← Chapters

အခန်း (၈၂၉)

Vol. 56 Ch. 829

အခန်း (၈၂၉)

Vol. 56 Ch. 829

ကျွင်းချောင်ရှောင်းသည် အရှေ့ဟယ်ကျူးဆီသို့ အလျင်မြန်ဆုံးနှုန်းဖြင့် ပြေးလာခဲ့တော့သည်။ သူသည် တောင်ကမူကြီးတစ်ခုပေါ်တွင် မတ်မတ်ရပ်လိုက်၏။ ဤတည်နေရာတစ်ဝိုက်တွင် ရှိနေသော သစ်ပင်နှင့် ပန်းပင်များသည် ညှိုးခြောက်လျက်ရှိနေသည်။ မည့်သည့် အသက်ဓာတ်မှ မရှိချေ။ ရံဖန်ရံခါဆိုသလို လေများတိုက်ခတ်လာသောအခါ ညှီစို့စို့ အနံ့များပင် ထွက်ပေါ်လျက်ရှိ၏။ ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်မိသွားသည်။

စနစ်က ပြောလိုက်၏။ “ကြည့်ရတာ အစီအရင်အင်ပါယာ ပြောခဲ့တာနဲ့ တူတူပဲထင်တယ်၊ ဝိညာဉ်မျိုးနွယ်တွေ ပြန်လာပြီးတော့ လူသားတွေရဲ့ ခန္ဓာကိုယ်ဆီမှာ ကပ်ညှိနေတာပဲဖြစ်မယ်”

“ဒါဆိုရင်တော့ နည်းနည်း ပြဿနာရှိတယ်” ကျွင်းချောင်ရှောင်းက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

ဝိညာဉ်မျိုးနွယ်များ ဆိုသည်မှာ အင်ပါယာများအကြား တိုက်ပွဲများဖြစ်တည်လာရန် ပြုလုပ်နိုင်သူများ ဖြစ်သော ကြောင့် အထင်အမြင်သေး၍ မရချေ။ ဖြစ်နိုင်သမျှ အမြန်ဆုံးရှာဖွေခြင်းကို မပြုလုပ်ဘဲ ဆက်လက်ကြီးထွားစေမည် ဆိုပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်သည် ခန့်မှန်း၍ မရနိုင်အောင် ကြီးထွားသွားပေလိမ့်မည်။

စနစ်က ပြောလိုက်သည်။ “လက်ခံသူ.. ဒီကိစ္စကို ဂရုမစိုက်ဘူး မဟုတ်ဘူးလား”

“ဒါပေမဲ့ အသိုက်က ပျက်စီးသွားပြီဆိုရင် မပျက်စီးသွားတဲ့ဥဆိုတာ ရှိလို့လား”

ကျွင်းချောင်ရှောင်းက ပြောလိုက် သည်။ “ဝိညာဉ်မျိုးနွယ်တွေရဲ့ အရှိန်အဟုန်က ပိုပြီးအားကောင်းလာတာနဲ့အမျှ ကြယ်ကြွေကုန်းမြေတိုက်ကြီးကို သွေးမုန်တိုင်းတွေ စီးဆင်းစေလိမ့်မယ်၊ ဒါဆိုရင် ငါ့ရဲ့ ပြိုင်စံရှားဂိုဏ်းကိုလည်း သက်ရောက်မှာ ကျိန်းသေတယ်”

ကျွင်းချောင်ရှောင်းသည် ဆောင့်ကြောင့်ထိုင်လိုက်ပြီးသည့်နောက်မှာတော့ ညှိုးနွမ်းခြောက်လျက်ရှိနေသော ပန်းပင်များကို အသာယူကိုင်ကြည့်ကာ တီးတိုးရေရွတ်လိုက်၏။ “အစီအရင်အင်ပါယာ ပြောခဲ့သလိုပဲ ဝိညာဉ် မျိုးနွယ်တွေက စိတ်ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူနိုင်စွမ်းရှိတယ်၊ ဒါပေမဲ့ ဘာဖြစ်လို့ ပန်းပင်က စိတ်ဝိညာဉ် စွမ်းအင်တွေကိုပဲ စုပ်ယူတာလဲ”

