← Chapters

အမေက သူစိမ်းတွေကိုစကားမပြောဖို့မှာထားတယ်

Vol. 009 Ch. 825

အမေက သူစိမ်းတွေကိုစကားမပြောဖို့မှာထားတယ်

Vol. 009 Ch. 825

ဖန်ဒုံသည် ခေတ္တမျှတိတ်သွားပြီးနောက် ပြောလေသည် “အခုက ငါတို့တောင်ကြားနဲ့ပဲ ဆိုင်တဲ့ ကိစ္စမဟုတ်တော့ဘူး၊ အလယ်ပိုင်းဒေသတစ်ခုလုံးအတွက် ကမှောက်ကမဖြစ်စေမယ့်အရေးပဲ ငါတို့က ဗဟိုဖြစ်သွားတာပဲရှိတယ်”

“ဘာတွေဖြစ်လို့လဲ” ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။ အံ့ဖွယ်နတ်ဆိုးတောင်ကြား သည် အလယ်ပိုင်းဒေသတွင် အင်အားအကြီးဆုံးထဲမှ တစ်ခုဖြစ်ကာ အများစုမှာ ရန်မစရဲကြပေ။ သို့သော် ဖန်ဒုံ၏ အပြုအမူကိုကြည့်ရသည်မှာ အံ့ဖွယ်နတ်ဆိုးတောင်ကြားတွင် မကောင်းသည့် အခြေအနေတစ်စုံတစ်ရာဖြစ်နေသည့်ပုံပင်။

“တချို့အင်အားစုတွေတင်မဟုတ်တော့ဘူး… သူတို့က အတွင်းပိုင်းဒေသက တွန်းအားပေးနိုင် တဲ့ အင်အားစုတွေရဲ့ အကူအညီနဲ့ အတွင်းပိုင်းဒေသမှာ အင်အားသေးတွေစုပေါင်းပြီး အင်အားကြီးတွေ ကိုလှုံ့ဆော်ပြီး တခြားသူတွေကိုဆက်ပြီးစိန်ခေါ်နေပြီ၊ အဲလိုတွေဖြစ်နေတာက အတွင်းပိုင်းဒေသကို မလုံခြုံစေတော့ဘူး” ဖန်ဒုံသည် ပြောရင်းနှင့် သက်ပြင်းချလေသည် “တောင်ကြားသခင်လေး လောက အသေးမှာဖြစ်ခဲ့တဲ့ကိစ္စကို မှတ်မိသေးလား”

“မှတ်မိပါတယ်၊ တိမ်တိုက်ဂူနဲ့ ပညာရှိစံအိမ်တော်တို့ ပေါင်းပြီး အံ့ဖွယ်နတ်ဆိုးတောင်ကြားက လူတွေကို သတ်ဖို့ကြိုးစားကြတာ” ရှီမာယူယူ ပြန်တွေးလိုက်သည်။

ထိုအချိန်က တစ်စုံတစ်ရာမူမမှန်သည်ကို သူမအာရုံခံမိခဲ့သည်။ အခုတော့ ထိုတစ်စုံတစ်ရာ ဖြစ်လာလေပြီ။

“အခု တိမ်တိုက်ဂူနဲ့ ပညာရှိစံအိမ်တော်ကလူတွေက ငါတို့ကိုပြဿနာရှာနေကြပြီ၊ ငါတို့လည်း နူးညံ့တဲ့လူတွေမဟုတ်ကြတော့ ပြန်တိုက်ကြတယ်၊ အဲဒါကြောင့် ငါတို့ကြားက ဆက်ဆံရေးက မီးနဲ့ ရေ လိုဖြစ်သွားပြီ” ဖန်ဒုံပြောလိုက်သည် “ပြီးတော့ တခြားအင်အားတွေလည်း ပါလာကြပြီ အဲဒါကြောင့် ဟူး…”

“ကြည့်ရတာ အတွင်းပိုင်းဒေသတွေရဲ့ တချို့အင်အားကြီးတွေက ဒီအခြေအနေကို မကျေနပ် ကြဘူးထင်တယ်” ရှီမာယူယူ သက်ပြင်းချလိုက်သည်။

အမှန်ပြောရလျှင် ထိုပြဿနာမှာ အခုမှစတင်ခြင်းမဟုတ်ပေ။ ရှီမန်မိသားစုပြိုကွဲခြင်းမှာလည်း ထိုပြဿနာ၏ တစ်စိတ်တစ်ပိုင်းပင်ဖြစ်သည်။

“တောင်ကြားသခင်လေး တောင်ကြားကိုပြန်ချင်တယ်ဆိုရင် ဖြတ်လမ်းတည်ဆောက်မှုကနေ တိုက်ရိုက်သွားတာကောင်းလိမ့်မယ် အပြင်ကနေတစ်ယောက်တည်းမသွားပါနဲ့” ဖန်ဒုံ အကြံပေးလေ သည်။

