အဂ္ဂိရတ်ပညာပြိုင်ပွဲ
Vol. 009 Ch. 837
“မင်းတခြားပြိုင်ပွဲတွေဝင်ပြိုင်ချင်ရင် ဒါရိုက်တာမုန့်ကို မေးလို့ရတယ် လေ” ဟန့်မြောင်ရွှမ် ပြော လေသည်။
“ကျွန်တော်ဒီအတိုင်းမေးတာပါ သွားဖို့ရည်ရွယ်ချက်မရှိပါဘူး” ရှီမာ ယူယူ ရယ်မောလိုက်သည်။
သူမတွင် လုပ်စရာများစွာရှိနေရာ ပြိုင်ပွဲများတွင်ဝင်ပြိုင်ရန် ဘယ်လို လုပ်စွမ်းအင်တွေရှိနေဦးမှာ လဲ။
“အခွင့်အရေးရှိမယ်ဆိုရင် မင်းစမ်းကြည့်သင့်တယ်၊ အဲလိုထူးချွန်တဲ့ ပြိုင်ပွဲတွေက တိုင်းပြည် တွေမှာ အလွယ်တကူအရောဝင်လို့ရတယ်” ဟန့်မြောင်ရွှမ် ပြောလေသည် “ဒီကလူတွေက အဆင့်မြင့် ပြီး ကျွမ်းကျင်မှု တစ်ခုခုရှိထားရင် အဲလူကို ပိုပြီးလေးစားကြတယ်၊ အထူးသဖြင့် မင်းလို လူမျိုးပေါ့”
“အားလုံးသာ ဂျူနီယာညီလေးအကြောင်းသိမယ်ဆိုရင် သူ့ကို အထူး တလည်ဆက်ဆံကြမှာပဲ” စူးရှောင်ရှောင်ပြောလေသည် “ဒါပေမဲ့ မင်းကို ကြည့်ဦး မင်းက တခြားသူတွေလေးစားတာကို ဂရုမစိုက် တဲပုံပဲ”
“စီနီယာက ကျွန်တော့်အကြောင်းကောင်းကောင်းသိတာပဲ” ရှီမာယူယူ ပြောလိုက်သည်။
သူမသည် အမှန်တကယ်ပင် သူစိမ်းများ၏ အမြင်ကိုဂရုမစိုက်ပေ။
“မင်းကဂရုကိုမစိုက်တာလေ” ဟန့်မြောင်ရွှမ် ပြောလေသည် “မင်းရဲ့ အရည်အချင်းတွေအကုန် ပေါ်သွားမယ်ဆိုရင် ဂိုဏ်းခွဲကပါရမီရှင် တွေငိုတော့မှာ ဒါပေမဲ့မင်းက ဝံ့ကြွားတာမရှိဘူး၊ ငါ့မှာ တော်လွန်းတဲ့ ဂျူနီယာရှိတယ်ဆိုတာ ကြွားချင်တာတောင် မကြွားရဘူး”
“စွမ်းရည်တွေက ကျွန်တော့ဟာပဲ တခြားလူဟာမဟုတ်ဘူး၊ ကျွန်တော် က စွမ်းအားရှိခြင်း မရှိခြင်းကို တခြားလူတွေသိသည်ဖြစ်စေ မသိသည်ဖြစ်စေ ကိစ္စမရှိဘူး” ရှီမာယူယူသည် ခေါင်းကို အသာအယာရမ်းကာ ပြောလေသည်။
“ဂျူနီယာညီလေးရဲ့ စိတ်ဓာတ်က ငါတို့ထက်သာတယ်” စူးရှောင်ရှောင် ပြောလေသည်။
“ဟူး တကယ်ပဲ” ဟန့်မြောင်ရွှမ် ဝန်ခံလေသည်။
ကျန်းကျူရှန့် သစ္စာဖောက်မှုတွင် ရှီမာယူယူ ပြင်းထန်စွာနာကျင်ခံစား ရသည်ကို သူတို့မြင်လိုက်ရသည်။ အထူးသဖြင့် ရေခဲအခန်းတွင် သူမ လဲကျသွားစဉ်က သူမသည် ကျန်းကျူရှန့်ကို နာကျင်စွာနှင့် ဒေါသတ ကြီးကြည့်ခဲ့သည်။
သို့သော် သူမသည် ကျန်းကျူရှန့် အပြုအမူ၏နောက်ကွယ်မှ အကြောင်းအရင်းကို နားလည် သွားသောကြောင့် လျင်မြန်စွာကျော်ဖြတ်နိုင် ကာ သူတို့ကိုပင် ရှင်းပြနိုင်ခဲ့သည်။ ထိုရက်များတွင် ရိုက်ခတ်မှုများကို ကျော်လွှားနိုင်ရန် နည်းလမ်းများကို သူတို့ကိုစဉ်းစားပေးခဲ့သည်။
