ကြာပန်းနက်၏ လောကအသေး
Vol. 009 Ch. 827
ရှီမာယူယူသည် သူ၏တောက်ပသော မျက်လုံးတစ်စုံကိုတွေ့လိုက် သည်။ သူမသည် လက်ဆန့်ထုတ်ကာ သူ့ကိုတားလိုက်သည် “မစဉ်းစားနဲ့ နော် အဲလောကအသေးကို မင်းကိုပေးလို့မရဘူး”
“ယူယူ ငါဘာစဉ်းစားနေလဲဆိုတာသိရဲ့သားနဲ့ ဘာလို့ငြင်းရတာလဲ” ဝိဉာဉ်လေးသည် သူမ လက်ကိုဆွဲကာ ချွဲပြီးရမ်းလေသည်။
“အဲဒါက အဇူရာဧကရာဇ်က ယူယူ့ကိုပေးထားတဲ့ဟာလေ အဲဒါကိုမစဉ်း တောင်မစဉ်းစားနဲ့” ရှီမာယူယူ သူ့ကိုငြင်းလိုက်သည်။
“ဒါပေမဲ့ အဲဒါနဲ့ငါပေါင်းစပ်လိုက်ရင် ငါပိုအားကောင်းလာနိုင်တယ်” ဝိဉာဉ်လေး ပြောလေသည်။
“မရဘူး” ရှီမာယူယူ ပြောလိုက်သည် “အဲဒါယူယူ့ရဲ့ သုဿာန်ပဲ”
“ဒါပေမဲ့…”
“တော်ပြီ ထပ်ပြီးမစဉ်းစားနဲ့တော့” ရှီမာယူယူသည် ငြင်းလိုက်သည် “ပြီးတော့ ငါလည်းအဲဒါကို လိုသေးတယ်”
“လိုတယ်ဟုတ်လား ဘာအတွက်လိုတာလဲ” ဝိဉာဉ်လေးသည် သူ၏လက်ချောင်းသေးသေး လေးကိုထုတ်ကာ ဒေါသဖြင့်ပြောလေသည်။
“အဲဒါရှိနေတယ်ဆိုတာကို သိရင်အားလုံးအတွက်မကောင်းဘူး၊ ငါတို့ ကိုယ်ပိုင် လွှမ်းမိုးနိုင်စွမ်း ကိုလည်း တည်ထောင်ရဦးမယ်၊ အသုံးလိုမယ်ဆိုရင် တခမ်းတနားဖွင့်ပြဖို့ကအကောင်းဆုံးပဲ၊ ပြီးတော့ အဲဒါရှိနေတာ လူတချို့ သိပြီးလောက်ပြီ စီနီယာအစ်ကိုကြီးသာ ပြန်ပြီးသတင်းပို့မယ်ဆိုရင် လောက အသေးအကြောင်းကို သေချာပေါက်ပြောမှာပဲ”
“ဟူး အသားတုံးကြီးကလေထဲပျံနေတာကို မြင်ပြီးမစားရဘူး၊ နှမြောဖို့ေ ကာင်းလိုက်တာ၊ ဟူး ဝမ်းနည်းတယ် အသည်းကွဲတာကိုကုစားဖို့ ဆေး နည်းနည်းလောက်စားမှဖြစ်မယ်” ဝိဉာဉ်လေးသည် လူ မရှိသောနေရာသို့ ပြန်သွားလေသည်။
ရှီမာယူယူသည် သူပျံသွားသည်ကိုကြည့်ပြီး ရယ်မောကာ အပြင်သို့ ထွက်ခဲ့လိုက်သည်။
ခြံဝန်းမှာ ကြီးမားလှသည်မဟုတ်ပေ။ လူအနည်းငယ်သာနေခဲ့ကြ သည်။ အခု သူမတစ်ယောက် တည်းဖြစ်သဖြင့် ခြံဝန်းတစ်ခုလုံးမှာ ဟာလာ ဟင်းလင်းဖြစ်နေသည်။
သူမသည် ထိုနေရာတွင် အချိန်ကြာမြင့်စွာမနေခဲ့သဖြင့် လွမ်းဆွတ် ခြင်းမဖြစ်မိပေ။ တစ်ပတ် ပတ်လျှောက်ပြီးနောက်တွင် သူမသည် ခြံဝန်းကို ကာကွယ်ရေး တည်ဆောက်မှုလုပ်ကာ ဂိုဏ်းသို့ပြန် လာလိုက်သည်။
“ဂျူနီယာမောင်လေး ပြန်လာပြီလား” ဟန့်မြောင်ရွှမ်သည် ခြံဝန်းတွင် လှဲကာ နေပူဆာလှုံနေ သည်။ ရှီမာယူယူ ဝင်လာသည်ကိုမြင်သောအခါ သူမသည် နှုတ်ဆက်လေသည်။
