← Chapters

အံ့ဖွယ်နတ်ဆိုးတောင်ကြားနှင့် ဆက်သွယ်ခြင်း

Vol. 009 Ch. 824

အံ့ဖွယ်နတ်ဆိုးတောင်ကြားနှင့် ဆက်သွယ်ခြင်း

Vol. 009 Ch. 824

ကောင်းကင်မြို့.. စည်ကားတိုးတက်မှုအရှိဆုံး ရွှဲဖူလမ်း..

ယူယူသည် ရွှမ်းယွမ်ဆိုင်မှထွက်ပြီး မီတာ၂၀၀လောက်လျှောက်ခဲ့သည်။ သူမသည် ဆိုင်တစ် ဆိုင်ရှေ့တွင်ရပ်ပြီး သတ္တုပြားတံခါးပေါ်ရှိ အမှတ်အသားကိုဖတ်လိုက်သည်။ သူမသည် ခေတ္တမျှ တွေဝေသွားပြီးနောက် ဝင်လိုက်သည်။

“ဂုဏ်သရေရှိဧည့်သည်မင်း ဘာကူညီပေးရမလဲ၊ ကျွန်တော်တို့မှာ ဆေးတွေ၊ တည်ဆောက်မှု တွေနဲ့…” စာရေးသည် ရောက်လာပြီး အပြုံးဖြင့်မေးလေသည်။

“ဒီကတာဝန်ရှိသူလား” ရှီမာယူယူ မေးလိုက်သည်။

“တောင်းပန်ပါတယ်၊ ကျွန်တော်တို့ဆိုင်ရှင်က ဒီနေ့ ကိစ္စတစ်ခုပေါ်လာလို့ ဆိုင်မှာမရှိပါဘူး” စာရေးမှ တောင်းပန်လေသည်။

“ကျွန်တော် ဆိုင်ရှင်ကိုမေးချင်တာရှိလို့ပါ” ပြောရင်းနှင့် သူမ တစ်စုံတစ်ခုကိုထုတ်လိုက်သည်။

“ဒါပေမဲ့ ကျွန်တော်တို့ဆိုင်ရှင်က…” စာရေးသည် ငြင်းဆိုချင်သည်။ သို့သော် သူမ လက်မှ သွေးလက်စွပ်ကိုမြင်သောအခါ ခေတ္တမျှခဲသွားပြီး သူမကိုကြည့်ကာ အနောက်ဆုတ်ပြီး အရိုအသေပေး ရန် ပြင်လေသည်။

ရှီမာယူယူသည် သူ့လက်မောင်းအား ဆုပ်ကိုင်လိုက်သည်။ သူမသည် ဆိုင်ထဲရှိတခြား ဝယ်သူ များကိုကြည့်ကာ ပြောလိုက်သည် “လူမြင်ကွင်းမှာမလုပ်ပါနဲ့”

“ဟုတ်ကဲ့ပါ တောင်ကြားသခင်လေး” စာရေး ပြန်ဖြေလေသည် “တောင်ကြားသခင်လေး ကျွန်တော်နဲ့အထဲကိုလိုက်ခဲ့ပါ”

ရှီမာယူယူ ခေါင်းညိမ့်ကာ စာရေးနောက်လိုက်လေသည်။

“ဆိုင်ရှင်ဘယ်မှာလဲ”

“တောင်ကြားက လူလာလို့ ဆိုင်ရှင်က သူ့ကိုအနောက်ထဲမှာတွေ့နေပါတယ်” စာရေး ပြန်ဖြေ လေသည်။

“ဘယ်သူလာတာလဲ”

စာရေးသည် ခေါင်းရမ်းလေသည်။ “ကျွန်တော်လည်းမသိဘူး၊ သူစိမ်းတွေတော့ ဝင်ခွင့်မပြုဘူး တောင်ကြားသခင်လေးက ဆိုင်ရှင်ကိုပဲရှာတာဆိုရင်တော့ ကျွန်တော်အဲဒီကိုခေါ်သွားပေးလို့ရတယ်”

“တွေ့လို့ရလား”

“ရပါတယ်” စာရေးသည် တက်ကြွစွာပြန်ဖြေလေသည် “တောင်ကြားသခင်လေးက ကောင်းကင်ဂိုဏ်းမှာရှိတယ်ဆိုတာကို ဆိုင်ရှင်က ကျွန်တော်တို့ကို အမြဲပြောနေတာ၊ ဒါပေမဲ့ တစ်ခါမှ မတွေ့ဖူးဘူး၊ ကျွန်တော်တို့ မနှောင့်ယှက်ရဲလို့ တောင်ကြားသခင်လေး လာလည်တဲ့အချိန်ကိုပဲ စောင့် နေရတာ၊ တောင်ကြားသခင်လေးလာလည်တာကို သူသိရင် သူလည်းပျော်မှာပဲ”

