← Chapters

ရှောင်ချီ၏ထင်မြင်ချက်

Vol. 009 Ch. 833

ရှောင်ချီ၏ထင်မြင်ချက်

Vol. 009 Ch. 833

သို့သော် မည်သို့ပင်ဖြစ်စေကာမူ သူမသည် ရှောင်ချီကို လက်နက် အဖြစ်အသုံးမပြုချင်ပေ။

“ရှောင်ချီ့မှာ အာမခံဖို့နည်းလမ်းမရှိဘူး၊ ဒီမှာလူသေယူလာတော့လည်း ဘာဖြစ်လဲ၊ သူ့ကို အသက်ပြန်ရှင်အောင် ရှောင်ချီကဘယ်လိုလုပ်ရမှာလဲ” ရှောင်ချီပြောလေသည်။

“မဟုတ်ပါဘူး ငါကဘာလို့အဲလိုအဓိပ္ပာယ်မရှိတာလုပ်ရမှာလဲ” ရှီချန်ကျိ ပြောလေသည် “သူက မင်းရဲ့အနံ့လေးရရင်ကို ပြန်ကောင်းလာမယ်လို့ ငါတို့သမားတော်ကပြောတယ်”

“သူမပျောက်ဘူးဆိုရင် ရှောင်ချီ့ကိုအပြစ်မတင်နဲ့ မင်းနဲ့ ယူယူနဲ့ သဘောတူညီမှုက အကျုံးဝင် တုန်းပဲ” ရှောင်ချီ ပြောလေသည်။

“ကောင်းပြီ သဘောတူတယ်”

ရှောင်ချီ လျင်မြန်စွာသဘောတူလိုက်သည်ကို ရှီမာယူယူမြင်သောအခါ သူမလက်ကိုဆွဲပြီး ပြောလေသည် “ရှောင်ချီ ဒါကမင်းရဲ့လုံခြုံမှုနဲ့ဆိုင် နေတယ် ဘာလို့လွယ်လွယ်နဲ့သဘောတူလိုက်တာလဲ”

ရှောင်ချီသည် ချိုသာစွာပြုံးပြီးပြောလိုက်သည် “ယူယူ့မှာလုပ်စရာတွေ များတာ ရှောင်ချီသိတယ် ယူယူ့ကိုဘယ်လိုလုပ်ဆွဲချရမှာလဲ၊ ခြိမ်းခြောက်တာ မျိုးကို ရှောင်ချီမကြိုက်ပေမယ့် သူပြောတာ မှန်တယ်၊ ရှောင်ချီ့အကြောင်း မပေါက်ကြားရင် ရှေ့လျှောက်ကိုလွယ်ကူမယ်၊ ရှောင်ချီကတော့ သူတို့ ကို မကြောက်ပေမယ့်ပေါ့၊ သူတို့လာရဲရင်လည်း ရှောင်ချီက သူတို့ကိုသတ်မှာပဲ”

“ရှောင်ချီ သူ့ရဲ့သရုပ်မှန်ကို သိတယ်ပေါ့….”

“ရှောင်ချီသဘောတူလိုက်တဲ့လူက ဘယ်သူလဲဆိုတာကိုသိပါတယ်” ရှောင်ချီ ပြောလေသည် “ရှောင်ချီ ပြောပြီးပြီမလား သူတို့က အတွင်းပိုင်း ဒေသတွေမှာ ဂုဏ်သတင်းကြီးတယ်၊ သူတို့သာ ရှောင်ချီတို့ အဲနေရာကို ဝင်ပြီးနောက် အနှစ်၅၀ကိုကာကွယ်ပေးမယ်ဆိုရင် ဝင်သွားရင်လည်း ဘာမှ ကြောက်စရာမရှိတော့ဘူး”

“ဒါပေမဲ့ ငါတို့အတွင်းပိုင်းဒေသကိုသွားချင်တယ်ဆိုရင်တောင် နောက်ထပ် နှစ်တစ်ရာလောက် ကြာဦးမယ် အဲအချိန်ကျရင် သူတို့ရှိဦးမလား ဆိုတာ မသိနိုင်ဘူး”

နတ်ဆိုးကောင်းကင်ခွဲဓားနှင့်ဆိုလျှင် သူတို့ကိုဆန့်ကျင်မည့် အင်အားစု များမည်။ သူတို့၏ ကိုးကွယ်ရေးဂိုဏ်း ချေမှုန်းခံရမည်မှာ ဖြစ်နိုင်ချေများ သည်။