စူးရှောင်ရှောင်သည် ခြံဝန်းထဲတွင် တံမြက်စည်းလှည်းနေသည်။
ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။ သူမ မှတ်မိသလောက်ဆို လျှင် သူမထွက်သွား ကတည်းက စူးရှောင်ရှောင်တံမြက်စည်းလှည်းနေ သည်။ အခု တစ်ရက်ကုန်သွားတာတောင် သူ တံမြက်စည်းလှည်းနေတုန်း လား။
“စီနီယာ တံမြက်စည်းဆက်လှည်းနေမယ်ဆိုရင် ကြမ်းပြင်ပါးတော့မယ်” သူမလျှောက်သွားကာ သူ့လက်ထဲက တံမြက်စည်းကိုယူလိုက်သည်။
သူ၏ ဂရုမစိုက်သောအပြုအမူကိုကြည့်ပြီး သူမ သက်ပြင်းချလိုက် သည်။
ကျန်းကျူရှန့်၏ သစ္စာဖောက်မှုသည် သူ့အတွက်များစွာထိခိုက်သွား သည်။ ရက်ပေါင်းများစွာ ကုန်လွန်သွားသော်လည်း သတိပြန်မကပ်နိုင် ကြပေ။
“စီနီယာအစ်မ ညာလက်ရုံးတို့ အံ့ဖွယ်တမန်တော်တို့ဆိုတာ ဘယ်ဂိုဏ်း မှာသုံးလဲသိလား” ရှီမာယူယူမေးလိုက်သ်ည။
“သိတယ် ဂိုဏ်းတော်တော်များများမှာသုံးတယ်၊ မြင့်မြတ်သော သားတော်ရှိတဲ့ ဂိုဏ်းတွေလိုပဲ ဘာလို့မေးတာလဲ” ဟန့်မြောင်ရွှမ် မေးလိုက် သည်။
“ဒါဆို ရှီချန်ကျိဆိုတဲ့လူကိုသိလား”
ဟန့်မြောင်ရွှမ်သည် ရုတ်တရက်ထရပ်ကာ သူမမျက်နှာတွင် အုပ်ထား သော လက်ကိုင်ပုဝါကို ဖယ်ပစ်လိုက်သည် “ဘယ်သူလဲ ရှီချန်ကျိလား”
“ဟုတ်တယ်” ရှီမာယူယူ ခေါင်းညိမ့်လိုက်သည် “သူ့ကိုသိလား”
“မင်း အဲကောင်ရှီချန်ကျိကို ဘယ်လိုသိတာလဲ” ဟန့်မြောင်ရွှမ် မေးလိုက်သည်။
“စီနီယာ သူ့ကိုသိတာလား”
“သိတာပေါ့ သူ့ကိုသိတဲ့လူများတယ်” ဟန့်မြောင်ရွှမ် ပြောလေသည် “သူက အတွင်းပိုင်းဒေသက နာမည်ကြီးတပည့်ပဲ ရက်စက်ပြီး ကြမ်းကြုတ် တယ်လို့သိကြတယ်၊ သူက အံ့ဖွယ်အဆိပ်ဆရာတွေဆီက အဆိပ်ပညာကို သင်ပြီး လူအများကြီးသတ်ခဲ့တယ် သူ့ကိုဘယ်လိုသိတာလဲ”
“ဒီနေ့ သူနဲ့တွေ့ခဲ့တယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဘာ သူနဲ့တွေ့တယ်ဟုတ်လား” ဟန့်မြောင်ရွှမ် အော်မိလေသည် “အဲကောင်က ဘာလို့ဒီ ရောက်နေတာလဲ မင်းကိုဘာမှမလုပ်ဘူးမလား”
“လုပ်တယ်” ရှီမာယူယူ ပြောလိုက်သည်။
“သူ အဆိပ်ခတ်လိုက်တာလား” ဟန့်မြောင်ရွှမ်သည် ချက်ချင်းပင် ရှီမာယူယူကိုဆွဲကာ ကြည့် ပြီးပြောလေသည် “ဘယ်လိုနေလဲ နေလို့ မကောင်းတဲ့နေရာရှိလား”
