← Chapters

ထူးခြားသောသတ္တု၊လင်းလုံ၏ တောင်းဆိုချက်

Vol. 009 Ch. 828

ထူးခြားသောသတ္တု၊လင်းလုံ၏ တောင်းဆိုချက်

Vol. 009 Ch. 828

ယူယူသည် သတ္တုအပိုင်းအစတွေ့ရာ ထိုသတ္တုအပိုင်းအစသည် နှစ်ပေါင်းသောင်းချီဝန်းကျင် ကြာမြင့်ပြီဖြစ်သော်လည်း သံချေးတက်သည့် လက္ခဏာမရှိပေ။ ကြမ်းပြင်တွင် အေးချမ်းစွာ လှဲလျောင်း နေခဲ့သည်။

သူမ အောက်သို့ဆင်းသွားကာ ကောက်လိုက်သည်။ ထိုသတ္တု အပိုင်းအစမှာ မကြီးမားသော်လည်း လက်သီးနှစ်ဆုပ်စာလောက်ရှိသည်။ လေးလည်းလေးသည်။ သူမသည် အားမနည်းပဲ ခန္ဓာကိုယ်မှာ ကျင့်စဉ်ကျင့် သော ခန္ဓာကိုယ်ဖြစ်သည်။ သူမသည် ကီလိုဂရမ်သောင်းချီရှိသော အလေး ချိန်ကို လက်တစ်ဖက်ဖြင့် မ,မနိုင်သော်လည်း တစ်ထောင်လောက်ကို တော့မ,နိုင်သည်။

သို့သော် အခု သတ္တုအပိုင်းအစသေးသေးလေးတစ်ခုမှ အမှန်တကယ် ပင် လေးလံလှသည်။

“ဒီသတ္တုကထူးဆန်းလိုက်တာ”

“ယူယူ ယူယူ ငါ့ကိုထုတ်ပေး” လင်းလုံသည် ဝိဉာဉ်စေတီအတွင်းမှ အော်လေသည်။

ရှီမာယူယူသည် လင်းလုံအားခေါ်လိုက်ရာ သူမထွက်လာလေသည်။ သူမသည် သတ္တုကိုမြင် သောအခါ ချက်ချင်းပင် ထုလေသည်။

“အာလားလား ဒါကတကယ်ပဲထူးဆန်းတဲ့သတ္တုပဲ၊ ကြီးလည်းကြီးတယ် ငါတော့ ချမ်းသာပြီ ချမ်းသာပြီ လားလားလား ပျော်လိုက်တာ”

လင်းလုံသည် သွားရည်ပင်ကျကာ သူမ၏ တံတွေးသည် ယူယူ၏ လက်ပေါ်ကျသွားလေသည်။ ရွံစရာကောင်းလိုက်တာ၊ သူမသည် လက်ကို ရမ်းလိုက်သည်။ လင်းလုံသည် ထိုထူးဆန်းသော သတ္တုကို ဖက်ပြီး မြေပေါ် ဆင်းသက်လိုက်သည်။

“ယူယူ မင်းတကယ်ပဲဒီလိုရတနာမျိုးကို မြေကြီးပေါ်ပစ်ထားတယ်၊ သဘာဝရတနာကို နှမြော စရာကြီး” လင်းလုံအော်လေသည်။

ရှီမာယူယူသည် လက်သုတ်ပုဝါထုတ်ပြီး သူလက်ပေါ်တွင်ကျနေသော တံတွေးများကို ထုတ်ပြီး နှာခေါင်းရှုတ်ကာ ပြောလေသည် “မင်းက ဝိဉာဉ်လက်နက်မဟုတ်ဘူးလား ဘယ်လိုလုပ်သွားရည်ကျ တာလဲ”

“ငါကအခုလူသားပဲလေ သွားရည်ကျတတ်တာပေါ့” လင်းလုံ အားရပါးရပြုံးလေသည် “ယူယူ မသိလို့ ဒါကမှတကယ့်ရတနာပဲ”

“ဒါဘာလဲ” ရှီမာယူယူသည် ဒူးထောက်ထိုင်လိုက်သည်။ လင်းလုံသည် အလွန်စိတ်လှုပ်ရှားကာ မြေပေါ်တွင် ထိုသတ္တုကိုမလွတ်တမ်းလှဲနေသည်ကို တွေ့သည်နှင့် သိချင်စိတ်ပြင်းပြလာသည်။

“ဒါက ထူးဆန်းသတ္တုလို့ခေါ်တယ်၊ ဝိဉာဉ်သတ္တုတွေရဲ့စံနမူနာလို့ ပြောလို့ရတယ်၊ ဒီဟာရဲ့ လက်သည်းခွံလောက်ရရင်ကို အဲပစ္စည်းက အနည်းဆုံးအံ့ဖွယ်လက်နက်အဆင့်ရနိုင်တယ်” လင်းလုံ အော်ပြောလေ သည်။

