အပေးအယူလုပ်ရအောင်
Vol. 009 Ch. 832
ရှီချန်ကျိသည် သတင်းရလိုက်ချိန်တွင် အဆိပ်အမျိုးအစားအသစ် တစ်မျိုးကို စမ်းသပ်နေသည်။
ခေတ္တမျှတွေဝေပြီးနောက်တွင် သူပြုံးပြီး သက်ပြင်းချလိုက်သည် “ကျူရှန့်ရဲ့ ဂျူနီယာညီအငယ် ဆုံးကိုမပြောပဲနဲ့တော့ ကမ္ဘာကြီးမျက်လုံးကို ရှင်းဖို့မလွယ်ဘူးဒီတစ်ခါတော့ အဲလူကြီးမိုကတော့ လက် ဗလာနဲ့ ပြန်ရ တော့တာပဲ”
“သူတို့ဆီကိုလူသုံးယောက်လွှတ်လိုက်တာ ဒါပေမဲ့ ကမ္ဘာမြေကြီး မျက်လုံးက သူမဘာသာပဲ အကုန်ရှင်းလိုက်တာ၊ ဒါကြားတာနဲ့ သူတော့ သေချာပေါက် အပျော်တွေပျက်သွားတော့မှာ”
“သူပဲအလှောင်ခံရတာမဟုတ်ဘူး” ရှီချန်ကျိသည် ဖော်လက်စ အဆိပ်ကို အိုးထဲထည့်ပြီးနောက် နှာမှုတ်ကာ “ငါတို့ကလူသတ်မသားတွေပဲ ဒါပေမဲ့သူက နေ့ခင်းကြီးကို ဖမ်းဖို့ရွေးလိုက်တယ်၊ အသတ်ခံ ရဖို့ထိုက်တယ်၊ မူချန်လည်း အဲဒါနဲ့ပဲတန်တယ်၊ သတင်းဖြန့်လိုက် အဲဒါဆိုရင် မူချန်ငါ့ကိုလာ တွေ့လိမ့် မယ်”
“နားလည်ပါပြီ”
“ရွှီး….”
အဆိပ်ရောစပ်သွားသောအခါ စူးရှသောအနံ့ထွက်လာသည်။ ပေါင်းစပ် ခြင်းလုပ်ငန်းစဉ် အရောက်တွင် အမြှုပ်များထွက်လာရာ ထပ်မံကျရှုံး သွားသည်ကို ညွှန်ပြနေသည်။
စားပွဲပေါ်တွင် ရှုပ်ပွနေသည်ကို ကြည့်ပြီး ရှိချန်ကျိသည် ချက်ချင်း မရှင်းပေ။ သူ ပေါ့ပါးစွာ သက်ပြင်းချပြီး “ဒီအခြေနေက ရှုပ်ယှက်ခတ်နေတာပဲ ကိုယ်တွယ်ဖို့ခက်လိုက်တာ…”
ရှီမာယူယူနှင့် ရှောင်ချီတို့သည် နေ့စဉ်သုံးပစ္စည်းများ ကိုဝယ်ရန်သွား လိုက်သည်။ ထို့နောက် သူတို့သည် မြို့လယ်ခေါင်ကိုပြန်လာ ပြီး အမှတ်တရ စားသောက်ဆိုင်သွားပြီး စားကောင်းသောက်ဖွယ်များကို စားသောက်ပြီး အိတ်အပြည့်ဝယ်လာလေသည်။ သူမသည် ဟန့်မြောင်ရွှမ်အတွက် ဝယ်သွားရန် ပြင်ခြင်းဖြစ်သည်။
သူတို့အမှတ်တရစားသောက်ဆိုင်မှထွက်လာချိန်တွင် မှောင်နေပြီဖြစ် သည်။ လမ်းကျယ်နှစ်ခု ဖြတ်လျှောက်ပြီးနောက်တွင် သူတို့သည် ရှီချန်ကျိ ကိုပထမဆုံးတွေ့ခဲ့သော ညောင်ပင်ကိုဖြတ်လျှောက်ခဲ့လေသည်။ လူ တစ်ယောက်သည် ဘေးတွင်မှီကာ ကြယ်များကိုရေတွက်နေသည်ကို မြင်လိုက်ကြသည်။
“တိုက်ဆိုင်လိုက်တာ ငါတို့ထပ်တွေ့ပြန်ပြီ” ရှီချန်ကျိသည် ရှီမာယူယူ အား ကြည့်ပြီး သူမကို လက်ရမ်းပြကာ ပြုံးပြလေသည်။
ရှီမာယူယူသည် ရှီချန်ကျိကိုကြည့်ပြီး မသိစိတ်မှ သူမလုံခြုံရေးအတွက် သတိကပ်မိသည်။
“ရှီချန်ကျိ ဒီမှာတွေ့တာမတော်တဆတော့မဟုတ်ဘူးထင်တယ်”