“ဒါက ရိုးရှင်းတယ်လေ”

စနစ်က ပြောလိုက်သည်။ “လုံလောက်အောင် အားမကောင်းလို့ပေါ့”

ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်ပြီး အနီးနား ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်၏။ “ဒါဆိုရင် ဒီဝိညာဉ်မျိုးနွယ် ကပ်ညှိနေတဲ့ လူသားတစ်ယောက်ကို မြန်မြန်ရှာပြီး သတ်ဖြတ်ပစ်မှ ရမယ်”

သို့ပေမဲ့ မည်သို့ရှာရမည်နည်း ဆိုသည်မှာတော့ ပြဿနာရှိလို့နေသည်။ ကျွင်းချောင်ရှောင်းသည် ဦးနှောက်ကို မြန်မြန် ဆန်ဆန် အလုပ်ပေးလိုက်ပြီးနောက် ပြောလိုက်သည်။ “တကယ်လို့ လုံလောက်တဲ့အားအင် မရှိဘူးဆိုရင် သူ့အနေနှင့် စွမ်းအင်တွေ စုပ်ယူနိုင်ဖို့ ပိုပြီး လိုအပ်မှာပဲ၊ ဒီတော့ ဒီတည်နေရာတွေကို တောက်လျောက် အာရုံစိုက် ထားမယ်ဆိုရင် သဲလွန်စ တစ်ခုခုကို ရှာဖွေတွေ့ရှိနိုင်တယ်လေ”

“ဂိုဏ်းချုပ်”

မိုးဆွေဟောခန်း၏ ထောက်လှမ်းရေးများဆီမှ လျှို့ဝှက် အသံပို့လွှတ်မှုသည့် သူ၏နားထဲဆီသို့ ရောက်ရှိလာ၏။ “တပည့်က ညှိုးခြောက်နေတဲ့ တည်နေရာ နောက်တစ်ခုကို ရှာတွေ့ပါပြီ”

ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ လှုပ်ရှားမှုနည်းစနစ်ကို အသုံးပြုပြီးသည့်နောက် ထိုသူရှိရာဆီသို့ အပြေး သွားခဲ့လိုက်တော့သည်။ ဤနေရာပတ်ဝန်းကျင်တွင် ရှိရှိသမျှနေကြသော အသက်ဓာတ်များ အားလုံးသည် ပျောက်ဆုံးလျက်ရှိနေ၏။

“ဒီမှာရှိတဲ့ သားရဲတွေတောင်မှ ထင်းချောင်းတစ်ခုလို ပိန်ခြောက်ပြီး ကျန်ခဲ့တယ်လေ၊ ဒါက အရွယ်ရောက်ပြီးသား စိတ်ဝိညာဉ်သားရဲပဲ” စနစ်က ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီလို သားရဲဆီက စွမ်းအားတွေကို စုပ်ယူနိုင်တယ်ဆိုတော့ ဝိညာဉ် မျိုးနွယ်က အားနည်းပုံ မပေါ်ဘူး”

သူတို့သည် တစ်ခုပြီးတစ်ခု ပတ်ကာ ကြည့်ရှုပြီးသည့်နောက် တစ်ခုချင်းဆီကို သေသေချာချာ လေ့လာလျက် ရှိနေ၏။ နောက်ဆုံး အနှစ်ချုပ်လိုက်ရမည်ဆိုလျှင် ဤလူမှာ အားနည်းလှသော လူတစ်ယောက်မဟုတ် ဆိုသည်မှာ အဖြေထွက်ပေါ်လာခဲ့သည်။

