← Chapters

ပြိုင်ပွဲတွင်ဝင်ပြိုင်ခွင့်မရခြင်း

Vol. 009 Ch. 834

ပြိုင်ပွဲတွင်ဝင်ပြိုင်ခွင့်မရခြင်း

Vol. 009 Ch. 834

ရှဲရုန်ခေါင်းရမ်းကာ ပြောလေသည် “မသိဘူး နောက်၂ရက်နေရင် ကျင်းပမယ့် တွေ့ဆုံပွဲ၃ခုကြီး အကြောင်းထင်တယ်၊ သွားလိုက်ရင်တော့ သိရမှာပဲ”

“သိပြီ ကျေးဇူးပဲ” ရှီမာယူယူ ပြုံးလိုက်သည်။

“ဘာကိုကျေးဇူးတင်တာလဲ မင်းက ငါတို့ကိုအများကြီး ကူညီပေး ပြီးပြီလေ၊ ငါ စကားပါးပေးရုံပဲရှိတာ” ရှဲရုန်ပြုံးပြကာ ခေါင်းညိမ့်ပြီးနောက် သူမအဖွဲ့သို့ပြန်သွားလေသည်။

ရှီမာယူယူသည် တခြားသူများကိုပြောလိုက်သည် “ကျောင်းအုပ်က ငါ့ကိုခေါ်နေတယ် သွားလိုက်ဦးမယ်”

“သွားလိုက် ငါတို့အဆောင်ကိုအရင်ပြန်နှင့်မယ်၊ အဲအချိန်ကို ဂိုဏ်းမှာ အခုတလောဘာတွေ ဖြစ်နေလဲဆိုတာကို စုံစမ်းလိုက်မယ်”

“ဒါဆို ငါပြန်လာတာနဲ့ မင်းတို့ကိုလာရှာမယ်”

ရှီမာယူယူသည် ပြောပြီးနောက်တွင် မုန့်စန်ချွယ်၏ ရုံးခန်းသို့သွားလိုက် သည်။ တံခါးကို နှစ်ချက် ခေါက်ပြီးနောက်တွင် ပြန်ထူးသံကြားသည်နှင့် သူမ ဝင်သွားလိုက်သည်။

“ဒါရိုက်တာမုန့် ကျွန်တော့်ကိုရှာတယ်ဆိုလို့” ရှီမာယူယူ ပြောလိုက် သည်။

“ဟုတ်တယ်” မုန့်စန်းချွယ်သည် တွေ့ဆုံပွဲ၃ခုကြီး၏ အစီအစဉ်ကို ကြည့်နေသည်။ ရှီမာယူယူ ဝင်လာသည်ကို သူမြင်သောအခါ လက်ထဲမှ အချက်အလက်များကိုချကာ ပြောလေသည် “ထိုင်”

ရှီမာယူယူသည် ဘေးရှိထိုင်ခုံဘက်သို့လာကာ ထိုင်လိုက်သည်။ သူမ သည် မုန့်စန်းချွယ်အား ကြည့်ကာ သူစကားပြောသည်ကို စောင့်နေသည်။

“ယူယူ အခုတလောဂိုဏ်းမှာမရှိဘူးလား၊ ငါ မင်းကိုလူလွှတ်ပြီး ရှာခိုင်းသေးတယ် ရှာမတွေ့လို့” မုန့်စန်းချွယ်သည် ပြောမည့်အကြောင်းအရာ ကို ချက်ချင်းမပြောပေ။ သူမသွားသည့်နေရာကို မေးနေ သည်။

“ကျွန်တော် စီနီယာတွေနဲ့ ကြာပန်းနက်လောကအသေးမှာ ရှေးဟောင်း ဆေးနည်းတွေလေ့လာ နေတာပါ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

မည်သို့ပင်ဖြစ်စေကာမူ ဂိုဏ်းသည် သူမ၏ လောကအသေးအကြောင်း ကို သိပြီးဖြစ်သဖြင့် ထိုအရာနှင့် ရှင်းပြချက်ပေးလျှင်လည်း မဆိုးပေ။

“ရှေးဟောင်းဆေးနည်းဟုတ်လား”

“ဆရာထားခဲ့တဲ့ တချို့ဆေးနည်းတွေပါ” ရှီမာယူယူ ပြောလိုက်သည်။

“အဘိုးကြီးရှုက တစ်ခါက ရှေးဟောင်းဆေးနည်းတွေတော့ယူလာ ၏ဖူး တယ်” မုန့်စန်းချွယ်ပြော လေသည် “အခု မင်းကကြာပန်းနက်လောက အသေးကိုရလိုက်ပြီဆိုတော့ အဲမှာလည်း ရှေးဟောင်း ဆေးပင်တွေရှိမှာပဲ၊ လေ့လာရတာဘယ်လိုနေလဲ”