ရှီချန်ကျိသည် သူမပြောလိုက်သောစကားကိုကြားသောအခါ နှုတ်ခမ်း တွန့်လိုက်သည်။ သူဒီမှာ ရှိနေတယ်လေ၊ ဒီလောက်ကြီးတည့်တိုးပြော ဖို့လိုလို့လား။

“တကယ်တော့ အဲဒါရှောင်ချီတို့နဲ့မဆိုင်ဘူးလေ၊ အရှုံးတော့မရှိပါဘူး” ရှောင်ချီပြောလေသည် “ဘယ်လိုပဲဖြစ်ဖြစ် အခုတော့ ပြဿနာတွေဖြစ်မလာ စေဘူးလေ၊ အာယား.. ရှောင်ချီ့ကိုသာအပ်ထား လိုက်ပါ၊ ကောင်းပြီ ရှောင်ချီတောင်းဆိုစရာရှိတယ်”

“ဘာတောင်းဆိုမှာလဲ”

“ရှောင်ချီတို့ အတွင်းပိုင်းဒေသကိုမသွားခင် အန္တရာယ်နဲ့တွေ့တယ်ဆို ရင် မင်းသေချာပေါက် သူမကို ကူညီရမယ်” ရှောင်ချီ တောင်းဆိုလေသည်။

ရှီချန်းကျိ တွေဝေနေသည်။

“ငါတို့က ဒီမှာလွှမ်းမိုးမှုမရှိဘူး၊ ငါတို့က ဘယ်သူ့ကိုပဲခေါ်ခေါ် အချိန်မှီ ရောက်မလာနိုင်ဘူး၊ ပြီးတော့ အဲလိုဆိုမှတော့ မင်းတို့ကို နောက်ထပ် နှစ်တစ်ရာထောက်ပံ့ပေးမယ်ဆိုရင်ရော”

“အင်း အဲဒါကလည်း အကူအညီတောင်းရင် မင်းတို့လုပ်တာနဲ့ ဆက်စပ် နေမှာပဲ” ရှောင်ချီ ပြော လေသည် “ရှောင်ချီ့ကြောင့်ပဲဖြစ်ဖြစ် မင်းတို့ကြောင့် ပဲဖြစ်ဖြစ် ရှောင်ချီ့အကြောင်းသတင်းထွက်သွား ပြီဆိုရင် အဲလိုအခြေအနေ မျိုးမှာ ကူညီပေးရမယ်၊ မဟုတ်လို့ မင်းတို့ကြောင့် ရှောင်ချီ့အကြောင်း မတော်တဆ သတင်းထွက်သွားမယ်ဆိုရင် ရှောင်ချီတို့အန္တရာယ်ကျလာနိုင် တယ် အတွင်းပိုင်းဒေသကို သွားဖို့မပြောနဲ့ အသက်တောင်လုံခြုံတော့မှာ မဟုတ်ဘူး၊ အဲလိုဆိုရင် နှစ်၅၀ဆိုတာ ရှောင်ချီတို့အတွက် အသုံးမဝင်တော့ ဘူး”

ရှီချန်ကျိသည် ခေတ္တမျှစဉ်းစားပြီးနောက် ခေါင်းညိမ့်လိုက်သည် “ကောင်းပြီ ငါပြန်တာနဲ့ သခင် ကိုပြောပေးမယ်”

ရှီမာယူယူသည် သူမပြောလိုက်သောစကားကိုကြားပြီးသည်နှင့် ခေါင်း ညိမ့်ပြီး သဘောတူလိုက်သည်။ ထိုအင်အားကြီးများ နောက်ယောင်ခံ လိုက်ခြင်းမရှိပါက သူမ အပြင်ထွက်ပြီးတစ်ခုခုလုပ်မည် ဆိုလျှင်တောင် များစွာ သက်တောင့်သက်သာဖြစ်မည်။

“ဒါဆိုရင် ငါတို့အဲလူကို အခုပဲသွားခေါ်လိုက်မယ်၊ ပြီးတာနဲ့ မင်းတို့ကို ငါတို့ဆက်သွယ်လိုက် မယ်” ရှီချန်ကျိ ပြောလေသည်။

ရှီမာယူယူသည် သူတို့ကိုဆက်သွယ်ရန်နည်းလမ်းကိုပြောပြပြီးနောက် သူသည် ကျေနပ်စွာပင် ထွက်သွားလေသည်။

