← Chapters

ပြိုင်စံရှားမှု

Vol. 014 Ch. 1350

ပြိုင်စံရှားမှု

Vol. 014 Ch. 1350

နတ်တောင်ပေါ်သို့ ခြေချလာသည့် မည်သူမဆို တောင်ရှစ်လုံး၏ စွမ်းအားများကို သိရှိကြသည်။  ကျဆင်းလာသည့် မိုးကြိုးတန်းများသည် ကောင်းကင် မိုးကြိုးလမ်းစဉ်သို့ ပြောင်းလဲသွားသည်။ ၎င်းတို့ အတွင်းတွင် ပြင်းထန်သည့် မိုးကြိုးစွမ်းအားများ ပါဝင်နေသည်။ တိုက်ခိုက်မှုသည် တစ်ကြိမ်ထက် တစ်ကြိမ် ပို၍ သန်မာလာသည်။

ထို့ကြောင့် နတ်တောင်မှ ကောင်းကင် မိုးကြိုး စွမ်းအားများသည် လူအများ၏ ခံနိုင်ရည်ကို ကျော်လွန်ကာ သူတို့သည် အဆုံးထိ တောင့်ခံ၍ ဆက်သွားနိုင်စွမ်း မရှိကြပေ။

တစ်စုံတစ်ယောက်က ပြိုင်ဘက်ကင်းဝူထူ မိုးကြိုးနှင့် သဟဇာတ မရှိခဲ့လျှင်ပင် ထိုပညာမျိုးစေ့ကို စိုက်ပျိုးကာ ခန္ဓာကိုယ်တွင်း အပြီးတိုင် ပျော်ဝင်စေပြီး သူတို့ကို ပြိုင်ဘက်ကင်း ဝူထူမိုးကြိုးကို ကျင့်ကြံရန်အတွက် အရည်အချင်းများ ဖွံ့ဖြိုးတိုးတက်လာစေလိမ့်မည်။ ထို့နောက်တွင် သူတို့သည် ဒဏ္ဍာရီရှစ်ခုမှ တစ်ခုဖြစ်သည့် ဝူထူကောင်းကင် မိုးကြိုးလမ်းစဉ်ကို ဆက်ခံနိုင်လိမ့်မည် ဖြစ်သည်။

သို့ဆိုလျှင်ပင် သူတို့သည် ထိုမျှ အားကောင်းသည့် ရိုက်ချက်ကို ခံနိုင်ရည် ရှိလိမ့်မည် မဟုတ်ပေ။ စမ်းသပ်ချက်များ ဆက်သွားနေပုံ အရဆိုလျှင် စွမ်းအားများသည် ပို၍ တိုးလာကာ ကြောက်မက်ဖွယ် ကြီးမား လာပေလိမ့်မည်။

နတ်တောင် အပြင်ဘက်ရှိ ထိုဒဏ္ဍာရီပုဂ္ဂိုလ်များသည် ကောင်းကင်မိုးကြိုး အချက် ၉၀၀ ကို ခံနိုင်ရည် ရှိကြပြီး ရန်ဟောင်၏ အာရုံစိုက်မှုကို ရရှိကာ အင်ပါယာကျီမင်၏ တပည့်အဖြစ် ခေါ်ဆောင်ခြင်း ခံခဲ့ရသည်။

ထိုကဲ့သို့ပင် ယခုတွင်လည်း လူအများတို့သည် အစောပိုင်းတွင် ရရှိလာမည့် အားကောင်းသော မျိုးစေ့များ အားလုံးကို မလိုချင်လျှင်ပင် အခြားကောင်းကင် မိုးကြိုးများကို ဆွဲယူရန်လိုပြီး အခြားလူများကို တိုက်ခိုက်နိုင်ပေသည်။ ထိုသို့ ပြုလုပ်ခြင်းအားဖြင့် သူတို့သည် နတ်တောင်ပေါ်မှ အခြား လူများကို ရှုံးနိမ့်စေကာ ပြိုင်ပွဲဝင်များကို လျော့ကျ စေပေသည်။

