အရည်သွေးရှိသော ပြိုင်ပွဲ
Vol. 009 Ch. 840
“ဒီနှစ်ရဲ့အဆင့်ပြိုင်ပွဲက အချိန်ဇယားအတိုင်းကျင်းပသွားမှာပါ” ထို ဆရာ မှတ်ချက်ပေးလေ သည် “ဒါပေမဲ့ စည်းမျဉ်းတွေပြောင်းသွားတယ်”
အောက်မှကျောင်းသားများသည် ပြီးခဲသည့်နှစ်နှင့် မတူဘူးဟုဆိုသဖြင့် ဆူညံသွားသည်။ ဒီနှစ် ကဘယ်လိုနေမလဲမသိဘူး။
“ငြိမ်ကြ အသံထပ်ထွက်တဲ့လူကို ပယ်မယ်” ထိုဆရာ ကြိမ်းမောင်း လေသည်။
ထိုစကားလုံးမှာ အသုံးဝင်သည်။ အားလုံးသည် ချက်ချင်းပင် တိတ်သွား ကြသည်။
အားလုံးတိတ်သွားပြီၤးနောက်တွင် ဆရာသည် ဆက်ပြောလေသည် “ဒီပြိုင်ပွဲမှာ လုံးထွေးသတ် ပုတ်တာကို မသုံးဘူး၊ တခြားနည်းလမ်းကိုသုံးမယ်”
ဂိုဏ်းတွင် ကျောင်းသားမများပေ။ သို့သော် အားလုံးပြိုင်မည်ဆိုပါက ပြိုင်ချိန်မှာ ကြာမြင့်မည်။ ထို့ကြောင့် ဂိုဏ်းသည် ပြိုင်ပွဲတွင် နောက်ပွဲအတွက် ထိပ်တန်း၁၀၀၀ ကိုသာဝင်ပြိုင်ခွင့်ပြုထားသည်။
“အရင်က ပြိုင်ပွဲက ဂိုဏ်းမှာပဲကျင်းပခဲ့တာ ဒါပေမဲ့ဒီနှစ်က အပြင်မှာ ကျင်းပမယ်”
ဆရာပြောလိုက်သောစကားကြောင့် ကျောင်းသားများသည် အချင်း ချင်း တီးတိုးသံများ စတင်ပြောကြတော့သည်။ အများစုသည် ထိုရွေးချယ်မှု ပုံစံကို စိတ်ဝင်စားကြသည်။
“အားလုံးပဲ ဒါကိုကြည့်ပါ” ဆရာသည် လက်ကိုဝေ့ရမ်းလိုက်ရာ ပန်းချီတစ်ခုသည် ကွင်းပြင် အပေါ်တွင် ပေါ်လာလေသည်။
ရွှေရောင်ကင်းမြီးကောက်ပုံစံကဲ့သို့ ဝိဉာဉ်မိစ္ဆာများသည် အိုအေစစ်ထဲ သို့ပျံသန်းသွားကာ အထဲရှိ လူများကိုသတ်လေသည်။ သူတို့သည် လူများကို သတ်ရုံတင်မကပဲ အလောင်းများကိုပါ စားသောက်ကြရာ အရိုးများသည် အပုံလိုက်ကျန်ခဲ့လေသည်။
ထိုမြင်ကွင်းမှာ ရက်စက်ကာ သွေးစီးသဖြင့် တချို့သောကျောင်းသူများ မှာ မကြည့်နိုင်ကြပေ။
နောက်ဆုံးပုံမှာ ဝိဉာဉ်မိစ္ဆာတစ်ကောင်နှင့် အဆုံးသတ်သွားလေသည်။
“ဒီဝိဉာဉ်မိစ္ဆာတွေက ရွှေကင်းမြီးကောက်လို့ခေါ်တယ် ကာမာကန္တာရက ဝိဉာဉ်မိစ္ဆာအမျိုးအစားပဲ၊ ရွှေကင်းမြီးကောက်ရဲ့ သဘာဝကိုက ခရီးသွား တွေနဲ့ အနီးအနားမှာနေထိုင်တဲ့သူတွေကို တိုကခိုက်လေ့ရှိတယ်၊ သူတို့ အရေအတွက်ကတော့နည်းတယ်၊ မျှတတယ် ဘာကြောင့်လဲတော့မသိဘူး သူတို့ အရေအတွက်အရမ်းများလာပြီး အနီးအနားမှာနေတဲ့သူတွေရဲ့ လုံခြုံမှု ကို အရမ်းကိုခြောက်လှန့်နေ တယ်”
