ထိပ်တန်းအဆင့်၁၀
Vol. 009 Ch. 835
“ဘာ မင်း အဂ္ဂိရတ်ပြိုင်ပွဲဝင်ပြိုင်လို့မရတာနဲ့ တည်ဆောက်မှုပြိုင်ပွဲကို လည်း ဝင်ပြိုင်လို့မရတော့ဘူးလား”
ရှီမာယူရွှီနှင့် တခြားသူများသည် ခြံဝန်းတွင် အတူစုပြီး သတင်းကြား သောအခါ အလွန် အံ့သြကြလေသည်။
ရှီမာယူယူသည် စားပွဲကိုရိုက်ပြီး အားလုံး၏တုန့်ပြန်မှုကို ကြည့်လိုက် သည်။ သူမသည် စိတ်ထဲ တွင် စောဒကတက်ကာ ဆန့်ကျင်မိသည်။
“တည်ဆောက်မှုပြိုင်ပွဲက အဂ္ဂိရတ်ပညာနဲ့မှမဆိုင်တာ ဘာလို့ပြိုင်ခွင့် မပြုတာလဲ” ရှီမာယူလင်း မေးလိုက်သည်။
“ကျွန်တော့်ကို သိုသိုသိပ်သိပ်နေစေချင်တာ” ရှီမာယူယူ သက်ပြင်းချ လိုက်သည် “ကျွန်တော် ငြင်းလို့သာမဟုတ်ရင် အဆင့်ပြိုင်ပွဲကြီးကိုတောင် ဝင်ပြိုင်ခွင့်ပေးမှာမဟုတ်ဘူး”
“ဂိုဏ်းကမင်းကို သိုသိုသိပ်သိပ်နေခိုင်းတာက ဒီဆေးပြိုင်ပွဲကို အလေး အနက်ထားတယ်ဆို တာ သက်သေပြနေတာပဲ” ရှီမာယူရန်ပြောလေသည်။
“ဒါရိုက်တာမုန့်က ကျွန်တော့်ကို ဘာလို့အကုန်ပြောလဲဆိုတာ သိချင်မိ တယ်” ရှီမာယူယူ ပြောလေသည် “အဲထက်ပိုတာတစ်ခုခုရှိမယ်လို့ ထင်တယ် မဟုတ်ရင် သူအဲဒါတွေကိုပြောပြမှာမဟုတ် ဘူး”
“ဒါပေမဲ့ သိအောင်လုပ်ဖို့ နည်းလမ်းမရှိဘူးမလား” ဖက်တီးကျူ ပြော လေသည်။
“ဟူး အဲလိုပဲဆိုပါတော့” ရှီမာယူယူသည် မှိုင်တွေစွာပြောလေသည်။
“မင်းစီနီယာတွေရောသိမလား” ဝေကျိရွှီ မေးလိုက်သည်။
“ငါမသိဘူး၊ ငါ ခုနကသူတို့ကိုသွားရှာတော့ ဘာတွေဖြစ်နေလဲဆိုတာ သူတို့လည်းမသိဘူး” ရှီမာယူယူပြောလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ဂိုဏ်းက မင်းကိုထိခိုက်အောင်မလုပ်ဘူးလို့ ယုံတယ်” ဘေဂုံထန် ပြောလေ သည်။
“ဟူး အဲအချိန်ကျရင် မင်းတို့ပြိုင်တာကို ငါသွားကြည့်မယ်”
“သက်ပြင်းချမနေနဲ့တော့ ဒီပြိုင်ပွဲမှာဝင်ပြိုင်လို့ပဲမရတာ၊ အဆင့် ပြိုင်ပွဲမှာဝင်ပြိုင်လို့ရတယ်လေ” ဘေဂုံထန်သည် သူမပခုံးအားပုတ်လေ သည်။
“ဟူး…” ရှီမာယူယူသည် ဝေကျိရွှီအား ကြည့်ပြီးပြောလေသည် “အရင်က ထိပ်တန်းအဆင့်တွေ မှာရှိတဲ့လူတွေအကြောင်း စုံစမ်းခိုင်းထားတာ ဘယ်မှာလဲ”
“အကုန်ဒီမှာရှိတယ်” ဝေကျိရွှီသည် စာရွက်တစ်ရွက်ပေးလိုက်သည် “သူတို့ သန်မာတဲ့အဆင့် အလိုက်စဉ်ထားတယ်၊ တခြားသူတွေကို ဂရုစိုက် စရာမလိုဘူး၊ အဆင့်၁၀ထိပဲကြည့်”