“အောင်မြင်ဖို့လိုပါသေးတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဖြေးဖြေးလုပ်ကြ လောဖို့မှမလိုတာ၊ ရှေးဟောင်းဆေးနည်းတွေက အခုဆေးနည်းတွေထက် အများကြီးခက်တယ်၊ အချိန်ကတော့ယူရမှာပဲ” မုန့်စန်းချွယ် သူမကိုနှစ်သိမ့်လေသည်။

“နားလည်ပါပြီ”

ရှီမာယူယူ မတ်မတ်ထိုင်နေပုံကို မုန့်စန်းချွယ်မြင်သောအခါ ပြောလေ သည် “ဒီနေ့ မင်းကို ဘာလို့ခေါ်တာလဲဆိုတာသိလား”

“မသိပါဘူး” ရှီမာယူယူသည် ရိုးသားစွာပင်ဖြေလေသည်။

“မင်းကိုဒီနေ့ခေါ်ရတာက မင်းပြိုင်ပွဲမှာဝင်ပြိုင်မယ့်ကိစ္စက ပျက်သွား ပြီလို့ပြောချင်လို့” မုန့်စန်းချွယ် ပြောလေသည်။

“ဗျာ ဘာလို့လဲ” ရှီမာယူယူသည် မုန့်စန်းချွယ်အား တအံ့တသြ ကြည့်လေသည်။

“မစိုးရိမ်ပါနဲ့ ငါရှင်းပြတာနားထောင်ပါဦး” မုန့်စန်းချွယ်ပြောလေသည် “ငါတို့ဒီပြိုင်ပွဲကို လုပ်တယ်ဆိုတာက ကျောင်းသားတွေစိတ်ဝင်စားလာ အောင်လို့လုပ်တာ ဂိုဏ်းက မင်းကို ကျင့်စဉ် အမှတ်တစ်ထောင်ပေးလိမ့်မယ်”

“ကျွန်တော်က ဂိုဏ်းပြိုင်ပွဲရဲ့ ဝင်ပြိုင်သူတစ်ယောက်ပဲလေ၊ ကျောင်းသားတွေဆန္ဒကိုယ် ဆန့်ကျင်သူဘယ်လိုဖြစ်မှာလဲ” ရှီမာယူယူသည် သူ့ကိုနားမလည်သလိုကြည့်လိုက်သည်။

“အဘိုးကြီးယွမ်က ဆေးပြိုင်ပွဲတွေအကြောင်း အရင်ကပြောဖူးလား”

ရှီမာယူယူ ခေါင်းရမ်းကာ ပြောလေသည် “ကျောင်းအုပ်ယွမ်က အချိန်ရောက်လာလို့ ဂိုဏ်းက လိုတာရှိရင် ကူညီးပေးလိုက်ပါလို့ပြောခဲ့တယ် တခြားတော့ဘာမှမပြောဘူး”

“ဒါဆိုရင် သူက မင်းကိုနည်းနည်းပဲပြောခဲ့တာပဲ” မုန့်စန်းချွယ်ပြော လေသည်။

“ဒါရိုက်တာမုန့် ဆေးပြိုင်ပွဲ ဘာလဲ၊ အဲဒါနဲ့ ကျွန်တော်ဂိုဏ်း ပြိုင်ပွဲပြိုင်မှာလဲ ဘာဆိုင်လို့လဲ” ရှီမာယူယူ မေးလိုက်သည်။

“ငါရှင်းပြတာနားထောင်ဦး” မုန့်စန်းချွယ် ပြောလေသည် “အဲဒီဆေး ပြိုင်ပွဲတွေက အဂ္ဂိရတ်ပညာ ရှင်တွေအတွက် အဆင့်အမြင့်ဆုံးပြိုင်ပွဲပဲ၊ ရလဒ်ကိုအခြေခံပြီး သူတို့က မင်းကိုသင့်တော်တဲ့အဆင့်ပေး မှာ”

“အဲအဆင့်တွေက သုံးလို့ရလား”

“ငါတို့ဂိုဏ်းရဲ့အဆင့်တွေနဲ့အတူတူပဲ၊ မင်းအဆင့်ကောင်းလေလေ မင်းရဲ့ လွှမ်းမိုးနိုင်တဲ့အဆင့် မြင့်လေပဲ” မုန့်စန်းချွယ် ပြောလေသည်။