ရှီမာယူယူ ပြုံးလိုက်သည်။

“တောင်ကြားသခင်လေး နောက်ကလိုက်ခဲ့ပါ”

စာရေးသည် သူမအား အနောက်ဘက်တံခါးသို့ခေါ်သွားပြီး လမ်းကြားကိုဖြတ်ကျော်လျှောက် ရာ ခြံအနောက်သို့ရောက်လေသည်။

မိုဖင်းယွမ်သည် အခန်းထဲတွင် ဖန်ဒုံနှင့် စကားလက်ဆုံကျနေသည်။ သူတို့သည် ခြံဝန်းထဲသို့ တစ်စုံတစ်ယောက်ဝင်လာသည်ကို ရုတ်တရက်ခံစားလိုက်ရသည်။

“ဘာလဲ” သူသည် အခန်းကိုဖြတ်ကျော်လာသည်။

“ဆိုင်ရှင် တောင်ကြားသခင်လေးလာပါတယ်” ပြန်ဖြေလိုက်သည်။

မိုဖင်းယွမ်နှင့် ဖန်ဒုံတို့သည် မတ်တပ်ရပ်ကာ တစ်ယောက်နှင့် တစ်ယောက်ကြည့်လိုက်ကြ သည်။ သူတို့သည် တံခါးကို ဖွင့်ကာ စိတ်လှုပ်ရှားစွာ ထွက်သွားလိုက်သည်။

“တောင်ကြားသခင်လေးကို နှုတ်ဆက်ပါတယ်” နှစ်ယောက်သား အရိုအသေပေးလေသည်။

“ဦးလေးဖန် ဟား တောင်ကြားကလူဆိုတာ ဦးလေးဖြစ်နေမယ်လို့ထင်မထားဘူး” ရှီမာယူယူ သည် ဖန်ဒုံအား မှတ်မိကာ ပျော်ရွှင်စွာ လျှောက်လာလေသည်။

ဖန်ဒုံလည်း ပျော်ရွှင်သွားကာ ပြုံးလေသည် “တောင်ကြားသခင်လေးကို ဒီမှာတွေ့ရမယ်လို့ မထင်မိဘူး”

“ဖန်ဒုံ မင်း တောင်ကြားသခင်လေးကို အရင်ကတွေ့ဖူးတာလား” မိုဖင်းယွမ်သည် မေးခွန်း ထုတ်လေသည်။

“အင်း တောင်ကြားသခင်လေး အနိမ့်ပိုင်းတိုင်းပြည်မှာတုန်းက ဒုတောင်ကြားသခင်ရဲ့ အမိန့်နဲ့ တောင်ကြားသခင်လေးကို ရှာဖို့သွားဖူးတယ်၊ ငါတို့ အတူစားသောက်ခဲ့ကြသေးတယ်” ဖန်ဒုံပြန်ဖြေ လေသည်။

“မင်းပြောတာ မကြားဖူးပါဘူး” မိုဖင်းယွမ် လေတိုးသံဖြင့်ပြောလေသည်။ ထို့နောက်တွင် သူ သည် ယူယူအားခေါ်လာသော စာရေးအား ပြောလိုက်သည် “ရှီလေး အားလုံးကိုသွားပြောလိုက် ဒီနေ့ ဆိုင်ပိတ်မယ်၊ တောင်ကြားသခင်လေးကိုတွေ့ဖို့ အားလုံးကိုခေါ်ခဲ့လိုက်”

“ဟုတ်ကဲ့ပါ” ရှီလေးသည် ပျော်ရွှင်စွာထွက်သွားလေသည်။

“တောင်ကြားသခင်လေး ကျွန်တော်က ဒီကဆိုင်ရှင်မိုဖင်းယွမ်ပါ၊ အထဲသွားရအောင် ခဏနေ ရင် ရှီလေးက အားလုံးကိုဒီကိုခေါ်လာလိမ့်မယ်” မိုဖင်းယွမ် ပြောလေသည်။ “တောင်ကြားသခင်လေး ကြွပ်”

ရှီမာယူယူ ခေါင်းညိမ့်ကာ အထဲသို့လျှောက်သွားလိုက်ပြီး အလယ်နေရာတွင် ဝင်ထိုင်လိုက် သည်။ မိုဖင်းယွမ်နှင့် ဖန်ဒုံတို့သည် သူမ၏ တစ်ဖက်တစ်ချက်တွင် ထိုင်လိုက်ကြသည်။