ထိုဖြစ်စဉ်သည် ခရမ်းရင့် မြေအောက်လောက၏ လိုအပ်ချက်များကို ပြည့်မီစေရန် အတွက် ပြိုင်ဘက်ကင်း ဝူထူမိုးကြိုး မျိုးစေ့ပေါ်တွင် အလုပ်မဖြစ်ခင်ထိ ဆက်လက် ပြောင်းလဲနေမည် ဖြစ်သည်။ ယင်းသည် သူတို့ကို ကျီမင်၏ လက်အောက်တွင် ကျင့်ကြံရန် အခွင့်အရေး ရရှိစေကာ ပြိုင်ဘက်ကင်း ဝူထူမိုးကြိုးလမ်းစဉ်၏ ဆက်ခံသူ ဖြစ်စေရန် ပြုလုပ်ပေးနိုင်လိမ့်မည် ဖြစ်သည်။

ထို့ကြောင့်ပင် နတ်တောင်ပေါ်တွင် တစ်ချိန်တည်းလိုလို နေရာအနှံ့တွင် မရေတွက်နိုင်သော တိုက်ခိုက်မှုများကို တွေ့မြင်နေရခြင်း ဖြစ်သည်။

ရီဖူရှင်း၊ ရှားရှင်းယွန်နှင့် အခြားလူများသည်လည်း သူတို့ အနီးမှ လူများ၏ မိုးကြိုးဖြင့် တိုက်ခိုက်ခြင်းကို ခံကြရပေသည်။

သူတို့ကို တိုက်ခိုက်သည့် သူမှာ အချို့သော ထင်ရှားသည့် အင်အားစုများမှ လူငယ်မျိုးဆက် တစ်ဦး ဖြစ်ကာ သူသည် မိုးကြိုးစွမ်းရည်တွင် ထူးခြားသော ပါရမီရှိသူ ဖြစ်သည်။ သူသည် အင်ပါယာကျီမင်၏ လက်အောက်တွင် ကျင့်ကြံရန် စိတ်ဆုံးဖြတ်ပြီး နတ်တောင်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

အင်ပါယာကျီမင်၏ လက်အောက်တွင် ကျင့်ကြံရန် လက်ခံခြင်းကို ခံရသူသည် ပြိုင်ဘက်ကင်း ဝူထူမိုးကြိုး လမ်းစဉ် အစစ်အမှန်ကို လေ့လာ ဆည်းပူးနိုင်မည် ဖြစ်သည်။

မိုးကြိုးလမ်းစဉ်ကို ကျင့်ကြံသူများ အတွက် ခရမ်းရင့် ကောင်းကင်နန်းတော်မှ ဆင်းသက် လာသည့် အစစ်အမှန် မိုးကြိုးလမ်းစဉ် ရှစ်မျိုးသည် အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်လိမ့်မည်။

ရီဖူရှင်းသည် လျင်မြန်စွာဖြင့် ရှားရှင်းယွန်ကို ဖေးမကာ ခပ်တိုးတိုး မေးလိုက်သည်။ “အဆင်ပြေရဲ့လား”

ရှားရှင်းယွန်သည် သူမ၏ ခေါင်းကို ခါယမ်းလိုက်သည်။ သူမသည် မိုးကြိုးစွမ်းရည်ကို လေ့ကျင့်မထားသည် ဖြစ်ရာ နတ်တောင်ပေါ်တွင် ခက်ခဲသည့် အချိန်များ ဖြစ်ရပေတော့မည်။

ရီဖူရှင်းသည် သူမကို လွှတ်ပေးလိုက်ပြီး သူတို့ကို တိုက်ခိုက်သည့်သူအား ကြည့်လိုက်သည်။ ထိုသူသည် သူ့ကို တစ်ချက်သာ ကြည့်လိုက်ပြီးနောက် ရှေ့သို့ ဆက်သွားပေသည်။ ထိုသူသည် လက်ကို မလိုက်ပြီး မိုးကြိုး စွမ်းအားများကို ဆွဲယူလိုက်ကာ သူ့လက်ပေါ်တွင် ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း စွမ်းအားများ ပါဝင်လာစေသည်။

ဘုန်း…

မိုးကြိုးလျှပ်စီးတန်းသည် လေထုကို ဖြတ်သန်းသွားပြီး ရီဖူရှင်းသည် သူ ရပ်နေရာမှ ပျောက်ကွယ် သွားခဲ့သည်။ ထိုလူသည် တစ်ခုခုကို ခံစားမိလိုက်ပြီး မျက်မှောင်ကျုံ့လိုက်သည်။ သူသည် လှည့်ကာ ချက်ချင်းပင် လက်ကို ဆန့်ထုတ်လိုက်သည်။ သူ့လက်မှ မိုးကြိုးများသည် ကြီးမားသော ခြေတစ်ချောင်း မိုးကြိုး နွားသိုးကြီးကဲ့သို့ ပြောင်းလဲသွားသည်။ ယင်းသည် အလွန်ပင် ရိုင်းစိုင်း ကြမ်းတမ်း လှသည်။ ၎င်းသည် နတ်မိုးကြိုးများဖြင့် လွှမ်းခြုံထားပြီး ရီဖူရှင်းထံသို့ တိုးဝင် လာသည်။

