← Chapters

တခြားသူရဲ့ လျှို့ဝှက်ကို ခိုးနားထောင်ခြင်း

Vol. 009 Ch. 839

တခြားသူရဲ့ လျှို့ဝှက်ကို ခိုးနားထောင်ခြင်း

Vol. 009 Ch. 839

အားလုံးသည် ကွင်းပြင်တွင် စောင့်နေကြသည်။ ပြိုင်ပွဲအချိန်ရောက် လာသော်လည်း ဘယ်ဆရာမှ ဝင်မလာသည်ကို တွေ့ရလေသည်။

“ဘာစြဖ်နေတာလဲ သူတို့အဆင့်ပြိုင်ပွဲကို ဖျက်လိုက်တာလား” ဖက်တီးကျူမေးလေသည်။

“မဟုတ်လောက်ဘူး၊ သူတို့ဖျက်တယ်ဆိုရင် ဒီမှာအကြာကြီးစောင့် ခိုင်းမှာမဟုတ်ဘူး” ရှီမာယူရန် ပြောလေသည်။

“ဒါဆို ဆရာတွေဘာလို့မလာကြတာလဲ”

“စောင့်ကြည့်ကြတာပေါ့”

ရှီမာယူယူသည် လှည့်ပတ်ကြည့်သည်။ တခြားသူများလည်း ကြည့်ကြ သည်။ သူတို့သည် စိတ်ပူပန်ကာ သံသယများနေကြသည်။ တစ်ကွင်းလုံး သည် ဆွေးနွေးသံများညံနေသည်။

သက်ဝင်နေသောကွင်းတွင် တချို့နေရာများသည် တိတ်ဆိတ်နေ သည်။

“အဲလူတွေက ဘယ်သူတွေလဲ” သူမသည် အောက်ထောင့်နား တွင်ရှိသော လူတစ်စုကို ကြည့် ပြီးမေးလိုက်သည်။

“အဲလူတွေက အဆင့်၁၀အတွင်းဝင်တဲ့လူတွေ” ဖက်တီးကျူ ပြောလေ သည် “အလယ်မှာထိုင် နေတဲ့ အနက်ရောင်ဝတ်စုံနဲ့လူက ဝမ်စီမြောင်ပဲ”

“မင်းကဒါလည်းသိလိုက်တာပဲလား” ရှီမာယူယူသည် တအံ့တသြ ကြည့်ပြီး မေးလေသည်။

“ငါက သတင်းစုံတယ်လေ မသိပဲနေမလား” ဖက်တီးကျူသည် ဂုဏ်ယူ စွာပြောလေသည် “ဟွာပေါင်မြောင်ဘေးကလူက အဆင့်၄ ပန်ကျာနန်၊ ဟွာပေါင်မြောင်ကို လိုက်နေတာ၊ ဒီတစ်ခေါက် ပန်ကျာနန်နဲ့ ဟွာပေါင်မြောင် တို့နှစ်ယောက်က ဝမ်စီမြောင်ကို စိန်ခေါ်မယ်လို့ကြားတယ်”

“အဲသတင်းတွေအကုန် ဘယ်ကရလာတာလဲ” ရှောင်ချီမေးလေသည်။

“ငါမနေ့က အပြင်ထွက်တော့ ကြားလာတာ ပန်ကျားနန် ကိုယ်တိုင်ပြောတာပဲ” ဖက်တီးကျူ သည် တိုးတိတ်စွာပြောလေသည်။

“အဲဒါကိုဘယ်လိုကြားလာတာလဲ”

ဖက်တီးကျူသည် သူ့ကိုစိုးရိမ်စွာကြည့်လိုက်သည်။

ရှီမာယူယူသည် သူ့မျက်နှာအမူအရာကိုတွေ့လိုက်သည်။ ထူးဆန်း သည်ကို တွေ့သည်နှင့် သူမသည် ဝိဉာဉ်အတားအဆီးလုပ်ပြီး သူတို့ကို ကာထားလိုက်သည်။