သူမစိတ်ပူနေသည်ကို ရှီမာယူယူတွေ့မြင်လေသည်။ ကောင်းသည်မှာ အနည်းဆုံးတော့ သူမသည် အထင်သေးကာ မျှော်လင်းချက် ကင်းမဲ့နေ သည်တော့ မဟုတ်ပေ။
“ကျွန်တော်အဆင်ပြေပါတယ်” ရှီမာယူယူ ပြောလိုက်သည် “သူ ကျွန်တော့်ကို အဆိပ်မခတ်ပါဘူး”
“သူမင်းကိုဘာလုပ်လိုက်လဲ” စူးရှောင်ရှောင်မေးလေသည်။
“ကျွန်တော့်ကို ကယ်လိုက်တာ”
“မင်းကို ကယ်တယ်ဟုတ်လား” ဟန့်မြောင်ရွှမ် မျက်လုံးပြူးသွားသည် “ငါနားကြားမမှားပါဘူး နော်၊ မင်းကိုကယ်တယ်ဟုတ်လား ဘာဖြစ်တာလဲ”
ရှီမာယူယူသည် လမ်းတွင်ကျန်းကျူကျိနှင့် တွေ့ပြီးသူပြောခဲ့သမျှ ဖြစ်ပျက်သမျှကို သူတို့ကို ပြန်ပြောပြလေသည်။
ဟန့်မြောင်ရွှမ်သည် သူမ ပြောပြီးသည်အထိနားထောင်ပြီး ခေတ္တမျှ စဉ်းစားကာ သက်ပြင်းချပြီး နောက် ပြောလေသည် “အဲလိုဖြစ်ခဲ့တာကိုး”
“အဲဒီရှီချန်ကျိက စီနီယာအစ်ကိုကြီးအကြောင်းကို ကျွန်တော့်ကိုပြောပြ ချင်တာလို့ထင်တယ်၊ သူပြောတဲ့ပုံအရဆိုရင် သူက စီနီယာအစ်ကိုကြီးနဲ့ ဆက်ဆံရေးကောင်းတဲ့ပုံပဲ” ရှီမာယူယူ ပြောလိုက် သည်။
“ကျန်းကျူရှန့်က နဂါးနက်ကိုးကွယ်ရေးကဖြစ်မယ်လို့ မထင်ထားဘူး၊ ညာလက်ရုံးတောင်ဖြစ် လိုက်သေးတယ်”
“နဂါးနက်ကိုးကွယ်ရေးဆိုတာ ဘယ်လိုဂိုဏ်းမျိုးလဲ”
“အတွင်းပိုင်းဒေသက နာမည်ကြီးလူသတ်အဖွဲ့ပဲ” စူးရှောင်ရှောင် ပြောလိုက်သည် “သူတို့က အရမ်းအားကောင်းတယ် အထူးသဖြင့် သူတို့ရဲ့ လူသတ်တာပဲ၊ ကျရှုံးတာနည်းတယ် ဂိုဏ်းအများစုက ရန်သူကိုရှင်းချင်ရင် သူတို့ကိုသွားရှာကြတယ်၊ သူတို့က ပိုက်ဆံကိုပဲကြည့်ပြီး လူကိုမကြည့်ဘူး”
“ဒါဆိုရင် သူတို့ရဲ့ပုန်းကွယ်တဲ့အရည်အချင်းကလည်းမြင့်မှာပဲ” သူ ညောင်ပင်အနောက်မှ ခိုးကြောက်ခိုးဝှက်ပေါ်လာသည်ကို ရှီမာယူယူ ပြန်တွေးမိသည်။ အစပိုင်းတွင် သူသည် သူမထက် အားကောင်းသည်ဟု ထင်ခဲ့သည်။ အခုသိလိုက်ရသည်မှာ သူသည် သူ့အရည်အချင်းကို ဖုံးကွယ်ထားသည်သာ။
“နဂါးနက်ကိုးကွယ်ရေးဂိုဏ်းက ကောင်းကင်ခွဲကိုရလိုက်တယ်ဆိုတော့ ပြဿနာသေးသေး လေးမဟုတ်ဘူး၊ ငါတို့ဂိုဏ်းကိုပြောရမယ်” ဟန့်မြောင်ရွှမ် ပြောလေသည် “ငါ ဒါရိုက်တာမုန့်ကို သွားရှာ မယ်၊ မင်းတို့လိုက်မှာလား”
“စီနီယာတို့အတူသွားလိုက်ပါ ကျွန်တော် ကြာပန်းနက်လောက အသေးနဲ့ သွားသန့်စင်လိုက်ဦး မယ်” ရှီမာယူယူ ပြောလိုက်သည်။