ရှီလေးသည် လူ သုံး လေးဆယ်ခန့်ကို ခေါ်ကာ ဝင်လာသည်။ အားလုံးသည် ဝင်လာသည်နှင့် သူမကို အရိုအသေပေးကာ “တောင်ကြားသခင်လေးကို နှုတ်ဆက်ပါတယ်”

“အားလုံးထကြပါ” ရှီမာယူယူ ပြုံးလိုက်သည်။

အားလုံးထကာ ရှီမာယူယူအား စိတ်လှုပ်ရှားစွာကြည့်လိုက်ကြသည်။

“တောင်ကြားသခင်လေး နောက်ဆုံးတော့ရောက်လာပြီပေါ့၊ သခင်လေးဒီမှာရှိတယ်ဆိုတာ ကျွန်တော်တို့သိတယ်၊ ဒါပေမဲ့ ဒီလောက်ကြာမှတွေ့ရတယ်” တစ်ယေက်သည် စိတ်လှုပ်ရှားစွာ အော် လေသည်။

“ကျွန်တော်က ဂိုဏ်းမှာစာသင်နေတာ ပြီးတော့ကိစ္စတွေလည်း ဆက်တိုက်ဖြစ်နေလို့ လာ မလည်နိုင်တာပါ” ရှီမာယူယူ ပြောလိုက်သည်။

“အခုတွေ့တာလည်း နောက်မကျပါဘူး ဟီးဟီး တောင်ကြားသခင်လေး သခင်လေးက အဂ္ဂိရတ်ပညာမှာ အရမ်းတော်တယ်လို့ကြားတယ် ကျွန်တော်တို့ကို ဘယ်တော့လောက် အကြံပေးနိုင် မလဲ”

“ရပါတယ် ဒါပေမဲ့ ဒီတစ်ခါတော့မဖြစ်သေးဘူး ကျွန်တော် ဆိုင်ရှင်မိုကို မေးချင်တာရှိလို့” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

ရှီမာယူယူ သူ့ကိုမေးချင်သည်ဟု မိုဖင်းယွမ်ကြားလိုက်သည်နှင့် အားလုံးကိုလက်ရမ်းပြကာ ပြောလိုက်သည် “တောင်ကြားသခင်လေးရောက်လာပြီဆိုတော့ အားလုံးလည်းတွေ့ပြီးကြပြီ နောက် ကျ တွေ့ဖို့အခွင့်အရေးတွေရှိဦးမှာပဲ အားလုံးပဲ ပြန်လိုက်ကြတော့”

အားလုံးသည် ထွက်မသွားချင်သော်လည်း ရှီမာယူယူ ကိစ္စရှင်းရန်အတွက် ထွက်သွားရလေ သည်။

“တောင်ကြားသခင်လေး ကျွန်တော်တို့ သခင်လေးရဲ့ ဒီနေ့ကိစ္စကိုနှောင့်နှေးအောင်မလုပ် တော့ပါဘူး၊ ဒါပေမဲ့ အချိန်ရရင်တော့ တစ်ခါတစ်လေလာခဲ့ပါ”

ရှီမာယူယူသည် ပြုံးပြီးခေါင်းညိမ့်လိုက်သည်။

“ဒါဆို ကျွန်တော်တို့သွားလိုက်ပါတော့မယ်”

သူတို့သွားမည်ဟု ပြောကာ အခန်းမှထွက်သော်လည်း ခြံထဲမှမထွက်လိုကြပေ။

“တောင်ကြားသခင်လေး ဘာများပြောစရာရှိလို့လဲ” မိုဖင်းယွမ် မေးလေသည်။

“ဒီလိုပါ ကျွန်တော်ကအစတုန်းက အတွင်းပိုင်းဒေသနဲ့ ဆက်သွယ်ချင်တာ၊ ဦးလေးဖန်က ဒီမှာ ရှိနေတာဆိုတော့ သူ့ကိုပဲတိုက်ရိုက်မေးလိုက်ပါတော့မယ်” ရှီမာယူယူ ပြောလိုက်သည်။

“တောင်ကြားသခင်လေး မေးချင်မှတော့ မေးသာမေးပါ” ဖန်ဒုံပြောလိုက်သည် “ဒါပေမဲ့ ကျွန်တော်က တောင်ကြားမှာ ရာထူးမမြင့်တော့ အများကြီးတော့မသိဘူး”

“လျှို့ဝှက်ချက်တွေဘာတွေ မမေးပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော့်စီနီယာ အစ်ကိုရဲ့ သတင်းများကြားသလားလို့ မေးချင်တာပါ”