“အဲလောက်အားကောင်းတာလား”

“ဟုတ်တယ် ဟုတ်တယ်၊ ငါ့ခန္ဓာကိုယ်တောင်မှာ ဒါတစ်ဝက်ပဲရှိတယ်၊ ဒီလိုအရွယ်အစားမျိုးရှိ လိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ ငါရသွားပြီ ငါရသွားပြီ၊ ဒါကိုငါ့ခန္ဓာကိုယ်နဲ့ ပေါင်းပြီးသန့်စင်လိုက်ရင် နောက်ထပ်အဆင့် ထပ်တက်သွားပြီ” လင်းလုံသည် ထိုထူးဆန်းသတ္တုကိုဖက်ပြီး မလွှတ်နိုင်ပဲ ဝင်သွား ချင်နေသည်။

ရှီမာယူယူ ထိုစကားကြားသောအခါ မျက်လုံးများအရောင် တောက်လာသည်။ သူမသည် သတ္တု ကိုယူပြီး အနီးကပ်ကြည့်သည်။ လင်းလုံ သည် မြေပေါ်တွင် ဒူးထောက်နေရာ သူမသည် လင်းလုံ၏ ခေါင်းကိုပုတ် ပေးလိုက်သည်။

“မင်းကအခုကို အဆင့်မြင့်နေပြီ ဆက်ပြီးသန့်စင်ချင်လို့လား”

“ဒါပေါ့ အဆင့်တက်နိုင်သေးတယ်၊ ဝိဉာဉ်လေးကို မိုရှားကူပြီးတော့ ပြန်တည်ဆောက်ပေးလိုက် တာကို မမြင်ဘူးလား” လင်းလုံပြောလိုက်သည်။

“ဒါပေမဲ့ ဒါနဲ့ သန့်စင်မယ်ဆိုရင် မခက်နိုင်ဘူးလား”

“တခြားသူတွေအတွက်မလွယ်ပေမယ့် ယူယူ့အတွက်တော့ မခက်ဘူး” လင်းလုံသည် သူမအား မျက်လုံးပြူးများဖြင့်ကြည့်လေသည်။

“မရဘူး ငါ့ကိုအဲလိုမျက်လုံးတွေနဲ့မကြည့်နဲ့ လက်နက်တွေဘယ်လို သန့်စင်ရမလဲဆိုတာ ငါ မသိဘူး၊ ငါ့ကိုအဲလိုကြည့်လည်း အသုံးမဝင်ဘူး” ရှီမာယူယူ ပြောလေသည် “ငါတို့ပြန်သွားရင် ဖက်တီးကို ကူပြီးသန့်စင်ဖို့ေ ပြာပေးမယ်”

“မဖြစ်ဘူး ဖက်တီးလုပ်နိုင်မယ်ဆိုရင်တောင် နောက်နှစ်တစ်ရာ လောက်ကြာသွားလိမ့်မယ်” လင်းလုံငြင်းဆန်လေသည်။

“ဒါဆိုရင် မိုရှားကိုလုပ်ပါစေ” ရှီမာယူယူ အကြံပေးလေသည်။ သို့သော် လင်းလုံမငြင်းဆန်ခင်တွင် မဖြစ်နိုင်ဟု သူမ ခံစားလိုက်ရသည် “မိုရှားရဲ့ အခုအခြေအနေက လုံးဝမကောင်းဘူး၊ သူ့ကိုလုပ် ခိုင်းမယ်ဆို ဖြစ်မှာ မဟုတ်ဘူး”

“အဲဒါကြောင့် သန့်စင်ခိုင်းဖို့ ယူယူလုပ်ပေးမှဖြစ်မယ်” လင်းလုံပြော လေသည်။

“ဒါပေမဲ့ ငါမှမလုပ်တတ်တာ”

“သင်လို့ရတယ်လေ ဘယ်သူကမှ အစကတည်းကသိကြတာ မဟုတ်ဘူး” လင်းလုံ ပြောလေသည် “ယူယူက ဆေးသန့်စင်တဲ့နေရာမှာ တော်တယ်၊ လက်နက်တွေကို သန့်စင်တာလည်း မခက် လောက်ပါဘူး”

“ဖက်တီးကျူက ပစ္စည်းတွေကိုသန့်စင်တဲ့နေရာမှာ အရည်အချင်း အများကြီးရှိတယ်”

“သူကအရည်အချင်းရှိပါတယ် ဒါပေမဲ့ သူထိပ်တန်းတော့ မရောက်သေးဘူး နောက်ထပ်နှစ်တွေ ကြာလိမ့်မယ်၊ ယူယူတစ်ယောက်ပဲ လင်းလုံရဲ့လိုအပ်ချက်ကိုဖြည့်ပေးနိုင်မှာ” လင်းလုံပြောလေသည်။

