ဂိုဏ်းဆရာများအံ့သြသွားခြင်း
Vol. 009 Ch. 838
ဖက်တီးကျူသည် တခြားသူများထက် ထုတ်လုပ်ခြင်း အရင်ပြီးသည်။ တခြားပြိုင်ပွဲဝင်များ၏ ရလဒ်ကိုသိချင်သဖြင့် ချက်ချင်းပြန်မသွားပဲ ကြည့်ရှု စင်မှစောင့်ရန်လာလိုက်သည်။
ဖက်တီးကျူလျှောက်လာသည်ကို ရှောင်ချီမြင်သောအခါ သူမ လက်သီးကိုရမ်းပြကာ ပြောလေ သည် “မင်းကို ဘာမှမဟုတ်ပဲရိုက်ရမလား အဆင့်တက်အောင်ရိုက်ရမလား ဘယ်ဟာလို့ထင်လဲ”
ဖက်တီးကျူသည် အောက်ထပ်ကိုကြည့်ရာ ထုတ်လုပ်နေသော ကျောင်းသားများရှိနေသေး သည်ကို မြင်သောအခါ ယုံကြည်ချက်အပြည့်ဖြင့် ပြောလေသည် “အဆင့်တက်အောင်ပဲ ကူညီလိုက်ပါ”
“ဟီးဟီး မင်းအဆင့်၁၀အတွင်းမဝင်ဘူးဆိုရင် မင်းဖင်ကိုကန်မှာ”
“ဒါဆိုရင် မင်းမှာ အခွင့်အရေးတောင်မရှိတော့ဘူး”
“ပြောမရပါဘူး”
ရှောင်ချီနှင့် ဖက်တီးကျူတို့ ကတောက်ကဆဖြစ်သည်ကို ရှီမာယူယူမြင် သောအခါ ရယ်မော လိုက်သည်။ ရှောင်ချီသည် ဖက်တီးကို စနောက်ရ သည်ကို သဘောကျသည်။
လက်နက်ထုတ်လုပ်ခြင်းပြိုင်ပွဲသည် ညလယ် ၁၂နာရီတွင် အဆုံး သတ်လေသည်။ ရှီမာယူယူ သည် ၉နာရီအထိ စောင့်ကြည့်ပြီးထွက်သွား ခဲ့သည်။ ဖက်တီးကျူသည် ၅နာရီ ၆နာရီတွင်ပြီးဆုံးကာ ကျန်ရှိသော ကျောင်းသားများသည် သူ့ထက်သာလွန်ခြင်းမရှိပေ။
တတိယနေ့မှာ တည်ဆောက်မှုပြိုင်ပွဲ… ရှီမာယူလင်း အလှည့်ဖြစ်သည်။
တည်ဆောက်မှုပြိုင်ပွဲမှာ အဆင့် ၃ဆင့်ခွဲခြားထားသည်။ ပထမအဆင့် မှာ အသက်ဝင်နေသော တည်ဆောက်မှုကို လူတိုင်းဝင်ရမည်။ တည်ဆောက်မှုကို လှုပ်ရှားမှုရပ်တန့်အောင်လုပ်ရာတွင် ကြာမြင့်မည့် အချိန်ပေါ်မူတည်ပြီး ရလဒ်ထွက်မည်။ ဒုတိယအဆင့်မှာ ဂိုဏ်း၏စည်းမျဉ်း များအလိုက် တည်ဆောက်မှုများ ဆောက်ရန်လိုသည်။ ရလဒ်ကိုသတ်မှတ် သည်မှာ တည်ဆောက်မှုလုပ်ရာတွင် ကြာမြင့်ချိန်ကို မူတည်ပြီးတွက်ချက် သည်။ တတိယအဆင့်မှာ သတ်မှတ်ထားသောအချိန်အတွင်း တည်ဆောက် လိုသော တည်ဆောက်မှုကို လွတ်လပ်စွာရွေးချယ်နိုင်သည်။ ရလဒ်မှာ တည်ဆောက်မှု နှင့် တည်ဆောက်မှု၏ အဆင့်ပေါ်တွင် မူတည်သည်။