သူတို့သည် သူမ၏ အားစိုက်ထုတ်မှုနှင့် အတွေးများကို မြင်ခဲ့ရသည်။ စဉ်းစားကြည့်လျှင် သူတို့၏ စိတ်သန်မာမှုသည် သူမလောက် မကောင်း ကြပေ။
စင်ပေါ်ရှိလူများသည် တီးတိုးပြောနေကြကာ အဂ္ဂိရတ်ပညာရှင်များ သည် သူတို့၏ ဆေးနည်းများဖြင့် ပြိုင်နေကြသည်။ တစ်နာရီအကြာတွင် တချို့သော အဂ္ဂိရတ်ပညာရှင်များသည် စတင်ဖော်စပ် တော့သည်။
ရှီမာယူယူသည် ပြိုင်ပွဲတွင် ဝင်မပါနိုင်သော်လည်း စားပွဲပေါ်ရှိ ပါဝင်ပစ္စည်းများကိုကြည့်ပြီး အဆင့်၆နှင့် ၇ကြားမှ ကွာခြားချက်ကို ခန့်မှန်း နေသည်။ သူမ သိပြီးသွားသောအခါ စိတ်ဝင်စားမှုမရှိ တော့ပဲ ဟန့်မြောင်ရွှမ် တို့နှင့် စတင်စကားပြောလေသည်။
လူများသည် သန့်စင်ခြင်းလုပ်ငန်းစဉ်အတွင်းတွင် ဆက်တိုက်ကျရှုံးနေ သော်လည်း ထိတ်လန့် သွားခြင်းမရှိပဲ စွန့်ပစ်ပစ္စည်းများကိုဖယ်ကာ ဆက်ပြီး သန့်စင်လေသည်။
“ကျိရွှီ ဝူရန်နဲ့ တခြားသူတွေ ဘယ်တော့သန့်စင်မလဲဆိုတာ ခန့်မှန်း နိုင်လား” ဖက်တီးကျူ မေး လေသည်။
“မမှန်းနိုင်ဘူး” ဝေကျိရွှီ ခေါင်းရမ်းလေသည်။
သူသည် အဂ္ဂိရတ်ပညာနှင့် အကျွမ်းတဝင်မရှိပေ။ သူတို့ သန့်စင်နိုင် သည်ကို သူသိသော်လည်း မည်သည့်အချိန်စမည်ကိုတော့ မသိပေ။
“ဝူရန်စတော့မယ်” ရှီမာယူယူ ပြောလိုက်သည်။
သူမစကားဆုံးသည်နှင့် ဝူရန်ဖေသည် ဆေးပါဝင်ပစ္စည်းများကိုချကာ ပစ္စည်းများယူပြီး စတင် သန့်စင်လေသည်။
“ယူယူ တော်လိုက်တာ အဲဒါကိုတောင်မှန်းနိုင်တယ်” ဖက်တီးကျူသည် သူမအား ချစ်ခင်သော မျက်လုံးကြီးဖြင့်ကြည့်လေသည်။
“ငါမမှန်းနိုင်ပါဘူး သူ့မျက်နှာအမူအရာကိုကြည့်လိုက်တာ” ရှီမာယူယူ ပြောလိုက်သည်။
“အင်းပါ မင်းက သူ့အားကိုသိလို့များ မှန်းနိုင်တာလားလို့ ထင်နေတာ”
“ဒီဆေးကိုအရင်က သန့်စင်ဖူးတဲ့လူမရှိဘူးထင်တယ် အဲဒါကြောင့် သူမသုံးခင်ကို လေ့လာနေ ရတယ် ခက်တော့မခက်ဘူးပဲ” ရှီမာယူယူ ပြော လိုက်သည်။
“သူ တစ်ခါတည်းနဲ့အောင်မြင်မလားမသေချာဘူး ကြည့်ကြတာပေါ့”
ဒီတစ်ပွဲ ဆေးသန့်စင်ရသည်မှာ မခက်ခဲသော်လည်း ပထမပွဲမှာ တစ်ခါတည်း အောင်မြင်သည့် လူနည်းပါးသည်။ ဘေဂုံထန်နှင့် ဝူရန်ဖေ ပင်လျှင် ပထမအကြိမ်ကြိုးစားကြည့်ပြီးမှပင် အောင်မြင်လေ သည်။