မိုးကြိုး စွမ်းအားများသည် ကောင်းကင်ကို ဖုံးလွှမ်းထားပြီး ရီဖူရှင်း၏ အနီးတွင် ဝန်းရံနေသည်။

ဘုန်း…

ရီဖူရှင်း၏ ပညာရှိကျမ်း စွမ်းအားများသည် ဆူညံသံနှင့်အတူ ပေါက်ကွဲ ထွက်လာသည်။ မဟာလမ်းစဉ်၏ မီးပြင်းဖိုသည် အလွန် သန့်စင်သည့် မိုးကြိုးနတ်ဘုရား တစ်ပါးကဲ့သို့ ပြောင်းလဲ သွားကာ ကောင်းကင်တွင် မားမားမတ်မတ် ရပ်တည်နေပြီး ယင်း ရပ်နေရာသို့ ထောင်ချီသော မိုးကြိုး လျှပ်စီးများကို ဆွဲယူလိုက်ကာ ၎င်းနှင့် အနီးရှိ လေဟာနယ်အားလုံးကို စုတ်ဖြဲပစ်လိုက်သည်။

ထိုခြေတစ်ချောင်း မိုးကြိုးနွားသိုး ကြီးသည် ဒေါသတကြီး ဟိန်းဟောက် လိုက်သည်။ ပေါက်ကွဲ ထွက်လာသည့် မိုးကြိုးများသည် ၎င်း၏ ခန္ဓာကိုယ်အပြင် ထိုနေရာတစ်ခုလုံးကို ဖုံးလွှမ်းထားပြီး ထောင်ချီသော မိုးကြိုးများသည် ထိုအရာကြီးကို ဖြတ်သန်းကာ ဆက်လက်၍ ပေါက်ကွဲလာနေသည့် စွမ်းအားများက ထိုသူကိုပင် ရိုက်ခတ် သွားလေသည်။

ပြင်းထန်သည့် အလင်းရောင်ကို မြင်ရပြီး ထိုသူသည် ပြင်းထန်စွာ တုန်ခါနေပေသည်။ တောက်ပသည့် မိုးကြိုးအလင်းများက တစ်ဖန် ကျဆင်း လာပြန်သည်။ ရီဖူရှင်းသည် ထိုသူ၏ အရှေ့တွင် ချက်ချင်း ပေါ်လာခဲ့ကာ တိုက်ခိုက်မှုကို ဖော်ထုတ်လိုက်သည်။

ဘုန်း.. တုန်ခါသံကို ကြားလိုက်ရပြီး ထိုလူ၏ ခန္ဓာကိုယ်အတွင်းရှိ မိုးကြိုးစွမ်းအားများက ပေါက်ကွဲထွက်သွားကာ နောက်သို့ လွင့်စဉ်၍ သွေးအန်လိုက်ရသည်။ သူ၏ မျက်လုံးများထဲတွင် ပြင်းထန်သည့် ကြောက်ရွံ့မှုတို့ ပေါ်ပေါက်လာသည်။

နတ်တောင်ပေါ်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခြင်းမှာ သေစေနိုင်သည့် ခြိမ်းခြောက်မှုဖြစ်ကာ ထိုတောင်ပေါ်တွင်ပင် သုတ်သင်ခံရနိုင်ပေသည်။

“သတိထား…” ရှားရှင်းယွန်က သတိပေးလိုက်သည်။ ရီဖူရှင်းက မော့ကြည့်လိုက်၏။ မိုးကြိုးတန်းတစ်ခုက ကျဆင်းလာပြီး သူ၏ ခန္ဓာကိုယ်အတွင်းသို့ နစ်မြုပ်သွားပေသည်။ ရီဖူရှင်းသည် သူ၏ ခန္ဓာကိုယ်က ပေါက်ကွဲ ထွက်သွားတော့မည်ဟု ခံစားလိုက်ရသည်။ သူ၏ စွမ်းအားများက မငြိမ်မသက် ဖြစ်လာပြီး တစ်စုံတစ်ခုသည် သူ၏ ခန္ဓာကိုယ်ထဲတွင် ပဋိပက္ခ ဖြစ်နေပုံရကာ မိုးကြိုးလျှပ်စီး၏ စွမ်းအားမှာ ပို၍ ပြင်းထန်လာသည်။