ရှီချန်ကျိသည် ရှီမာယူယူသတိကပ်ကာ သူ့ကိုကြည့်နေသည်ကိုမြင်သောအခါ ပြောလိုက်သည် “ငါ့ကိုအဲလိုမကြည့်နဲ့ ငါကလူကောင်းပါ”
“ခင်ဗျားကိုယုံမယ်လို့ ထင်နေလား” ရှီမာယူယူ မေးလိုက်သည်။
“ငါ မင်းနီရဲပျားကိုလွှတ်လိုက်တယ်လေ သိတယ်မလား” ရှီချန်ကျိ ပြောလိုက်သည် “အရင်တုန်း ကလိုသာဆိုရင် ငါသေချာပေါက်သတ် လိုက်တယ်”
“အဲဒါက ကျွန်တော့်ဆီကို သတင်းပေးချင်လို့မဟုတ်ဘူးလား” ရှီမာယူယူ ပြောလိုက်သည်။
“သတင်းပေးလိုက်တာ အသုံးဝင်တယ်မဟုတ်ဘူးလား” ရှီချန်ကျိသည် မေတ္တာနှင့် လုပ်ခဲ့သည်ဟူသော သဘောနှင့်မျက်စိမှိတ်ပြလိုက်သည်။
“ကျန်းကျူရှန့်ဘယ်မှာလဲ” ရှီမာယူယူ မေးလိုက်သည်။
“ဂိုဏ်းမှာ သူ့ကိုတွေ့ချင်လို့လား” ရှီချန်ကျိ မေးလိုက်သည် “သူက သူ့ဂျူနီယာသုံးယောက်ကို လွမ်းနေတာ”
“သူကလား” ရှီမာယူယူသည် ပြုံးလိုက်သော်လည်း သူမအသံမှာ ပျော်ရွှင်မနေပေ “ဒါဆိုရင် ကျွန်တော်တို့က သူ့ကိုမလွမ်းဘူးဆိုတာပြော လိုက်ပါ”
“ကောင်းပြီ ငါသေချာပြောလိုက်ပါမယ်” ရှီချန်ကျိ ပြုံးလိုက်သော်လည်း သူ့စိတ်ထဲတွင် တခြား အစီအစဉ်ကိုတွေးနေသည်။
“ရှောင်ချီ သွားကြမယ်” ရှီမာယူယူသည် ရှောင်ချီကိုပြောလိုက်သည်။
“မလောပါနဲ့ ဒီမှာနေရပြီးစကားပြောပါဦး” ရှီချန်ကျိသည် ရှီမာယူယူ အရှေ့လျှောက်လာပြီး လမ်း ပိတ်လိုက်လေသည်။
“မတော်တဆတွေ့တယ်လို့ပြောခဲ့တယ်မလား” ရှီမာယူယူသည် သူ့ကိုကြည့်ပြီး ပြောလေ သည်။
“မတော်တဆတွေ့ပေမယ့်လည်း စကားပြောလို့ရပါသေးတယ်” ရှီချန်ကျိ ပြောလေသည်။
“ဒါပေမဲ့ ခင်ဗျားပြောမယ့်အကြောင်းကို ကျွန်တော်စိတ်မဝင်စားဘူး”
“အေးဆေးပေါ့ ငါဘာမှမပြောရသေးဘူးလေ ငါ့ကို အလောတကြီး မငြင်းပါနဲ့” ရှီချန်ကျိ ပြောလေသည် “ငါပြောလိုက်ရင် စိတ်ဝင်စားရင် လည်းစိတ်ဝင်စားမှာပါ”
“စိတ်ဝင်စားနိုင်ချေတော့နည်းမှာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“သူမရှိရင် မင်းအတွင်းပိုင်းဒေသထဲဝင်ရင် အေးချမ်းဖို့ အနှစ်၅၀ အာမခံ ပေးနိုင်တယ်” ရှီချန်ကျိသည် သူပြောချင်သည် တိုက်ရိုက်ပင် ပြောလိုက်သည်။
“မဖြစ်နိုင်ဘူး” ရှီမာယူယူသည် မစဉ်းစားပဲသူ့ကိုငြင်းလိုက်သည်။ မည်သို့ပင်ဖြစ်စေကာမူ ရှောင်ချီ့ကိုအသုံးချရန်မှာ မဖြစ်နိုင်ပေ။ “ရှောင်ချီ သွားရအောင်”
သူမသည် ရှောင်ချီအားဆွဲကာ ထွက်သွားရန်ပြင်လေသည်။ သူမသည် ရှီချန်ကျိကို ဂရုမစိုက် တော့ပေ။ သူသာ သူမကိုထပ်ပြီးတားပါက ရင်ဆိုင်ရန် မကြောက်ပေ။