“ဂိုဏ်းက အကူအညီတောင်းထားတယ်၊ သူတို့က ရွှေကင်းမြီးကောက် တွေကိစ္စကို ရှင်းပေးစေချင်တယ်၊ အဲတော့ ဒီတစ်ခေါက်ရွေးချယ်ပွဲက ရွှေကင်းမြီးကောက်တွေကိုသတ်ပစ်ဖို့ပဲ၊ သတ်မယ်ဆို ရင် သူတို့အမြီးတွေကို ဖယ်ဖြစ်ရမယ်၊ အဆင့်ကိုတော့ သတ်နိုင်တဲ့အရေအတွက်နဲ့ သတ်မှတ်မယ်၊ အဆင့်၁၀၀၀ထဲကလူတွေ ပြိုင်ပွဲဝင်ဖို့အဆင့်မှီတယ်”
“ဆရာ ဒါကအန္တရာယ်မများဘူးလား” လူတစ်ယောက် မေးလိုက်သည်။
“သူတို့ရဲ့ တိုက်ခိုက်မှုစွမ်းအားကို မင်းအခုမြင်လိုက်တာပဲ၊ အန္တရာယ်ရှိ လား မရှိလား ပြောကြည့်ပါလား” ဆရာသည် ပြန်ချေပလေသည်။ ဘယ်သူမှ ဘာမှထပ်မပြောတော့ပေ။ သူ ဆက်ပြောလေသည် “ဒီပြိုင်ပွဲက အရမ်းကို စွန့်စားရမယ်၊ ဝင်မပြိုင်ချင်ဘူးဆိုရင် နောက်ဆုတ်လို့ရတယ်”
ဘယ်သူမှ နောက်မဆုတ်ချင်ကြပေ။
“ဒီကိစ္စက အသက်ကိုတောင် ထိခိုက်နိုင်တယ်” ဆရာပြောလေသည် “မင်းတို့မှာ စဉ်းစားဖို့ အချိန်တစ်ရက်ရှိတယ်၊ သွားချင်တယ်ဆိုရင်တော့ မနက်ဖြန်ကိုဒီကိုပြန်လာခဲ့၊ ဒီရွေးချယ်ပွဲက တစ်ယောက်ဖြစ်ဖြစ် အသင်းနဲ့ြ ဖစ်ဖြစ် မကန့်သတ်ထားဘူး၊ နောက်ဆုံးတစ်ယောက်ချင်းစီရဲ့ ရလဒ်ကို ကြည့်မှာ ကောင်းပြီ သွားစဉ်းစားလိုက်ကြတော့ မနက်ဖြန်ဒီမှာထပ် တွေ့ကြမယ်”
ထို့နောက်တွင် ဆရာသည် ချက်ချင်းပင်ထွက်သွားလေသည်။
တစ်မနက်လုံးစောင့်ပြီးနောက်တွင် အားလုံးသည် ကြောင်သွား ကြလေသည်။ သူတို့သည် ထိုရလဒ်မျိုးကို မမျှော်လင့်ထားကြပေ။ ဆရာ ထွက်သွားပြီးနောက်တွင် နှစ်ယောက်တစ်စု သုံးယောက် တစ်စုတို့သည် ရွေးချယ်ပြိုင်ပွဲကို ဆွေးနွေးကြလေသည်။
ရှီမာယူယူနှင့် သူတို့၏ ဆုံးဖြတ်ချက်ကိုမတွေဝေကြပေ။ ဒီလောက် အခက်အခဲမျိုးသည် သူတို့ ကို မတားနိုင်ပေ။
“ရှီမာယူယူ” ဟော်ဖန် ပြေးလာသည်။ ရှီမာယူယူကိုကြည့်ပြီး သူပြောလိုက်သည် “ရှီမာယူယူ မင်း ငါနဲ့ဘယ်တော့တိုက်မှာလဲ”
ရှီမာယူယူသည် သူ့မျက်လုံးထဲမှ ဇွဲကောင်းမှုကိုကြည့်ပြီး “ကောင်းပြီ ပြိုင်ပွဲလုပ်တုန်းကို လာရှာလိုက်ပါ၊ ကျွန်တော်ခင်ဗျားနဲ့ တိုက်ပေးမယ်၊ လာမရှာနိုင်ရင် ဒီကိစ္စကိုထပ်ပြီးမပြောပါနဲ့ ဘယ်လိုလဲ”
