← Chapters

ရှောင်ချီနိုးထခြင်း

Vol. 009 Ch. 829

ရှောင်ချီနိုးထခြင်း

Vol. 009 Ch. 829

ရှီမာယူယူ ခေါင်းညိမ့်လိုက်သည် “တွေ့ဆုံပွဲ၃ခု ပြီးတာနဲ့ သွားစမ်း ကြည့်ကြတာပေါ့”

“ဟုတ်သားပဲ မင်း ပြိုင်ပွဲ၃ခုကို ဝင်ပြိုင်ရဦးမှာပဲ” ဟန့်မြောင်ရွှမ်သည် သူမ နဖူးကိုရိုက်လိုက်သည် “ဒီလိုလုပ်ပါလား မင်ပြိုင်နေတဲ့အချိန်ကို ငါတို့ မထွက်လာတော့ဘူး အဲအချိန်ကို ရှေးဟောင်းဆေး နည်းကို ငါတို့လေ့လာ ထားလိုက်မယ်၊ မင်းပြိုင်မယ့်အလှည့်ကျ ငါတို့်လာကြည့်မယ် အဲလိုဆိုရင်ရော”

ရှီမာယူယူသည် စူးရှောင်ရှောင်ကိုကြည့်လိုက်သည်။ သူ မငြင်းဆန် သည်ကိုတွေ့သောအခါ ပြောလေသည် “ကောင်းပြီလေ တစ်ခုခုလိုတာရှိရင် ခေါ်လိုက်ပါ ကျွန်တော်ကြားပါတယ်”

သူတို့ကိုထိုနေရာတွင် နေစေပြီး ရှေးဟောင်းဆေးနည်းများလေ့လာ ကာ သန့်စင်မှုကို လေ့ကျင့်ခြင်းသည် အပြင်တွင် အဓိပ္ပာယ်မရှိထိုင်းမှိုင်း နေသည်ထက် အများကြီးပိုကောင်းသည်။

ထို့အပြင် သူမတွင် ထိုဆေးပင်များ နည်းပါးခြင်းမရှိပေ။ ဝိဉာဉ်စေတီ အတွင်းတွင် မျိုးစုံသော ဆေးပင်များရှိသေးသည်။

သူတို့ကို ကစားခွင့်လည်းပေးနိုင်သည်။

သူမတစ်ယောက်တည်းထွက်လာပြီး ဝိဉာဉ်စေတီအတွင်းသွားကာ ရှောင်ချီဆီသွားလည်လေသည်။

ရှောင်ချီသည် လက်ရှိတွင် အဖြူရောင်လှောင်အိမ်အတွင်းရှိကာ ဖက်တီးကျူနှင့် တခြားသူများ သည် သူမဘေးတွင် ကျင့်ကြံနေကြသည်။ သူတို့တစ်ယောက်ချင်းစီတွင် ကာကွယ်ရေး အတားအဆီးရှိ ပြီး တခြားသူများ အနှောင့်အယှက်ပေးလာမည်ကို ကြောက်ရန်မလိုကြပေ။

သူမ လာသည်ကိုအာရုံခံမိသည်နှင့် ရှီမာယူလင်း မျက်လုံးဖွင့်လိုက် သည် “လာပြီလား”

“အင်း ရှောင်ချီအဆင့်တက်တာကို လာကြည့်တာ” ရှီမာယူယူ ပြောလိုက်သည် “မင်းတို့ ကျင့်ကြံတာရော ဘယ်လိုလဲ”

“အဆင့်တက်ဖို့တော့နီးလာပြီ၊ ငါအပြင်ရောက်တာနဲ့ အဆင့်တက်နိုင် တယ်” ရှီမာယူလင်း ပြော လိုက်သည် “ရှောင်ချီက ကျင့်စဉ်အတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာပဲ၊ ပြီးတော့ ငါတို့က သူမဘေးမှာ ရှိတာနဲ့တင် ငါတို့ရဲ့ကျင့်စဉ်အရှိန် အများကြီးတက်လာတယ်”

“အဲလိုမဟုတ်ရင် သူမအတွက်နဲ့ ဂိုဏ်းတွေအများကြီးက တိုက်ခိုက်မှာ မဟုတ်ဘူးလေ” ရှီမာယူယူ ပြောလိုက်သည်။

“စီနီယာအစ်ကိုကြီးက ရှောင်ချီအကြောင်းကို ပြန်ပြီးတင်ပြမယ်လို့ ထင်တယ်၊ ရှောင်ချီရဲ့ သရုပ်မှန်က ပေါက်ကြားနေပြီ” ရှီမာယူလင်း ပြောလေ သည် “အခု ငါတို့က ဂိုဏ်းနယ်မြေမှာဆိုတော့ အဲလူတွေ မင်းကိုဘာမှ မလုပ်နိုင်ဘူး၊ ဒါပေမဲ့ အပြင်ထွက်မယ်ဆိုတာနဲ့ မင်းကိုဆန့်ကျင်ကြမှာပဲ”