သူ၏ ခန္ဓာကိုယ်သည် ဆိုင်းငံ့ သွားခဲ့သည်။ သူသည် သူ့ခန္ဓာအတွင်း၌ ပြင်းထန်ကာ တောက်ပသည့် အလင်းများ ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။ ယင်းသည် မဟာလမ်းစဉ် မျိုးစေ့ကဲ့သို့ နတ်တောင်ပေါ်မှ  မိုးကြိုးများသည် သူ့ခန္ဓာ၏ အရူးအမူး ဆွဲဆောင်ခြင်းကို ခံနေရသည်။ ထိုအချင်းအရာ၏ ရလဒ်သည် နောက်ထပ် တိုက်ခိုက်မှုတွင် ပို၍ အားကောင်း လာတော့မည် ဖြစ်သည်။

“ပြိုင်ဘက်ကင်းဝူ ထူမိုးကြိုးရဲ့ မျိုးစေ့လား.. ဟမ်” ရီဖူရှင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ခရမ်းရင့် ကောင်းကင် နန်းတော်သည် ထိုအဆင့်မြင့်အင်ပါယာဘုံတွင် ထိပ်တန်း အင်အားစု ဖြစ်သည်။ သူတို့သည် မယုံကြည်နိုင်စရာပင် တစ်ချိန်တည်းတွင် ရှစ်ခုသော နတ်တောင်များပေါ်တွင် မိုးကြိုးများကို ကျဆင်းစေနိုင်ပြီး မိုးကြိုးလမ်းစဉ် ဆက်နိုင်မည့် သူကို စစ်ထုတ်ပေးနိုင်သည်။

ရီဖူရှင်း၏ ဘေးဘက်မှ ညည်းညူသံကို ကြားရသည်။ သူသည် ထိုနေရာသို့ လှည့်ကြည့် လိုက်လျှင် မိုးကြိုး၏ ရိုက်ချက်ကြောင့် ဒဏ်ရာရနေသူကို တွေ့လိုက်ရပြီး ထိုသူသည် ဤရိုက်ချက်ကို တောင့်ခံနိုင်ခြင်း မရှိချေ။ ထိုလူ၏ အတွင်း ကလီစာများက ဖျက်ဆီးခံလိုက်ရပြီး သူသည် သွေးများ အဆက်မပြတ် အန်နေပေသည်။  သူ၏ ခန္ဓာကိုယ်သည် နတ်တောင်ပေါ်မှ ဆက်လက် လိမ့်ဆင်း သွားခဲ့သည်။

သို့သော် မည်သူကမှ သူ့ကို ကြည့်မနေပေ။ သူသည် ထူးချွန်သည့် အရည်အချင်းရှိသော ပါရမီရှင် ဖြစ်သော်လည်း နတ်တောင်ပေါ်သို့ အရဲစွန့်တက်လာသည့်အခါတွင် သူတို့သည် လူအုပ်ထဲမှ သာမန် လူတစ်ယောက်သာ ဖြစ်သွားပေသည်။ ဤနေရာတွင် အလွန်များပြားသော ပါရမီရှင်များ ရှိနေလေရာ သူသည် အရေးမပါသောသူ ဖြစ်သွားစေသည်။ သူက တောင်ပေါ်တွင် သေသွားလျှင်ပင် သူသည် အရည်အချင်း မရှိသည့်အတွက် အပြစ်တင်ခံရပေလိမ့်မည်။

လူတိုင်းသည် ဝူထူနတ်တောင်က မည်မျှ အန္တရာယ်များသည်ကို သိရှိကြပေသည်။ တစ်စုံတစ်ယောက်သည် အလုပ်တစ်ခုကို လုပ်သည့်အခါ ကောင်းကျိုး ဆိုးကျိုးများကို ချိန်ဆ တတ်ရပေမည်။

အန္တရာယ်များ ပတ်လည် ဝိုင်းရံနေလျှင်ပင် မရေတွက်နိုင်သော လူများက နတ်တောင်သို့ သွားရောက် ကြပေသည်။