“ကျွန်တော်သိပါတယ် သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဦးလေးဖန်” ရှီမာယူယူ ပြော လိုက်သည်။

ခဏအကြာတွင် မိုဖင်းယွမ်ပြန်လာကာ စာပို့လိုက်ပြီဖြစ်ကြောင်း ပြောလေသည်။ ယူယူသည် သူတို့နှင့် ခေတ္တမျှစကားပြောပြီးနောက် ပြန်လာလိုက်သည်။

သူမသည် ခေါင်းငုံ့ကာလမ်းလျှောက်လာသည်။ သူမသည် အခုရလာသော သတင်းကိုတွေးနေ ရာ အရှေ့ကို အာရုံမစိုက်မိပေ။ ရုတ်တရက် သူမအရှေ့သို့ လူတစ်ယောက်လာရပ်သည်ကို ခံစားမိ လိုက်သည်။ သူမသည် ညာဘက်ရွေ့လိုက်ရာ ထိုလူသည် ညာဘက်သို့လိုက်လာသည်။

သူ ဘယ်ဘက်သွားရာ ထိုလူသည် ဘယ်ဘက်လိုက်ရွေ့ပြန်သည်။ ခဏအတွင်းမှာပင် ထိုလူ သည် သူမအရှေ့တွင်ရှိနေဆဲပင်။

သူမ မော့ကြည့်လိုက်ရာ ကျန်းကျူကျိ၏ ဘဝင်မြင့်သောမျက်နှာကိုတွေ့လိုက်ရသည်။

သူမ နားမလည်ပေ။ အမွှာများသည် အကျင့်စရိုက်တူကြသည်။ ကျန်းကျူရှန့်သည် သူတို့ကို သစ္စာဖောက်သွားသော်လည်း အနည်းဆုံးတော့ အကျင့်ကောင်းသေးသည်။ သို့သော် ဒီလူသည် ဘဝင် မြင့်ကာ မာနကြီးမှုသည် မျက်နှာတွင်ရေးထားကာ သူ့မျက်လုံးထဲတွင် အားလုံးသည် ပုရွက်ဆိတ်သာ သာရှိသည်။

“ဟောင်တဲ့ခွေးကမကိုက်ဘူး ဖယ်” သူမသည် ကျန်းကျူရှန့်ကို ဒေါသဖြစ်သော်လည်း ကျန်းကျူကျိကို ပိုမနှစ်သက်ပေ။

သူ ညာဘက်သို့တိမ်းကာ သူ့ကိုဖြတ်ပြီး အိမ်ပြန်ရန်ကြိုးစားသည်။

ကျန်းကျူကျိသည် သူမလမ်းကိုပိတ်ထားပြီးမေးလေသည် “ကျန်းကျူရှန့်ဘယ်မှာလဲ”

“မသိဘူးလေ သူဘယ်မှာလဲဆိုတာ ဘယ်သိမလဲ” ရှီမာယူယူသည် အေးစက်သောအကြည့်ဖြင့် ကြည့်လိုက်သည်။

“မသိဘူးဟုတ်လား မင်းက သူနဲ့ တော်တော်ခင်တယ်လို့ကြားတယ်၊ သူထွက်ပြေးသွားတာကို မင်း သူ့နေရာကိုတော့ သိမှာပဲ” ကျန်းကျူကျိသည် အတိအကျ ပြောလေသည် “သူ့ကိုဖွက်ထားနိုင်မယ် လို့မထင်နဲ့ ငါသူ့ကိုရှာတွေ့ရင် မင်းကိုအလွတ်မပေးဘူး”

“ခင်ဗျားကအရူးပဲ” ရှီမာယူယူသည် သူ့အားဖြတ်ကျော်လာရာ သူလိုက်လာသည်ကို တွေ့ လိုက်ရသည်။ သူမသည် သူ့မျက်နှာတည့်တည့်ကို လက်သီးဖြင့်ထိုးလိုက်သည်။

“အာ…”

ကျန်းကျူကျိသည် မျက်လုံးများကိုအုပ်ကာ အနောက်ဆုတ်သွားလေသည်။ သူ ပြန်လက်ချ လိုက်သောအခါ ကြည့်နေသူများသည် ရယ်မောကြလေသည်။

