကျန်းကျူရှန့် ရေရွတ် လေသည်။

“မင်း ကျန်းကျူကျိကို လက်စားသွားချေမှာမဟုတ်ဘူးလား”

“ချေမှာလေ ဒါပေမဲ့ ကောင်းကင်ဂိုဏ်းကိုမသွားဘူး”

“ဒါဆို ဘယ်သွားမှာလဲ”

“အဂ္ဂိရတ်ပညာပြိုင်ပွဲက စတော့မယ် ကျန်းမိသားစုက သူ့ကိုသေချာပေါက်ခေါ်သွားမှာပဲ”

“မင်းက အဂ္ဂိရတ်ပညာပြိုင်ပွဲကိုသွားမလို့လား၊ ဝင်ပြိုင်မလို့လား” ရှီချန်းကျိသည် သူ့အား တအံ့တသြကြည့်လေသည်။

“ဝင်ပြိုင်တာက နောက်ကိစ္စတစ်ခု၊ ဘယ်လိုပဲဖြစ်ဖြစ် သွားရမယ်” ကျန်းကျူရှန့် ပြောလေ သည်။ “ဘယ်လောက်လိုသေးလဲ”

“၂နှစ်တောင်မလိုတော့ဘူး၊ တံခါးပိတ် တစ်ခါလောက်ကျင့်ကြံတာဆိုရင် ပြည့်သွားပြီ” ရှီချန်ကျိ ပြန်ဖြေလေသည်။

“အင်း ဒါဆိုရင်မြို့ဝင်ဖို့အတွက် လိုအပ်တာတွေရဖို့ ကူညီပေးဦး”

“ဒါဆို ငါတို့သေချာပေါက်သွားပြိုင်မှာပေါ့” ရှီချန်ကျိ ပြောလေသည် “မင်း တခြားသူတွေနဲ့ရှိ တယ်ဆိုရင်ကို အဆင်ပြေပါတယ်”

“အင်း ဒါနဲ့ အံ့ဖွယ်တမန်တော်မူက မနက်ဖြန်ကို အပြင်ပိုင်းဒေသကိုသွားမယ်တဲ့ မင်းက ဘယ်တော့သွားမှာလဲ” ကျန်းကျူရှန့် ပြန်ဖြေလေသည်။

“နောက်၂ရက်နေရင် ပြောမယ်၊ သူတကယ်ပဲ အားကောင်းတယ်လို့ သူ့ကိုယ်သူထင် နေတာလား၊ ကျောက်ကိုအရင်ကြိတ်ခိုင်းလိုက်ဦး၊ ဒါဆိုရင် ဘဝင်မြင့်လို့မရဘူးဆိုတာ သိသွားလိမ့် မယ်” ရှီချန်ကျိသည် အံ့ဖွယ်တမန်တော်မူကို စက်ဆုပ်ရွံရှာနေသည်။ ထိုလူသည် ဝဖိုင့်ကာ ကြီးမား သောနားရွက်များရှိကာ မျက်ခုံးမှာလည်း သူခိုးများကဲ့သို့ဖြစ်ပြီး ကြွက်မျက်နှာရှိသည်။ သူသည် သူ့ ထက်သာလွန်သော လူများကိုပစ်မှတ်ထားလေ့ရှိသည်။ သူ့ကိုကြည့်ရသည်မှာ မသတီစရာပင်။

“ငါ ဂိုစ်းမှာနှစ်တွေအများကြီးနေလာပေမယ့် နားမလည်တာရှိတယ်၊ သူတို့ သံယောဇဉ်က နက်ရှိုင်းတယ်” ကျန်းကျူရှန့်ပြောလေသည် “မင်းက အံ့ဖွယ်တမန်တော်မူရဲ့ ကိစ္စကို စစ်ဆေးဖို့ ညွှန်ကြားခံထားရတာဆိုတော့ အဲဒီမှာအရမ်းဂရုစိုက်ရမယ်၊ သူတို့နဲ့ ရင်မဆိုင်တာ ပိုကောင်းမယ်”

“မင်းပြောတဲ့ပုံကြည့်ရတာ အဲနေရာနဲ့ပတ်သတ်ပြီး သံယောဇဉ်ရှိသေးတဲ့ပုံပဲ” ရှီချန်းကျိ သည် သူ့ကိုကြည့်သောအကြည့်ကို ပြန်ကြည့်ကာ “မငြင်းနဲ့၊ မင်းကြည့်ရတာအဆင်ပြေတဲ့ပုံပေါက် ပေမယ့် မင်းစိတ်ထဲမှာ မကောင်းဘူးဆိုတာ ငါသိတယ်”