၅နာရီ ၆နာရီကြာပြီးနောက်တွင် လူတစ်ယောက်သည် ဆေးသန့်စင် ခြင်းအောင်မြင်သွားလေ သည်။ သူတို့သည် ပြီးဆုံးသွားပြီဖြစ်ကြောင်း ခေါင်းထောင်လာလေသည်။ ဘေးမှစောင့်ကြည့်နေသော ဆရာများသည် လျှောက်လာကာ အချက်အလက်များကို မှတ်တမ်းယူလေသည်။
ပြီးဆုံးသူအများစုမှာ အဆင့်၆ အဂ္ဂိရတ်ပညာရှင်များဖြစ်ကြကာ အဆင့်၆ အဂ္ဂိရတ်ပညာရှင်၏ ကြာမြင့်မှုမှာလည်း တိုတောင်းသည်။ အစပိုင်း တွင် ကျရှုံးကာ အချိန်ကုန်သွားပြီး အဆင့်၇ အဂ္ဂိရတ် ပညာရှင်များထက် ပိုကြာသွားသည့်လူများလည်းရှိသည်။
အဂ္ဂိရတ်ပညာရှင်များသည် သူတို့နေရာတွင်အနားရသည်နှင့် စိတ် စွမ်းအင်ပြန်ကောင်းရန် အတွက် ဆေးများသောက်ကြသည်။ ဘေဂုံထန်နှင့် ဝူရန်ဖေတို့၏ဆေးများသည် ယူယူအထူးတလည် ဖော်ထားသောဆေးများ ဖြစ်ကြသည်။ ဆေးထဲတွင်ဝိဉာဉ်အရည်ထည့်ထားရာ သူတို့သည် စိတ် စွမ်းအင် လျင်မြန်စွာ ပြည့်ဝသွားသည်ကို ချက်ချင်းပင်ခံစားရလေသည်။
သူတို့နားနေချိန်အတွင်းတွင် ပထမပွဲရလဒ်များထွက်လာလေသည်။ အဆင့်၇ အဂ္ဂိရတ်ပညာရှှု် များသည် သူတို့၏အဆင့်ဇယားအလိုက်ထွက်လာ ကာ အဆင့်၆ အဂ္ဂိရတ်ပညာရှင်များသည် နောက် စာရင်းတွင်ပါလာသည်။
သူတို့သည် ၂နာရီအနားရသည်။ ညနေရောက်လုနီးပါးတွင် ဂိုဏ်း၏ ဆရာတစ်ယောက်သည် ဒုတိယပွဲစတင်ရန် ကြေညာလေသည်။
ရှီမာယူယူနှင့် တခြားသူများသည် ဘေဂုံထန်နှင့် ဝူရန်ဖေတို့ ဆေး ဖော်ပြီးသည့် နောက်ဆုံး အချိန် ညနေရောက်သည်အထိ စောင့်ကြသည်။
ထိုအချိန်တွင် ကွင်းပြင်တွင် မီးတောက်များ အနည်းငယ်ထွန်းလင်း လာသည်။ ဒုတိယပွဲ ထွက်လာသည်နှင့် စစ်ဆေးသူသည် ကျောင်းသားများ ၏ ရလဒ်ကိုပေါင်းကာ ပြိုင်ပွဲအဆုံးသတ်ကို ကြေညာလေသည်။ နောက်ဆုံး ရလဒ်မှာ နောက်ရက်အနည်းငယ်အတွင်းတွင် ဖွင့်လှစ်ပြမည်ဖြစ်သည်။
ရှီမာယူယူနှင့် တခြားသူများသည် ဘေဂုံထန်နှင့် ဝူရန်ဖေတို့ စောင့်နေ သော အောက်သို့ဆင်း သွားလိုက်သည်။
“ဝူရန် အဆင့်၆ အဂ္ဂိရတ်ပညာရှင်တွေကြားမှာ မင်းက အရင်ဆုံးပြီး တာငါမြင်လိုက်တယ်၊ မိုက်တယ်” ဖက်တီးကျူသည် ဝူရန်ဖေအား လက်မ ထောင်ပြကာ လေးစားသမှုနှင့် ပြောလေသည်။
“ဘေဂုံ နင်လည်းမဆိုးဘူး ဝူရန်ထက် ၁၀မိနစ်ပဲနောက်ကျတယ်” ဝေကျိရွှီ ပြောလေသည်။