“သခင်လေးဝူလင်းယူလား” ဖန်ဒုံမေးလိုက်သ်ည။

ရှီမာယူယူ ခေါင်းညိမ့်လိုက်သည်။ “ဟုတ်တယ် ကျွန်တော် သူနဲ့ အဆက်အသွယ်မရတာ ကြာပြီ သူများတစ်ခုခုဖြစ်လားလို့ စိတ်ပူလို့ပါ”

“သခင်လေးဝူလင်းယူက ပုံမှန်ဆိုရင် ပညာရှိစံအိမ်တော်မှာပဲနေပြီး သတင်းပြန်ပို့ခဲတယ်၊ ပြီးတော့ သတင်းပို့ရင်တောင် ကျွန်တော်တို့ မသိရဘူး” ဖန်ဒုံပြန်ဖြေလေသည် “တောင်ကြားသခင်လေး မေးချင်တယ်ဆိုရင် ကျွန်တော်ပြန်ပြီး မေးပေးမယ်”

“အင်း ဦးလေးက စီနီယာအစ်ကိုရဲ့အခြေအနေကို စုံစမ်းပေးပါဦး၊ ဆရာက ဒီမှာမရှိတော့ ဆရာတူဦးလေးကိုပဲ ဒုက္ခပေးရတော့မှာပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒါနဲ့ ဦးလေးဖန် ဘယ်တော့ ပြန်မှာလဲ”

“ကျွန်တော်က ဒီကနေရာတိုင်းရဲ့ ကွပ်ကဲသူလေ၊ ဒီမှာစစ်ဆေးပြီးရင်ပြန်မှာ” ဖန်ဒုံပြန်ဖြေလေ သည် “တောင်ကြားသခင်လေး အလျင်လိုတယ်ဆိုရင် စကားပါးပြီး တောင်ကြားကိုစစ်ခိုင်းလို့ရတယ်”

ရှီမာယူယူ စဉ်းစားပြီးနောက် မိုဖင်းယွမ်ကိုမေးလိုက်သည် “ကျွန်တော် စာတစ်စောင်ရေးမယ်ဆို ရင် ဆရာတူဦးလေး မြင်ရမှာလား”

“အင်း”

“ဒါဆိုရင် ကျွန်တော်ဆရာတူဦးလေးကို စာတစ်စောင်ရေးလိုက်မယ်၊ ကျွန်တော့်ကို ယူသွားပေး ပါ၊ မြန်မြန်လေးနော် သတင်းရရင် ကျွန်တော့်ကို ပြောပါ” ရှီမာယူယူသည် မှင်တံနှင့် စာရွက်ကိုထုတ် လိုက်သည်။ ထို့နောက်တွင် သူမသည် မိုဖင်းယွမ်အားပေးလိုက်သည်။

မိုဖင်းယွမ်သည် စာအိတ်ကိုယူကာ “ကျွန်တော် လူလွှတ်ပြီးပို့ခိုင်းလိုက်မယ်”

“ဦးလေးတို့ိကို ဒုက္ခပေးမိပြီ” ရှီမာယူယူ ပြောလိုက်သည်။

“တောင်ကြားနဲ့ တခြားဘာဆက်သွယ်ချင်တာများရှိသေးလဲ”

“အခုချိန်ကတော့မရှိသေးပါဘူး” ရှီမာယူယူ ပြောလိုက်သည် “သတင်းရရင်သာ ကျွန်တော့်ကို ချက်ချင်းပြောပါ”

“ဟုတ်ကဲ့ပါ တောင်ကြားသခင်လေး” မိုဖင်းယွမ်သည် ယူယူ၏ စာနှင့်အတူထွက်သွားလေ သည်။

“တောင်ကြားသခင်လေး တောင်ကြားကိုဘယ်တော့ပြန်ဖို့ အစီအစဉ်ရှိလဲ၊ အဲကလူတွေက သခင်လေးရဲ့ တင့်တယ်မှုကိုမြင်ချင်နေကြပြီ” ဖန်ဒုံပြောလေသည်။

“နောက်၂နှစ်နေရင် ကျွန်တော်ဒီမှာရှင်းစရာကိစ္စတွေရှိသေးတယ်၊ ပြီးတော့ ဂိုဏ်းမှာစာသင် တာလည်းမပြီးသေးဘူး၊ ကျွန်တော်ပြီးတာနဲ့ တောင်ကြားကိုအရင်ဆုံးလာပါမယ်” ရှီမာယူယူ ပြော လိုက်သည် “ဦးလေးဖန် ဦးလေးမျက်ခုံးတွေကြည့်ရတာ စိုးရိမ်နေတဲ့ပုံပဲ တောင်ကြားမှာတစ်ခုခုဖြစ် လို့လား”

***

All Chapters