သို့သော်လည်း လူအများသည် တောင်ပေါ်မှ စွန့်ခွာရန် ဖိအားပေးခံရပြီး အခြား လူများသည်တော့ အချိန်တိုအတွင်း ထိခိုက်ဒဏ်ရာများ ရရှိကြပေသည်။ အခြား လူများသည်လည်း ထိုသူကဲ့သို့ပင် ကြောက်မက်ဖွယ် နာကျင်ခံစားကာ အဆုံးသတ်ရပေသည်။

နောက်ထပ် မိုးကြိုးတစ်ချက်သာ သူ့ကို ရိုက်ခတ်လာလျှင် သူ့အတွက် သေခြင်းတရားက စောင့်ကြို နေမည်သာ ဖြစ်သည်။

“မိုးကြိုးလမ်းစဉ် မကျင့်ကြံတဲ့သူတွေ ကိုယ့်ရဲ့ ခန္ဓာကိုယ် အနေအထားကို ကိုယ် ချင့်ချိန်ပြီး မခံနိုင်ရင် တောင်ပေါ်ကနေ ဆင်းသွားလို့ရတယ်” ရီဖူရှင်းသည် ရှားရှင်းယွန်နှင့် အခြားလူများကို ပြောလိုက်သည်။

ရှားရှင်းယွန်က ခေါင်းညိတ် လိုက်သည်။ မိုးကြိုးလမ်းစဉ်ကို မကျင့်ကြံ သူများအတွက် နတ်တောင်ပေါ်တွင် နေခြင်းမှာ အကျိုးမရှိဟု ဆုံးဖြတ်နိုင်သည်။ ထိုလူ၏ တိုက်ခိုက်မှုက ချက်ချင်းပင် မိုးကြိုးစီးကြောင်း တစ်ခုကို ဆွဲငင်သွားကာ နတ်တောင်ကို ဖြတ်သန်းသွားစေခဲ့သည်။

“ကျုပ် ဆက်သွားမယ်” ရီဖူရှင်းက ပြောပြီးသည်နှင့် သူ့ခန္ဓာကိုယ်သည် ကောင်းကင်သို့ တက်သွားကာ နတ်တောင်ရှိ ပိုမိုမြင့်မားသော နေရာသို့ ဦးတည်သွားခဲ့သည်။

ထောင်ချီသော မိုးကြိုးလျှပ်စီးတန်းများ၏ အလင်းသည် ရီဖူရှင်းပေါ်တွင် ပေါ်ပေါက်လာပြီး  အဆုံးမဲ့ ဖြန့်ကြက်ထားသည့် သဏ္ဌာန်မဲ့ ပိုက်ကွန်ကြီးနှင့် တူပေသည်။

ဘုန်း…

မိုးကြိုးများက အထက်မှ ကျဆင်းလာပြီး အကန့်အသတ်မဲ့ မိုးကြိုးစွမ်းအားများက ကောင်းကင် တစ်ခွင်လုံးတွင် ပြည့်နှက်နေသည်။ ကောင်းကင်မိုးကြိုးသည် သူ့ခန္ဓာကိုယ်အတွင်းသို့ ရိုက်ခတ် လာသည်။ သူ၏ သက်စောင့်ဟော်နန်းမှ လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါများ ထုတ်လွှတ်လာကာ သူ၏ ခန္ဓာအတွင်းမှ စိမ့်ထွက်လာပေသည်။ ရှေးဟောင်းသစ်ပင် ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကို ဖြတ်ကာ ဖြန့်ကြက်လာပြီးနောက် သူ၏ ခန္ဓာကိုယ်ကို သစ်ပင်ပင်စည်ကဲ့သို့ ထင်မှတ်ရစေသည်။

မိုးကြိုးစွမ်းအားများက သူ့ခန္ဓာ တစ်လျှောက် ဖြတ်သန်း စီးဆင်းနေပြီး ချက်ချင်းပင် ထိုသစ်ပင်၏ ဝါးမျိုခြင်းကို ခံလိုက်ရကာ တဖြည်းဖြည်း ပျော်ဝင်သွားသည်။  ထိုမိုးကြိုး မျိုးစေ့သည်လည်း ရှေးဟောင်းသစ်ပင် အမြစ်များ၏ စုပ်ယူခြင်းကို ခံခဲ့ရကာ အမြစ်များကို မိုးကြိုးတို့ဖြင့် တောက်ပ နေစေသည်။