“ကောင်းပြီ ဒါဆို ရှင်းပြီးသွားပြီနော်” ဟော်ဖန်သည် ပျော်ရွှင်စွာ ပြန်ဖြေပြီးနောက် ကျေနပ်စွာ ထွက်သွားလေသည်။
“သူက ပြောဖို့လွယ်တယ်လား” ဖက်တီးကျူသည် ဟော်ဖန် ထွက်သွားသည်ကိုကြည့်ပြီး အနည်းငယ် အံ့သြမိသည် “ငါတို့အဲဒီကိုသွား တုန်းက ကြုံရာနေရာရောက်သွားကြတာ၊ သူက မင်းကို ရှာနိုင်ပါ့မလား”
“သူ့ကိုမေ့ထားလိုက်” ရှီမာယူယူ ပြောလေသည “သူတကယ်ပဲ ငါ့ကို ရှာနိုင်ရင် သူနဲ့တိုက်ပေး လိုက်မယ်၊ သူစိတ်ကျေနပ်အောင် ရိုက်ပေး လိုက်မယ်”
“ဟား…”
ဟော်ဖန်သည် ယူယူကိုရှာရန် မဖြစ်နိုင်ဟုတွေးကြသဖြင့် လွှတ်ထား လိုက်သည်။ နောက်နေ့တွင် ဟော်ဖန်သည် ကွင်းပြင်အထိ သူတို့နောက်မှ လိုက်လာလေသည်။ သူတို့ဆွံ့အသွားကြသည်။
သူက တကယ်ပဲသူတို့နောက်လိုက်ခဲ့တာပဲ။
“ငါ သဘောတူထားတာ မဖျက်ဘူးနော်” ဟော်ဖန်သည် သွားဖြဲပြ လေသည်။
ရှီမာယူယူသည် ပြုံးလိုက်သော်လည်း နှင်မထုတ်ပေ။
“ခင်ဗျားသူငယ်ချင်းတွေနဲ့ မသွားဘူးလား” ဖက်တီးကျူမေး လိုက်သည်။
“သွားမှာလေ” ဟော်လန် ပြန်ဖြေလေသည် “အဲတော့ အတူတူသွား ရအောင် ကွဲသွားရင် တောင် ဆက်သွယ်ဖို့နည်းရှိတယ်”
“….”
သူ့စကားများအရ သူသည် သူတို့နှင့်အတူသွားရန် လူပိုခေါ်လာမည်။
ခဏအကြာတွင် ထန်ယန်းနှင့် မိုဘင်းတို့ရောက်လာသည်။
“သူတို့က ငါ့အဖွဲ့သားတွေ၊ ဒါကမိုဘင်း ဒါက ထန်ယန်” ဟော်ဖန်သည် သူတို့ကို အားလုံးနှင့် မိတ်ဆက်ပေးလေသည်။
မိုဘင်းနှင့် ထန်ယန်တို့သည် အားလုံးကိုနှုတ်ဆက်ကြလေသည်။ သူတို့ဆွံ့အသွားကြသည်ကို ထန်ယန် သတိထားမိသောအခါ ပြုံးပြလေသည် “သူတို့က မကြိုဆိုကြဘူးထင်တယ်”
“မဟုတ်ပါဘူး တွေ့ရတာဝမ်းသာပါတယ်” ရှီမာယူမင် ပြုံးပြလေသည်။
သူတို့မကြိုဆိုသည်မှာ မှန်သော်လည်း တိုက်ရိုက်မပြောကြပေ။
ထန်ယန်သည် ရှီမာယူယူဘက် အာရုံရောက်သွားသည်။ “ရှီမာယူယူ မင်းကိုလေးစားနေတာ ကြာပြီ တွေ့ရတာဝမ်းသာပါတယ်”
“ဒီဖြတ်လမ်းတည်ဆောက်မှုက ကျပန်းလို့ကြားတယ်၊ အတူရောက် သွားမယ်လို့ ပြောဖို့က စောနေသေးတယ်” ရှီမာယူယူ ပြန်ဖြေလေသည်။
“ဒါဆို အတူကျဖို့မျှော်လင့်ပါတယ်”
ရှီမာယူယူ ပြုံးလိုက်သည်။ သူတို့ အတူရောက်မသွားရန် သူမ မျှော်လင့်မိသည်။ သူမသည် သူစိမ်းများနှင့် အသားမကျနိုင်ပေ။
