← Chapters

ငါမင်းနောက်လိုက်မယ်

Vol. 009 Ch. 830

ငါမင်းနောက်လိုက်မယ်

Vol. 009 Ch. 830

“ကျောင်းအုပ်ယွမ်နဲ့ တခြားသူတွေကျောင်းမှာမရှိဘူး” ရှီမာယူယူ ပြောလိုက်သည် “သူတို့တင် မဟုတ်ဘူး ငါ့ဆရာနဲ့ ဆရာဟော်လည်း မရှိကြ ဘူး”

“ရှုဂျင်းလို အရူးတောင် အပြင်ထွက်သွားတယ်ဟုတ်လား သူတို့ ဘယ်သွားကြတာလဲ” ရှောင်ချီ မေးလိုက်သည်။

“သူတို့ဘယ်သွားလဲတော့ မသိဘူး ဒါပေမယ့် ဒါရိုက်တာမုန့်နဲ့ တခြား သူတွေက အဲနေရာကိုသိ တယ်လို့ပြောတယ်၊ သူတို့က သတင်းပို့လို့မရပဲ သတင်းပို့လာတာကိုပဲစောင့်ရမယ်တဲ့” ရှီမာယူယူ ပြော လေသည် “မင်း ပြောင်းလဲမှုလုပ်နေတုန်းမှာ အများကြီးဖြစ်ပျက်သွားတယ် နောက်မှရှင်း ပြမယ် အခုတော့ ဒါကိုရှင်းဖို့အကြံထုတ်ဦး”

ရှောင်ချီသည် သူမအကြည့်နောက်လိုက်ရာ လူနေထိုင်သည့်နေရာ သည် အစုလိုက်အပုံလိုက် ဖြစ်နေသည်ကို တွေ့သည်နှင့် ပါးအို့တက်သွား အောင် ရယ်မောလိုက်သည်။

“ဒါက အဟွတ် အဟွတ် ရှောင်ချီတမင်လုပ်တာမဟုတ်ဘူး”

“မင်း တမင်လုပ်တာမဟုတ်ဘူးဆိုတာ သိတယ်လေ” ရှီမာယူယူသည် သူမခေါင်းကိုပုတ်လိုက် သည် “ဒါပေမဲ့ အကုန်လုံးရဲ့အိမ်တွေပျက်စီးသွားပြီ ဒါကိုပြန်ဆောက်ရမယ်”

“ဟဲဟဲ ရှောင်ချီလည်းကူညီပါမယ်”

ထိုရက်များတွင် သူမသည် ပြောင်းလဲမှုကြုံခဲ့ရသော်လည်း သတိရှိ နေသေးသည်။ သူတို့ နောက်ပြောင်နေကြခြင်း သူတို့စကားပြောသည်များကို နားထောင်ရသည်မှာ မည်မျှကြိုးစားခဲ့သည်ကို နားလည်သွားပြီး သူမသည် သူတို့၏တစ်စိတ်တစ်ပိုင်း တဖြည်းဖြည်းဖြစ်လာသည်။

အရင်က အလယ်ပိုင်းနယ်မြေကိုမစ်ရှင်အတွက်လာစဉ်က သူမသည် ထိုအဖွဲ့နှင့် အရောတဝင် မရှိခဲ့ပေ။ သူမသည် ယူယူကြောင့်သာ လိုက်လာခဲ့ ခြင်းဖြစ်သည်။

“ကောင်းပြီ”

အားလုံးသည် အတူတကွဆောက်ခဲ့ကြသော်လည်း အများစုမှာ ဝိဉာဉ် လေးလုပ်လိုက်ခြင်း ဖြစ်သည်။ ဥပမာဆိုလျှင် ဝိဉာဉ်လေးသည် မြူများကို ဖယ်ရှားလိုက်သည်။ ပစ္စည်းများကို ယူလာသူမှာ လည်း ဝိဉာဉ်လေး ပင်ဖြစ်သည်။

ပိုအဆင်ပြေသွားစေရန် သူတို့သည် နေထိုင်သည့်နေရာအကျယ်ကို ပိုဖြန့်လိုက်ပြီး ထုထည်ကြီး သောအိမ်ကိုဆောက်ကြလေသည်။

အရင်အိမ်များသည် ကျောင်းသားအဆောင်များကဲ့သို့ တစ်ဆက်တည်း တိုက်ခန်းများဖြစ်ကြသည်။ အခန်းအနည်းငယ်သာရှိကာ လူများပိုရောက်လာ ပါက ဘေးတွင် အိမ်များထပ်ဆောက်ခဲ့ရသည်။