“ငါလည်းအဲလိုထင်တယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ သူတို့ကငါ့ကိုလာရှာရဲမှတော့ ပြန်လို့မရအောင်လုပ်ပေးလိုက်မယ်”

“အဲလူတွေ အချိန်တစ်ခုလောက်တော့ သတင်းမလွှင့်ရင်တော့ ကောင်း တယ်၊ လူအများကြီး သိသွားရင် တားဖို့ခက်သွားပြီး တိုက်ပြီးရင်း တိုက်ရလိမ့်မယ်”

“အဲဒါကြောင့် အရေးအကြီးဆုံးက သန်မာလာဖို့ပဲ” ရှီမာယူယူ သက်ပြင်းချလိုက်သည်။

သို့သော် သူမသည် အခုချက်ချင်းအဆင့်တက်ရန် မစိုးရိမ်ပေ။ သူမသည် ပြီးခဲ့သည့် ၂နှစ်တွင် အလွန်အားကောင်းလာခဲ့သည်။ ထို့အပြင် ထိုအင်အားသည် ငှားယူခြင်းကိုအခြေခံခဲ့သည်။ သူမသည် ထိုအင်အား ကို၂နှစ်လောက် အခြေခိုင်အောင်လုပ်ပြီးမှ စဉ်းစားရမည်။

သို့သော် သူမ အင်အားသည် လျင်မြန်စွာတိုးလာပါက မငြိမ်မသက် ဖြစ်ပြီး သူမ၏ အနာဂတ်နေ့ ရက်များမှာ ကောင်းနိုင်ချေမရှိပေ။

“ငါတို့ ပိုသန်မာလာအောင် အကောင်းဆုံးလုပ်ရမယ်” ရှီမာယူလင်း ပြောလိုက်သည်။

“တိုင်းပြည်ကိုလှည့်ပတ်သွားချင်တယ်ဆိုရင်တော့ အားနည်းနေတာက တကယ်မကောင်းဘူး” ရှီမာယူယူ ပူဆွေးစွာပြောလေသည် “အဲဒါကြောင့်ပဲ လူတွေနေ့တိုင်းသေနေကြတာ၊ မင်းငါ့ကိုတိုက်တာနဲ့ ငါမင်းကို ဖမ်းမယ်ပဲ ဖြစ်နေကြတာ၊ ပြိုင်ပွဲ၃ခုစဖို့က တစ်လလိုသေးတယ် မင်းတို့အတွက် ၁နှစ် အချိန် ရတယ်”

“အင်း ဖက်တီးနဲ့ တခြားသူတွေက တံခါးပိတ်ကျင့်ကြံပြီးတာနဲ့ သူတို့ရဲ့ ကျွမ်းကျင်တဲ့အလုပ်ကို လေ့ကျင်မယ်လို့ပြောတယ်”

“သူတို့ မကျင့်ကြံတော့ဘူးလား”

“ရှောင်ချီ ပြောင်းလဲဖြစ်စဉ်က နှစ်တွေကြာနေပြီ သူမ ဘယ်တော့မှ ပြီးမှာလဲဆိုတာ သိချင်နေ ပြီ”

“မကြာခင်ပြီးလောက်မှာပါ ရှောင်ချီရဲ့ ရောင်ဝါကနောက်ပိုင်းကို မတည်မငြိမ် ၏ဖြစ်လာတယ် အရင်ကလို ငြိမ်မနေတော့ဘူး၊ သူမ ပြောင်းလဲ ဖြစ်စဉ်ရဲ့ နောက်ဆုံးအဆင့်ရောက်နေပြီထင်တယ်” ရှီမာယူလင်း ပြောလိုက် သည်။

“အဲလိုဆိုရင်တော့ ကောင်းတယ်၊ ဂိုဏ်းက သူမအခြေအနေကို ငါ့ကို ခဏခဏမေးတယ်၊ ဒီ့ထက်ပိုကြာမယ်ဆိုရင် သူမကို ငါဝါးစားလိုက်တယ်လို့ ထင်တော့မယ်”