ရှီမာယူလင်း၏ တည်ဆောက်မှု အရည်အချင်းနှင့် ကြိုးစားမှုမှာ ကောင်းမွန်ကာ ရှီမာယူယူ၏ အကြံနှင့် သူ့ဂိုဏ်းဆရာ၏ တောင့်တင်းသော လေ့ကျင့်ပေးမှုတို့ကြောင့် သူသည် အဆင့်၁၀အတွင်းဝင် ရန်ဖြစ်နိုင်ရှိသည်။
လေးရက်မြောက်နေ့မှာ မိစ္ဆာထိန်းကျောင်းသူပြိုင်ပွဲဖြစ်သည်။ ပြိုင်ပွဲပုံစံ မှာ ရိုးရှင်းသည်။ အားလုံးသည် ဂိုဏ်းမှပြင်ဆင်ထားသော မိစ္ဆာများထဲမှ တစ်ကောင်ကိုရွေးပြီး ထိန်းကျောင်းရမည်ဖြစ်သည်။ ရလဒ်မှာ မိစ္ဆာ၏ အဆင့်ပေါ်မူတည်ပြီး သတ်မှတ်သည်။ အဆင့်တူသော မိစ္ဆာများကိုတော့ ထိန်းကျောင်းရန် ကြာမြင့်ချိန်ကိုမူတည်ပြီး သတ်မှတ်သည်။
ဝေကျိရွှီ၏ စိတ်အင်အားသည် ရှီမာယူယူ၏ လျှို့ဝှက်ဝိဉာဉ်ကျမ်း ကြောင့် တခြားသူများထက် ပိုသန်မာလာသည်။ ထို့ကြောင့် သူသည် စာမေးပွဲတွင် ပထမဆုံးပြီးသောသူဖြစ်သည်။ သို့သော် တခြား ကျောင်းသား နှစ်ယောက်နှင့်ယှဉ်လျှင် အဆင့်တစ်ဆင့်နိမ့်သည်။ တခြားကျောင်းသား နှစ်ယောက်သာ အောင်မြင်စွာထိန်းကျောင်းနိုင်ပါက သူသည် တတိယ ဖြစ်မည်။
ရှာဖွေသူဝိဉာဉ်သခင်ပြိုင်ပွဲသည် ဝိဉာဉ်ကျောက်များကို ခန့်မှန်းရသည့် ပြိုင်ပွဲဖြစ်သည်။ ဂိုဏ်း သည် ဝိဉာဉ်ကျောက်ပေါ်တွင် နံပါတ်များရေးကာ ထုတ်လာသည်နှင့် ကျောင်းသားများသည် နံပါတ်အလိုက် အထဲရှိ ကျောက်ကိုခန့်မှန်းရမည်။ သူတို့သည် ဝိဉာဉ်ကျောက်၏ တန်ဖိုးကိုခန့်မှန်းပြီး စာရွက်တွင် ချရေးရမည်။
ဂိုဏ်းတွင် ရှာဖွေသူဝိဉာဉ်သခင်မှာ တခြားကျွမ်းကျင်မှုအလုပ်များ နှင့်ယှဉ်လျှင် နည်းပါးသည်ကို ရှီမာယူယူသိသည်။
ရှာဖွေဝိဉာဉ်သခင်ပြိုင်ပွဲပြီးသွားသည်နှင့် ဂိုဏ်းသည် ၂ရက် အနားယူ ရန် သူတို့ကိုကြေညာလေသည်။ ရလဒ်များမှာ နောက်နှစ်ရက်နေရင် ထွက်မည်။
နှစ်ရက်နားပြီးနောက်တွင် ပြိုင်ပွဲဝင်များ၏ ရလဒ်များ အသီးသီး ထွက်လာလေသည်။ ဝူရန်ဖေ နှင့် ဘေဂုံထန်တို့သည် အဆင့်၆ အဂ္ဂိရတ် ပညာရှင်တွင် အဆင့်၁နှင့် ၃တို့ရကြသည်။ ဒုတိယပွဲ ဘေဂုံထန်၏ ဆေး အရည်အသွေးမှာ အနည်းငယ်ကျဆင်းသွားခဲ့သည်။