“နင့်လုပ်ဆောင်ချက်ကိုကြည့်ရတာ အဆင့်၆ အဂ္ဂိရတ်ပညာရှင်တွေ ကြားမှာ အဆင့် ၁ ၂တော့ ရမှာပဲ” ရှီမာယူယူသည် ပြုံးပြီးပြောလေသည်။
“မင်းတို့သာ အဆင့်၁နဲ့ ၂ဆိုရင် ငါတို့ကို တစ်ဝိုင်းကျွေးရမယ်” ဖက်တီးကျူ ကြွေးကြော်လေ သည်။
“အမှန်သာဆိုရင် ကျွေးရမှာပေါ့” ဝူရန်ဖေသည် ပေါ့ပါးသောအသံဖြင့် ပြန်ဖြေလေသည်။ သူ သည် စိတ်ခံစားချက်ကောင်းနေသည်။
“သွားကြမယ် သွားပြန်နားရအောင် ဖက်တီးပြိုင်ပွဲက မနက်ဖြန်ပဲ”
“ဖက်တီး မင်း အဆင့်၁၀အတွင်းမဝင်ရင် မင်းကိုငါရိုက်မယ် ဘယ်လိုလဲ” ရှောင်ချီ ပြောလေ သည်။
“ငါဝင်ရင်ရော” ဖက်တီးကျူမေးလေသည်။
“ဒါဆိုရင်လည်း ငါရိုက်မှာပဲ ဒါပေမဲ့ သက်တောင့်သက်သာဖြစ်အောင် ရိုက်ပေးမှာ”
“ဘာကြီးလဲ ငါအဆင့်၁၀အတွင်း ဝင်ဝင် မဝင်ဝင် အရိုက်ခံရမှာလား” ဖက်တီးကျူသည် အလောင်းအစားမလုပ်ချင်တော့သည့်အနေနှင့် ထခုန်လေ သည်။
“မင်းဝင်မယ်ဆိုရင် မင်းအဆင့်တက်အောင်ရိုက်ပေးမယ် ဘယ်လိုလဲ”
“ဒါက.. ငါစဉ်းစားလိုက်ဦးမယ်” ဖက်တီးကျူသည် ပြီးခဲ့သည့်တစ်ခေါက် ရှောင်ချီ ရိုက်ပေး သည်ကို မှတ်မိသေးသည်။ သူ့အားအနည်းငယ်တိုး လာခဲ့သည်။
အာ.. အရိုက်ခံရပြီးတော့ အားတိုးလာတာ ဘယ်သူကဒီလိုများ လုပ်နိုင်သေးလို့လဲ။
နောက်နေ့တွင် ဖက်တီးကျူ၏ လက်နက်ပြိုင်ပွဲဖြစ်သည်။ အားလုံးသည် အတူသွားကြည့်ကြရာ ရှီမာယူယူသည် အထူးအာရုံစိုက်ကြည့်ထားသည်။
သူမသည် ဖက်တီးကျူ လက်နက်ထုတ်လုပ်သည်ကို ကြည့်ရှုခဲ့ သော်လည်း ဘာခံစားချက်မှမရှိပေ၊ သို့သော် အခု သူမကိုယ်တိုင် လေ့လာရ မည်ဖြစ်သဖြင့် စိတ်ပြောင်းသွားသည်။
လက်နက်ပညာနှင့် အဂ္ဂိရတ်ပညာများ၏ အဆင့်များမှာ တူညီကြသည်။ ပထမအဆင့်မှာ သတ္တု များကို စုစည်းပြီး အရည်ကြိုသည်။ ထို့နောက် ပုံသွင်းသည်။ အဆင့်တိုင်းမှာ အားသုံးရသဖြင့် ဆေး သန့်စင်သည်ထက် များစွာခက်သည်။ အထူးသဖြင့် ကောင်းမွန်သော ဝိဉာဉ်လက်နက်ရ ရန်အတွက် ဆက်တိုက်ထုခြင်း ပြုပြင်ခြင်းကြောင့် နောက်ဆုံးအဆင့်မှာ ပိုခက်ခဲသည်။
ပစ္စည်းများ အရည်ကြိုခြင်းသည် အချိန်ပိုကြာသည်။ လိုအပ်သည့် စိတ်စွမ်းအင်ပမာဏမှာ လည်း မနည်းလှသဖြင့် ဖက်တီးကျူနှင့် တခြား သူများသည် ဝိဉာဉ်လက်နက်တစ်ခုကိုသာ လုပ်နိုင်ကြသည်။ သူတို့ ဝိဉာဉ်လက်နက်ထုတ်လုပ်ခြင်းပြီးကာ ထွက်သွားသည်နှင့် ဆရာများသည် ရလဒ်များကို ဆရာများက မှတ်တမ်းတင်ကြလေသည်။
***