နောက်တစ်ခါ အောင်နိုင်သူလို့ခေါ်
Vol. 009 Ch. 831
“ရှီချန်ကျိက ရှောင်ချီ့ကိုဖမ်းမိသွားမှာ စီနီယာကြောက်လို့လား” ရှီမာယူယူမေးလိုက်သည်။
“နဂါးနက်ကိုးကွယ်ရေးဂိုဏ်းကလူတွေက ရှောင်ချီရှိနေတာကိုသိနေ ကြပြီလေ၊ အခု သူတို့ ထပ်ပေါ်လာတယ်ဆိုတော့ ရှောင်ချီ့အတွက်လာ ကြတာပဲ” ဟန့်မြောင်ရွှမ် ပြောလေသည်။
“သူတို့လာပါစေ သူတို့ကိုစမ်းပြီး ကိုယ်တိုင်စစ်ဆေးပေးလိုက်မယ်” ရှောင်ချီသည် လက်သီး ဆုပ်ကာ တိုက်ပွဲတိုက်ရန် အဆင်သင့်ဖြစ် နေသလိုပင်။
“ရှောင်ချီ မင်းက ကမ္ဘာမြေကြီးမျက်လုံးမဟုတ်ဘူးလား ဘာလို့ေ အာင်နိုင်သူလိုလုပ်နေတာလဲ” ရှီမာယူယူသည် သူမအားကြည့်ပြီး မေးလိုက် သည်။
“အောင်နိုင်သူဟုတ်ဘား အဲဒါဘာလဲ” ရှောင်ချီသည် မျက်လုံးပြူးကာ သူမကိုကြည့်လိုက်သည် “အဲဒါဘာပဲဖြစ်ဖြစ် နားထောင်ရတာမဆိုးဘူး၊ နောက်ကို ရှောင်ချီ့ကို အောင်နိုင်သူလို့ခေါ်”
“အောင်နိုင်သူဆိုတာ တိုက်ပွဲတိုင်းမှာ အောင်မြင်သူလို့ပြောတာ ရှောင်ချီကဖြစ်နိုင်လား”
“ဖြစ်နိုင်တာပေါ့ စောင့်သာကြည့်လိုက်” ရှောင်ချီသည် ဂုဏ်ယူစွာ မေးစေ့မော့ကာ ပြောလေ သည်။
ရှီမာယူယူသည် သူမစကားများကို စိတ်ထဲမထည့်ပဲ ပြုံးလိုက်သည်။ သူမသည် ဟန့်မြောင်ရွှမ် တို့ကို နှုတ်ဆက်ပြီး ထွက်သွားလိုက်သည်။
ဝေကြီးနှင့် ဝေလေးတို့သည် သူမနှင့် အလွန်ရင်းနှီးနေလေပြီ။ သူမကို သူတို့မြင်သည်နှင့် ဘာမှမပြောပဲ သူမသွားချင်သည့်နေရာကို တိုက်ရိုက်ပင်ပို့ ပေးလိုက်သည်။
ယူယူနှင့် ရှောင်ချီတို့ ဂိုဏ်း၏ဂိတ်ဝမှထွက်သည်နှင့် ရှောင်ချီသည် သူမလက်ကိုဆုပ်ကိုင်လိုက် သည် “နောက်ကနေလိုက်လာတဲ့လူရှိတယ်”
“သူတို့လိုက်ချင်တယ်ဆိုရင်တော့ လိုက်ပါစေ၊ ငါတို့ပစ္စည်းသွားဝယ်မှာ ပဲ” ရှီမာယူယူသည် တခြားလူကို သတိမထားမိသကဲ့သို့ ရှောင်ချီအား ဆိုင်ဆီ သို့ခေါ်သွားလိုက်သည်။
အံ့ဖွယ်တမန်တော်မူနှင့် တခြားအပေါင်းအပါနှစ်ယောက်သည် သူတို့ ထွက်သွားသည်ကို စောင့် ကြည့်နေပြီး လမ်းထောင့်မှ ထွက်လာလိုက်သည်။