သူမ အားကိုထိန်းထားသော်လည်း သူ့ဘယ်ဘက်မျက်လုံးတွင် အညိုမည်းစွဲသွားလေသည်။

“ကျန်းကျူရှန့်ဘယ်မှာလဲဆိုတာ ကျွန်တော်မသိဘူး၊ ကျွန်တော့်ကိုထပ်မေးရဲမယ်ဆိုရင် ကျွန်တော့်လက်သီးက လူမရွေးဘူး” ရှီမာယူယူသည် သူမလက်သီးကို ပွတ်လိုက်သည် “ခင်ဗျားတို့ ကျန်းမိသားစုက အင်အားကြီးဖြစ်လောက်မယ်၊ အဲလိုဆိုမှတော့ ခင်ဗျားကိုယ့်ဘာသာ သွားရှာပေါ့၊ ကျွန်တော်နဲ့ ကျွန်တော့်စီနီယာတွေရှေ့မှာ ပေါ်မလာနဲ့”

သူပြောပြီးနောက် လက်သီးကိုဝေ့ရမ်းပြကာ သူ့အားကျော်ဖြတ်လာခဲ့သည်။

ကျန်းကျူကျိသည် လမ်းပေါ်တွင် အထိုးခံလိုက်ရသည်။ ဒေါသမှာ ငယ်ထိပ်တက်လာသည်။ မစဉ်းစားပဲနှင့် သူသည် ရှီမာယူယူကို ဝိဉာဉ်စွမ်းအင်ဖြင့် တိုက်ခိုက်လေသည်။

ရှီမာယူယူ မျက်လုံးမှေးကာ သူမကိုယ် သူမကာကွယ်လိုက်သည်။

“ဘုန်း…”

ဝိဉာဉ်အားတစ်ခုသည် အပေါ်မှကျလာကာ ကျန်းကျူကျိ၏ ဝိဉာဉ်စွမ်းအားကို ပျောက်ကွယ် သွားစေသည်။

ရှီမာယူယူကြည့်လိုက်ရာ ဘေးဘက်လက်ဖက်ရည်ဆိုင်မှ အမျိုးသားတစ်ယောက်သည် လက်ထဲတွင် လက်ဖက်ရည်ခွက်ကိုင်ထားကာ သူမကို ကြည့်နေလေသည်။

ရှီမာယူယူ ကျေးဇူးတင်စကားမပြောပဲ ခေါင်းညိမ့်ပြလိုက်သည်။

သူမသည် ကျန်းကျူကျိအား ကြည့်လိုက်သည် “ကျန်းကျူကျိ ခင်ဗျားက ကျွန်တော့်မီးတောက် အရသာကိုခံစားချင်လို့လား”

ကျန်းကျူကျိသည် ရှီမာယူယူ၏ ကြောက်မက်ဖွယ်မီ်းတောက်ကို သတိရသွားပြီး သူ၏ စိတ် ဒေါသမှာ ပျောက်ကွယ်သွားလေသည်။

ရှီမာယူယူသည် သူ့အားကြည့်ပြီး လှည့်ထွက်လိုက်သည်။ ဒီတစ်ကြိမ်တွင် သူ သူမကို မတား တော့ပေ။

“သခင်လေး” ကျန်းချန်သည် လမ်းမှထွက်လာကာ ရှီမာယူယူကို ဖြတ်သွားလေသည်။

သူတို့မျက်လုံးချင်းဆုံသောအခါ သူမ၏ ကြောက်မက်ဖွယ်အကြည့်ကို သူခံစားမိလိုက်သည်။

သို့သော် သူသည် ကျန်းကျူကျိကဲ့သို့ စိတ်လောတတ်သူမဟုတ်ပေ။ သူ သူမကို မကျေနပ်ကာ သတ်ချင်သော်လည်း ကောင်းကင်မြို့တော်သို့မဟုတ် လူမြင်ကွင်းတွင် လုပ်မည်မဟုတ်ပေ။

“သခင်လေး အဆင်ပြေရဲ့လား” သူသည် ကျန်းကျူကျိဆီလာရာ မည်းနေသာ မျက်လုံးကို တွေ့လိုက်ရလေသည်။ သူဒေါသထွက်သွားသည်။

“ဦးလေးကျန်း သူ…” ကျန်းကျူကျိသည် ရှီမာယူယူ၏ နောက်ကျောအား စိတ်တိုစွာညွှန်ပြလေ သည်။

“သခင်လေး အခုက သူမကိုတိုက်ရမယ့်အချိန်မဟုတ်သေးဘူး” ကျန်းချန်ပြောလိုက်သည်။

“ဘာလို့လဲ”

“မုန့်စန်းချွယ်က သူ့ကျောင်းသားတွေကို တိုက်ခိုက်ဖို့ ဘယ်သူ့ကိုမှခွင့်မပြုဘူး ဒါက ဂိုဏ်းရဲ့ ပိုက်နက်နယ်မြေဖြစ်နေတယ် ကျွန်တော်တို့ဒီကထွက်သွားရင် သူမကိုသတ်ဖို့အခွင့်အရေးရှိမှာပါ” ကျန်းချန် ချော့မော့လေသည်။

