← Chapters

အခန်း (၈၂၅)

Vol. 56 Ch. 825

အခန်း (၈၂၅)

Vol. 56 Ch. 825

စားဖိုမှူးနတ်ဘုရားပြိုင်ပွဲသည် ပြီးဆုံးသွားခဲ့ပြီဆိုသော်လည်း အထူအပါး နားလည်ပြီး ဉာဏ်အလင်းပေါက်သွားပြီ ဖြစ်သော မြို့တော်ဝန်ဟန်မှာတော့ ပုံရိပ်ယောင်အစီအရင်ကြီးကို ပြန်လည်၍ မပိတ်တော့ပေ။ သူသည် ဆက်တိုက် ဆိုသလိုပဲ ကြည့်ရှုသူများ ရှိနေသမျှ ကြော်ငြာများကို ဆက်လက်ပြသလျက်ရှိနေသည်။ ဘာလို့မှန်းမသိပေမဲ့ ကြည့်ရှု့နေကြသောသူများသည် ပြိုင်ပွဲကြီးမရှိတော့သော်လည်း ဤကြော်ငြာများကို ဆက်လက်ကာ ကြည့်ရှုနေကြသည်။

မြို့တော်ဝန်ဟန်သည် ပိုက်ဆံဆိုသည်ကို အညစ်အကြေးတစ်ခုလို သတ်မှတ်ထားခဲ့သောသူတစ်ယောက် ဖြစ်သည်။ သို့ပေမဲ့ သူသည် စိတ်ဝိညာဉ်ကျောက်တုံးများကိုတော့ အလွန်လိုချင်မိ၏။ အဘယ်ကြောင့်ဆိုသော် ကျင့်ကြံခြင်း၏ အရင်းအမြစ်မှာ စိတ်ဝိညာဉ်ကျောက်တုံးများ ဖြစ်သည် မဟုတ်ပါလား။

ထို့အပြင် စားဖိုမှူး နတ်ဘုရားပြိုင်ပွဲ၏ သဘာဝဖြစ်စဉ် ပြောင်းလဲမှုများအားလုံးနှင့်အတူ ပထမဦးဆုံးအနေဖြင့် စားဖိုမှူးပြိုင်ပွဲ၏ ပထမဦးဆုံး အမျိုးသမီးဗိုလ်စွဲသူတစ်ယောက် ပေါ်ပေါက်လာခြင်း အကြောင်းသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံးတွင် ပျံ့နှံလျက်ရှိ၏။

အတိတ်တုန်းကဆိုလျှင် ပြိုင်စံရှားဂိုဏ်းကို မည်သူကမှ ဂရုမစိုက်ခဲ့ချေ။ အခုအချိန်မှာတော့ အားလုံးသောသူများ သည် ထိုဂိုဏ်းအကြောင်းကို ပြောဆိုလျက်ရှိနေသည်။ ဤအရာမှာ ဂုဏ်သိက္ခာအရ တိုးပွားလာသည်ဆိုသော သက်သေပင် ဖြစ်လို့နေသည်။ ပုံရိပ်ယောင်အစီအရင်နှင့်အတူ ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးသည် ပြိုင်စံရှားဂိုဏ်းနှင့် ကျွင်းချောင်ရှောင်း အကြောင်းကို မသိသူမရှိသလိုပင် ဖြစ်နေကြတော့သည်။

ညဘက် ကလေးများ ငိုယိုချိန် ၎င်းတို့၏ မိဘများသည် ဂိုဏ်းချုပ်ကျွင်း ရောက်လာပြီဟု ပြောဆိုလိုက်သည်နှင့် ကလေးများသည် စောင်ထဲသို့ ခေါင်းဝင်ကာ အသံတောင်မထွက်ရဲဘဲ ပုန်းအောင်းရင်း အိပ်ပျော်သွားခဲ့ကြတော့ သည်။ ဤအရာမှာ လုပ်ကြံပြောဆိုထားသည့် ဖြစ်စဉ်များ မဟုတ်ဘဲ အစစ်အမှန်ပင် ဤသို့ ဖြစ်ပျက်နေခြင်းပင် ဖြစ်၏။