ရလဒ်များကြားပြီးနောက်တွင် အားလုံးသည် ပျော်ရွှင်ကြကာ သူမကို ဂုဏ်ပြုပွဲလုပ်ရန်အတွက် ဆွဲခေါ်သွားရန်စီစဉ်ထားသော်လည်း လက်နက် ပြိုင်ပွဲရလဒ်ထွက်လာမည်ဖြစ်သဖြင့် လက်လျော့လိုက် ရသည်။
မကြာမီတွင် လက်နက်ပြိုင်ပွဲရလဒ်များထွက်လာရာ ဖက်တီးကျူသည် အပိုအလိုမရှိ ကွက်တိ အဆင့် ၁၀ရလေသည်။ သူသည် အူမြူးကာ “ငါ အဆင့်တက်တော့မယ် ငါအဆင့်တက်တော့မယ်” ဟု ဆက်တိုက်ပြောနေရာ ရှောင်ချီသည် သူ့ကို လက်သီးဖြင့်တစ်ချက်ကျွေးလိုက်ရာ တိတ်သွားလေ သည်။
အဲနောက်တွင် တည်ဆောက်မှုသခင်များ၏ ရလဒ်ထွက်လာရာ ရှီမာယူလင်းသည် အဆင့်၈ရ သည်။ မဆိုးလှပေ။ ထို့အပြင် သူသည် တခြား သူများနှင့်ယှဉ်လျှင် ငယ်ရွယ်သည်။
နောက်နေ့တွင် ဝေကျိရွှီ၏ မိစ္ဆာထိန်းကျောင်းပြိုင်ပွဲရလဒ်ထွက် လေသည်။ သူတို့သည် သူ့ကို အဆင့်၃ရမည်ဟု ခန့်မှန်းထားကြသော်လည်း မထင်ထားစွာပင် အဆင့်၂ရလေသည်။ သူထိန်းကျောင်း သည့် မိစ္ဆာ ထက်အဆင့်မြင့်သော မိစ္ဆာရှိသော်လည်း ထိန်းကျောင်းရန်ရှုံးနိမ့်ခဲ့သည်။
ရှီမာယူယူမှလွဲပြီး တခြားသူများသည် ရလဒ်ကောင်းများရကြသည်။
မုန့်စန်းချွယ်သည် ရုံးခန်းထဲတွင် အဆင့်နှင့်ပတ်သတ်သည့်ကိစ္စများကို အတည်ပြုနေသည်။ သူသည် နောက်ဆုံးရလဒ်၏ အချုပ်ကိုသိရန် ကျွမ်းကျင်မှုနယ်ပယ်အသီးသီးမှ ဆရာများကို စောင့်နေလေ သည်။
ဌာနအသီးသီး၏ ဆရာများသည် တစ်ယောက်နှင့်တစ်ယောက် လမ်းတွင်ဆုံလာကြသဖြင့် အတူလာလိုက်ကြသည်။
“ဒါရိုက်တာ ရလဒ်တွေထွက်လာပြီ”
ဆရာများသည် ရလဒ်များကို မုန့်စန်းချွယ်၏ စားပွဲပေါ်သို့ တင်လိုက်သည်။ မုန့်စန်းချွယ်သည် ကောက်ယူကာ ကြည့်လိုက်သည်။ တချို့ နာမည်များတွင် အနီလိုင်းများတားထားကာ မတူညီသော ရလဒ်များရှိ နေသည်။
“ဒါဘာလဲ” သူသည် အနီလိုင်းများကိုထောက်ပြရင်းမေးလေသည်။
“အဲအနီလိုင်းတွေက ကျောင်းသားအသစ်တွေ”