အခု သူတို့သည် ကိုယ်ပိုင်ခြံဝန်းနှင့် အိမ်များအဖြစ်ပြောင်းလဲ ဆောက် ကြသည်။ အတူနေလိုသူ များသည် ခြံဝန်းတွင် ပေါင်းနေနိုင်ကြသည်။ မဟုတ်လျှင် ကိုယ်ပိုင်ခြံဝန်းကိုတည်ဆောက်နိုင်သည်။ နောက်ရောက်လာ သူများအတွက် တခြားခြံဝန်းကိုလည်း ဆောက်ထားကြသည်။

နေ့စဉ်သုံးလိုအပ်သည်များမှာ အချိန်တိုအတွင်းရှာရန်ခက်သဖြင့် အပြင် ထွက်ကာဝယ်ရမည်။

နေထိုင်ရန်နေရာကို ပြန်ပြင်ဆောက်ပြီးချိန်တွင် ရှီမာယူယူသည် ရှောင်ချီ ပြောင်းလဲနေချိန်အတွင်း အဖြစ်အပျက်များကိုပြောပြရာ အတွေ့အကြုံများစွာရလေသည်။

“ယူယူ ရှောင်ချီက ယူယူ့ကိုသစ္စာမဖောက်ဘူး” ရှောင်ချီသည် လက်ခုတ်တီးကာ ပြောလေသည်။

ယူယူသည် စူးရှောင်ရှောင်နှင့် ဟန့်မြောင်ရွှမ်တို့ မည်မျှဝမ်းနည်း ကြောင်းကို ပြောပြသော်လည်း သူမသည်လည်း ဝမ်းနည်းနေသည်ကို ရှောင်ချီခံစားမိသည်။

ရှီမာယူယူသည် ရှောင်ချီ၏ ခေါင်းကိုပုတ်ကာ ပြောလေသည် “နောက်ကိုဘာလုပ်မယ် စီစဉ် ထားလဲ”

“ဘာအဓိပ္ပာယ်လဲ” ရှောင်ချီသည် သူမကို နားမလည်စွာ ကြည့်လေသည်။

“ငါ့နောက်ကိုလိုက်လာတာက ပြောင်းလဲနိုင်မယ်လို့ခံစားရလို့ လိုက်လာတာလေ၊ အခု မင်း ပြောင်းလဲပြီးပြီဆိုတော့ ငါ့နောက်လိုက်ဖို့ မလိုတော့ဘူး” ရှီမာယူယူ ပြောလိုက်သည် “မင်းသတင်းက ပြန့်သွားပြီ ငါတို့နောက်ဆက်လိုက်မယ်ဆိုရင် အန္တရာယ်များတယ်”

“ရှောင်ချီကဘာလို့လိုက်လို့မရတာလဲ” ရှောင်ချီသည် နှုတ်ခမ်း ဆူလေသည် “ရှောင်ချီ ပိုအား ကောင်းလာပြီ သာမာန်လူဆိုရင် ရှောင်ချီနဲ့ မယှဉ်နိုင်ဘူး မစိုးရိမ်နဲ့ အန္တရာယ်ရှိမှာမဟုတ်ဘူး”

“အခုလုံခြုံတယ်ဆိုတာက နဂါးနက်ကိုးကွယ်ရေးဂိုဏ်းက မင်းသတင်း ကိုမဖြန့်ရသေးလို့လေ” ရှီမာယူယူ ပြောလိုက်သည် “သူတို့ မအောင်မြင် နိုင်ဘူးဆိုတာသိသွားတာနဲ့ မင်းသတင်းကိုဖြန့်တော့မှာ အဲအချိန်ကျရင် ဒီမြေပြင်ပေါ်ကလူတွေက မင်းကိုဖမ်းဖို့ကြိုးစားကြမှာပဲ”

“ယူယူ ရှောင်ချီက ယူယူ့အတွက် ပြဿနာဖြစ်မှာကိုကြောက်တာလား” ရှောင်ချီမေးလိုက် သည်။

“ဘာလို့အဲလိုတွေပြောတာလဲ” ရှီမာယူယူသည် သူမခေါင်းကို ပွတ်လိုက်သည် “မင်းက အားလုံး ရဲ့ တန်ဖိုးရှိတဲ့ ကျင့်စဉ်ရတနာပဲ၊ မင်းကို သူတို့လက်ထဲဘယ်လိုရောက်အောင်လုပ်ရမှာလဲ”

“ဒါပေမဲ့ ယူယူက ရှောင်ချီ့ကိုတစ်ခါမှ ရတနာလိုမဆက်ဆံဖူးဘူး” ရှောင်ချီပြောလိုက်သည် “ယူယူ တစ်ခါမှ ရှောင်ချီ့ကို စိတ်အား ထက်ထက်သန်သန်နဲ့ မကြည့်ဖူးဘူး”