ကျွင်းချောင်ရှောင်းသည် မြို့တစ်ခုထဲသို့ ဝင်လာသည့်အချိန်တွင် နားနေရန် ရွေးချယ်လိုက်တော့သည်။ တိုက်ဆိုင်စွာဖြင့် သူသည် ငိုယိုနေသော ကလေးတစ်ယောက်ကို မြင်လိုက်ရ၏။ ထို့ကြောင့် သူသည် သကြားလုံးတစ်ခုကို ကမ်းပေးကာဖြင့် ပြောလိုက်သည်။ “ကောင်လေး... ရော့”

ကျွင်းချောင်ရှောင်းသည် ကိုယ်ကိုကွေးညွတ်ကာဖြင့် သကြားလုံးကို ကမ်းပေးလိုက်သည်။ သူ၏ နှုတ်ခမ်းတစ်ခုလုံးသည် ကော့တက်ကာဖြင့် U ပုံသဏ္ဍာန် ဖြစ်တည်သွား၏။

သူသည် သူ၏တပည့်အတွက် အအေးနန်းတော်ဆီသို့ သွားရောက်ကာ တစစီဖြစ်အောင် ပြုလုပ်ခဲ့၏။ ထို့အပြင် ပထမ အဆင့်၊ ဒုတိယအဆင့်ဂိုဏ်းများကို မိုက်ကြေးခွဲကာ မိုင်းတွင်းကိုပင် လုယူရဲခဲ့သည်။ ထိုကဲ့သို့ ကြမ်းတမ်းလှသော လူတစ်ယောက်သည် ခင်မင်ရင်းနှီးသည့်အမူအရာမျိုး ပြုလုပ်နိုင်သည်ဆိုခြင်းမှာ အံ့အားသင့်စရာပင်ဖြစ်သည်။

ထို့ကြောင့်ပင် ကလေးသည် သူ၏မျက်နှာကို မြင်သည်နှင့် ၎င်း၏ အမေနောက်သို့ ပြေးဝင်ကာ တဆတ်ဆတ် တုန်ယင်လျက်ရှိနေ၏။

ကျွင်းချောင်ရှောင်း၏ စိတ်ဓာတ်များသည် အလွန်အမင်း ကျဆင်းသွားတော့၏။ သူသည် ရင်ဘတ်ကို အသာဖိကာဖြင့် ပြောလိုက်သည်။ "ငါက အဲလောက်တောင် ကြောက်ဖို့ ကောင်းတာလား"

"ကြောက်ဖို့ ကောင်းတာပေါ့" လျှိုဝမ်ရှစ်နှင့် ရောင်မုန့်ယဉ်တို့သည် သံပြိုင်ပြောလိုက်ကြ၏။

"အင်း"

ကျွင်းချောင်ရှောင်းသည် သကြားလုံးကို ပါးစပ်ထဲ ကောက်ထည့်ကာ ပြောလိုက်၏။ "ဒီလိုဆိုရင် ငါက နတ်ဆိုးဘုရင် ဖြစ်ရမယ်"

ပြောပြီးသည့်နောက်မှာတော့ သူသည် ခေါင်းပေါ်သို့ အဝတ်တစ်ခုကိုတင်ကာ အရိုးခေါင်းပုံ မျက်နှာဖုံးကြီးကို တပ်လိုက်၏။ ပြီးနောက် ခြောက်ကပ်ကပ် လေသံကြီးဖြင့် ခြိမ်းခြောက်လိုက်သည်။ "ကလေးလေး... မင်းငါ့ကို ကြောက်လား"

ခစ် .. ခစ် … ခစ် …

တုန်ယင်နေသည့် ကလေးသည် ရုတ်တရက်ဆိုသလိုပဲ အားရပါးရ ထရယ်ပြီး မျက်ရည်များပင် ကျလျက်ရှိ၏။

ကျွင်းချောင်ရှောင်း၏ မျက်နှာသည် ပျက်ယွင်းသွားတော့သည်။ သူသည် ရုတ်တရက် လှည့်ထွက်သွား တော့သည်။ နတ်ဆိုးဘုရင် ဖြစ်သည်ကမှ လူချစ်လူခင် များနေသေး၏။ သောက်ကျိုးနည်းလှသည်တကား။

