← Chapters

တွေ့ဆုံပွဲစတင်ခြင်း

Vol. 009 Ch. 836

တွေ့ဆုံပွဲစတင်ခြင်း

Vol. 009 Ch. 836

အားလုံးစောင့်စားနေကြသော ဂိုဏ်း၏ တွေ့ဆုံပွဲကြီး၃ခုမှာ ရောက်လာ လေပြီ။

တွေ့ဆုံပွဲအစီအစဉ်မှာ ကြေညာပြီးသားဖြစ်ရာ ဒီနေ့သည် အဂ္ဂိရတ် ပညာရှင်များ၏ ပြိုင်ပွဲဖြစ်သည်ကို ကျောင်းသားအားလုံးသိပြီးဖြစ်သဖြင့် အားလုံးသည် ဂိုဏ်း၏တောင်အနောက်ဘက်ရှိ အပြင်ဘက်ကွင်းပြင် ကျယ်သို့သွားကြလေသည်။

အပြင်ဘက်ကွင်းပြင်ကျယ်၏အလယ်တွင် မြင်မားသောမျှော်စင် တစ်ခု ကို ယာယီဆောက်ထားကာ ဆေးဖိုများကို ထိပ်တွင်ထားထားသည်။ ကွင်းပြင်ပတ်ပတ်လည်တွင် ကြည့်ရှုစင်ဆောက်ထားကာ သဘာပတိ ထိုင်ရန်မှာ စင်၏အရှေ့ တွင်ရှိသည်။ စင်၏အမြင့်သည် သာမန်မျှော်စင် ထက်မြင့်သည်။

ရှီမာယူယူ ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့ကို ဆွဲခေါ်လာချိန်တွင် ဖက်တီးကျူတို့အဖွဲ့သည် ကြည့်ရှုစင်တွေ နေရာယူပြီးနေပြီ။ သူတို့သုံး ယောက် လျှောက်ဝင်လာသည်ကို မြင်သောအခါ ဖက်တီးသည် သူတို့ကို လက်ရမ်းပြလေသည်။

ရှီမာယူယူသည် သူတို့ကို ခေါ်လာပြီး ထိုင်ရန်နေရာပေးလိုက်သည်။

“မင်းတို့နောက်ကျနေတယ်၊ ထိုင်ခုံဦးမထားရင် မင်းတို့တော့ အောက် မှာရပ်ကြည့်ရတော့မှာ”

ရှီမာယူယူ ပြုံးလိုက်သည် “မင်းတို့ ငါတို့အတွက်နေရာဦးပေးထား မယ်ဆိုတာသိတယ် စောစောလာလည်း ငါတို့လုပ်စရာမှမရှိတာ”

အပြင်ဘက်ကွင်းပြင်တွင် လူ၁သောင်းကျော်ရှိကာ ကြည့်ရှုစင်သည် ပြည့်လုနီးပါးဖြစ်ကာ အောက်ထပ်တွင် ရပ်နေကြသော လူများဖြင့် တစ်ဝက် လောက်ပြည့်နေသည်ကို ဟန့်မြောင်ရွှမ် တွေ့ လိုက်သည်။

“လူများလိုက်တာ”

“ဂိုဏ်းမှာ ဒီလောက်စည်ကားတာ ပထမဆုံးမြင်ဖူးတာပဲ” စူးရှောင်ရှောင် သက်ပြင်းချလေ သည်။

“စီနီယာ အရင်က တစ်ခါမှမတက်ဖူးဘူးလား”

“ငါဝင်လာတုန်းကတော့ တွေ့ဆုံပွဲကြီး၃ခုရှိတယ်၊ ဒါပေမဲ့ အဲတုန်းက ငါမတက်လိုက်ဘူး ငါလည်း ဂိုဏ်းမှာမရှိဘူး၊ အဲဒါကြောင့် တစ်ခါမှမမြင်ဖူးဘူး” စူးရှောင်ရှောင် ပြောလေသည်။

“တွေ့ဆုံပွဲကြီး၃ခုက ဆယ်နှစ်တစ်ခါ ကျင်းပတာ ရှောင်ရှောင် ရောက်လာတာ ၈နှစ်ပဲရှိသေးတာ ဘယ်တက်ဖူးမလဲ” ဟန့်မြောင်ရွှမ် ဆက်ပြောလေသည် “သီးသန့်နေတဲ့လူတွေက သီးသန့်နေကြ တယ်၊ အပြင်မှာနေတဲ့လူတွေက အပြင်မှာပဲနေကြတယ်၊ တွေ့ဆုံပွဲကြီး၃ခု လုပ်တဲ့အချိန်မှ အားလုံးလာ စုကြတာ”