“ဆရာအံ့ဖွယ်တမန်တော် အဲဒါရှီမာယူယူပဲ ဒါပေမဲ့ သူ့ဘေးက ကလေးက ကမ္ဘာမြေကြီး မျက်လုံးလို့မထင်ရဘူး၊ ကမ္ဘာမြေကြီးမျက်လုံးက ၄နှစ်ကနေ ၆နှစ်အရွယ်ကလေးလို့ ဆရာညာလက်ရုံး ပြောတယ်မလား”
“ဒီအချိန်မှာ အတိအကျမပြောနိုင်သေးဘူး” အံ့ဖွယ်တမန်တော်မူပြော လေသည် “ကျန်းကျူရှန့် ထွက်လာတော့ ကမ္ဘာမြေကြီးမျက်လုံးက ပြောင်းလဲ မှုဖြစ်စဉ်လုပ်နေတယ်လို့လည်း ပြောတယ်၊ သူမ ပြောင်းလဲမှုဖြစ်စဉ်ပြီးတော့ ဒီလိုပုံဖြစ်သွားတာလည်း ဖြစ်နိုင်တယ်”
“ကျွန်တော်တို့ ဒီမှာရောက်နေတာ အတော်ကြာနေပြီ သူမကို ခက်ခက်ခဲခဲနဲ့ရှာတွေ့ထားတာ အဲကလေးက တကယ်ပဲကမ္ဘာမြေကြီး မျက်လုံးဟုတ်ဟုတ် မဟုတ်ဟုတ် သူမကိုခေါ်ပြီးမေးရင် သိမှာပဲ” နောက် အပေါင်းအပါတစ်ယောက်က ပြောလေသည်။
“အံ့ဖွယ်တမန်တော်မူ သူတို့နောက်လိုက်ရမလား”
အံ့ဖွယ်တမန်တော်မူသည် ဂိုဏ်း၏အပေါက်ဝကိုကြည့်ပြီး ပြောလိုက် သည် “သူတို့နောက်ကို နောက်ယောင်ခံလိုက်ဖို့ လူလွှတ်လိုက် အခွင့်အရေး ရတာနဲ့ လှုပ်ရှား”
“ဟုတ်ကဲ့ပါ ဆရာအံ့ဖွယ်တမန်တော်”
သူတို့နှစ်ယောက်သည် ပြန်ဆုတ်သည်နှင့် သူတို့လူများကိုဆက်သွယ် ရန် သွားကြပြီး လှုပ်ရှား ရန် ပြောကြလေသည်။
လမ်းတစ်ဖက်ရှိလက်ဖက်ရည်ဆိုင်တွင် ရှီချန်းကျိသည် လက်ရန်းကိုမှီ ကာ အနက်ရောင်ဝတ် ထားသောလူတစ်ယောက်နှင့်ရပ်နေလေသည်။
“ဆရာအံ့ဖွယ်တမန်တော် အံ့ဖွယ်တမန်တော်မူက စလှုပ်ရှားနေပြီ” ထိုလူသည် တလေးတစား ပြောလေသည်။
“ငါမြင်တယ်” ရှီချန်းကျိသည် လက်ဖက်ရည်ခွက်ကို ကောက်ယူပြိး အနက်ရောင်ဆေးတစ်လုံး ထုတ်ကာထည့်လိုက်သည်။ သူသည် ဆေးပျော် သွားသည်အထိ စောင့်ပြီး သောက်ပြီးနောက် ပြန်ချ လိုက်လေသည်။
“ကျွန်တော်တို့် တစ်ခုခုသွားလုပ်ရမလား”
“တစ်ခုခုလုပ်ရမယ်ဟုတ်လား၊ မဟုတ်ဘူး ငါတို့ဘာမှမလုပ်ဘူး၊ ငါတို့ဒီမှာ သတိထားကြည့်ရုံပဲ ကူညီဖို့မဟုတ်ဘူး” ရှီချန်းကျိ ပြောလေသည် “ဒါပေမဲ့ ပြင်ဆင်ထားရမယ် ဘယ်သူသိနိုင်မလဲ ငါတို့ လည်း ပါသွားနိုင်တယ်”