………………

ညရောက်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် တည်းခိုခန်းတစ်ခုတွင် လဲလျောင်းလျက်ရှိသည်။ ပြီးသည့်နောက်တွင် သူသည် အဆင့်မြင့်စတိုးဆီသို့ ဝင်ရောက်ကာ ဖွင့်လှစ်လိုက်တော့၏။ ဂိုဏ်းစုဆောင်းမှတ်များ သည် အထူးတာဝန်ပြည့်စုံပြီးသည့်နောက် ပိုလျှံလျက်ရှိသည်။ ထို့ကြောင့် သူ့အနေဖြင့် နှစ်ဆယ့်လေးနာရီအတွင်း အသုံးပြုရပေလိမ့်မည်။

“ဒင်… လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ်တစ်သောင်းအား အသုံးပြု၍ နဂါးဆင်လက်ဝါး သိုင်းနည်းစနစ်ကို ရယူခဲ့၏။ ပစ္စည်းကို သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ”

“ဒင်… ဂိုဏ်းစုဆောင်းမှတ် - ၅၄၄၈၀ / ၅၀၀၀၀”

ကျွင်းချောင်ရှောင်းသည် ဤကဲ့သို့သော သိုင်းနည်းစနစ်ကို ဝယ်ယူရန်အတွက် မည်သို့မှ မနှောင့်နှေးခဲ့ချေ။ သူ့အနေနှင့် ဂိုဏ်းစုဆောင်းမှတ် ပိုလျှံနေသည်နှင့် ထိုအရာကို ဝယ်ယူခွင့်ရရန် အစောကြီးကတည်းက စောင့်မျှော် နေခဲ့ခြင်းဖြစ်သည်။

လက်ရှိအခြေအနေမှာတော့ သူ့တွင် ဂိုဏ်းစုဆောင်းမှတ် လေးထောင်လေးရာရှစ်ဆယ်သာ ကျန်ရှိနေ၏။ ထိုအရာများကို သူသည် ဂိုဏ်း၏အဆောက်အဦနှင့် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်းဆေးရည်များကို ဝယ်ယူခဲ့လိုက်တော့၏။

သူ့အနေနှင့် သူတစ်ယောက်တည်း အားကောင်းစေရန် မဟုတ်ဘဲ ဂိုဏ်း၏ လိုအပ်သည့် အရာများအားလုံးကို တဖြည်းဖြည်းနှင့် ဝယ်ယူသွားရန် အလုံးစုံလိုအပ်လျက်ရှိနေသေးသည်။ နားလည်စရာ ရှိသည်မှာ သူ့တွင်ရှိသောစနစ်သည် ပြိုင်စံရှားဂိုဏ်းစနစ် တစ်ခုသာဖြစ်၏။ ပြိုင်စံရှား ကုန်းရှန့်စနစ် မဟုတ်ပေ။

“ဆက်ပြီး ကျင့်ကြံရမယ်”

ကျွင်းချောင်ရှောင်းသည် နဂါးဆင်လက်ဝါးသိုင်းနည်းစနစ်ကို ထုတ်ယူကာ အသာ လှန်လှော ကြည့်လိုက်တော့သည်။ အထဲတွင် ပါဝင်သော မန္တာန်နှင့် ပုံရိပ်များသည် သူ့၏ သိစိတ်ပင်လယ်ထဲတွင် ပေါ်လာတော့၏။

နောက်တစ်ရက်မှာတော့ သူသည် မျက်လုံးကိုဖွင့်ကာဖြင့် တွေးလိုက်တော့သည်။ “ဒီနည်းစနစ်က ကောင်းကင်နီဓားကွက်ထက် ပိုပြီး အားကောင်းတာပဲ”

“ပေါက်ကရတွေ”

စနစ်က ပြောလိုက်သည်။ “ဒါက အဆင့်မြင့်စတိုးဆီက ဝယ်ရတဲ့ သိုင်းနည်းစနစ်လေ”

“ဒီလက်ဝါး နည်းစနစ်ကို တပည့်တွေကို သင်ယူခိုင်းရမယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