“ဘာလို့လဲ”

“ဘာလို့လဲဆိုတော့ ယူယူက လင်းလုံရဲ့ စာချုပ်သခင်ဖြစ်နေလို့၊ ငါတို့က တစ်ထပ်တည်းပဲ၊ ဒါ ကိုအခြေခံကြည့်ရင် ယူယူလုပ်ရင် အများကြီး သက်သာမယ်” လင်းလုံရှင်းပြလေသည် “တခြားသူသာ ဆိုရင် ဒီကမ္ဘာမှာ မဖြစ်နိုင်တာတွေအများကြီးပဲ သူတို့လုပ်နိုင်တယ်ဆိုရင်တောင် ယူယူ လုပ်တာကို မမှီဘူးလို့ယုံတယ်၊ ဒါပေမဲ့ ယူယူက လင်းလုံကိုပေါက်ကွဲ အောင်လည်းလုပ်နိုင်တယ်”

“ဟူး မင်းအဲလိုပြောမှတော့ ငါတကယ်ပဲ လေ့လာရတော့မယ်ထင်တယ်” ရှီမာယူယူ အကူအညီ မဲ့စွာပြောလေသည် “ဒီနှစ်တွေမှာ ငါ့ခန္ဓာကိုယ်ကို အမြဲသန့်စင်လာလို့တော်သေးတယ် ငါ့အားက မဆိုးဘူး၊ မဟုတ်ရင် လုပ်လို့ရမှာမဟုတ်ဘူး ဒါပေမဲ့”

“ဒါပေမဲ့ဘာဖြစ်လဲ”

ရှီမာယူယူသည် လင်းလုံအား ကတ်သတ်စွာကြည့်လိုက်သည် “ဝိဉာဉ် လက်နက်သန့်စင်ရတာ အရမ်းရုပ်ဆိုးတယ်၊ ငါ့ပုံရိပ်ကိုလည်း အများကြီး ထိခိုက်နိုင်တယ်၊ ပိုက်ဆံထုတ်ရတာမဟုတ်ပဲ ပဲငံပြာရည်ထုတ်ရသလိုပဲ၊ ဟူး ငါတကယ်ပဲမသင်ချင်ဘူး”

သူမ ပြောလိုက်သောစကားကြားသောအခါ လင်းလုံသည် မေ့လဲချင် သွားသည်။ ဒီလူ သင်ဖို့ကို တွန့်ဆုတ်နေတာက လက်နက်ပညာရှင်ဖြစ်လာ တာက သူမပုံရိပ်အတွက်မကောင်းဘူးလို့တွေးတဲ့ အတွက်ကြောင့်လား။

သူ ရှီမာယူယူရှေ့ပျံသွားကာ ချက်ချင်းပင် သူမမျက်နှာကို ဆုပ်ကိုင် လိုက်သည်။ သူမ၏ လက်လေးနှစ်ဖက်သည် ယူယူ၏ ပါးကိုဆိတ်ကာ “ဝိဉာဉ် လက်နက် ဝိဉာဉ်လက်နက် ဝိဉာဉ်လက်နက် ဘယ်လိုသန့်စင်ရမလဲဆိုတာ သင်ဦး”

ရှီမာယူယူသည် သူမအား ချက်ချင်းပင်တွန်းလိုက်ပြီး ထူးဆန်းသတ္တု ကိုကိုင်လိုက်သည်။ သူမ ခေါင်းထဲတွင် ဖက်တီးကျူသည် သူမအတွက် သူဖတ်ထားသောစာအုပ်ကို ပြိုင်ပွဲမတိုင်ခင်တွင် ယူလာသည်ကို တွေးနေမိသည်။

လင်းလုံနဲ့ ထူးဆန်းသတ္တုကို လျှို့ဝှက်ချက်အနေနဲ့ထားရင် သူမကို ဘယ်သူမေးလာနိုင်လဲ။

လင်းလုံသည် တစ်ပတ်ပတ်ပြီးနောက် ယူယူ၏ ခေါင်းပေါ် ဆင်းသက်ကာ အဆက်မပြတ် ပတ်နေပြီး သူမဆံပင်ကိုဆွဲလေသည်။ သူမသည် စိတ်လှုပ်ရှားလွန်းနေသဖြင့် ငြိမ်ငြိမ်နေ၍မရပေ။