“အကုန်နားလည်သလိုမျိုးမပြောနဲ့”

ရှီချန်းကျိသည် သူ့ပခုံးကိုပုတ်လိုက်သည် “ခေါင်းမမာစမ်းပါနဲ့၊ မင်း ဒီရောက်ကတည်းက မင်းကိုသိလာတာ၊ မင်းကိုသိတာ ငါ့အပြင်မရှိပါဘူးကွာ်၊ ဝမ်းနည်းတယ်လို့ပြောတာ ရှက်စရာမရှိဘူး ငါသာ ဆရာနဲ့ ဆရာတူတပည့်တွေကို သစ္စာဖောက်ရမယ်ဆိုရင်လည်း ဝမ်းနည်းမိမှာပဲ”

ကျန်းကျူရှန့်သည် သူ့လက်ကိုရိုက်ချလိုက်သည်။

ရှီချန်းကျိသည် ဂရုမစိုက်ပေ “သွားမယ်၊ သွားသောက်ကြမယ်၊ ငါ့ကိုအပြင်ပိုင်းဒေသကိစ္စ တွေကို ပြောပြဦး၊ အပြင်ပိုင်းဒေသကို သွားတာ ငါ့အတွက် ပထမဆုံးပဲ၊ ငါ့ကို ဘာမှမသိပဲ သွားရ အောင်မလုပ်နဲ့၊ မဟုတ်ရင် ငါဘယ်လိုလုပ်ကိုင်တွယ်နိုင်မှာလဲ ဟုတ်တယ်မလား သွားမယ်…”

ကျန်းကျူရှန့်သည် အကူအညီမဲ့စွာ ဆွဲခေါ်သွားခံရလေသည်။ အပြင်ပိုင်းဒေသကိစ္စများကို သူ့ကိုပြောပြထားခြင်းမှာ ကောင်းမည်။  အခြေအနေများမသိပဲ အပြင်ပိုင်းဒေသသို့ သွား၍မဖြစ်ပေ။

သို့သော် ရှီချန်းကျိထုတ်လိုက်သော အသီးဝိုင်ကိုမြင်သောအခါ သူ နှုတ်ဆိတ်သွားသည်။

“ကျူရှန့် ဒါက နာမည်ကြီးနေတဲ့ အသီးဝိုင်ပဲ၊ သောက်ကြည့် ပြီးမှ တခြားဝိုင်တွေသောက်ရ အောင်၊ မင်းကိုပြောမယ် ဒါက အမှတ်တရစားသောက်ဆိုင်က ဖော်ထားတာ၊ သယ်လာလို့မလွယ် ဘူး၊ ငါ ရအောင်နည်းနည်းယူခဲ့တယ်” ရှီချန်ကျိသည် ဂုဏ်ယူစွာပြောလေသည်။

ကျန်းကျူရှန့်သည် အသီးဝိုင်ယူကာ တစ်ကျိုက်သောက်ပြီး ဘာမှမပြောပေ။

“ဘာလို့လဲ မကောင်းဘူးလား ငါက မင်းအတွက်အထူးဧည့်ခံတာလေ၊ ဒါဆို ခဏစောင့် ငါ မင်းအတွက် ခြံထဲမှာမြှုပ်ထားတဲ့ ဝိုင်သွားတူးလိုက်ဦးမယ်၊ အခုဆိုအရသာပြင်းလောက်ပြီ” ရှီချန်းကျိသည် သူ့မျက်နှာထားကို သတိထားမိကာ ဝိုင်သည် မပြင်းသောကြောင့်ဟု တွေး ထင်သွားသည်။

ကျန်းကျူရှန့်သည် သူ့ကိုပြန်မဖြေပေ။ ရှီချန်ကျိသည် သူ့ကိုလက်ခံသည်ဟု မှတ်ယူကာ မြေအောက်ရှိ ဝိုင်ကိုတူးရန် ထွက်သွားလေသည်။

ကျန်းကျူရှန့်သည် တစ်ခွက်ပြီးတစ်ခွက် ကိုယ့်ဘာသာငဲ့ကာ ရှီချန်းကျိ ပြန်လာချိန်တွင် ဝိုင် တစ်ကရားလုံး ကုန်လုနီးပါးဖြစ်နေပြီ။