“ရှောင်ချီ အဲဒါကိုမင်းသေချာဆုံးဖြတ်ပြီးပြီလား” ရှီမာယူယူ မေးလိုက် သည်။

“ဆုံးဖြတ်ပြီးပြီ၊ အဲလူကိုသူခေါ်လာပါစေ၊ ဒါက ရှောင်ချီတို့ဂိုဏ်းရဲ့ နယ်နိမိတ်ဖြစ်နေတာလည်း ကောင်းသွားတယ်၊ တစ်ခုခုဖြစ်လာဖို့ကို စိုးရိမ်ဖို့ မလိုတော့ဘူး၊ အချိန်ကျလို့ အင်အားကြီးတည်ထောင် မယ်ဆိုရင် ကြည့်နေရုံနဲ့ဘယ်ရမလဲ၊ အဲဒါကြောင့် ဒါကအကောင်းဆုံး ရွေးချယ်မှုပဲ” ရှောင်ချီ ပြောလေ သည်။

“ဒါပေမဲ့ သူကမင်းကို ရှင်းရှင်းလင်းလင်းကြီးခြိမ်းခြောက်နေတာလေ၊ အဲဒါကို စိတ်မဖြောင့်ဘူး” ရှီမာယူယူ ပြောလိုက်သည် “မင်းရှိနေတာကို သတင်းမပေါက်ကြားစေရာဘူးလို့ သဘော တူညီချက်လုပ်ထားပေမယ့် အတည်ပြုဖို့ခက်နေသေးတယ်”

“အဲဒါကြောင့် ရှောင်ချီတို့ဂိုဏ်းထောင်တာကို မြန်မြန်လုပ်ရမယ်လေ” ရှောင်ချီသည် သူမလက် များကိုလွှဲလေသည် “ရှောင်ချီတို့ ဂိုဏ်းထောင် ပြီးတဲ့အချိန်ကျရင် ယူယူလည်း ရှောင်ချီ့ကိုကာကွယ်နိုင် သွားပြီ”

“ဂိုဏ်းက မင်းကိုကာကွယ်ပေးနိုင်မှာပါ၊ ကာကွယ်နိုင်မယ့်ဂိုဏ်း အသစ်လည်း တည်ထောင်မှ ဖြစ်မယ်”

“ရှောင်ချီက ဒီဂိုဏ်းမြေထဲမှာပဲ အချိန်တွေကုန်ပြီးသွားပြီ၊ သူတို့က ရှောင်ချီ့ကိုဒီမှာပဲနေခိုင်းပြီး ထွက်ကစားခွင့်မပေးဘူး” ရှောင်ချီ ပြောလိုက် သည် “အဲဒါနဲ့ယှဉ်ရင် ရှောင်ချီ ယူယူ့နောက်လိုက်ရတာ ကို ပျော်တယ်၊ ဟူး.. ယူယူလည်း ရှောင်ချီ့ကို ဂိုဏ်းမြေထဲမှာပဲမနေစေချင်ဘူးမလား”

“ငါက အမှန်တရားကိုပဲပြောတာပါ” ရှီမာယူယူ ပြောလိုက်သည်။

“အရင်ကနဲ့ယှဉ်ရင် ရှောင်ချီဒီလိုနေရတာကို ပိုကြိုက်တယ်” ရှောင်ချီ သည် ပြုံးပြီးပြောလေ သည် “ဒါပေမဲ့ ယူယူ ရှောင်ချီတို့ အင်အားကြီး ဘယ်တော့တည်ထောင်မှာလဲ၊ ထပ်ပြီးမစောင့်နိုင်တော့ ဘူး”

“ဒီတွေ့ဆုံပွဲပြီးတဲ့အထိ စောင့်” ရှီမာယူယူ ပြောလေသည် “အခုက ငါလုပ်စရာတွေများသေးတယ်၊ အဲဒါတွေရှင်းပြီးရင် အင်အားကြီးစထောင်လို့ ရပြီ”

ဂိုဏ်း၏ပြိုင်ပွဲမှာ ကိစ္စတစ်ခုဖြစ်သလို ဝူလင်းယူ၏သတင်းမရသည်မှာ ပိုစိတ်ပူနေရသည်။

“အဲလူတွေကို လွှတ်လိုက်ရင်ရော ဟိုညီအစ်ကို၁၀ယောက်လေ” ရှောင်ချီ မေးလေသည်။

တစ်ယောက်ယောက်ဖြေရှင်းပေးနိုင်တာကို ဘာလို့အလုပ်မများတော့တဲ့အချိန်ထိ စောင့်နေမှာ လဲ။

“ဖန်ကျိတို့လား” ရှီမာယူယူသည် ခေတ္တမျှစဉ်းစားပြီးနောက် ပြောလေ သည် “သူတို့ကို ဂိုဏ်း ထောင်မယ့်နေရာကိုသွားရှာခိုင်းထားတယ်၊ သူတို့ေ နရာရွေးပြီးတာနဲ့ နောက်ထပ်စီစဉ်ဖို့တွေက လွယ် သွားပြီ”