“ဆေးပြိုင်ပွဲဝင်ပြိုင်တဲ့လူတွေက နောက်ခံရှိကြတဲ့လူတွေပဲလား” ရှီမာယူယူမေးလိုက်သည်။

“အဂ္ဂိရတ်ပညာရှင်များအသင်းက ဖိတ်စာပို့တယ်၊ အဲဖိတ်စာရတဲ့လူ တွေပဲ ဝင်ပြိုင်လို့ရတယ်” မုန့်စန်းချွယ် ပြောလေသည် “အပြင်ပိုင်းနဲ့ အလယ်ပိုင်းဒေသက အဂ္ဂိရတ်ပညာရှင်အများစုက လက်ခံကြတယ်၊ အတွင်းပိုင်းဒေသက အင်အားကြီးတချို့လည်း ဝင်ပြိုင်ကြလိမ့်မယ်”

“ဆေးပြိုင်ပွဲက ပေးတဲ့အဆင့်တွေက ကျွန်တော်တို့လွှမ်းမိုးမှုအဆင့်ကို သက်ရောက်မှုရှိမယ်ဆို တာဘာပြောတာလဲ”

“အဂ္ဂိရတ်ပညာရှင်အသင်းမှာ ဆေးပိုင်းခြားမှုဆိုတာရှိတယ်၊ ဆေးပြိုင်ပွဲ ရဲ့ ရလဒ်က အဲဒီ ဆေးပိုင်းခြားမှုမှာ သူတို့ရဲ့ရာထူးကိုသက်ရောက်မှုရှိ လိမ့်မယ်”

“ဆေးပိုင်းခြားမှုဟုတ်လား အဲဒါဘာလဲ”

“အဂ္ဂိရတ်ပညာရှင်အသင်းက အဂ္ဂိရတ်ပညာရှင်တွေကို စီမံတဲ့ အဖွဲ့အစည်းပဲ၊ ဆေးပိုင်းခြားမှု က အဲဒီအဂ္ဂိရတ်ပညာရှင်တွေရဲ့ မဟာမိတ်ပဲ” မုန့်စန်းချွယ် ရှင်းပြလေသည်။

“ဆေးပိုင်းခြားမှုက ဘာအသုံးဝင်တာလဲ”

“အသုံးမဝင်ဘူး”

“ဖူး”

ရှီမာယူယူသည် ပါးစပ်ထဲရှိ လက်ဖက်ရည်များ ထွက်ကျလေသည်။

“အသုံးမဝင်တာကိုပဲ ဘာလို့ဒီပြိုင်ပွဲကို ဂရုစိုက်နေမှာလဲ”

“ငါတို့အတွက် အသုံးမဝင်တဲ့ပုံပေါ်ပေမယ့် မင်းအဆင့်မြင့်လေလေ အဂ္ဂိရတ်လောကမှာ မင်း ရာထူးမြင့်လေလေပဲ၊ သူတို့က မင်းကိုအရင်းအမြစ် တွေပေးတဲ့အချိန်ဆိုလည်း အသုံးဝင်တာပဲ” မုန့်စန်းချွယ် ပြောလေသည်။

“ဒါပေမဲ့ အဲဒါနဲ့ ကျွန်တော်နဲ့ဘာဆိုင်လို့လဲ”

“ဂိုဏ်းက မင်းနဲ့မင်းစီနီယာတွေကို ဒီတစ်ခေါက်ဆေးပြိုင်ပွဲကို ပို့မလို့ စီစဉ်ထားတယ်”

“တွေ့ဆုံပွဲကြီး ၃ခုက ရောဘယ်လိုလုပ်မလဲ၊ ကျွန်တော် တွေ့ဆုံ ပွဲကြီး၃ခုမှာ ဝင်ပြိုင်တာက ဆေးပြိုင်ပွဲအတွက် ဘာမှမဖြစ်ပါဘူး” ရှီမာယူယူ နားမလည်ပေ။

သူမသည် ဂိုဏ်းပြိုင်ပွဲကိုပြိုင်ပြီးမှ ဆေးပြိုင်ပွဲကိုသွားပြိုင်လျှင်ဖြစ်သည်။ အချိန်မတိုက်ပေ။

မုန့်စန်းချွယ်သည် ခေတ္တမျှစဉ်းစားပြီးနောက် ပြောလေသည် “တကယ် တော့ ငါတို့ဂိုဏ်းက ဆေးပိုင်းခြားမှုမှာ အထုတ်ခံရတော့မှာ”

“ဟင်”

“ဆေးပိုင်းခြားမှုက အသုံးမဝင်ဘူးလို့ထင်ရပေမယ့် ဆေးပိုင်းခြားမှု ကနေအထုတ်ခံရတာတော့ မတူတော့ဘူး၊ ငါတို့ဂုဏ်သိက္ခာကို ထိခိုက်ခံ လို့မဖြစ်ဘူး”

ရှီမာယူယူ မှင်တက်သွားသည်။ ဂိုဏ်းက တကယ်ပဲအထုတ်ခံ ရတော့မှာလား။

“ဘာလို့အထုတ်ခံရမှာလဲ”