“ငါစကားမဆုံးသေးဘူး” ရှီချန်ကျိ၏ ခန္ဓာကိုယ်ဖြတ်ခနဲရောက်လာကာ သူမလမ်းကိုပိတ်လေ သည်။
“ရှောင်ချီ့ကိုအပေးအယူအနေနဲ့မသုံးဘူးလို့ ပြောပြီးသားလေ၊ ဘယ်လို ပဲဖြစ်ဖြစ် ကျွန်တော် လည်း အတွင်းပိုင်းဒေသကိုသွားမှာမဟုတ်ဘူး၊ ပြီးတော့ ကျွန်တော့်ကိုကာကွယ်ဖို့မလိုဘူး၊ အဲအပြင်ကို ခင်ဗျားမှာ ကျွန်တော့် ကိုကာကွယ်ပေးနိုင်မယ့်စွမ်းရည်ရှိမယ်မထင်ဘူး” ရှီမာယူယူသည် အေးစက် စွာပြောလေသည် “ဖယ် မဟုတ်ရင် မယဉ်ကျေးနိုင်တာအတွက်အပြစ်မတင်နဲ့”
“မစိုးရိမ်ပါနဲ့ ငါ သူမကိုလိုချင်တယ်လို့ပဲပြောတယ်၊ သူမကို ငါ့လက်ထဲ ထည့်ပါလို့ပြောတာ မဟုတ်ဘူး” ရှီချန်ကျိ ပြောလေသည် “ငါ သူမနဲ့ လမ်းလျှောက်ချင်ရုံပါ ပြီးတာနဲ့ သူမကိုလူနဲ့ပြန်ပို့ပေး မယ်”
“သူမကိုပြန်ပို့ပေးမယ်ဟုတ်လား” ရှီမာယူယူသည် မယုံကြည်သော မျက်လုံးများဖြင့် သူ့ကို ကြည့်လိုက်သည် “ရှောင်ချီက ခင်ဗျားနဲ့သွားပြီးတော့ ပြန်လာနိုင်မယ်လို့ထင်နေလား၊ ခင်ဗျားစကားကို ယုံမယ်လို့ထင်နေလား”
“ငါ့ကိုယ်ငါယုံတယ်” ရှီချန်ကျိ ပြောလိုက်သည် “ငါကရိုးသားတဲ့လူ တစ်ယောက်ပါ ငါ ဘယ်တုန်းကမှ လေမကြီးဘူး”
“….”
အရေထူလိုက်တာ…
“ရှောင်ချီ သူ့ကိုရိုက်” ရှီမာယူယူ ပြောလိုက်သည်။
“ခဏလေး ငါတကယ်ပြောတာ” ရှီချန်ကျိ ပြောလိုက်သည် “ဒီလိုဆိုရင် ရော ရှောင်ချီ မလိုက်ဘူး ဆိုလည်းရတယ်၊ ဒါပေမဲ့ ဒါဒီကိုလူတစ်ယောက် ခေါ်လာမယ်၊ ရှောင်ချီက သူ့ကိုကူပြီးကုပေးမယ်ဆိုရင် အပေးအယူတည့် ပြီလို့ သတ်မှတ်လို့ရတယ် ဘယ်လိုလဲ”
“လူတစ်ယောက်ကိုကယ်ပေးစေချင်တာလား” ရှောင်ချီသည် ရှီချန်ကျိ ကို ကြည့်လိုက်သည် “ခင်ဗျားရူးနေတာလား ရှောင်ချီအမုန်းဆုံးက တခြား လူကိုကယ်ဖို့အတွက် ကိုယ့်ကိုယ်ကို အသုံးချရတာပဲ၊ အဲဒါကို လူကယ်ပေး ဖို့လာပြောနေတာလား”
“ရှောင်ချီ အဓိပ္ပာယ်မရှိတာတွေနားမထောင်နဲ့တော့” ရှီမာယူယူ ပြော လိုက်သည်။
“အင်း ရှောင်ချီသိတယ် ရှောင်ချီအရူးမဟုတ်ဘူး ဟုတ်ပြီလား” ရှောင်ချီ သည် လေးနက်စွာ ပြောလေသည်။
“ငါ မင်းတို့နဲ့ အပေးအယူလုပ်နေတာ အလကားလုပ်ပေးဖို့ ပြောနေတာမဟုတ်ဘူး” ရှီချန်ကျိ ပြောလေသည်။
“အနှစ်၅၀ ငြိမ်းချမ်းဖို့ ပြောဖို့သာလွယ်တာ အတွင်းပိုင်း ဒေသတွေကသိတာနဲ့ ဘယ်လောက် ခက်ခဲသွားမလဲ” ရှီချန်ကျိ ထပ်ပြော လေသည် “ပြီးတော့ ဒါငါပေးနိုင်တဲ့ တစ်ခုတည်းသောအရာမဟုတ် ဘူး အကျိုးအမြတ်တွေ အများကြီးမြင်နိုင်တယ်”