“ပြောရမယ်ဆိုရင် ဒါကဂိုဏ်းရဲ့ ဖြစ်တောင့်ဖြစ်ခဲပေါ့” ရှီမာယူယူသည် ရာပေါင်းများစွာသော ဆေးဖိုများကိုကြည့်ပြီး အတွင်းဂိုဏ်း၏ အဂ္ဂိရတ် ပညာရှင် အရေအတွက်ကိုခန့်မှန်းကြည့်ပြီး မေးလိုက်သည် “အဂ္ဂိရတ် ပညာရှင် အကုန်လုံး ပြိုင်ပွဲဝင်ပြိုင်ကြတာလား”

“ဟုတ်တယ်”

“အဆင့်အနိမ့်အမြင့်အားလုံးအတွက် ခေါင်းစဉ်အတူတူပဲလား”

“အဲလိုတော့မဟုတ်ဘူးလေ” ဖက်တီးကျူ ပြောလေသည် “ဝူရန်ဖေတို့ ပြောတာတော့ အရှေ့ ဆုံးလိုင်းက အလွတ်တမ်း၊ အနောက်လိုင်းတချို့က အဆင့်၇ အဂ္ဂိရတ်ပညာရှင်တွေအတွက် ဟိုး အနောက်ကကျ အဆင့်၆ အဂ္ဂိရတ်ပညာရှင်တွေအတွက်”

“အရှေ့ဆုံးနဲ့ အနောက်ဆုံးလိုင်းတွေကကျ ဘာကွာတာလဲ” ရှီမာယူယူ နားမလည်သေးပေ။

“အဲဒါကကျ အဆင့်၈နဲ့ အဆင့်၉ အဂ္ဂိရတ်ပညာရှင်တွေအတွက်”

“အဆင့်၈ ၉ အဂ္ဂိရတ်ပညာရှင်တွေရှိတာလား” ရှီမာယူယူ၏ မျက်လုံးများပြူးသွားသည် “အဲအဆင့်ဆိုရင် ဆရာလုပ်လို့ရပြီမဟုတ်ဘူးလား”

“အဲလိုပြောလို့ရတယ်၊ ဒါပေမဲ့ ပြောရမယ်ဆိုရင် အဲလိုင်းမှာ မရှိသလောက်နီးပါးပဲ” ဝေကျိရွှီ ပြောလေသည် “ပြီးတော့ ကျောင်းသား ပဲရှိသေးတဲ့လူတွေအတွက် အဆင့်၈ အဂ္ဂိရတ်ပညာရှင်ဖြစ်ဖို့က မဖြစ်နိုင် သလောက်နီးပါးပဲ၊ ဒါပေမဲ့ အရင်ကတော့ အဲအဆင့်ရောက်တဲ့လူရှိဖူးတယ်တဲ့ အဲဒါကြောင့် အဲလိုင်းတွေကျန်နေတာ”

အတွင်းဂိုဏ်းတွင် စည်းမျဉ်းရှိသည်။ မည်သည့်ကျွမ်းကျင်မှုပင်ဖြစ်စေ မည်သည့်သရုပ်မှန်ကို ပိုင်ဆိုင်ထားသည်ဖြစ်စေ ဂိုဏ်းတွင် အသက်၄၀၀ အထိနေနိုင်သည်။ အသက်၄၀၀ ပြည့်ပြီးသည်နှင့် ထိုလူသည် အလိုအလျောက် ကျောင်းပြီးသွားပြီဟု မှတ်ယူသည်။

ထိုအချိန်တွင် အဂ္ဂိရတ်ပညာရှင်များသည် စာရွက်ဖြတ်ပိုင်းများယူကာ ထိုစာရွက်များကို ဘေးရှိ ဆရာများကိုပြပြီး ဆေးဖိုများရှေ့သို့လျှောက်သွား လေသည်။

“သူတို့ကဂိုဏ်းကပြင်ပေးတဲ့ ဆေးဖိုကိုပဲသုံးခွင့်ရှိတာလား” ဘေဂုံထန် နှင့် ဝူရန်ဖေတို့ နံပါတ် ပြားဆွဲပြီးနေရာယူနေသည်ကို ဖက်တီးကျူမြင်သော အခါ မေးလိုက်သည်။

“မဟုတ်ဘူး” ဟန့်မြောင်ရွှမ် ပြောလိုက်သည် “အဲဒီဆေးဖိုတွေက အရည်အသွေးမကောင်းဘူး ကျောင်းသားတွေက ကိုယ်ပိုင်ဆေးဖိုတွေ ပြင်ထားနိုင်တယ် မဟုတ်ရင် တခြားလူရဲ့ ဆေးဖိုလည်း သုံး လို့ရတယ်၊ အမှန်တော့ ဂိုဏ်းကပြင်ပေးတဲ့ဆေးဖိုကိုသုံးတဲ့လူနည်းတယ်၊ ဆေးဖိုတွေကို ဆရာတွေက နောက်ကျရင်သိမ်းသွားမှာ”