“ဘယ်နေရာကိုရွေးဖို့စီစဉ်ထားလဲ အတွင်းပိုင်းလား အပြင်ပိုင်းလား”

“သင့်တော်တဲ့နေရာဆိုရင် သူတို့ရွေးတဲ့နေရာကိုကြည့်ပြီး အဲနေရာပဲ လုပ်လိုက်မှာ၊ အတွင်းပိုင်း အပြင်ပိုင်းလို့သတ်မှတ်ထားတာမရှိဘူး” ရှီမာယူယူ ပြောလေသည် “သူတို့ နေရာတချို့ပို့လာသေး တယ် သူတို့ပြီး တဲ့အထိ စောင့်ပြီး သွားကြည့်ကြမယ်၊ နေရာကိုဖြေရှင်းပြီးတာနဲ့ သူတို့ကို လူစုခိုင်းမယ်”

“ဒါဆိုလည်း ကောင်းပြီ ဘယ်လိုပဲဖြစ်ဖြစ် ဂိုဏ်းပြိုင်ပွဲကလည်း ရက်ပိုင်း အတွင်းစတော့မယ်”

“သွားမယ် ပြန်ရအောင်”

“….”

သူတို့ဂိုဏ်းပြန်ရောက်သောအခါ ရှီမာယူယူသည် စားပွဲတစ်လုံးုထတ်ပြီး ဟင်းသီးဟင်းရွက်များ ကိုတင်ပြီးနောက် လောကအသေးသို့သွားကာ စမ်းသပ်မှုတွင် ခေါင်းမီးတောက်နေသော နှစ်ယောက်အား လက်ဆောင်ပေး ပြီးသည်နှင့် ရှီချန်ကျိ သူမကိုပြောသည့်အကြောင်းအရာများကို ပြောပြလိုက် သည်။

ထို့နောက်တွင် သူမသည် ဝိဉာဉ်စေတီအတွင်းသွားကာ နေ့စဉ်သုံး ပစ္စည်းများကို သူတို့ကို ပေးလိုက်သည်။ သူတို့နှင့် ခေတ္တမျှစကားပြောပြီး နောက်တွင် သူမ စတင်ကျင့်ကြံကာ လာမည့်ပြိုင်ပွဲ အတွက်ပြင်ဆင် လေသည်။

အချိန်မှာ မျက်စိတစ်မှိတ်အတွင်းကုန်သွားလေသည်။ အားလုံး စောင့်နေကြသော တွေ့ဆုံပွဲ ပြိုင်ပွဲ၃ခုသည် နောက်ဆုံးတော့ ရောက်လာ လေပြီ။

ပြိုင်ပွဲနေ့မရောက်ခင်တွင် ရှီမာယူယူသည် ဂိုဏ်းအနီးရှိ လူမရှိသော တောင်တစ်လုံးဆီသို့သွား လေသည်။ ထို့နောက် သူမသည် သူတို့တစ်ဖွဲ့ လုံးကိုထုတ်လိုက်သည်။ ကောင်းကင်မှ ကျရောက်လာသော အလင်းများ သူတို့အပေါ်သို့ရောက်သည်နှင့် အဆင့်တက်ရန်ပြင်ဆင်ကြလေသည်။

“တကယ်ပဲ မြင်သာထင်သာရှိတယ်” ရှီမာယူယူနှင့် ရှောင်ချီတို့သည် ဘေးတွင်ရပ်ကာ သက်ပြင်းချလေသည်။

“သူတို့တကယ်ပဲ အဆင့်တွေတက်လာတယ်” ရှောင်ချီလည်း သက်ပြင်းချမိလေသည်။

အားလုံးအဆင့်တက်ပြီးသည်နှင့် ဘယ်သူမှပြန်မဝင်ကြတော့ပေ။ သူတို့သည် ဂိုဏ်းကိုပြန်လာ လိုက်ကြသည်။

“ယူယူ” ရှဲရုန်သည် အဖွဲ့ထဲမှထွက်လာကာ ရှီမာယူယူ ရှေ့သို့လာပြီး ပြောလေသည် “ဒါရိုက်တာမုန့်က မင်းကိုသူ့ရုံးခန်းကိုလာခဲ့ပါတဲ့၊ သူက မင်းကိုရှာနေတာကြာပြီ မင်းကိုမတွေ့လို့”

“ဒါရိုက်တာမုန့်က ကျွန်တော့်ကိုရှာတယ်ဟုတ်လား၊ ဘာဖြစ်လို့လဲ” ရှီမာယူယူသည် နားမလည် စွာမေးလေသည်။

***

All Chapters