“ဘာအကျိုးအမြတ်တွေလဲ” ရှောင်ချီ မေးလေသည်။
“ကြည့်လေ ငါတို့သာ မင်းလုံခြုံမှုကို သေချာအောင်လုပ်ပေးမယ်ဆိုရင် မင်းရှိနေတာကို သတင်း မပြန့်တဲ့အပြင် မင်းကိုပြဿနာဖြစ်စေမှာမဟုတ်ဘူး၊ ငါတို့ကတော့ လုပ်ရတာခက်မှာပေါ့” ရှီချန်ကျိ ပြောလေသည်။
“ကျွန်တော်တို့ကိုခြိမ်းခြောက်နေတာလား” ရှီမာယူယူသည် အေးစက် သောမျက်နှာထားဖြင့် ပြောလေသည်။
“ငါခြိမ်းခြောက်နေတာမဟုတ်ဘူး သူငယ်ချင်းကောင်းလုပ်ပြီး စကား ပြောဖို့ပဲ” ရှီချန်ကျိ ပြော လေသည်။
“ခင်ဗျားခန္ဓာကိုယ်မှာ အဆိပ်ထားထားကို ဖယ်လိုက်မယ်ဆိုရင်တော့ ခင်ဗျားက သူငယ်ချင်း ကောင်းဖြစ်တယ်ဆိုတာကို ယုံနိုင်ကောင်းယုံလိမ့်မယ်” ရှီမာယူယူသည် အေးစက်စွာပြောလေသည်။
“အာ.. သိသွားပြီပဲ” ရှီချန်ကျိသည် ပေါ်သွားသည့်အတွက် မရှက် တော့ပဲ “အဲအနံ့က အရည်အသွေးကောင်းလို့ပါ”
“ပါဝင်ပစ္စည်းတွေထည့်ထားတဲ့ အနံ့” ရှီမာယူယူ ပြောလိုက်သည် “အဲဒါက ကျွန်တော့အတွက် အသုံးမဝင်တာတော့ နှမြောစရာပဲ”
“အသုံးမဝင်ဘူးဆိုတာ ငါသိပါတယ်” ရှီချန်ကျိပြုံးပြီးပြောလေသည်။
“အသုံးမဝင်ဘူးဆိုတာသိရဲ့သားနဲ့ဘာလို့လုပ်တာလဲ၊ ရူးတာလားဘာလား” ရှောင်ချီသည် သူ့ကို မျက်လုံးကြီးများဖြင့်ကြည့်ကာ တုံးအလွန်းသည်ဟု ပြောနေသလိုပင်။
ရှီချန်ကျိသည် ရှောင်ချီအားဆွံ့အစွာကြည့်မိသည်။ သူမက ဘာလို့ အမြဲတမ်း ပြန်ပြောစရာမရှိ အောင်လုပ်နေတယ်လို့ ခံစားနေရတာလဲ။
သူ အင်္ကျိလက်ကိုဝေ့ရမ်းလိုက်ရာ အနံ့သင်းသင်းသည် ချက်ချင်းပင် ပျောက်ကွယ်သွားလေ သည်။
“မင်းတို့စဉ်းစားနိုင်မယ်လို့ထင်ပါတယ်၊ ငါပြောတဲ့ အခြေအနေတွေက မင်းတို့ကို အကျိုးအမြတ် ဖြစ်စေတာပဲ၊ ငါတို့က မင်းတို့ကိုခြိမ်းခြောက် တယ်လို့ခံစားရတယ်ဆိုရင် တခြားနည်းလမ်းကိုစဉ်းစားလို့ ရတယ်၊ ငါတို့ပြော တဲ့ကမ်းလှမ်းချက်တွေက မင်းတို့ကိုယ်စားစဉ်းစားပေးထားတာ၊ သူမသာ ကမ္ဘာမြေကြီးမျက်လုံးဆိုတာကို တခြားသူတွေသိသွားမယ်ဆိုရင် မင်းတို့ နောက်ပိုင်းရက်တတွေက ငါ ပြောစရာ တောင်လိုမယ်မထင်ဘူး၊ သေချာ စဉ်းစားကြည့်ကြပေါ့”
ရှီမာယူယူသည် အတွေးထဲနှစ်မြောသွားသည်။
ရှီချန်ကျိ ပြောသည်မှာမှန်သည်။ ရှောင်ချီ၏ သရုပ်မှန်သာပေါ်သွားပါက မရေတွက်နိုင်သော အင်အားကြီးများ သူမဆီရောက်လာမည်။ ထိုအချိန်တွင် သူမသည် ပြဿနာထုတ်ကြီးဖြစ်သွားမည်။
***