“အဲလိုဆိုမှတော့ ဂိုဏ်းကဘာလို့ ဆေးဖိုတွေပြင်ပေးထားတာလဲ”

“အဲဒါက မျိုးဆက်တွေလက်ဆင့်ကမ်းလာတဲ့ ယဉ်ကျေးမှုပဲ”

ကျောင်းသားများ ကွင်းပြင်သို့ဝင်လာချိန်တွင် ဆရာတချိုကသည် သူတို့ကိုဖြတ်သွားသည်နှင့် ကိုယ်ပိုင်ဆေးဖိုသုံးမည်လားဟု မေးမြန်းသည်။ ကျောင်းသားများ သုံးမည်ဟုဖြေသည်နှင့် ဂိုဏ်းသည် ဆေးဖိုများသိမ်းသွားပြီး ကျောင်းသားများသည် ကိုယ်ပိုင်ဆေးဖိုများကိုထုတ်သုံးကြလေသည်။

ဟန့်မြောင်ရွှမ်ပြောသလိုပင် ကျောင်းသားအများစုသည်ကိုယ်ပိုင် ဆေးဖိုများသုံးပြီး ဂိုဏ်း၏ ဆေးဖိုကိုသုံးသူမှာ နည်းသည်။

ရှေ့ဆုံးလိုင်းနှစ်ခုသည် မည်သူမှတက်မလာပေ။

ပြင်ဆင်မှုပြီးသွားသည်နှင့် မုန့်စန်းချွယ်သည် ဆရာများအဖွဲ့ကို ဦးဆောင်လျှောက်လာကာ ကြည့်ရှုစင်တွင်ထိုင်လိုက်ကြသည်။

ဆရာများသည် ဘေးတွင်ရပ်ကြကာ လည်ချောင်းရှင်းပြီး ပွဲအစီအစဉ် များကို ကျောင်းသားများကို စတင်ပြောကြလေသည်။ ပြိုင်ပွဲကြီး၃ခု၏ အရေးကြီးပုံများကိုစပြောပြီး အဆင့်များနှင့် တခြားအရာ များကိုပြောကြား လေသည်။ ထို့နောက်တွင် နောက်ရက်များအတွက် စီစဉ်ထားမှုများနှင့် နောက်ဆုံးတွင် ဒီနေ့ အဂ္ဂိရတ် ပညာပြိုင်ပွဲ၏ စည်းမျဉ်းများကိုပြောကြား လေသည်။

“ဒီနှစ်ကလည်း ခါတိုင်းလိုပဲ ပွဲနှစ်ပွဲခွဲထားတယ်၊ ပထမပွဲက ဂိုဏ်းက သတ်မှတ်ထားတဲ့ ဆေးကို ဖော်ရမယ် ဒုတိယပွဲက အလွတ်တမ်းပဲ၊ ပထမ ပွဲက ဆေးကျွမ်းကျင်မှုနဲ့ အချိန်ကုန်ဆုံးမှုအလိုက် အဆင့် သတ်မှတ်မယ်၊ အဆင့်၆တွေက အဆင့်၇နောက်မှာ တန်းစီရမယ်”

“ဒုတိယပွဲက အလွတ်တမ်းပွဲ၊ သတ်မှတ်ချိန်အတွင်းမှာ မင်းတို့ရွေးချယ် ဖော်စပ်ထားတဲ့ ဆေးကို ဂိုဏ်းဆရာတွေက ကျွမ်းကျင်မှု အပေါ်အခြေခံပြီး အကဲဖြတ်ပေးမယ်”

“နောက်ဆုံးရလဒ်က ပွဲနှစ်ပွဲရလဒ်နှစ်ခုလုံးပေါ်မူတည်ပြီး အဆင့် သတ်မှတ်မယ်၊ အခု အဂ္ဂိရတ် ပညာပြိုင်ပွဲ တရားဝင်စတင်ပြီ”

“စားပွဲအောက်မှ ဖြေဆေးရှာတွေ့လိမ့်မယ်၊ အဆင့်၆နဲ့ အဆင့်၇ ရှိတယ်၊ စားပွဲပေါ်မှာ ပစ္စည်း ၃ခုရှိတယ်၊ ပါဝင်ပစ္စည်းတွေကို လေ့လာဖို့ ၂နာရီ အချိန်ရမယ်၊ ဆေးဖော်ဖို့ အခွင့်အရေး ၃ခါရမယ် အခု စလို့ရပြီ”