“ကျွန်တော့်ဟာရောပဲ”
“ကျွန်တော်ရောပဲ”
ရှာဖွေသူဝိဉာဉ်သခင်စာရင်းမှလွဲပြီး တခြား ထိပ်တန်းနာမည်စာရင်း တွင် ကျောင်းသားသစ်တစ်ယောက် နှစ်ယောက်ပါဝင်နေသည်ကို မုန့်စန်းချွယ် တွေ့လိုက်ရသည်။
“ဒီနာမည်တွေကို ရင်းနှီးနေသလိုပဲ” မုန့်စန်းချွယ် စဉ်းစားလေသည်။
“ဒီပြိုင်ပွဲကို ရှီမာယူယူဝင်မပြိုင်တာတော့ နှမြောစရာပဲ မဟုတ်ရင် ကျွန်တော့်အဂ္ဂိရတ်ပညာရဲ့ ထိပ်တန်းအဆင့်မှာ ကျောင်းသားသစ် ၃ယောက် ပါနေပြီ” အဂ္ဂိရတ်ဆရာ ပြောလေသည်။
ရှီမာယူယူ ဟုတ်လား။ မုန့်စန်းချွယ် မျက်လုံးများပင့်လာသည်။ ဟုတ်သားပဲ ဒီကျောင်းသားသစ် တွေက ရှီမာယူယူနဲ့ ရှိနေတဲ့သူတွေပဲ။ အဲဒါကြောင့် နာမည်တွေကို ရင်းနှီးနေတာ။
“သူ့အားနဲ့ဆိုရင် ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖို့တောင်မလိုဘူး” သူသည် နာမည်စာရင်းကိုပြန်ချလိုက် သည် “ဒီအဆင့်၁၀အတွင်းဝင်တဲ့လူတွေက သူ့သူငယ်ချင်းတွေ… အဲဒါကြောင့်သူတို့အားလုံးရဲ့ အင်အားကလည်း အံ့သြလောက်စရာပဲ ”
“ဟုတ်လား ရလဒ်ကိုမြင်တော့ ကျွန်တော်လည်း အံ့သြသွားတာ” လက်နက်ပညာရှင်ဆရာ သည် စိတ်လှုပ်ရှားစွာပြောလေသည် “အရင်က ကျောင်းသားသစ်တွေက အဆင့်၁၀ မပြောနဲ့ အဆင့်၅၀အတွင်းတောင် ဝင်တာမဟုတ်ဘူး၊ ပြီးခဲ့တဲ့တစ်ခေါက် အဆင့်၇၀ထဲဝင်တုန်းက အားလုံး ပျော်ခဲ့ကြတာလေ ဒီတစ်ခါကို အဆင့်၁၀အတွင်းတဲ့လား”
“ဟုတ်တယ် အားလုံးက အားရစရာပဲ” မိစ္ဆာထိန်းကျောင်းသူဆရာက ပြောလေသည် “ဒီတစ် သုတ်ကျောင်းသားတွေက အရည်အချင်းရှိကြတယ်”
“ပြီးတော့ ငယ်လည်းငယ်ကြတယ် အသက်၃၀ကျော်လေးတွေပဲ” အဂ္ဂိရတ်ပညာရှင် ဆရာက ပြောလေသည် “၃၀လေ ဂိုဏ်းထဲဝင်တဲ့ အသက်၃၀အရွယ်တွေဘယ်လောက်ရှိလဲ”
မုန့်စန်းချွယ်သည်လည်း ဝမ်းသာစွာ ပြောလေသည် “ဒီကလေးတွေ အဖွဲ့က အရည်အချင်းရှိရုံ တင်မကဘူး နောက်ခံလည်းရှင်းတယ်၊ သူတို့က အနိမ့်တိုင်းပြည်ကလာကြပြီး ဘယ်အင်အားကြီးနဲ့မှ ပတ်သတ်မှုမရှိတဲ့ အတွက် သူတို့ကို အေးအေးဆေးဆေးပျိုးထောင်လို့ရတယ်”