“ငါတို့ဆေးပြိုင်ပွဲသုံးခုမှာ အဆင့်၃အထိ မဝင်ရင် အထုတ်ခံရတော့မှာ”

“ဂိုဏ်းက ပြိုင်ပွဲ၂ခုဝင်ပြိုင်ပြီးပြီမလား”

“အင်း ငါတို့ဒီတစ်ပွဲမှာ ထိပ်တန်းအဆင့်၁၀၀ထဲမဝင်ရင် အထုတ်ခံရ တော့မှာ”

“ကျောင်းသားတွေနဲ့ ဆရာတွေက အရမ်းအားကောင်းတယ်မဟုတ်ဘူး လား ဘာလို့ ထိပ်တန်း ၁၀၀ထဲမဝင်တာလဲ”

“အသက်အကန့်အသက်ရှိတယ်၊ အသက် ၂၅၀အောက်ပဲဝင်ပြိုင်လို့ရ တယ်၊ ငါတို့ဆရာတွေတော်ပေမယ့် သတ်မှတ်ချက်နဲ့မကိုက်ညီဘူး၊ ကျောင်းသားတွေကကျ အသက်ငယ်တော့ အရည်အချင်း မပြည့်ဘူး ပြီးတော့…”

“ပြီးတော့…ဘာလဲ”

“ဆေးပိုင်းခြားမှုမှာ ငါတို့နဲ့ပြိုင်နေတဲ့ အင်အားကြီးတစ်ခုရှိတယ်၊ ငါတို့ကျသွားရင် သူတို့တက် လာမှာပဲ၊ ပြီးတော့ တစ်ဖက်လူက ဆေးပိုင်းခြား မှုကို တကယ်ဝင်ချင်နေတာ၊ အဲလိုနဲ့ ငါတို့ကို ဆန့်ကျင် တာတွေလုပ်နေတာပဲ” မုန့်စန်းချွယ် ပြောလေသည် “ပြီးခဲ့တဲ့တစ်ခေါက်က ငါတို့ရဲ့ အတော်ဆုံးလူက ဒီပြိုင်ပွဲကြောင့် အတိုက်ခိုက်ခံရတယ်၊ ဝင်တောင်မပြိုင်လိုက်ရဘူး”

“ဒါရိုက်တာမုန့် ကျွန်တော့်ကိုဒီလောက်တွေပြောပြနေတာ၊ ပြိုင်ပွဲကြီး ၃ခုကို ဝင်မပြိုင်စေချင်လို့ မလား”

“တခြားအဖွဲ့ကလူက ငါတို့ဂိုဏ်းထဲကို လူလွှတ်ထားတယ်ဆိုတာ သိ လိုက်ရတယ်၊ သူတို့က ဒီပြိုင်ပွဲရဲ့ အဖျက်တွေပဲ၊ ဆေးပြိုင်ပွဲမတိုင်ခင်ကို မင်းအရည်အချင်းကိုမပြစေချင်ဘူး”

“”

“ကျွန်တော်ဂိုဏ်းကိုဝင်တုန်းက စစ်ဆေးမှုမှာ ပြပြီးပြီမဟုတ်ဘူးလား”

“ဒါပေမဲ့ အဲတုန်းက မင်းကိုသူမသိသေးဘူး၊ မင်းအကြောင်းတွေကို ငါတို့ပိတ်ပင်ထားတယ်၊ အဲတော့ မင်းဝင်ခွင့်စာမေးပွဲကကိစ္စကို သူဂရုစိုက်မှာ မဟုတ်ဘူး”

“ဘယ်သူလဲဆိုတာကို ဒါရိုက်တာမုန့်သိမှတော့ သူ့ကို ဂိုဏ်းကထုတ်မ ပစ်ဘူးလား”

“ငါတို့လည်း လွန်ခဲ့တဲ့ရက်ပိုင်းကမှသိတာ၊ အဲတုန်းက ငါတို့သတင်း ရပြီးတော့ အဲဖက်ကလွှတ် လိုက်တဲ့လူက ဘယ်သူလဲဆိုတာ မသိရဘူး၊ သူတို့က ဂိုဏ်းရဲ့ကျောင်းသားတွေပဲ အဲဒါကြောင့် သူတို့ ကို မြင်အောင် လုပ်လို့မရဘူး”

“…”

ရှီမာယူယူသည် မုန့်စန်းချွယ်၏ရုံးခန်းမှထွက်လာသည်နှင့် သူမသည် ပြိုင်ပွဲတွင်ဝင်ပြိုင်ရမည့် အခွင့်အရေးလွတ်သွားကာ ပြိုင်ပွဲကြီးတွင်သာဝင် ပြိုင်ရတော့မည်။

***

All Chapters