အဆင့်၁မှာ ရှောင်ချီဖြစ်သည်။ သူမသည် အဆင့်ပြိုင်ပွဲဝင် မပြိုင်ဘဲနှင့်ပင်လျှင် ထိုအဆင့်ရ ထားသည်။
အဆင့်၂မှာ အသက် ၃၈၀ရှိသော ဝမ်စီမြောင်ဖြစ်သည်။ သူသည် အံ့ဖွယ်သူတော်စင်အဆင့် တက်ထားပြီးဖြစ်သည်။ သူသည် အေးစက်သော အလှပိုင်ရှင်ဟု သတင်းမွှေးသည်။ သူ့ကိုမြင်ဖူးသူမှာ အနည်းငယ်သာရှိကာ အဆင့်ပြိုင်ပွဲတွင်သာ ပေါ်လာလေ့ရှိသည်။
အဆင့်၃မှာ အသက် ၃၈၀ရှိသောဟွာပေါင်မြောင်ဖြစ်သည်။ သူမသည် လည်း အံ့ဖွယ် သူတော်စင် အဆင့်ရောက်နေပြီဖြစ်သည်။ သို့သော် ဒီလူသည် တိုက်ပွဲစွမ်းရည်တွင် အနည်းငယ်အားနည်းသည်။ အတွင်းဂိုဏ်းတွင် ဆွဲဆောင်မှုအရှိဆုံးလူအဖြစ် သတင်းမွှေးပြီး ကျင့်စဉ်မျှော်စင်တွင် ကျင့်ကြံ ခြင်းဖြင့် အချိန်ကုန်ဆုံးသည်။
အဆင့်၄မှာ အသက် ၃၉၀ရှိသော ပန်ကျားနန်ဖြစ်သည်။ အံ့ဖွယ် သူတော်စင် အလယ်အလတ် အဆင့်ရောက်နေပြီဖြစ်သည်။
အဆင့်၅မှာ အသက်၃၆၀ရှိ အံ့ဖွယ်သူတော်စင် အလယ်အလတ်အဆင့် ရှိသော မိုဘင်းဖြစ်သည်။
အဆင့်၆ ကျားချန်ရွှမ်၊ အဆင့်၇ ယူဟောင်ချီ၊ အဆင့်၈ ဟန်ခိုင်လီတို့ သည်လည်း အံ့ဖွယ် သူတော်စင်အလယ်အလတ်အဆင့်များဖြစ်ကြသည်။ အဆင့်၉မူကျန်းယင်၊ အဆင့်၁၀ ထန်ယန် နှစ်ယောက်လုံးသည် အံ့ဖွယ် သူတော်စင် ကနဦးအဆင့်ဖြစ်ကြသည်။
ရှီမာယူယူသည် သူတို့အချက်အလက်များကိုကြည့်ပြီး သူတို့တိုက်ပွဲ တိုက်ပါက ရလာမည့် ရလဒ်ကို စိတ်ထဲတွင်ခန့်မှန်းနေမိသည်။
“နှစ်တိုင်းတွေ့ဆုံပွဲမှာတော့ အပြောင်းအလဲရှိတယ်၊ ဒီနှစ်က သူတို့က ငြင်းခုံတာမရှိအောင် အမိန့်ထုတ်ထားတယ်” ဝေကျိရွှီ ပြောလေသည် “ပထမဆုံးပြိုင်ပွဲက အဂ္ဂိရတ်ပညာပြိုင်ပွဲ၊ ပြီးတော့ တည်ဆောက်မှုပြိုင်ပွဲ၊ လက်နက်သခင်တွေပြိုင်ပွဲ၊ မိစ္ဆာထိန်းကျောင်းသူတွေပြီးနောက်ဆုံးမှ ရှာဖွေ သူ ဝိဉာဉ်သခင်တွေလာမှာ… အဲပြိုင်ပွဲတွေပြီးတာနဲ့ အဆင့်ပြိုင်ပွဲစပြီ”
“ရှာဖွေသူဝိဉာဉ်သခင်တွေပြိုင်ပွဲဆိုတာ အရင်ကမကြားဖူးဘူး၊ ဒီနှစ်ကို ထပ်တိုးမယ်လို့ ဘယ်သူ ထင်မိမှာလဲ”
“ရှာဖွေသူဝိဉာဉ်သခင်တွေကတော့ အနည်းအကျဉ်းအမြဲရှိနေတာပဲ၊ သူတို့က မပြိုင်ချင်တာနဲ့ နှစ်တိုင်းကိုပြိုင်ပွဲမလုပ်ကြတာ” ဝေကျိရွှီ ပြောလေ သည် “တကယ်တော့ ပြိုင်ပွဲတွေအကုန်လုံးက အတူတူပဲ၊ အဆင့်ပြိုင်ပွဲ တွေပဲမတူတာ၊ အပြောင်းအလဲတွေရှိတတ်တယ်၊ ဒီနှစ်ကဘယ်လိုဖြစ်မလဲ သိချင်သားပဲ”