ရီဖူရှင်းသည် ထိုသို့သော အဖြစ်အပျက်မျိုးနှင့် အလွန်ပင် အသားကျလာသည်ဟု ထင်မြင်ရပြီး  ထိုနေရာ၏ မည်သည့် ထူးခြားချက်ကိုမှ မခံစားရတော့ပေ။

နတ်တောင်မှ မိုးကြိုးများသည် ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ဖြတ်ကာ တိုးဝှေ့နေပြီး သူ၏ အနီးမှ မိုးကြိုးစွမ်းအား များသည်လည်း ပြင်းထန်သထက် ပြင်းထန်လာသည်။  သူ၏ ခန္ဓာသည် ရှေ့သို့ ဆက်လက် သွားရောက်နေပြီး လူပေါင်းများစွာကို ကျော်လွန် သွားခဲ့သည်။ သူသည် တဖြည်းဖြည်းနှင့် အလွန်ဝေးကွာစွာ သွားနိုင်သည့် လက်တစ်ဆုပ်စာ လူများအတွင်းမှ တစ်ယောက် ဖြစ်လာခဲ့သည်။

သူသည် အမြင့်သို့ ပိုရောက်လာလေ မိုးကြိုးစွမ်းအားများက ပို၍ အားကောင်းလာလေ ဖြစ်သည်။ မိုးကြိုးသည် နတ်တောင် တစ်ခုလုံးကို လွှမ်းခြုံထားပြီး မွန်းကျပ်မှုကို ခံစားရစေသည်။

ဘုန်း.. အပြာရောင် ဝတ်ဆင်ထားသည့် လူငယ်လေးသည် ရီဖူရှင်းနှင့် သိပ်မဝေးလှပေ။ မိုးကြိုးသည် ထိုလူငယ်လေးကို ရိုက်ခတ်လိုက်ပြီး သူ၏ အပြာရောင် ဝတ်စုံသည် လေထဲတွင် တဖျတ်ဖျတ် လှုပ်ခါနေသည်။ သူ၏ ခန္ဓာကိုယ်သည် ကြီးမား ကျယ်ပြန့်လာခဲ့ပြီ မိုးကြိုးစွမ်းအား များသည် သူ့ ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းကို ဖြတ်ကာ ရိုက်ခတ် သွားသော်လည်း သူ၏ မျက်လုံးသည် မိုးကြိုးများနှင့် တလက်လက် တောက်နေဆဲ ဖြစ်သည်။

သူသည် သူ့ရှေ့မှ များပြားလှသော လူများကို မော့ကြည့်လိုက်ပြီး သူ၏ အမူအရာက တည်ငြိမ်သွားသည်။ ပြာလဲ့လဲ့ အလင်းများ တောက်ပနေသည့် ထိုမျက်လုံးများသည် အဆုံးစွန်ထိ ဆုံးဖြတ်ထားမှုများနှင့် ပြည့်နှက်နေသည်။

သူသည် ခရမ်းရင့် မြေအောက်လောက၏ အဆင့် သတ်မှတ်ချက်တွင်သာ ဝင်ရောက်၍ ကျင့်ကြံချင်ရုံ သာမကဘဲ သူသည် ဝူထူနတ်တောင်တွင် အတောက်ပဆုံး လူလည်း ဖြစ်လိုပေသည်။

သူသည် ရန်ဟောင်၏ မျိုးဆက်ဖြစ်ကာ ရန်ဟောင်လမ်းစဉ်ကို ဆက်ခံထားသည့် အတွက် သူ၏ မိုးကြိုးစွမ်းအားသည် ကြောက်မက်ဖွယ် ကောင်းလှသည်။ ခရမ်းရင့် မြေအောက်လောက အဆင့် သတ်မှတ်ချက်တွင် ဝင်ရောက်ရန် ပြုလုပ်ခြင်းက သူ့အတွက် မည်သည့် အခက်အခဲမှ မရှိလှပေ။

မိုးကြိုးစွမ်းအား၏ ဆူညံများက သူ့ ဘေးဘက်မှ ထွက်ပေါ်လာသည်။ သူသည် လှည့်ကြည့် လိုက်ကာ ရှေ့သို့ ဆက်သွားနေသည့် ရီဖူရှင်းကို မြင်လိုက်ရပြီး ထိုသူက သူ့ကို ကျော်တက် သွားလေသည်။

ကြည့်ရသည်မှာ သူသာလျှင် ထိုသို့ ရည်ရွယ်ချက် ရှိနေသည် မဟုတ်ပေ။

“နေဦး”