ကောင်းကင်နီ ဓားနည်းစနစ်သည် မဆိုးလှချေ။ သို့ပေမဲ့ ယောကျ်ားများသာ ကျင့်ကြံ၍ ရသည်ဆိုသော ပြစ်ချက်ကြီးက ရှိလို့နေသည်။ နဂါးဆင်လက်ဝါးနည်းစနစ်သည် လိင်ကန့်သတ်ချက် မရှိပေ။ ထို့ကြောင့် ရှိရှိသမျှ လူများအားလုံး ကျင့်ကြံနိုင်စွမ်းရှိကြ၏။

ပေါက်ကွဲလက်သီး၊ တောင်ပြိုလက်ဝါးနှင့် စည်းအကာအကွယ်တို့သည် ပြိုင်စံရှားဂိုဏ်း၏ သိုင်းနည်းစနစ် ပထမ အသုတ်များဖြစ်ပြီး စိတ်ဝိညာဉ်ချပ်ဝတ်၊ ကောင်းကင်နီဓားနည်းစနစ်တို့သည် ဒုတိယအသုတ် သိုင်းနည်းစနစ်များ ဖြစ်၏။ ထို့ကြောင့် နဂါးဆင်လက်ဝါးသည် တတိယအသုတ် နည်းစနစ်ဟု ဆိုရမည်ဖြစ်သည်။

ဂိုဏ်း၏ အဆင့် တိုးတက်လာသည်နှင့်အမျှ ဂိုဏ်းသားများ၏ အားအင်ကလည်း ပိုမို၍ တိုးပွားလာခဲ့သည်။ ထို့ကြောင့် သိုင်းနည်းစနစ်များသည်လည်း ပြောင်းလဲလာရမှာ သဘာဝပင်ဖြစ်၏။ မဟုတ်ပါက အနာဂတ်တွင် အားကောင်းလှ သော ရန်သူများကို မည်ကဲ့သို့ ရင်ဆိုင်ရမည်နည်း။

ဟုတ်ပေသည်၊ ၎င်းတို့အားလုံးသည် ထူးခြားလှသည့် သိုင်းနည်းစနစ်များကို အချိန်နှင့်အမျှ သင်ယူနေရမှာဖြစ်၏။ ဤကဲ့သို့သော နည်းစနစ်များတွင် လခြမ်းဓားကွက်နှင့် သက်တန့်ရောင်စဉ်ကျမ်းတို့လို နည်းစနစ်မျိုးလည်း ပါဝင်နေသေးသည်။ အသုံးပြုသည့်စွမ်းအင်လည်း အလွန်နည်းပါးသွားပြီး တိုက်ခိုက်ရေးစွမ်းအားမှာတော့ အလွန်တရာ အားကောင်း လှ၏။ ထိုအရာသည် ရေရှည်ကျင့်ကြံရသည့် နည်းစနစ်မျိုးအဖြစ် သင့်တော်လှ၏။

……………………….

ရက်အနည်းငယ်ကြာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် နဂါးဆင်လက်ဝါးနည်းစနစ်၏ ပထမတစ်ပိုင်းကို နားလည်ခဲ့ပြီဖြစ်၏။ သူသည် တောနက်တစ်ခုထဲသို့ ရောက်သည့်အချိန်မှာတော့ လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ ဂုဏ်ယူစွာဖြင့် မတ်တပ်ရပ်လိုက်တော့သည်။

လျှိုဝမ်ရှစ်နှင့် ရောင်မုန့်ယဉ်တို့သည် ကျောက်တုံးပေါ်တွင်ထိုင်ရင်း ပန်းသီးတစ်လုံးကို ကိုက်လျက်ရှိ၏။

“ဒီဂေါက်ကြောင် ဘာလုပ်ချင်နေတာလဲမသိဘူး” ခရမ်းရောင်ဘုရင်က တီးတိုးရေရွတ်လိုက်သည်။

ရွီး

ကျွင်းချောင်ရှောင်း ရုတ်တရက်ဆိုသလိုပဲ မျက်လုံးကို အသာဖွင့်လိုက်သည်။ လက်တစ်ဖက်ကို မြှောက်လိုက်ပြီး လေထဲသို့ ယမ်းခါလိုက်တော့သည်။ သူ၏လက်ဝါးထဲတွင် စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းလာပြီးသည့်နောက် အလွန်တရာ အားကောင်းလှသော လေလှိုင်းများ ဖြစ်တည်လာသည်။ ပြီးသည့်နောက် သူ၏ရှေ့တွင်ရှိသော ကျောက်တုံးများဆီသို့ ရိုက်နှက်လိုက်၏။