“နှစ်ရက်အချိန်ရသေးတယ်၊ မင်းတို့လေ့ကျင့်တော့ ငါကတော့ ဒီအတိုင်းကြည့်နေမယ်” ရှီမာယူယူ ပြောလေသည်။
“နင့်စီနီယာတွေအခုထိထွက်မလာသေးဘူးလား သူတို့လည်း ပြိုင်ပွဲပြိုင် မှာလား” ဘေဂုံထန် ပြောလေသည် “သူတို့ပြိုင်မယ်ဆိုရင် ဝူရန်ဖေနဲ့ ငါနဲ့ နေရာရမှာမဟုတ်ဘူး”
“ဆရာလည်းမရှိဘူး၊ စီနီယာအစ်ကိုကြီးကလည်း ပြဿနာအကြီးကြီး ရှာထားတယ်၊ အဲတော့ သူတို့လည်း ပြိုင်ပွဲဝင်ဖို့စိတ်ရှိမှာမဟုတ်ဘူး၊ အခု သူတို့ရှေးဟောင်းဆေးနည်းကို လေ့လာနေကြတယ်၊ ပြိုင်ပွဲစရင်တော့ ကြည့်မယ်ဆိုပြီးထွက်လာမလားမသိဘူး” ရှီမာယူယူ ပြောလေသည်။
“သူတို့နှစ်ယောက်လုံးက အလေးထားတတ်ပြီး ဖြောင့်မတ်ကြတယ်၊ မိသားစုလိုဖြစ်နေတဲ့ စီနီယာက သစ္စာဖောက်လာမယ်လို့ ဘယ်သူ ထင်မိမှာလဲ အဲဒါကြောင့် သူတို့အတွက် အတော်ရိုက်ခတ် သွားတယ်” ရှီမာယူရန်ပြောလေသည် “ပြိုင်ပွဲစတာနဲ့ သူတို့ကိုထွက်လာခိုင်းပြီး လျှောက်လည်ရမယ် အဲအချိန်ကျရင် ဂိုဏ်းကလည်း လှုပ်ရှားမှုတွေနဲ့ လူစည် နေမှာ”
“အင်း ပြိုင်ပွဲစတာနဲ့ သူတို့ကိုခေါ်ထုတ်လိုက်မယ်” ရှီမာယူယူ ပြောလေ သည်။
“ဟုတ်သားပဲ မင်းဒါရိုက်တာမုန့်ရုံးခန်းသွားတုန်းကို တိုက်ပွဲရူးမင်း ကိုထပ်လာရှာသေးတယ်၊ မင်း သူနဲ့ မတိုက်မချင်းလက်မလျော့ဘူးလို့ထင် တယ်”
ရှီမာယူယူသည် တိုက်ခိုက်ခြင်းတွင် စိတ်မဝင်စားတော့ပေ။ တိုက်ပွဲရူး ဟော်အကြောင်းကို ရှီမာယူရွှီ ပြောလိုက်သည်ကို သူမ ကြားသည်နှင့် အစောကကြားခဲ့သော သတင်းကိုပြန်တွေးကာ ပြော လေသည် “အဲဒီတိုက်ပွဲရူးဟော်… ပြိုင်ပွဲပြီးတာနဲ့ သူမလာတော့ဘူးမဟုတ်ဘူးလား”
“အဆင့်ပြိုင်ပွဲစတာနဲ့ မင်းဘယ်လောက်သန်မာလဲဆိုတာ သိချင်လို့ မင်းနဲ့ တိုက်မယ်လို့ ဆက်တိုက်ပြောမယ်ထင်တယ်” ဖက်တီးကျူ ပြောလေ သည်။
“ဒါဆိုလည်း သူ့ကို တစ်ချက်လောက်ရိုက်ပေးတာပေါ့” ရှီမာယူယူ ပြော လေသည် “အဲလို အလောတကြီး လူတွေကိုရိုက်တတ်တဲ့လူတွေကို အများကြီးလှုံ့ဆော်စရာမလိုဘူး”
အားလုံးသည် ဆွံ့အသွားလေသည်။ ဒီလူသည် ပြိုင်ဘက်၏ စိတ်ဓာတ်ပိုင်းကို အစကပင် ရိုက်ချိုးချင်နေသည်။
“ဟူး.. ဝမ်းနည်းလိုက်တာ၊ အသည်းကွဲတာကို ကုစားဖို့ သွားအိပ် တော့မယ်၊ ပြိုင်ပွဲပြီးမှပဲ ထွက် လာတော့မယ်”