အဂ္ဂိရတ်ပညာရှင်များသည် အံဆွဲထဲမှ ဆေးပါဝင်ပစ္စည်းများ ကိုထုတ်ကာ စတင်လေ့လာကြ တော့သည်။

ဟန့်မြောင်ရွှမ်သည် ရှီမာယူယူကိုစကားဖြတ်ပြောလိုက်သည် “ဒီဂိုဏ်း ရဲ့ ပြိုင်ပွဲနဲ့ အဂ္ဂိရတ်ပညာ ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေက အကုန်လုံးနီးပါး တူတယ်လို့ ကျန်းကျူရှန့်ပြောတာကြားဖူးတယ် ငါတို့လည်း ဒီလိုပဲနေမှာ”

“စီနီယာအစ်ကိုကြီးက ဒီအကြောင်းကိုသိလား”

“သူလည်း အဂ္ဂိရတ်ပညာပြိုင်ပွဲကိုဝင်ပြိုင်ခဲ့တာ” ဟန့်မြောင်ရွှမ် ပြောလေသည် “အဲတုန်းက သူက ကျန်းမိသားစုရဲ့ သခင်လေးအနေ နဲ့ပြိုင်ခဲ့တာ၊ အဲလိုနဲ့ဆရာက သူ့ကျောင်းသားအဖြစ်ရွေးခဲ့ တယ်၊ အခုစဉ်းစား ကြည့်ရင် သူ့လှုပ်ရှားမှုက ဆရာ့နားကိုကပ်ဖို့အတွက် ဒီအခွင့်အရေးကို သုံးခဲ့တာပဲ”

“အဲဒါဘယ်တုန်းကလဲ” ရှီမာယူယူ မေးလိုက်သည်။

“လွန်ခဲ့တဲ့ အနှစ်၅၀က” ဟန့်မြောင်ရွှမ်သည် သူမဆံပင်ကိုအနောက်ကို သပ်ပြီး ပြောလေသည် “အဲလူက ဆရာ့နောက်အရင်လိုက်ခဲ့တာ ငါ့ထက် နှစ်နည်းနည်းစောတယ်”

“ဆရာမရှိပဲနဲ့တောင် ငါတို့ပြိုင်ပွဲဝင်ပြိုင်နိုင်မယ်လို့မထင်ထားဘူး” စူးရှောင်ရှောင် ပြောလေသည်။

“အဲဒါဆိုရင် အဂ္ဂိရတ်ပညာရှင်တွေက ဆေးပြိုင်ပွဲလုပ်ပြီဆိုတော့ လက်နက်သခင်တွေက လက်နက်ပြိုင်ပွဲ၊ တည်ဆောက်မှုသခင်တွေက တည်ဆောက်မှုပြိုင်ပွဲနဲ့ မိစ္ဆာထိန်းကျောင်းသူသခင်တွေ နဲ့ ရှာဖွေသူ ဝိဉာဉ်သခင်တွေလည်း အဲလိုပဲပြိုင်ပွဲတွေရှိတာလား” ရှီမာယူယူ မေး လိုက်သည်။

“မိစ္ဆာထိန်းကျောင်းသူသခင်တွေက အဲလိုပြိုင်ပွဲမရှိဘူး၊ ဒါပေမဲ့ တခြား ကျွမ်းကျင်မှုမှာတော့ ရှိကြတယ်၊ ဆရာက အဂ္ဂိရတ်ပညာကိုပဲ အာရုံစိုက် တော့ တခြားနယ်ပယ်ကို အာရုံမရှိဘူး၊ အဲတော့ ငါ လည်းမသေချာဘူး” ဟန့်မြောင်ရွှမ်ပြောလေသည် “ဒါရိုက်တာမုန့်သိမှာပဲ ဘာလို့မမေးလိုက်တာ လဲ”

“ပြောရင်းနဲ့စဉ်းစားမိလို့ပါ” ရှီမာယူယူ ပြုံးလိုက်သည်။

ရှီမန်မိသားစု မျိုးဆက်များတွင် ထူးချွန်သည့် အဂ္ဂိရတ်ပညာရှင်နှင့် လက်နက်ပညာရှင်များ မရှိ ခဲ့သဖြင့် သူမ ထိုအရာများနှင့် ရင်းနှီးမှုမရှိပေ။ ပြည်မမှအင်အားကြီးများဖြစ်သည်နှင့်အညီ ဆေးပြိုင်ပွဲ များရှိသဖြင့် တခြား သောကျွမ်းကျင်မှုနယ်ပယ်များတွင်လည်း တူညီသောပြိုင်ပွဲများရှိရမည်ဟူ သော အတွေးဖြင့် ထိုမေးခွန်းမေးခြင်းဖြစ်သည်။

***

All Chapters