သူအကြိုက်ဆုံးဝိုင်ကုန်သွားသည်ကို မြင်သောအခါ ချက်ချင်းပင် အော်လေသည် “မင်း မင်း မင်း… မင်း ငါ့ကိုနှင်ထုတ်ပြီးတော့ ဝိုင်အကုန်သောက်လိုက်တာလား၊ ငါဘာမှတောင် မသောက် လိုက်ရဘူး”

ကျန်းကျူရှန့်သည် လက်ကိုဝေ့ရမ်းလိုက်သည်နှင့် သူတို့ရှေ့တွင် အရသာမျိုးစုံ အသီးဝိုင် ပုလင်းများ ပေါ်လာလေသည်။

“မင်း ထပ်မအော်အောင်လို့ ငါလျော်ပေးမယ်”

ရှီချန်းကျိသည် ဝိုင်ကရားအားလုံးကိုဖွင့်ကာ တစ်ပုလင်းဆီအနံ့ခံကြည့်ပြီး သူ့ကို တအံ့တသြကြည့်လေသည် “ဒီဝိုင်က ထုတ်သွားလို့မရဘူးမလား၊ ငါ တစ်ပုလင်းရဖို့ကို အတော် ကြိုးစားလိုက်ရတယ်၊ မင်းမှာဘာလို့ဒီလောက်များနေတာလဲ၊ မင်း အပြင်ပိုင်းဒေသမှာတုန်းက အမှတ်တရစားသောက်ဆိုင်မှာ အလုပ်လုပ်ခဲ့တာလား၊ စားပွဲထိုးလုပ်ခဲ့တာလား”

ကျန်းကျူရှန့်သည် မျက်လုံးလှန်လိုက်သည်။ သူ့အတွေးကတော့ လေးစားစရာပဲ။

“ဒါက ငါ့ဂျူနီယာညီလေး စပ်ထားတာ၊ မြောင့်ရွှမ်နဲ့ ရှောင်ရှောင်က သောက်ရတာကြိုက် တော့ ငါတို့ကို တစ်ဒါဇင်စီလောက်ပေးထားတာ”

သူတို့အကြောင်းပြောလိုက်သည်နှင့် သူ့စိတ်များ မှုန်သုန်သွားရသည်။

“ဒါဇင်လိုက်တောင်ပေးတယ်ဟုတ်လား” ရှီချန်းကျိသည် ထခုန်လေသည် “ကျူရှန့် ငါတို့ ခင်လာတာ ဒီလောက်နှစ်တွေကြာနေပြီ မင်းမှာအများကြီးရှိမှတော့ ငါ့ကိုနည်းနည်းပေး”

“အင်း”

ရှီချန်းကျိသည် အသီးဝိုင်ပုလင်းများကို ယူကာ သူယူလာသော သေရည်အပြင်းစားများကို အစားထိုးလိုက်သည်။ “ဒီနေ့တော့ သောက်ရင်းနဲ့ ငါ့ကိုအပြင်ပိုင်းဒေသအကြောင်းတွေပြောပြ….”

တစ်ရက်ကြာပြီးနောက်တွင် ရှီချန်းကျိသည် စားပွဲပေါ်ရှိ မူးနေသောလူကိုကြည့်လိုက်သည်။ သူသည် သူ့ဘာသာရေရွတ်လိုက်သည် “မင်း အသီးဝိုင်တွေအများကြီးသောက်ပြီး သောက်နိုင်ရည် ကလည်း ပိုဆိုးလာတယ်၊ မင်းကိုပြောမယ်၊ ငါ တကယ်ပဲမင်းရဲ့ ဆရာတူညီအစ်ကို ၃ယောက်ကို သိချင်မိတယ်၊ ငါ နောက်ရက်နည်းနည်းလောက်နေမှသွားမလို့ စဉ်းစားထားတာ ဒါပေမဲ့ငါထပ်ပြီး မစောင့်နိုင်တော့ဘူး၊ မင်းဒီမှာ လှဲနေလိုက်၊ ငါ အပြင်ပိုင်းဒေသကိုသွားမယ် ဒါနဲ့ ကျန်းကျူကျိလည်း အဲမှာရှိလားဆိုတာ ငါကြည့်လိုက်မယ်…”

သူပြောပြီးနောက်တွင် နယ်နိမိတ်ဖျက်အဆောင်ထုတ်ကာ လေဟာပြင်ဝင်ပေါက်ဖွင့်ပြီး ခြံဝန်းထဲတွင် တစ်ယောက်တည်းမူးနေသော ကျန်းကျူရှန့်ကိုထားပြီး ထွက်သွားလေသည်။

***

All Chapters