“ဘာဖြစ်တာလဲ” သူမသည် ဖက်တီးကျူအားကြည့်ပြီး မလိမ်နိုင် အောင်လုပ်လိုက်သည်။

“တကယ်တော့ မနေ့ညက ငါ့စီနီယာနှစ်ယောက်က တောင် အနောက်မှာသောက်ဖို့ ဖိတ်တယ် ငါတို့ပြန်လာတဲ့လမ်းမှာ တောင်ထိပ်ကို ဖြတ်သွားဖြစ်တယ်၊ တခြားလူတွေမိမှာကိုရှောင်ရင်းနဲ့ အသက်ရှု အောင့်ထား ရတယ်၊ အဲမှာပန်ကျားနန်နဲ့ တခြားတစ်ယောက်နဲ့စကားပြောနေတာကို ကြားခဲ့တယ် သူက ဝမ်စီမြောင်ကိုသတ်မယ်ဆိုပဲ”

“သူ ဘယ်သူ့ကိုပြောနေတာလဲ” ရှီမာယူလင်း မေးလိုက်သည်။

“ငါလည်းမသိဘူး၊ တခြားတစ်ယောက်က ဝတ်ရုံခြုံထားတယ်၊ အသံကလည်း အက်အက်နဲ့ အဲလူကို ငါမသိဘူး”

“မင်း မိသွားသေးလား” ရှီမာယူယူ မေးလိုက်သည်။

“အဲအချိန်မှာပဲ ငါလည်းအံ့သြသွားလို့ မတော်တဆအသံထွက်မိသွား တယ်” ဖက်တီးကျူ ဆက် ပြောလေသည် “အဲနောက်ကို ငါအလောတကြီး ထွက်ပြေးလာတာ ဒါပေမဲ့ မိစ္ဆာ တစ်ကောင်လည်းရှိ နေတော့ အဲမှာငါရှိ နေတာကို သူအနံ့ခံမိလောက်တယ်”

“အဲဒါကို ဘာလို့စောစောမပြောတာလဲ” ဝေကျိရွှီသည် သူ့ကိုစိုက် ကြည့်လေသည်။

“ငါပြန်လာတော့ အဲဒါကိုသိပ်ခေါင်းထဲမထည့်မိဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ဒီနေ့ပြိုင်ကြမှာပဲ လေ” ဖက်တီးကျူ ပြောလေသည် “သူတို့ မိန်းကလေးတစ်ယောက်ကြောင့် ဖြစ်ကြတယ်ဆိုတာ ပြောစရာတောင် မလိုဘူး၊ အခုထိတော့ မူမမှန်တာ မတွေ့သေးဘူး”

“မူမမှန်ဘူးဆိုတာ ဘာပြောတာလဲ” ရှောင်ချီမေးလေသည်။

“သူသာ ဟွာပေါင်မြောင်ကြောင့် ဝမ်စီမြောင်ကိုသတ်ချင်ရင် အဲ ပဟေဠိဆန်တဲ့လူနဲ့ ဆွေးနွေး စရာမလိုဘူးလေ” ရှီမာယူယူ ပြောလိုက်သည်။

“ဟုတ်တယ်” ဖက်တီးကျူ ဆက်ပြောလေသည် “သူ တခြား ဟာစီစဉ်နေလောက်တယ်၊ အဲဒါကြောင့် ဒီလောက်လျှို့ဝှက်ပြီးလုပ်နေတာပဲ”

“ဖြစ်နိုင်တယ်” ရှီမာယူယူသည် အသံတိုးကာ ပြောလိုက်သည် “အဲလိုဆိုရင် သူမင်းကို မိရင် သေချာပေါက် မင်းကိုလွှတ်ပေးမှာမဟုတ်ဘူး”

ဖက်တီးကျူသည် ခေါင်းကိုထပ်ခါထပ်ခါ ညိမ့်ကာ “ဟုတ်တယ် ဟုတ်တယ် သဘောတူတယ် ငါတော့ အခုအန္တရာယ်ရှိနေပြီ”