“ကြာပန်းနက် လောကအသေးဟုတ်လား အဲဒါမင်းရွေးလိုက်တဲ့ နာမည်လား” ဟန့်မြောင်ရွှမ် ပြောလေသည် “ဒါဆိုလည်း ခွဲခွာခြင်းဥယျာဉ်မှာ ပဲနေ၊ ရှောင်ရှောင် ငါနဲ့လိုက်ခဲ့”
စူးရှောင်ရှောင်ခေါင်းညိမ့်ရာ သူတို့နှစ်ယောက်သည် အတူထွက်သွား ကြလေသည်။
ရှီမာယူယူသည် သူမအိမ်သို့ပြန်ပြီး မဝင်ခင်တွင် အပေါ်အောက် ကြည့်လိုက်သည်။ ရှုဂျင်း၏ အခြေအနေမှာ အခုချိန်ဘယ်လိုနေလဲ သူမ မသိပေ။ ကျန်းကျူရှန့်သည်လည်း မရှိပေ။ ဟန့်မြောင်ရွှမ် အပေါ်မှာနေချင်ရဲ့ လား မသိပေ။
သူမသည် တံခါးတွန်းဖွင့်ပြီး ထိုတံခါးထုတ်ကာ သူမလက်ဖဝါးပေါ်တွင် တင်လိုက်သည်။
ထိုကြာပန်းနက်သည် အမှန်တကယ်ပင် သူမကျောပြင်မှ ပန်းနှင့်တူ သည်။
“ကိုးခုမြောက်မြေအောက်တောင်အောက်က ကြာပန်းနက်ယူယူ” သူမသည် ထိုကြာပန်းလေး ကို ထိတွေ့ကြည့်ရာ နှစ်ယောက်သားဝေမျှ ခဲ့ကြသော အချစ်ကိုနောက်တစ်ကြိမ်ပြန်တွေးမိပြန်သည်။
သူမ မိခင်သည် မည်ကဲ့သို့သရုပ်မှန်ကိုပိုင်ဆိုင်ထားခြင်းကြောင့် သူမ သည် ဒီလိုသွေးသားမျိုး ဆက်ခံရသည်ကို သူမ မတွေးတတ်တော့ပေ။
သူမသည် အိမ်ထဲတွင် တည်ဆောက်မှုတစ်ခုတည်ဆောက်လိုက်ကာ လက်ထဲမှတံခါးကို နေရာ ချလိုက်သည်။ ပြီးတောက် တင်ပျင်ခွေထိုင်ပြီး စတင်ကျင့်ကြံလေသည်။
အစပိုင်းတွင် လောကအသေးသည်မကြီးသဖြင့် အချိန်မယူရဘူးဟု ထင်ခဲ့မိသည်။ သို့သော် ၅ရက်ကြာပြီးနောက်တွင် သူမသည် နယ်နိမိတ်ကို ပင်မရောက်ကြောင်းကို စတင်ခံစားမိလာသည်။ လောကအသေးသည် အဆုံးမရှိသောချောက်ကဲ့သို့ သူမ စိတ်စွမ်းအင်ကို စုပ်ယူချင်နေသည်။
သူမ မျက်လုံးဖွင့်လိုက်သည်။ သူမ၏ စိတ်စွမ်းအင်မှာ လုံးဝပျောက်ဆုံး လုနီးပါးပင်။ သူမ မတတ်သာတော့ပဲ အိပ်လိုက်သည်။
သူမ လောကအသေးကိုကြည့်ပြီး တွေးလိုက်သည်နှင့် လျင်မြန်စွာပင် လောကအသေးထဲ ရောက်သွားသည်။
အရင်ကဆိုလျှင် လောကအသေးတွင် ကီလိုမီတာအနည်းငယ်သာ ကျယ်ဝန်းသည်။ ဒီတစ်ကြိမ်တွင် မြူဆိုင်းသောနေရာများပေါ်လာကာ ပိုကျယ်လာသည်မှာ အနည်းဆုံးတော့ ကီလိုမီတာ သောင်းချီရှိသည်။
“လောကအသေးရဲ့ နယ်နိမိတ်က တကယ်ပဲကြီးတာပဲ လောက အသေးကိုမှ ကြီးတဲ့ထဲပါ လောက်တယ်” ရှီမာယူယူ လျှောက်သွားကာ တန်ဖိုးဖြတ်ကြည့်နေလေသည် “ဒီနေရာက ဝိဉာဉ်လေး လိုအားမကြီးပဲ အပြင်ကမ္ဘာနဲ့ အချိန်ကုန်တာကအတူတူဖြစ်နေတာတော့ နှမြောဖို့ကောင်း တယ်၊ ဒါပေမဲ့ မဆိုးပါဘူး… ဟင်”
***