“အရူး” စိမ်းသက်သော်လည်း ရင်းနှီးသလိုမျိုးရှိသော အသံသည် သူမ ဘေးတွင်ထွက်လာ သည်။

“ရှောင်ချီ” ရှီမာယူယူသည် ငေးမောစွာခေါ်လိုက်သည်။

“ယူယူ့ကိုဘယ်သူသံသယဝင်မှာလဲ၊ သူတို့ကို တစ်ချက်လောက် ပစ်ကျွေးလိုက်မယ်”  ထိုအသံ ထပ်ထွက်လာရာ ရှောင်ချီ၏အသံမှာ အား ကောင်းလာသည်။

“ရှောင်ချီ ပြောင်းလဲတာပြီးပြီလား”

“ပြီးခါနီးပြီ၊ ယူယူတို့စကားပြောတာကြားလို့ ဝင်ပြောတာ၊ ကောင်းပြီ ဆက်လုပ်လိုက်ဦးမယ်”

ရှောင်ချီသည် ပြောပြီးနောက်တွင် ထပ်မံတိတ်ဆိတ်သွားလေသည်။

ရှီမာယူယူ နှုတ်ခမ်းတွန့်မိသည်။ ဒီကောင်က သူမကို ကျိန်ဆွဲဖို့အတွက် ထလာတာလာား။

ရှောင်ချီ၏ ရောင်ဝါသည် ပို၍ရှုပ်ထွေးလာကာ သူမခန္ဓာကိုယ်ထဲမှ တင်းမာမှုများထွက်လာ သည်။

သူမ မငြိမ်မသက်ဖြစ်နေသည်ကို ဘေးမှလူများခံစားမိသဖြင့် နိုးထလာ ကြသည်။

“ညီ၅ ဘယ်တုန်းကရောက်တာလဲ” ရှီမာယူလီသည် ပြုံးပြီးမေးလေ သည်။

“နည်းနည်းကြာပြီ ကျွန်တော်ယူလင်းနဲ့ စကားပြောနေတာ” ရှီမာယူယူ ပြောလိုက်သည်။

“ရှောင်ချီ ဘာဖြစ်တာလဲ” ဖက်တီးကျူသည် သူမ၏ ရှုပ်ထွေးနေသော အခြေအနေကို မြင်သည် နှင့် မေးလေသည်။

“ရှောင်ချီက ပြောင်းလဲဖြစ်စဉ်နောက်ဆုံးအဆင့်ရောက်နေပြီ အဲဒါ ကြောင့် သူမရောင်ဝါက မတည်မငြိမ်ဖြစ်နေတာ”

“ရှောင်ချီက ပြောင်းလဲဖြစ်စဉ်ပြီးတော့မှာလား”

“အချိန်ဘယ်လောက်ကြာဦးမလဲတော့မသိဘူး” ရှီမာယူယူသည် ရှောင်ချီ၏ အခြေအနေကို မြင်ပြီး အနည်းငယ်စိုးရိမ်မိသည်။

“သူမ အဆင်ပြေမှာပါ” ဘေဂုံထန် ပြောလိုက်သည်။

“အင်း”

ဘေဂုံထန်နှင့် တခြားသူများသည် ရှီမာယူယူနှင့်အတူ အပြင်မှ အဖြစ်အပျက်များကို ခေတ္တမျှ စကားပြောပြီးနောက် လုပ်စရာရှိသည်များကို သွားလုပ်ကြလေသည်။ ရှီမာယူယူတစ်ယောက်သာ ရှောင်ချီကို စောင့်ရှောက်ရန် ကျန်ခဲ့လေသည်။

ရှောင်ချီ ဘယ်လိုနေသည်ကို သူမ မမြင်နိုင်သော်လည်း သူမအတွက် လွယ်ကူမည်မဟုတ်ဆိုသည်ကိုတော့ ယူယူသိသည်။ သူမကို အုပ်ထားသော အဖြူရောင်လှောင်အိမ်သည် ကြီးကြီးလာကာ စုပ်ယူနေသည်။ ထို လှောင်အိမ်သည် သူမ အသက်ရှုသံနှင့်အတူ ကြီးလာလိုက် သေးသွား လိုက်ဖြစ်နေ သည်။

ရက်အနည်းငယ်ကြာသောအခါ ရှောင်ချီဘေးမှ မြူများ ကြီးမားလာ သည်မှာ ကြီးမားသောဂွမ်း ကဲ့သို့ဖြစ်လာသည်။

သူမ ရောင်ဝါသည် အဆက်မပြတ်ထွက်လာရာ စေတီအတွင်းမှ လူ အားလုံး တုန်လှုပ်သွားကြ လေသည်။

“ပြီးတော့မှာလား”

အားလုံးပျံလာကြကာ ရှောင်ချီဆီမှ စွမ်းအားအဆက်မပြတ်ထွက်လာ သည်ကို မြင်သောအခါ လျင်မြန်စွာပင် ပျံပြေးကြလေသည်။

“ဘုန်း”