“ဒါပေမဲ့ သူဒီမှာနေမယ်ဆိုရင် သူ့ကိုသတ်မယ့်အခွင့်အရေးမရှိတော့ဘူးလား” ကျန်းကျူကျိ သည် စိတ်မပြေနိုင်ပေ။

“သခင်လေး စိတ်ချပါ၊ သူ အဂ္ဂိရတ်ပညာပြိုင်ပွဲဝင်ပြိုင်လိမ့်မယ်” ကျန်းချန်ပြောလိုက်သည် “သူ သွားတာနဲ့ အသက်ရှင်လျက်ပြန်မလာနိုင်အောင်လုပ်လိုက်မယ်”

“သူက အဂ္ဂိရတ်ပညာပြိုင်ပွဲကိုတောင်ဝင်ပြိုင်မယ်ဟုတ်လား”

“မုန့်စန်းချွယ်ကအဲလိုပြောတာပဲ သူမလိမ်လောက်ပါဘူး” ကျန်းချန် ပြန်ဖြေလေသည် “တော်ပြီ သခင်လေး ပြန်ရအောင်”

“ဟင်း သူ အဂ္ဂိရတ်ပညာပြိုင်ပွဲမှာ ဝင်ပြိုင်ရဲပြိုင်ကြည့် သေချာပေါက် ရှုံးအောင်လုပ်ပြမယ်”

“သခင်လေး ပြန်ရအောင် အဂ္ဂိရတ်ပညာပြိုင်ပွဲစဖို့က လိုသေးတယ် ဒီအချိန်မှာ သေချာ လေ့ကျင့်ရမယ်”

“ဒါဆိုရင် ကျန်းကျူရှန့်…”

“သူဘယ်သွားလဲဆိုတာ မုန့်စန်းချွယ်တို့ တကယ်ပဲမသိဘူးလို့ပြောတယ်၊ ဒါပေမဲ့ ကျွန်တောတို့ အားနဲ့ဆိုရင် သူ့ကိုသေချာပေါက်ရှာတွေ့မှာပါ”

“အင်း သူ့နှစ်ယောက်ကို ရက်နည်းနည်းလောက် ပေးနေတာပေါ့”

လမ်းထောင့်တွင် ရှီမာယူယူသည် ကြီးမားသောညောင်ပင်အောက်တွင်ရပ်ကာ နီရဲပျားဆီမှ သတင်းကိုနားထောင်ပြီး အနည်းငယ်ပြုံးလိုက်သည်။

သူမကိုသတ်ချင်တယ်ဟုတ်လား။ သူတို့မှာ အဲလောက်အရည်အချင်းရှိလို့လား။

“သူတို့က မင်းကိုသတ်ချင်နေတာ မစိုးရိမ်ဘူးလား” အမျိုးသးတစ်ယောက်သည် သစ်ပင်ကြီး အနောက်မှ ခေါင်းထွက်လာသည်။ ရှီမာယူယူသည် သူရောက်လာစဉ်က သိလိုက်သည်။

သူမ ခေါင်းလှည့်ပြီး ရုတ်တရက်ပေါ်လာသော ထိုလူကိုကြည့်လိုက်သည် “သူတို့က ကျွန်တော့် ကိုသတ်ချင်တယ်ဆိုတာကို ပြောဖို့ လိုက်လာတာလား”

“ငါ မင်းကိုအခုလေးတင် ကယ်လိုက်တာလေ၊ ဒါပေမဲ့ ကျေးဇူးတင်စကားတောင် ပြောမသွား ဘူး ငါက ရှီချန်ကျိပါ မင်းနာမည်ဘယ်လိုခေါ်လဲ” ရှီချန်းကျိ မိတ်ဆက်လေသည်။

“ကျေးဇူးတင်ပါတယ်” ရှီမာယူယူထိုစကားပြောပြီးနောက် ရှေ့သို့ဆက်လျှောက်လာလိုက် သည်။

“အေးစက်တဲ့လူပါလား သူပြောတဲ့ တက်ကြွမှုကဘယ်ရောက်သွားတာလဲ” ရှီချန်ကျိသည် သူမ ထွက်သွားသည်ကိုကြည့်ပြီး ရယ်လိုက်သည်။ သူ သူမနောက်ကို ပြေးလိုက်သွားသည် “ဒီမှာ မင်း နာမည်ကို မပြောရသေးဘူး”

ရှီမာယူယူ ရပ်ကာ ပြန်ဖြေလေသည် “ခင်ဗျားအမေက ဘာမှမသင်လိုက်ဘူးလား”

“ဘာလဲ”

“သူစိမ်းတွေကို စကားမပြောနဲ့တဲ့” ရှီမာယူယူသည် သူ့အား တစ်ချက်ကြည့်လိုက်သည်။

***

All Chapters