မိုးခြိမ်းသံကဲ့သို့ လွှမ်းမိုးသွားသည့် အသံကို ကြားလိုက်ရသည်။ သူသည် ရှေ့သို့ တစ်လှမ်း လှမ်းလိုက်ကာ ကောင်းကင်ကိုပင် တုန်ခါသွားစေသည်။ ရီဖူရှင်းသည် အလွန်ပြင်းထန်သည့် ဖိအားက သူ့ပေါ်သို့ ကျဆင်း လာသည်အား ခံစားမိလိုက်သည်။ အရောင်မတူသည့် မိုးကြိုးငါးခုက စုစည်းလာပြီး ရီဖူရှင်း၏ ခေါင်းထက်တွင် ပေါ်ပေါက်လာသည်။

“မိုးကြိုးငါးသွယ် အစစ်အမှန် လမ်းစဉ်” လူအများက မော့ကြည့်လိုက်သည်။ သူတို့သည် ထိုလူငယ်လေးက တိုက်ခိုက်လိုက်သည့် အခါ၌ မည်သူဖြစ်သည်ကို သတိပြုမိ လိုက်ကြသည်။

“သတိထား... အဲဒါ မိုးကြိုးငါးသွယ် အစစ်အမှန် လမ်းစဉ်ပဲ။ ထိလိုက်သမျှတိုင်း ဘယ်အရာကို မဆို ဖျက်ဆီး နိုင်တယ်” အဝေးမှ တစ်ယောက်က သတိပေးလိုက်သည်။ ရီဖူရှင်းသည် စကား လှမ်းပြောသည့် သူကို လှည့်ကြည့်လိုက်လျှင် ရင်းနှီးနေသော မျက်နှာကို တွေ့လိုက်ရသည်။ ထိုသူသည် အင်ပါယာချီ၏ သားတော် မင်းသားချီယိုပင် ဖြစ်သည်။

အင်ပါယာချီသည် သူတို့ကို ချီယိုနှင့်အတူ သွားရန် ဖိတ်ခေါ်သည့်အခါ သူသည် ဝူထူနတ်တောင် အကြောင်း ပြောပြခဲ့သည်။ သူသည် ရီဖူရှင်းနှင့် သူ့လူများကို ချီယိုနှင့်အတူ နတ်တောင်အား စိန်ခေါ်ရန် ရည်ရွယ်ခဲ့သော်လည်း သူတို့သည် ဂူတုံးလျှို၏ အရေးကြောင့် စောစော ထွက်ခွာလာရသည် ဖြစ်ရာ နတ်တောင်မှပင် တွေ့ဆုံရခြင်း ဖြစ်လေသည်။

“ကျစမ်း…”

အပြာရောင် ဝတ်စုံနှင့် လူငယ်က အောက်သို့ ညွှန်ပြလိုက်ပြီး သူ့ခန္ဓာတစ်လျှောက်မှ မိုးကြိုးစွမ်းအားများ ပေါက်ကွဲ ထွက်လာသည်။ မိုးကြိုးငါးသွယ်သည် ပေါင်းစည်း သွားပြီး ဝင်္ကပါသဏ္ဌာန် ဖွဲ့စည်းကာ ကျဆင်း လာပေသည်။ ထိုရောင်စဉ်ငါးသွယ် အလင်းတန်းများသည် နေရာ တစ်ခုလုံးကို လွှမ်းခြုံကာ ရီဖူရှင်းရှိ နေရာကိုလည်း နစ်မြုပ် သွားစေပေသည်။ ထိုသည်မှာ တကယ့်ကိုပင် မိုးကြိုးငါးသွယ်က သူ့ခေါင်းပေါ်သို့ ကျဆင်းလာခြင်း ဖြစ်သည်။

သူ၏ ပတ်ဝန်းကျင်က ဆူညံသံများ ထွက်ပေါ်နေသည်။ မိုးကြိုးငါးသွယ် အစစ်အမှန် လမ်းစဉ်၏ အောက်တွင် အရာအားလုံးက ပျက်စီး သွားခဲ့သည်။

ချီယိုသည် ရီဖူရှင်း၏ ဘက်သို့ ကြည့်လိုက်ကာ စိုးရိမ်ပူပန်မှုကို ခံစားလိုက်ရသည်။ မိုးကြိုးငါးသွယ် အစစ်အမှန် လမ်းစဉ်သည် အလွန်ကြောက်မက်ဖွယ် ကောင်းသည့် ရှေးဟောင်း ဖြစ်တည်မှု သဖွယ် ကျဆင်းလာသည်။