ဟူး ဟူး

လေများရုတ်တရက်တိုက်ခတ်လာပြီး ဖုန်များ လွှင့်စင်သွားတော့သည်။

ခရမ်းရောင်ဘုရင်သည် မျက်လုံးပြူးသွား မိသည်။ အဘယ်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်း လှုပ်ရှားလိုက်သည်နှင့် သူ၏အရှေ့တွင် ပုံရိပ်ယောင်နှစ်ခု ဖြစ်တည်လာ၏။ ထိုပုံရိပ်ယောင်နှစ်ခုသည် နဂါးနှင့်ဆင် သားရဲများ ဖြစ်လို့နေ၏။

“နဂါးဆင် လက်ဝါး”

ဘုန်း

နဂါးဆင်လက်ဝါး၏ အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှပြီး ကြီးမားလှသည့် ကျောက်တုံး ကြီးဆီသို့ တိုက်ရိုက်ထိမှန်သွားခဲ့တော့သည်။ မြေပြင်တစ်ခုလုံးသည် ရုတ်တရက် တုန်ခါသွား၏။ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ကျွင်းချောင်ရှောင်း၏ တည်နေရာ အရှေ့မှာတော့ ကြီးမားလှသည့် ကျောက်တုံး ကြီးသည် ပျောက်ကွယ်သွားပြီးသည့်နောက် မြေပေါ်တွင် တွင်းကြီးတစ်ခု ဖြစ်တည်လျက်ရှိသည်။ ပတ်ဝန်းကျင် လေထုတစ်ခုလုံးတွင်လည်း ရေတွက်၍ မရအောင် များပြားလှသော အက်ကွဲကြောင်းများ ဖြစ်လို့နေ၏။

ဟူး ဟူး

လျှိုဝမ်ရှစ်နှင့် ရောင်မုန့်ယဉ်တို့သည် ပါးစပ်အဟောင်းသား ဖြစ်မိသွားကြ၏။ ၎င်းတို့သည် အံ့အားတသင့်ဖြင့် ကြည့်ရှုမိလိုက်ကြသည်။

ခရမ်းရောင်ဘုရင်သည်လည်း တုန်လှုပ်နေမိ၏။ “ဒါက အထက်နယ်မြေက သိုင်းကျင့်ကြံခြင်းနည်းစနစ် တစ်ခုဖြစ်ရမယ်”

ကျွင်းချောင်ရှောင်းသည် လက်ကို အသာပြန်ရုတ်ပြီးနောက် တွေးလိုက်တော့သည်။ “ဒီစွမ်းအင်တွေကို စုစည်းပြီး တဲ့ အချိန်မှာ ပေါက်ကွဲမှုစွမ်းအင်က မဆိုးဘူးပဲ၊ ဒါတောင်မှ ငါက နဂါးနဲ့ဆင် တစ်ကောင်စီကိုပဲ ဆင့်ခေါ်ထားတာ၊ အကောင်ဆယ်ကောင်၊ ဒါမှမဟုတ် တစ်ရာလောက်ကို ဆင့်ခေါ်မယ်ဆိုရင် ဒီထက်ပိုပြီး ကြောက်မက်ဖို့ ကောင်းလာ မယ်ထင်တယ်”

စနစ်က ပြောလိုက်သည်။ “ဒီလိုမျိုး ထုတ်ဖော်နိုင်ဖို့ လက်ခံသူရဲ့ အရည်အချင်းပေါ်မှာ မူတည်တာပေါ့”

“.......” ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားခဲ့တော့သည်။ သူသည် နဂါးနှင့်ဆင် တစ်ကောင်စီကိုသာ ဆင့်ခေါ်နိုင်ခဲ့ခြင်းမှာ စဦးအဆင့်သာ ရှိနေသောကြောင့် ဖြစ်သည်။ သို့ပေမဲ့ အလုံးစုံသော အားအင်အဆင့်သည် ကောင်းကင်နီဓား ခုတ်ပိုင်းချက်နှင့် နှိုင်းယှဉ်၍ပင် ရနေပြီဖြစ်သည်။ နဂါးနှင့် ဆင် များများစားစားကို စုစည်းနိုင်မည်ဆိုပါက စွမ်းအင် သည်လည်း ကျိန်းသေပေါက် တိုးတက်သွားပေလိမ့်မည်။