“ငါဘယ်တုန်းက…”

“ရှောင်ချီက ယူယူ့အတွက်ပြဿနာအိုးဆိုတာကိုသိပြီး အန္တရာယ်ဖြစ် စေမှာကိုကြောက်တာ ရှောင်ချီသိတယ် အဲဒါကြောင့် ရှောင်ချီ့ကို အဝေး ကိုနှင်ထုတ်တာ” ရှောင်ချီသည် စိတ်မကောင်းစွာ စောဒကတက်လေသည်။

“ဘယ်လိုဖြစ်ပြီးလဲ” ရှီမာယူယူသည် သူမ အမူအရာအားမြင်ပြီးနောက် မတတ်သာစွာပြောလေသည် “မင်းကို ငါနှင်ထုတ်ချင်တယ်လို့ပြောမိလို့လား၊ နောက်လုပ်မယ့်အစီအစဉ်ကဘာလဲလို့ပဲမေး တာလေ”

“ရှောင်ချီ့ရဲ့အနာဂတ်အစီအစဉ်က ယူယူနောက်လိုက်ဖို့ပဲ၊ ရှောင်ချီတို့ က အင်အားကြီးတည် ထောင်ဖို့မလား ပြီးတော့ အတွင်းပိုင်းဒေသတွေ သွားပြီး ကမ္ဘာကြီးကိုအုပ်ချုပ်မယ်” ရှောင်ချီသည် ရှီမာယူယူပြောလိုက်သည့် နှင်ထုတ်မည်မဟုတ်ဆိုသောစကားကိုကြားပြီး အားတက်ပြီးသွားလေ သည်။

“မင်းက ကျောင်းရဲ့ရတနာလေ၊ ငါ့နောက်လိုက်မယ်ဆိုရင် ကျောင်းက သဘောတူပါ့မလား”

“ကျောင်းကိစ္စကိုတော့ ရှောင်ချီရှင်းလို့ရပါတယ်၊ သူတို့က ရှောင်ချီ့ရဲ့ လုံခြုံမှုကို သေချာအောင် လုပ်တာ” ရှောင်ချီ ရှင်းပြလေသည် “ပြီးတော့ ရှောင်ချီက ဂိုဏ်းကနေထွက်ပြီးနေမယ်ဆိုရင်လည်း သူတို့ကို သက်ရောက်မှု မရှိနိုင်ပါဘူး၊ ရှောင်ချီဘာပဲဖြစ်ဖြစ် မသေနိုင်ပါဘူး”

ရှီမာယူယူသည် ပန်းလေး၏ ခွဲခွာမှုကျင့်စဉ်ကိုသတိရသွားပြီး ရှောင်ချီ ၏ လှုပ်ရှားမှုကို နားလည် သွားသည်။

“ငါအပြင်ထွက်ရင် ကျောင်းအုပ်ဖန်နဲ့ တခြားသူတွေနဲ့တွေ့ဖို့ မင်းကိုခေါ် သွားမယ်၊ သူတို့ မင်းကို အရမ်းစိတ်ပူနေကြတယ်” ရှီမာယူယူ ပြောလိုက် သည်။

“အင်း”

ရှီမာယူယူသည် အိမ်ဆောက်ပြီးသည်အထိ မစောင့်တော့ပဲ ရှောင်ချီကို ခေါ်ကာထွက်ခဲ့လေသည်။ သူတို့သည် မုန့်စန်းချွယ်နှင့် ဖန်လိုင်တို့ကို အရင် သွားတွေ့ပြီး လောကအသေးဆီသို့လာလိုက်ကြသည်။

ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့သည် ရှေးဟောင်းဆေးနည်းကို လေ့လာစဉ်တွင် ရှီမာယူယူ  ရှောင်ချီကို ခေါ်ပြီးဝင်လာသည်ကိုမြင်သောအခါ သူမကို မှတ်မိကြလေသည်။

“ရှောင်ချီ ပြောင်းလဲတာ အောင်မြင်သွားပြီလား” ဟန့်မြောင်ရွှမ်သည် စိတ်လှုပ်ရှားစွာ လမ်းလျှောက်လာပြီး ရှောင်ချီ၏ ပါးကိုလက်နှစ်ဖက်ဖြင့် ဆိတ်လိုက်သည်။

“ရှောင်ချီကြီးလာတာ မမြင်ဘူးလား” ရှောင်ချီ ပြောလေသည် “ရှောင်ချီ့ကိုထပ်မဆိတ်နဲ့တော့ ပါးတွေရောင်နေပြီ”