ရီဖူရှင်းသည် သူ၏ လက်နှစ်ဖက်ကို စုစည်းလိုက်ပြီး မဟာလမ်းစဉ်၏ စွမ်းအားများက စုဝေးလာသည်။ ခဏချင်း အတွင်းပင် ရှေးဟောင်း မိုးကြိုးနတ်ဘုရား နစ်ပါး ပေါ်ပေါက်လာ၏။ မြင့်မ ထည်ဝါသည့် ခန္ဓာကိုယ်ကြီးသည် မိုးကြိုးများဖြင့် ဖွဲ့စည်းထားပြီး ၎င်း၏ လက်အတွင်းတွင် မိုးကြိုးတူကို ကိုင်ဆောင် ထားကာ လွှဲယမ်းလိုက်၍ မိုးကြိုးငါးသွယ် အစစ်အမှန် လမ်းစဉ်ကို တိုက်ရိုက် တိုက်ခိုက် လိုက်သည်။

အလင်းရောင်သည် လေထဲတွင် ပေါက်ကွဲထွက်လာပြီး မိုးကြိုးငါးသွယ် အစစ်အမှန် လမ်းစဉ်ကို ဖိနှိပ်လိုက်သည်။ ထိုရှေးဟောင်းနတ်ဘုရား၏ ခန္ဓာထက်တွင် ထောင်ချီသော မိုးကြိုးစွမ်းအားများ ပြေးလွှားနေပြီးနောက် ၎င်း၏ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားကာ ပစ်မှတ်ပေါ်သို့ ကျဆင်းသွားသည်။

ရွှီး… ရွှီး…

မိုးကြိုးများသည် ထိုသူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားကာ အားလုံးကို တုန်ခါသွားစေသည်။ ထိုမိုးကြိုး နတ်ဘုရား၏ လက်နက်သည် တစ်ဖန်ထပ်ကာ ကျဆင်းလာပြန်သည်။ ထိုမိုးကြိုးငါးသွယ် အစစ်အမှန် လမ်းစဉ်သည် နောက်သို့ ပြန်ကန်ထွက်ကာ ဆင့်ခေါ်သူ၏ ခန္ဓာကိုယ် အတွင်းသို့ ပြန်ကန် ရိုက်ခတ် သွားသည်။

ပြင်းထန်သည့် ဆူညံသံကို ကြားလိုက်ရပြီး ထိုသူ၏ ခန္ဓာကိုယ်သည် ပေါက်ကွဲ ထွက်သွားကာ သွေးများက နေရာအနှံ့ လွင့်စဉ်သွားပေသည်။

ရီဖူရှင်းသည် ချီယိုကို ခေါင်းညိတ်ပြကာ နောက်တစ်လှမ်းလှမ်း၍ သူသည် အပေါ်သို့ ဆက်တက် သွားလေသည်။ ထို့နောက် လမ်းကြောင်းသည် ရှင်းလင်းသွားခဲ့ပြီး သူ့ကို မည်သူမှ မနှောင့်ယှက်တော့ပေ။

သိသာစွာပင် ထိုတိုက်ခိုက်မှုက လူတိုင်းကို ထိတ်လန့် တုန်လှုပ်သွားစေပြီး သူ့ကို တိုက်ခိုက်လိုလျှင် လူတိုင်း နှစ်ခါပြန်စဉ်းစားရတော့မည် ဖြစ်သည်။

ချီယိုသည် ရီဖူရှင်း၏ နောက်ကျောဘက်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ သူသည် ချီရှန်းက သွေးနဂါးဒေသတွင် နံပါတ်တစ်ဟု ဆိုခဲ့သည့် ဤလူက တောင်ထိပ်ဖျားသို့ ရောက်နိုင်မည်လား သိချင်မိသည်။

ရီဖူရှင်း၏ မြင့်မားလှသော ပါရမီကြောင့် ချီယိုပင်လျှင် ရှက်မိပေသည်။ ရီဖူရှင်း ထုတ်ဖော်လိုက်သည့် ထိုတိုက်ခိုက်မှုသည် အစွမ်းထက်လှသည့် တိုက်ကွက်တော့ မဟုတ်ပေ။ သို့သော်လည်း ထိုစွမ်းရည်ကပင် သူ့ပြိုင်ဘက်ထက် အပြတ်အသတ် သာလွန်နေခဲ့သည်။

***

All Chapters