ခရမ်းရောင်ဘုရင်သည်လည်း ကျွင်းချောင်ရှောင်း ထုတ်ဖော်အသုံးပြုလိုက်သော သိုင်းနည်းစနစ် အဟုန် သည်လည်း ကြောက်မက်ဖွယ်ကောင်းလွန်းလှပြီး ဖြစ်ပေါ်လာသည့် ပုံရိပ်ယောင်များ အားလုံးကလည်း အားကောင်းလွန်းနေသည် ကို သတိပြုမိသည်။ သာမန်မဟုတ်ပေ။ အထက်နယ်မြေတွင်ရှိသော ထိပ်တန်းသိုင်းကျင့်ကြံသူများသာ ထုတ်ဖော်အသုံးပြုနိုင်သည့် နည်းစနစ်မျိုး ဖြစ်ပေလိမ့်မည်။

“သေမျိုးလောကမှာ ဒီလိုသိုင်းနည်းစနစ်မျိုး လုံးဝ မရှိဘူး၊ ဒါက အထက်နယ်မြေကပဲ ဖြစ်ရမယ်၊ ဒီကောင်လေးက မရိုးရှင်းဘူးပဲ၊ ငါနဲ့တူတူ ပူးပေါင်းပြီး ကြီးမားတဲ့ ကိစ္စရပ်ကြီးတစ်ခုကို ပြုလုပ်ချင်တယ်ဆိုတာက ကြုံသလို လျှောက်ပြောနေတာ မဖြစ်နိုင်ဘူး”

ခရမ်းရောင်ဘုရင်၏ အတွေးများသည် ပြောင်းလဲလျက်ရှိနေတော့၏။ လက်ရှိ အခြေအနေမှာတော့ သူ၊ ရီရှင်းချန်နှင့် ဟယ်ဝူတီတို့ သုံးယောက်သည် ကျွင်းချောင်ရှောင်း၏ ဇာတ်လမ်းများထဲတွင် နစ်မျောလျက်ရှိနေသည့်သူများ ဖြစ်နေကြတော့၏။

“နားလည်ပြီ၊ နားလည်ပြီ”

ဂိုဏ်းဆီသို့ ပြန်ရောက်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ဤနက်နဲလှသော လက်ဝါးနည်းစနစ်ကို ဆက်လက်ကာ လေ့လာနေ၏။ သို့ပေမဲ့ ရက်အနည်းငယ် ကြာပြီးသည့်နောက် သူသည် နဂါး၊ ဆင် တစ်ကောင်စီကို ဆင့်ခေါ်နိုင်သည့် အခြေအနေတွင် ရပ်တန့်လျက်ရှိသည်။ နဂါးဆင်လက်ဝါး နည်းစနစ်သည် စတိုးဆီမှ ဝယ်ယူထားသော နည်းစနစ် ဖြစ်သောကြောင့် သင်ယူရတာ လွယ်ကူသည်ဆိုသော်လည်း ကျွမ်းကျင်ရန် တော့ ခက်ခဲလှသည်။

ထို့ကြောင့် ယခုထက်ပို၍ ကျွမ်းကျင်ချင်သည်ဆိုပါက ကျိန်းသေပေါက် ဒီထက်ပို၍ ကြိုးစား လေ့လာဖို့ လိုအပ်နေသေး၏။ ကောင်းကင်တွင် ဆင်များ၊ နဂါးများ ပြည့်နှက်လျက်ရှိနေပြီး လူပေါင်း များစွာတို့သည် တိုက်ခိုက်ရန်ကိုပင် မေ့မျောလျက်ရှိကာ ဖြစ်ပေါ်နေသော အကောင်အရေအတွက်ကိုသာ ရေတွက်နေရသည့် မြင်ကွင်းကို မြင်ယောင်ကြည့်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် တခွီးခွီးနှင့် သဘာကျလျက် ရှိနေတော့၏။

All Chapters