“ဆရာအံ့ဖွယ်တမန်တော် သူတို့က အပြစ်ပေးခံထားရတုန်းပဲရှိသေး တယ်”
ရှီချန်ကျိသည် သူ့နဖူးသူပြန်ရိုက်လိုက်သည် “မင်းမပြောရင် ငါမေ့ တော့မလို့ သူတို့ကိုဖြေဆေး ပေးလိုက်ဦး ဒါကိုချန်လှပ်ထားမယ်ဆိုရင် ဒီတစ်ခါကို ဒီမှာပဲအဆုံးသတ်သွားမယ်လို့ သူတို့ကို ပြောလိုက်၊ နောက်တစ်ခါ လာရှုပ်မယ်ဆိုရင် သူတို့ကိုလွယ်လွယ်နဲ့လွှတ်မပေးတော့ဘူး”
“ဟုတ်ကဲ့ပါ ဆရာအံ့ဖွယ်တမန်တော်”
“သွားတော့”
ရှီချန်ျိသည် ဆေးပုလင်းကိုသူ့ဆီသို့မြှောက်ပေးပြီး ထွက်သွားရန် လက်ကိုဝေ့ရမ်းလိုက်သည်။
ပြီးခဲ့သည့်တစ်ခါက် ကျန်းမျိုးနွယ်ဝင်များကို သတ်ရန်အခွင့်အရေးရခဲ့ သော်လည်း ကျန်းချန်သည် ထွက်ပြေးနိုင်ခဲ့သည်။ သူတို့ မစ်ရှင်ကိုပြီးမြောက် အောင် မလုပ်ဆောင်နိုင်ပါက သေချာပေါက် အပြစ်ခံရမည်ဖြစ်သည်။ သူတို့အတွက် အပြစ်ပေးခြင်းမှာ တစ်မျိုးသာရှိသည်။ သူတို့ကို အဆိပ်ကျွေး ခြင်းဖြစ်သည်။ သူတို့ခံစားရသည်မှာ လုံလောက်ပြီဟုထင်သည်နှင့် သူတို့ကို အဆိပ်ဖြေဆေးပေးသည်။
အပြစ်ပေးသည်မှာ တစ်မျိုးသာရှိသော်လည်း အဆိပ်မျိုးစုံရှိသည်။ ခံစားရပုံမှာလည်း မတူညီကြ ပေ။
တူညီစွာပင် သူသည် အပြစ်ပေးခြင်းနှင့်ပတ်သတ်ပြီး ဖွင့်ပေးထား သည်။ သူတို့ အဆိပ်မိထားသော်လည်း အဆိပ်ကုသပေးနိုင်သည့် အရည်အချင်းရှိသူကိုရှာနိုင်လျှင် အပြစ်ပေးခြင်းပြီးဆုံးသွား သည်။
အစပိုင်းတွင် ကုသပေးမည့်လူများကို ရှာရန်ကြိုးစားကြသေးသည်။ သို့သော် အောင်မြင်သည့် လူမရှိပေ။ နောက်မှပင် ထိုအဆိပ်များသည် သူကိုယ်တိုင်ဖော်စပ်ထားသည်ကို သူတို့သိသွားကြသည်။ သူတို့သည် အပြင်ထွက်ပြီးအဆိပ်ဖြေဆေးကိုရှာဖွေရန်သွားကြသော်လည်း မတွေ့ကြပေ။
ရှီချန်းကျိသည် လက်ဖက်ရည်ခွက်ဖြင့် ကစားရင်းနှင့် နှုတ်ခမ်းဘေး သည်တွန့်သွားကာ ပြုံးလေသည် “သူတို့ပြောသလိုမင်းက အားကောင်းလား ဆိုတာ ငါက ကြည့်ချင်ရုံပါ”
…..