ခဏအကြာတွင် ဆရာရောက်လာကာ သူတို့ကို ဖြတ်လမ်း တည်ဆောက်မှုထဲသွားရန် ပြောလေသည်။ ဝင်ရမည့်အသုတ်များမှာ မနေ့ကပင် စီစဉ်ထားပြီးဖြစ်လေသည်။
ဖြတ်လမ်းတည်ဆောက်မှုနှင့် ခရီးသွားရသည်မှာ လွန်စွာသက်တောင့် သက်သာရှိလှသည်။
“မင်းတို့မှာ အချိန်၂လရှိတယ် ၂လပြီးသွားရင်တော့ ကိုယ့်ဘာသာ ပြန်လာရမယ်၊ အချိန်ကျော် သွားတဲ့လူတွေက အလိုလိုပြုတ်မယ်” ဆရာ ဆက်ပြောလေသည် “ပြီးတော့ ဂိုဏ်းကနေ ရွှေကင်းမြီး ကောက်တွေကို ကျင့်စဉ်အမှတ်တွေနဲ့ လဲပေးမယ် အားလုံးပဲ ကြိုးစားကြ”
ပြိုင်ပွဲဝင်ရန် အားသန်နေကြသော တချို့လူများသည် ထိုသတင်းကြား သောအခါ ဝမ်းသာကြလေသည်။
သူတို့အားမှာ နိမ့်နေသေးသည်။ ဒီပြိုင်ပွဲတွင် ထိပ်တန်းအဆင့် ရောက်မည်မှာ မဖြစ်နိုင်ပေ။ ထိုပြိုင်ပွဲကိုဝင်ပြိုင်ရန် အရေးကြီးသည်ဟု ထင် သောကြောင့် လာကြခြင်းဖြစ်သည်။ အခု ကျင့်စဉ် အမှတ်နှင့် လဲပေးမည်ဟု ကြားသောအခါ ပျော်ကြသည်။
ရှီမာယူယူ၏ အဖွဲ့သည် အလောမကြီးပေ။ တခြားသူများသည် ထွက်ရန်ပင်ပြင်ကြလေပြီ။
“သွားရအောင်လေ” ဝမ်းသာနေသော အသံတစ်သံထွက်လာသည်။
အားလုံးကြည့်လိုက်ကြသည်။ ပြောလိုက်သူမှာ ဟွာပေါင်မြောင်… သူမဘေးရှိလူများသည် အဆင့်၁၀အတွင်းဝင်သူများဖြစ်ကြသည်။
“သူတို့က ဘာလို့ဒီရောက်နေတာလဲ” ဖက်တီးကျူ ရေရွတ်လိုက်သည်။
ထိပ်တန်းအဆင့်ရှိသူများသည် သူတို့နှင့် သွားကြမည်။ သူတို့အတူရှိ နေ၍ အတူရောက်မသွား နိုင်သော်လည်း သူတို့သည် ဝိဉာဉ်မိစ္ဆာများ ကိုလုသွားနိုင်သည်။
ဝမ်းမသာနိုင်ပေ…
သူတို့နောက်ဆုံးဖြစ်မည်ဟုထင်ထားသော်လည်း ထိုလူများပေါ်လာခဲ့သည်။ အလိုအလျောက် သူတို့နှင့်အတူသွားရတော့မည်။
“သွားကြတော့” ဂိုဏ်းဆရာသည် ဟွာပေါင်မြောင်နှင့် သူတို့ကို ပြောလိုက်သည်။
သူတို့အဖွဲ့သည် ဖြတ်လမ်းတည်ဆောက်မှုပေါ်ရပ်ရာ ထန်ယန်နှင့် မိုဘင်းတို့သည် ရှီမာယူယူ တို့၏ အဖွဲ့နှင့်အတူရှိနေသည်ကို သိလိုက်ရသည်။ ဝမ်စီမြောင်သည် သူတို့ကို ကြည့်လိုက်သည်။ ဟွာပေါင်မြောင်သည် မကျေ နပ်စွာပြောလေသည် “မင်းတို့နှစ်ယောက်က ကျောင်းသားသစ် အဖွဲ့နဲ့ ဘယ်လိုလုပ် အတူရှိနေတာလဲ”
***