“အမှန်ပဲ မင်းကို အပြင်မှာသွားသေးပေါက်ဖို့ဘယ်သူပြောလဲ” ရှောင်ချီ သည် သူမအတွက် ပြိုင်ဘက်ဖြစ်မလာနိုင်သဖြင့် ဖက်တီးကျူကို အန္တရာယ် ကျနေသည်ဟု မတွေးပေ။ ဖက်တီးကျူ၏ စိုးရိမ်နေသော အမူအရာ ကိုကြည့်ပြီး ပိုစချင်လာသည်။

“ငါက သဘာဝတရားအတိုင်းလုပ်တာပါ” ဖက်တီးကျူပြောလေသည်။

“သူဘာလုပ်မယ်ဆိုတာ ဘာသက်သေမှမရှိဘူး ပြီးတော့ သူကဖက်တီး ကျူကို သတ်ချင်တယ် လို့မပြောဘူးလေ” ရှီမာယူယူ ဆက်ပြောလေသည် “အခုလောလောဆယ်တော့ မင်းစိုးရိမ်ဖို့မလိုဘူး သူ မင်းကို တစ်ခုခု လုပ်ချင်ရင်တောင် အဲလိုလုပ်နိုင်တဲ့စွမ်းရည်ရှိမှ၊ မင်းမှာ မိုးကြိုးသွား ကျည်တွေ အများကြီးရှိ နေတာပဲ တစ်ယောက်ယောက်က မင်းကို သတ်ဖို့ကြိုးစားရင် မင်းရဲ့ မိုးကြိုးသွားကျည်နဲ့ သူတို့ကိုသတ်ပစ် လိုက်”

ဖက်တီးကျူသည် သတ္တုလုံးကို အသင်း၏နာမည်အတိုင်း ‘မိုးကြိုးသွားကျည်’ ဟုအမည်ပေး ခဲ့သည်။

မိုးကြိုးသွားကျည်သည် ရှားပါးသောဝိဉာဉ်လက်နက်ဖြစ်သည်။ အားလုံး သည် ဝယ်ချင်ကြ သည်။ အထူးသဖြင့် လွှမ်းမိုးနိုင်သောအင်အားကြီးများပင် ဝယ်ချင်ကြသည်။ သူတို့သည် ဂိုဏ်းကိုပြန် ယူသွားကာ သူတို့၏ လက်နက် ပညာရှင်များကို တုပလုပ်ခိုင်းသော်လည်း မိုးကြိုးသွားကျည်လောက် အရည်အသွေးမကောင်းပေ။

ဖက်တီးကျူ ထိုအကြောင်းကိုသိသောအခါ ဂုဏ်ယူစွာဖြင့် ရယ်မောကာ ကြွားဝါလေသည် “ငါ့ မိုးကြိုးသွားကျည်သာ အတုလုပ်လို့ရရင် ငါအေးဆေး နေပြီးတော့ မင်းတို့်ဝယ်သုံးကြပေါ့”

“ဘဝင်မြင့်မနေနဲ့၊ တခြားလူရဲ့အင်အားက မင်းထက်နည်းနည်း လေးနိမ့်တာပဲကို” ဝေကျိရွှီ သည် ပြန်ပြောလေသည်။

“အင်အားရှိဖို့လိုသေးတယ်လေ”

“အဲတုန်းက လောကအသေးမှာ ယူယူ့အကူအညီနဲ့ အဲဒီကမ္ဘာမြေကြီး မိုင်းကို မရခဲ့ဘူးဆိုရင် မိုးကြိုးသွားကျည်လို အားကောင်းတဲ့လက်နက်ကို မင်းတီထွင်နိုင်မှာလား”

“ဒါက ငါ့ရဲ့လျှို့ဝှက်လက်နက်ပဲ၊ လျှို့ဝှက်လက်နက်ဆိုရင် ငါ့ဟာပဲ”

ရှီမာယူယူ၏ စကားများကိုကြားသောအခါ ဖက်တီးကျူ ရယ်မော လိုက်သည် “ဟုတ်တယ် တခြားတစ်ယောက်က ငါ့ကိုလာသတ်ရဲရင် မိုးကြိုးသွားကျည်နဲ့ ပြန်သတ်လိုက်မယ်”