ရှီမာယူယူသည် နေ့စဉ်သုံးပစ္စည်းများကိုဝယ်လိုသော်လည်း မတတ်သာပဲ မြို့အလယ်မှထွက်ကာ သာမန်ဆိုင်ကိုသာ ဦးတည်လိုက် သည်။
သူတို့သည် လူစည်ကားသောနယ်မြေမှထွက်ကာ လမ်းတချို့ကို ဖြတ်လျှောက်ခဲ့ကြသည်။ သူတို့လမ်းကျဉ်းတစ်ခုကို ဖြတ်လျှောက်ပြီးနောက် တွင် အနက်ရောင်ဝတ်လူတစ်ယောက်သည် လမ်း အလယ်တွင်ရပ်နေသည် ကို တွေ့လိုက်ရသည်။
ယူယူလှည့်ကြည့်ရာ နောက်ထပ်အနက်ဝတ်လူနှစ်ယောက်သည် အဝင်ပေါက်တွင် ပေါ်လာ သည်ကိုတွေ့လိုက်သည်။
“သူတို့အကုန်လုံး ဧကရာဇ်အဆင့်ပဲ” သူမသည် ပြိုင်ဘက်၏ အင်အား ကိုသတိထားမိလိုက် သည်။
“သူတို့သုံးယောက်ပဲမလား သူတို့ကိုရှောင်ချီရှင်းလိုက်မယ်” ရှောင်ချီ၏ မျက်လုံးများသည် တက်ကြွလာကာ စမ်းကြည့်ချင်နေသည်။
“ဒါဆို မင်းကိုပဲအပ်ထားလိုက်ရမလား”
“ရှောင်ချီ့ကိုပဲအပ်ထားလိုက်တော့” ရှောင်ချီသည် လက်နှစ်ဖက်ပွတ် ကာ လှုပ်ရှားရန် အသင့် ဖြစ်နေကြောင်းပြလေသည်။
“ကောင်းပြီ” ရှီမာယူယူသည် ဘေးတွင်ရပ်နေကာ သူမ၏ဝိဉာဉ်ရောင်ဝါ ကို ထုတ်လွှတ်ကာ လာမည့်တိုက်ပွဲကို ပြင်ဆင်ထားသည်။
ရှောင်ချီသည် လက်ချောင်းထုတ်ကာ အရှေ့တွင်ရှိသော လူကိုညွှန်ပြ လေသည်။ သူသည် လက်ချောင်းကိုကွေးကာ ပြောလေသည် “လာခဲ့ ဒီအန်တီက မင်းကို ငါ့စွမ်းအားကိုပြပေးမယ်”
ထိုလူ၏ မျက်လုံးများအရောင်လက်သွားသည်။ ရှောင်ချီသည် ကလေး တစ်ယောက်ဖြစ်သည် ဟုမတွေးတော့ပေ။ သူသည် လျင်မြန်စွာပင် ဝိဉာဉ် စွမ်းအင်ထုတ်လိုက်သည်။ ရှီမာယူယူသည် ထိုအပိုင်းအခြားမရှိသော အင်အား၏ဖိနှိပ်မှုကို ခံစားရသော်လည်း ရှောင်ချီသည် ခံစားရပုံမပေါ်ပေ။ သူမသည် ကိုယ့်ကိုယ်ကို ကာကွယ်ရန် ဝိဉာဉ်စွမ်းအင်သုံးရန်ပင်မလိုပဲ လက်သီးကိုဝေံရမ်းကာ သူတို့ဆီသို့ ပြေးသွားလေသည်။
“ရှောင်ချီ ဂရုစိုက်”
ရှောင်ချီသွားသည်ကိုမြင်သည်နှင့် ရှီမာယူယူအော်လိုက်သည်။ လက်သီးတစ်ချက်နှင့်ပင် သူမ သည် ပြိုင်ဘက်၏ ဝိဉာဉ်အရည်အချင်း ကိုပျောက်ကွယ်အောင်လုပ်လိုက်သဖြင့် သူမပင်လျှင် ပါးစပ် အဟောင်းသား ဖြင့် အံ့သြရလေသည်။
ကြမ်းလိုက်တာ….