“ဘာ သူတို့က အနိမ့်တိုင်းပြည်ကလာကြတာလား”
“အနိမ့်တိုင်းပြည်က ဒီလိုတော်တဲ့ကျောင်းသားတွေကို ဘယ်လို မွေးထုတ်ပေးလိုက်တာလဲ”
“ဟုတ်တယ် သူတို့ကျွမ်းကျင်တဲ့အလုပ်အပြင်ကို ဝိဉာဉ်စွမ်းအင်က လည်း မဆိုးလှဘူး၊ ဒီအနိမ့် တိုင်းပြည်ကလူတွေက အသက်၃၀မပြည့်ခင်ပဲ အံ့ဖွယ်အဆင့်ရောက်သွားတာလား မဖြစ်နိုင်လိုက်တာ”
“ဘယ်လိုလုပ်မဖြစ်နိုင်မှာလဲ” မုန့်စန်းချွယ် ပြောလေသည် “နေရာတိုင်း မှာ လူတော်တွေရှိတယ်”
“ဒါပေမဲ့ ဒီကျောင်းသားတွေကို ရှီမာယူယူနဲ့ယှဉ်လိုက်ရင်တော့ သူတို့ က မထူးချွန်တော့ဘူး”
“ဒီယူယူကတော့ မယုံနိုင်လောက်စရာပဲ”
“သူတို့နောက်ခံက ရှင်းမှတော့ သူတို့ကို ကောင်းကောင်းမွေးကြတာပေါ့”
“ဟုတ်တယ်”
“မင်းတို့ ကိုယ်ပိုင်နည်းလမ်းနဲ့ သူတို့ကိုပျိုးထောင်လို့ရတယ်” မုန့်စန်းချွယ် ပြောလေသည် “ဟုတ်သားပဲ သူတို့ကို အဆင့်ပြိုင်ပွဲမှာ ဝင်ပြိုင်ခိုင်းလိုက်”
“ဟုတ်ကဲ့”
ကျွမ်းကျင်မှုအလုပ်ပြိုင်ပွဲ ရလဒ်များထွက်လာပြီးနောက် ဖက်တီးကျူနှင့် တခြားသူများ အဆင့် ထဲဝင်သည်ကို တောင်ချောက်ကမ်းပါးအသင်းမှ အရင်ဆုံးသိလေသည်။ သူတို့ သက်ပြင်းချပြီး သတင်းမထွက်ရန် မျှော်လင့် နေကြသည်။ မိုးကြိုးအသင်းမှ ကျွမ်းကျင်မှုသခင်များသည် တော်ကြသည်ကို အားလုံးသိကြကာ သူတို့လေ့ကျင့်မှုကို အားလုံးကကြည့်ချင်ကြသည်မှာ ရှီမာယူလင်း၏ ခြံဝန်းကိုပင် ကျိုးလုနီးပါးပင်ဖြစ်သွားသည်။
အဆင့်ပြိုင်ပွဲမှာ နောက်ရက်မှကျင်းပမည်မှာ ကံကောင်းသွားသည်။ ရူးသွပ်မှုများမှာ တစ်ရက် ပြီးနောက် ရပ်တန့်သွားလေသည်။ မဟုတ်လျှင် သူတို့သည် ဂိုဏ်းတွင်ငြိမ်းချမ်းစွာနေရတော့ မည်မဟုတ်ပေ။ သူတို့ တံခါးမှ ထွက်သွားလျှင် ကျောင်းသားများနှင့်ပိတ်နေမည်။
နောက်တေန့တွင် ရှီမာယူယူနှင့် သူငယ်ချင်းများသည် ကွင်းပြင်သို့ စောစီးစွာသွားကာ ဒီနေ့ အဆင့်ပြိုင်ပွဲပြိုင်ရန် စောင့်နေကြလေသည်။
***