အသည်းကွဲတာကို ကုစားမယ်… သူတို့အမြင်တော့ သူမက နားချင်လို့ ဆင်ခြေပေးနေတာပဲ။
“ကောင်းပြီ နောက်ပြိုင်ပွဲအတွက် သွားပြင်ဆင်ရအောင်” ရှီမာယူလင်း ပြောလေသည်။
“အားလုံးပဲ အကောင်းဆုံးကြိုးစားရအောင်”
ဂိုဏ်းနယ်မြေမှထွက်လာပြီးနောက်တွင် ရှီမာယူယူ လျှောက်သွားလေ သည်။ ပြိုင်ပွဲမှာ မကြာမီစတော့မည်ဖြစ်သဖြင့် တံခါးပိတ်ကျင့်ကြံနေသော လူများလည်း ထွက်လာကြသည်။ အပြင်တွင်ရောက်နေသော ကျောင်းသား များလည်း ပြန်လာကြရာ ဂိုဏ်းသည် အရင်ကထက် အသက်ဝင်နေသည်။
ထိုအချိန်မှာ သူမ ထိုလူများကိုကယ်ခဲ့သည့်အချိန်နှင့် အလှမ်းကွာသွား သဖြင့် အားလုံးသည် သူမကို စိတ်လှုပ်ရှားစွာမကြည့်ကြတော့ပေ။ အနည်း ဆုံးတော့ သူမနားတွင် သူတို့မရှိတော့ပေ။
“ဒီမှာ ကြားပြီးပြီလား၊ ထိပ်တန်းအဆင့်၁၀ လူတွေထွက်လာကြပြီ အဆင့်၃ ဟွာပေါင်မြောင်က လှတာထက်ကိုပိုတယ်တဲ့”
“ကြားတာကိုပြောနေသေးတယ် ငါက သူမကိုကိုယ်တိုင်မြင်ခဲ့တယ်”
“မြင်ခဲ့တယ်ဟုတ်လား သေစမ်း ဘယ်တုန်းကလဲ ငါကကျ ဘာလို့ မမြင်လိုက်ရတာလဲ”
“ဒီမနက်ပဲ၊ ငါကျင့်စဉ်မျှော်စင်ကထွက်လာတော့ သူမလည်း ထွက်လာ တာကိုမြင်လိုက်တယ်၊ အားလုံးက သူမနားဝိုင်းသွားကြတာ မြင်ကွင်းက တော့… ဟီးဟီး…”
“အာယား စောစောကသိရင် ငါလည်းသွားလိုက်ပါတယ်”
“သွားလည်းဘာအသုံးဝင်မှာလဲ သူမက လူချောတစ်ယောက်နဲ့သွား တာတွေ့လိုက်တာ သူတို့ သေချာပေါက် အတူကျင့်ကြံနေကြတာပဲ”
“သူမနဲ့ အတူကျင့်ကြံတယ်ဆိုတော့ အဲလူရဲ့အဆင့်ကလည်းမနိမ့်ဘူးပဲ”
“သေချာပေါက်ပေါ့” နောက်တစ်ယောက်အပြေးလာလေသည် “ဒီ မနက်ဟွာပေါင်မြောင်နဲ့ ထွက်လာတဲ့လူက အဆင့်၄ ပန်ကျားနန်ပဲ”
“ကျင့်စဉ်မျှော်စင်နားမှာတော့ မနေ့က လှုပ်လှုပ်ရှားရှားပဲ၊ ဟိုဟိုဒီဒီ အံ့သြသံတွေထွက်လာတာ အတွင်းကျောင်းတစ်ခုလုံးကြားရလောက်တယ်”
“မနေ့ကလား မနေ့က လူအများကြီးထွက်လာမသိဘူးလား၊ အရင်က ဆိုရင် ထိပ်တန်းအဆင့် ၅၀က သီးခြားကျင့်ကြံနေကြတာမလား၊ ပြိုင်ပွဲစ တော့မှာမို့လို့ သူတို့ထွက်လာကြတာလေ”
“အဆင့်အသစ်တွေထွက်လာတော့မယ် စိတ်လှုပ်ရှားစရာပဲ”
ရှီမာယူယူသည် သူတို့ပြောစကားများကို နားထောင်ပြီး မဲ့ပြုံးပြုံး လိုက်သည်။ သူမသည်လည်း စိတ်လှုပ်ရှားမိသည်။
***