ကြီးမားသောဂွမ်းဆီမှ ပေါက်ကွဲထွက်မှုသည် အားလုံးကို ကိုယ့်ဘာသာ ကာကွယ်ချိန်သာရ လိုက်သည်။ အိမ်များနှင့် တခြားအရာများသည် အမှုန့်ဖြစ်သွားလေသည်။

ကျန်ရှိသောစွမ်းအားများ ပြန့်ကျဲသွားကာ မြူခိုးများ တဖြည်းဖြည်းစု သွားသည်နှင့် ရှောင်ချီသည် အားလုံးကိုစုပ်ယူလိုက်သည်။

မြူခိုးများရှင်းသွားသည်နှင့် အားလုံးမျက်လုံးဖွင့်လိုက်ကြရာ အဖြူရောင် အသားလုံးသည် ၁၀နှစ် အရွယ် ကလေးအဖြစ်ပြောင်းသွားလေသည်။

ရှောင်ချီ၏ အာရုံငါးပါးသည် အနည်းငယ်စီတိုးလာကာ အဖြူရောင် စကတ်ရှည်အဖြစ်ပြောင်းလဲ သွားလေသည်။ သူမ၏ ကျစ်ဆံမြီး ဆံထိုး နှစ်ခုသည် ဆံပင်စည်းထားသည့်အသွင်ပြောင်းကာ သူကျောတွင်ကျ နေသည်။ သူမကိုကြည့်ရသည်မှာ မိန်းမလှလေးသဖွယ်ခံစားရသည်။

“ယူယူ ငါထပ်ကြီးလာပြန်ပြီ” ရှောင်ချီသည် ရှီမာယူယူဆီသို့ပျံလာကာ သူမရင်ခွင်ထဲချက်ချင်း ပြေးဝင်လိုက်သည်။

ရှီမာယူူယူသည် လက်ရှိ ရှောင်ချီကိုကြည့်ရသည်မှာ သူမသမီးအရွယ် ရောက်လာသည်ကို ကြည့်ရသည့်အတိုင်းပင်။ သူမသည် ပျော်ရွှင်စွာ ပြော လေသည် “ဒီလောက်ကြာနေပြီ နောက်ဆုံးတော့ အောင်အောင်မြင်မြင် ပြောင်းလဲလာပြီပေါ့”

“ယူယူ ရှောင်ချီ ပိုပြီးသန်မာလာတယ်၊ အဲလူတွေနဲ့ထပ်တွေ့ တယ်ဆိုရင် ယူယူ့ကိုကူညီပြီး သူတို့ကို ပျံအောင်လုပ်ပေးလိုက်မယ်” သူမ သည် ရင့်ကျက်သော မိန်းကလေးပုံပေါက်နေသော်လည်း သူမ ပါးစပ်ဖွင့် လိုက်သည်နှင့် ချက်ချင်းပင် ယောက်ျားဆန်သည့် ပုံပေါ်လာသည်။

“ကိုယ့်ကိုယ်ကို ဂရုစိုက်ရင်ကိုတော်ပါပြီ” ရှီမာယူယူသည် သူမ၏ ပါးများကိုဆိတ်လိုက်သည်။

“ဒီတစ်ခေါက် ပြောင်းလဲပြီးတော့ တကယ်ပဲအရွယ်ရောက်လာတယ်၊ ပိုပိုပြီးတော့ အားကောင်း လာပြီ” ရှောင်ချီသည် လက်သီးဆုပ်ဖြေကာ “အာ… တုလေးဘာလို့မရှိတာလဲ အဲနေ့က သူ့ကိုခေါ်သွား ကြပြီလား”

“မဟုတ်ဘူး သူ့ကို သူ့မျိုးနွယ်ဝင်တွေက ခေါ်သွားကြပြီ စိုးရိမ်ဖို့မလိုဘူး သူအခု လုံခြုံတယ်” ရှီမာယူယူ ပြောလိုက်သည်။

“သြော်” ရှောင်ချီသည် ခေတ္တမျှငြိမ်သွားပြီးနောက် ပြုံးကာ “အဘိုးကြီးယွမ်နဲ့ တခြားသူတွေ ဂိုဏ်းမှာရှိလား သူတို့ကို ရှောင်ချီ့ရဲ့ ပြောင်းလဲမှုကိုပြချင်တယ်၊ အဲလူက ရှောင်ချီ မကျင့်ကြံနိုင်ဘူးဆို တာကို ကြိတ်လှောင်နေကြတာ၊ ရှောင်ချီ့ရဲ့ စွမ်းအားနဲ့ သူ့ကိုကန်းအောင်လုပ်ပ လိုက်မယ်”

***

All Chapters