ပြိုင်ဘက်သည်လည်း ရှောင်ချီထိုမျှလောက် အားကောင်းမည်ဟု ထင် မထားပေ။ သူမ ဝိဉာဉ်စွမ်းအင်ကို ရုတ်သိမ်းလိုက်သည်နှင့် သူမှင်တက်သွား သည်။ တစ်ခဏအတွင်းမှာပင် ရှောင်ချီသည် သူ့အရှေ့သို့ပြေးသွားကာ ထိုးလိုက်သည်။
ထိုလူသည် လျင်မြန်သောလှုပ်ရှားမှုဖြင့် အလျင်စလိုရှောင်လိုက်ရာ သူမ၏တိုက်ခိုက်မှုမှ သီသီလေးလွတ်သွားလေသည်။ သို့သော် ရှောင်ချီသည် သူမခြေထောက်ကိုကန်ထုတ်ပြီး အရှေ့သို့တိုး လေသည်။ သူမလက်ကို ဖြန့်ကာ သူ့ရင်ဘတ်ကိုလွယ်ကူစွာပင် တွန်းလိုက်ရာ ထိုလူသည် လွင့်သွား လေသည်။
“ဖူး”
ထိုလူသည် သူ့ခန္ဓာကိုယ်ကို ဝိဉာဉ်စွမ်းအင်အလွှာဖြင့် ကာကွယ်ထား သော်လည်း သူ၏တွင်း ခန္ဓာကိုယ်သည် ကြေသွားလေသည်။ လတ်ဆတ် သောသွေးများ ထွက်လာသည်။ ထို့နောက်တွင် သူ့ မျက်လုံးလည်သွားပြီး ချက်ချင်းပင်မေ့မြောသွားလေသည်။
ရှီမာယူယူ၏ မေးစေ့သည် ကြမ်းပြင်ထိမတတ်ပင်။ သူမက ဧကရာဇ် အဆင့်ကျွမ်းကျင်သူကို တစ်ချက်တည်းနဲ့ မေ့အောင်လုပ်နိုင်တာလား။
သူမသည် ရှောင်ချီ၏ လက်ကလေးကိုကြည့်လိုက်သည်။ အခုလေးတင် သူမကိုင်ခဲ့သည့်လက်မှာ နူးညံ့လှသည်။ ဘယ်လိုစွမ်းအင်မျိုးမို့လို့ သူ့ရဲ့ အကာအကွယ်ကို မဖျက်ပဲနဲ့တောင် တစ်ခါတည်း မေ့မြောသွား အောင်လုပ်နိုင်တာလဲ။
လမ်းကြားမျက်နှာချင်းဆိုင်တွင်ရှိနေသော တခြားနှစ်ယောက်သည် သူတို့ပြိုင်ဘက်မှာ ရှောင်ချီ ၏ တိုက်ကွက်တစ်ချက်တည်းဖြင့် ပြုတ်သွား သည်ကိုမြင်သောအခါ ချက်ချင်းပင် မျက်နှာထားပြောင်း သွားကာ အတူ တိုက်ကြလေသည်။
“တစ်ယောက်လာရင် တစ်ယောက်သတ်မယ် နှစ်ယောက်လာရင် နှစ်ယောက်သတ်မယ်”
တိုက်ကွက်တစ်ချက်တည်းနှင့်ပင် သူမ၏ ခန္ဓာကိုယ်သည် အရှေ့ သို့တိုးကာ သူတို့၏ ဝိဉာဉ် တိုက်ကွက်ကို ဖျက်လိုက်သည်။ သူမသည် မျက်စိ တစ်မှိတ်အတွင်းတွင် သူတို့ရှေ့တွင် ဆင်းသက် လိုက်သည်။
မိနစ်အနည်းငယ်အကြာတွင် ယူယူနှင့် ရှောင်ချီတို့သည် လက်ချင်း တွဲကာ လမ်းကြားမှ ထွက် လာလေသည်။ သူတို့အနောက်တွင် ကြီးမားသော မီးတောက်သုံးခုသည် တောက်လောင်နေခဲ့သည်။
“ဘယ်လိုလဲ ရှောင်ချီကသန်မာတယ်လို့မပြောဘူးလား” ရှောင်ချီသည် ဂုဏ်ယူစွာဖြင့် မေးမော့ လေသည်။
“အင်း ရှောင်ချီက ယူယူ့ထက်တောင်သန်မာသေးတယ်၊ နောက်ကို ယူယူ့ကိုကာကွယ်ဖို့ ရှောင်ချီ့ကိုပဲအားကိုးရတော့မယ်” ရှီမာယူယူသည် ပြုံးပြီးပြောလေသည်။
“စိတ်ရင်းနဲ့ပြောနေမှတော့ ရှောင်ချီက သဘောတူပေးရမှာပေါ့…”
***