ရှီမာယူယူသည် လောကအသေးထဲတွင် အထဲဝေးကွာ သည် အထိပျံသန်းရာ လောကအသေးသည် နေရာချပြီးဖြစ်သည်ကို တွေ့လိုက်ရ သည်။ ဆေးပင်များသည် ဝိဉာဉ်လေး၏ ဝိဉာဉ်စေတီမှာ ကဲ့သို့ အစီအစဉ် တကျ ထိန်းသိမ်းထားသည်နှင့် မတူပဲ ဟိုဟိုဒီဒီ ပုံမှန်မဟုတ်စွာ ပေါက်နေ လေသည်။

ထိုနေရာတွင် ဝိဉာဉ်မိစ္ဆာမပြောနှင့် မည်သည့်တိရိစ္ဆာန်မှမရှိပေ။ မြူများ ဖုံးနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

“ဒီနေရာကတကယ်ကြီးတယ် အဇူရာဧကရာဇ်က ဒီလောကအသေးကို အရန်အဖြစ် ဘယ်လိုများ သန့်စင်ခဲ့တာလည်းမသိဘူး”

ကမ္ဘာပေါ်တွင် လောကအသေးများစွာရှိသော်လည်း သူတို့သည် အရန် အဖြစ်နှင့် သန့်စင်ခဲ့ကြ သည်။ ထိုလောကအသေးများမှာ ကြီးမားခြင်းမရှိကာ လူသားများဖွင့်နိုင်ကြသည်။ သူမသည် ဝူလင်းယူ ၏ လောကအသေးကို သေချာစွာမကြည့်ခဲ့ရသော်လည်း အဒေါ်၃၏ လောကအသေးအကြောင်းကို သိ သည်။ နေရာတစ်ခုလုံးသည် သူမအခုရောက်ရှိနေသည့်နေရာလောက် ကြီးသည်။

သူမ သိသလောက်ဆိုလျှင် လျှို့ဝှက်မျိုးနွယ်များနေလေ့ရှိသည်။ သူတို့နေသော လောက အသေးများမှာ အရွယ်အစားကြီးကြသည်။

သူမသည် လှည့်ပတ်ကြည့်ပြီးနောက် လောကအသေးမှ ထွက်လာချိန် တွင် ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့ပြန်လာကြသည်။

“စီနီယာတို့ ထပ်ပြီးထွက်ကြတာလား” သူမသည် တံခါးကိုမှီကာ သူတို့ကို နှုတ်ဆက်လိုက် သည်။

“ငါရှောင်ရှောင့်နောက်လိုက်သွားတာ” ဟန့်မြောင်ရွှမ် ပြောလေသည် “လောကအသေးကို သန့်စင်ပြီးသွားပြီလား”

ရှီမာယူယူ ခေါင်းရမ်းလိုက်သည် “ဒီလောကအသေးက ကျွန်တော် ထင်တာထက် ခက်တယ်”

“ဒါဆို အချိန်အများကြီးပေးရမှာပဲ သေချာပေါက်တော့ရတနာ တွေအများကြီးရှိမှာ” ဟန့်မြောင်ရွှမ် ပြောလေသည်။

“ကျွန်တော် ခေါ်သွားပြမယ်”

သူမသည် သူတို့နှစ်ယောက်အား လောကအသေးကိုခေါ်သွားရာ နှစ်ယောက်လုံးစိတ်လှုပ်ရှား ကြလေသည်။

“အိုး ဒီလောကအသေးကကြီးလိုက်တာ၊ မဖွင့်သေးတဲ့နေရာတွေ လည်းရှိတယ်၊ ဟီးဟီး မင်း သန့်စင်ပြီးတာနဲ့ လျှို့ဝှက်ဂိုဏ်းကို လောက အသေးထဲမှာထည့်ထားလို့ရပြီ” ဟန့်မြောင်ရွှမ် အော်မိ လေသည်။

“ဒီဆေးပင်တွေတော့ နှမြောစရာကြီး သူတို့ကိုသေချာလေးရှင်း လိုက်မယ်ဆိုရင် ပိုပြီး ဖွံ့ဖြိုးလာ မှာပဲ” ရှောင်ရှောင်သည် ကျပန်းပေါက်နေ သော ဆေးပင်များကိုကြည့်ပြီး ရင်နာနေသည်။

“အပင်တွေက ရှေးတုန်းကတည်းကအပင်တွေ၊ တချို့အပင်တွေဆိုရင် ပျောက်ကွယ်သွားကြပြီ ဒီမှာဒီလောက်များလိမ့်မယ်လို့ ထင်မထားဘူး” ဟန့်မြောင်ရွှမ်၏ မျက်လုံးများ အရောင်တောက်လာသည် “ဆရာက ရှေးဟောင်းဆေးနည်းတွေကို ယူလာတာနဲ့အတော်ပဲ၊ ငါ စမ်းကြည့်ပြီး အဲဆေးတွေ ဖော်လို့ရမရကြည့်ရမယ်”

***

All Chapters