ထိုအချိန်တွင် ပန်ကျားနန်သည် တစ်စုံတစ်ရာကိုအာရုံခံမိပြီး သူတို့ကို လှည့်ကြည့်လေသည်။

သူသည် ဖက်တီးကျူအားရင်ကြည့်ပြီးနောက် ရှီမာယူယူအားကြည့် သည်။ ထို့နောက် သူတို့ကို ပြုံးပြပြီး ပြန်လှည့်သွားလေသည်။

“ဘယ်လိုထင်လဲ” ဝေကျိရွှီ မေးလေသည်။

“ဖက်တီးကျူကို အတည်ပြုတာထင်တယ်” ရှီမာယူလင်း ပြောလိုက် သည်။

“သူက ဖုံးကွယ်တာတော်ပေမယ့် ဖက်တီးကျူကိုကြည့်တာ မတူဘူး” ရှီမာယူယူ ပြောလိုက် သည် “သူအတည်ပြုပြီးသွားပြီထင်တယ်”

“သူလာချင်ရင် လာခိုင်းလိုက်၊ မိုးကြိုးသွားကျည်နဲ့သတ်လိုက်မယ်” ဖက်တီးကျူ ပြောလေ သည်။

“အရူး သူက မင်းကိုသတ်သွားရင်ဘယ်လိုလုပ်မလဲ” ရှောင်ချီသည် သူ့ကိုမျက်လုံးလှန်ပြလေ သည်။

“ပြီးတော့ သူတစ်ယောက်တည်းမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက် သည် “မနေ့က သူနဲ့ရှိတဲ့လူ ကို ငါစိုးရိမ်တာ”

“ဟု်တယ် ပန်ကျားနန်ရဲ့ အားကမဆိုးပေမယ့် ငါတို့မြင်ရတာတစ်ခု တည်းလေ၊ သူတို့က မင်းနဲ့ တိုက်ချင်ရင် မင်းလုံခြုံမှာမဟုတ်ဘူး၊ ဒါပေမဲ့ ဝတ်ရုံနဲ့လူရဲ့ သရုပ်မှန်၊ အားနဲ့ နောက်ခံကိုမသိရဘူး၊ သူ ငါတို့ကိုသတ်ချင်ရင် မပြင်ဆင်ရသေးဘူး”

“အဲဒါဆိုလည်း ရွေးချယ်စရာမရှိဘူးပဲ၊ ဖြစ်လာတဲ့အခြေအနေကို သင့်တော်သလိုတိုင်းတာရမှာ ပဲ” ဖက်တီးကျူ ပြောလေသည်။

“ဆရာတွေဘာလို့မလာသေးတာလဲ” ရှောင်ချီ မေးလေသည် “သူတို့ မလာရင် ငါတို့ပြန်ကြမယ်”

“ဟိုမှာ လာပြီ”

ရှီမာယူယူ အသံဆုံးသည်နှင့် ဆရာတစ်ယောက်သည် ပြိုင်ပွဲစမည့် အချိန်နှင့် ကိုက်ကာ လျှောက်လာလေသည်။

“ဆရာတစ်ယောက်တည်းလား ဒိုင်တွေရော” လူတစ်ယောက်က မေးလိုက်သည်။

“ဂိုဏ်းခေါင်းဆောင်လည်း မလာဘူး”

“သူတို့တကယ်ပဲဖျက်ပစ်မလို့လား”

“ဘာမှမှ မဖြစ်ထားတာ ဘာလို့ဖျက်ပစ်မှာလဲ”

“ပြိုင်ပွဲပုံစံပြောင်းသွားတာဖြစ်နိုင်တယ်၊ ဆရာဘာပြောမလဲ စောင့် ကြည့်ကြတာပေါ့”

ဆရာသည် စင်ပေါ်လျှောက်လာကာ ပြောလေသည် “တိတ်ကြ”

ဆရာ၏ အသံသည် ကျယ်လောင်ပြီး ပြတ်သားသည်။ ကွင်းပြင် တစ်ခုလုံး ပဲ့တင်သံထပ်သွား ကာ ကျောင်းသားများ တိတ်သွားလေသည်။

***

All Chapters