“အဲလောက်လွယ်လွယ်နဲ့မရောင်ပါဘူး” ဟန့်မြောင်ရွှမ် ပြောလိုက် သည် “ငါထင်တောင်မထင်မိဘူး မင်းကကမ္ဘာမြေကြီး မျက်လုံးဖြစ်မယ်ဆိုတာ ကို ငါတို့ကိုတောင်ဖုံးကွယ်ထားတယ်”

သူတို့ထွက်မသွားခင် ကျန်းကျူရှန့်မပြောခဲ့ပါက သူတို့သည် သိမည် မဟုတ်ပေ။

“မင်းတို့မှ မမေးဖူးတာ” ရှောင်ချီသည် ပေါ့ပါးစွာပြောလေသည်။

“အဲလိုမရိုးသားရဘူးလို့ဘယ်သူပြောထားတာလဲ” ဟန့်မြောင်ရွှမ်သည် သူမပါးကို ဆက်ဆိတ် နေလေသည်။

“စီနီယာ ကျွန်တော်အခုပဲ ဒါရိုက်တာမုန့်ဆီက သတင်းရတယ်” ရှီမာယူယူ ပြောလေသည်။

“ဘာသတင်းလဲ”

“ကျန်းကျူကျိကလွဲပြီးတော့ ကောင်းကင်မြို့က ကျန်းမိသားစုတွေ အသတ်ခံလိုက်ရပြီ”

“အကုန်သေကုန်ပြီလား”

“ဟုတ်တယ် ကျန်းချန်တော့မသေသေးဘူး” ရှီမာယူယူ ပြောလိုက် သည် “သူက ကျန်းကျူကျိ ကို ခေါ်သွားမလို့လို့ပြောကြတယ်”

“ကျန်းချန်ရဲ့အားက မနည်းပေမယ့် ရှီချန်ကျိဆီကနေ ထွက်ပြေးနိုင်တဲ့ စွမ်းရည်ရှိတယ်” ဟန့်မြောင်ရွှမ် ပြောလေသည်။

“ကျန်းမိသားစုတွေ စိတ်တိုသွားကြမယ်လို့ထင်တယ်၊ သူတို့ကတရား မျှတမှုတောင်းဆိုပေမယ့် အကုန်အသတ်ခံလိုက်ရပြီ၊ သူတို့သခင်ကိုတောင် သတ်မိလုနီးပါးဖြစ်သွားတယ်” ရှီမာယူယူ ပြောလိုက် သည်။

“စိတ်တိုတာအကြောင်းမဟတု်ဘူး၊ နဂါးနက်ကိုးကွယ်ရေးဂိုဏ်းကလုပ် တယ်ဆိုတာ သိရင်တောင် သူတို့မှာနည်းလမ်းမရှိဘူး၊ နဂါးနက် ကိုးကွယ်ရေးဂိုဏ်းခေါင်းဆောင်က ဘယ်မှာလဲဆိုတာ မသိရဘူး၊ သူတို့လူ တွေကလည်း သွားသွားလာလာနဲ့၊ သူတို့လက်စားချေချင်တယ်ဆိုရင်တောင် ပစ်မှတ်ကို ရှာလို့ရမှာမဟုတ်ဘူး” ဟန့်မြောင်ရွှမ်သည် ကျန်းကျူရှန့် ကိုတွေ့ပြိးနောက်တွင် ကျန်းမိသားစုကို စိတ်တိုမိသည်။

“ဟုတ်တယ် ရှီချန်ကျိက သူတို့ပညာကိုမဖုံးကွယ်နိုင်ဘူး ကျန်းမိသားစု က အဲဒါကိုသတိထားမိ မှာပဲ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော်လိုတာ တွေကို အပြင်ထွက်ဝယ်လိုက်ဦးမယ် လိုက်ဦး မလား”

“ရတယ် ငါတို့အခုရှေးဟောင်းဆေးနည်းကို လေ့လာနေတာ၊ ရှောင်ချီ လိုက်သွားမှာမလား” ဟန့်မြောင်ရွှမ် မေးလိုက်သည်။

“ရှောင်ချီ ယူယူနဲ့လိုက်သွားမယ်” ရှောင်ချီပြောလေသည်။

“ရှီချန်းကျိကမြို့ထဲမှာရှိနေသေးရင် နဂါးနက်ကိုးကွယ်ရေးဂိုဏ်းလည်းရှိနေမှာပဲ၊ ရှောင်ချီ အပြင်သွားရင် ဂရုစိုက်” ဟန့်မြောင်ရွှမ်သည် သတိပေးလေသည်။

***

All Chapters