ကျွင်းချောင်ရှောင်းသည် မည်သည့်အချိန်ကမှ ခြေချခြင်းမရှိခဲ့သော နေရာဆီသို့ပင် ရောက်ရှိသွားခဲ့၏။ ရလဒ်အရ တစ်နေကုန်ရှာဖွေပြီးသည့်နောက်မှာ သူသည် ညှိုးခြောက်နေသည့်မြင်ကွင်းများကို ထပ်မံ မမြင်တွေ့ရတော့ချေ။ ထို့ကြောင့် သူသည် စဉ်းစားလိုက်မိ၏။ “ဒီနေရာမှာ မဟုတ်နိုင်တော့ဘူး”

ဂိုဏ်းဆီသို့ ပြန်လာပြီးသည့်နောက်မှာတော့ သူသည် လီလိုရှုကို အမိန့်ပေးကာဖြင့် သေသေချာချာ ရှာဖွေရန် ပြောဆိုလိုက်တော့သည်။

“ကောင်းပါပြီ”

ဟောခန်းသခင်လီသည် ချက်ချင်းပဲ အလုပ်များသွားခဲ့တော့၏။ မိုးဆွေဟောခန်းမှ တပည့်များ အားလုံးသည် အမြန်နှုန်းအမျိုးအစား စိတ်ဝိညာဉ်သားရဲများကို စီးနင်းကာ အရှေ့တောင်အရပ်ဆီသို့ ဦးတည်ကာ သွားခဲ့ကြတော့ သည်။ ပြိုင်စံရှားဂိုဏ်း၏ သတင်းအချက်အလက် ကွန်ယက်သည် ပိုမို၍ ကြီးထွားလာခဲ့၏။ ထို့ကြောင့် ရယူနိုင်သည့် သတင်းအချက်အလက်များကလည်း ပိုမို၍ များပြားလာသည်။

ကျွင်းချောင်ရှောင်းသည် အလျင်မလိုချေ။ ဖြည်းဖြည်းချင်း ထပ်မံ၍ တိုးတက်သွားရန်သာ သူကြိုးစားလျက်ရှိ၏။ ဝိညာဉ်မျိုးနွယ်များ ခိုအောင်းနေနိုင်သည့် သံသယရှိသည့်နေရာများသို့ သူသည် သတင်းအချက်အလက်များ ရရှိ နိုင်စေရန် စေလွှတ်ထားခဲ့၏။

ကျွင်းချောင်ရှောင်းသည် သူ၏ ကုပ်ပိုး ကို ပွတ်သပ်ကာ ပြောလိုက်မိသည်။ “သေသေချာချာ စုံစမ်းမှ ဖြစ်မယ်”

နောက်တစ်ရက်မိုးလင်းသည့်နောက်မှာတော့ တပည့်များနှင့်အတူ လေ့ကျင့်ရေးကွင်းပြင်ဆီသို့သွား၍ မနက်ခင်း လေ့ကျင့်ခန်းများကို ပျော်ပျော်ရွှင်ရွှင် ပြုလုပ်၏။ ကြီးမားသောအရာကိစ္စများ အများကြီးရှိ၏။ သို့ပေမဲ့ ကခုန်သည့် ကိစ္စလောက် အရေးမကြီးပေ။

“ဂိုဏ်းချုပ်”

က၍ပြီးသည့်နောက် လီလိုရှုသည် ဟောခန်းထဲသို့ ဝင်လာပြီး စိုးရွံ့စွာဖြင့် ပြောလိုက်၏။ “အကြီးအကဲဝေနဲ့ အကြီးအကဲကျန့်တို့က အဆိပ်ကိုးပါးနန်းတော်ထဲမှာ ဖမ်းချုပ်ခြင်း ခံထားရတယ်”

“ဘာ” ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ မတ်တပ်ထရပ်လိုက်သည်။ အဆင့်ငါးဂိုဏ်းတစ်ခုသည် သိုင်းအုပ်စိုးသူ နှစ်ယောက်အား အမှန်ပင် ချုပ်နှောင်ထားနိုင်သည်လား။

လီလိုရှုက ပြောလိုက်သည်။ “အကြီးအကဲကျန့်ဆီက ရတဲ့သတင်းအရဆိုရင် သူတို့နှစ်ယောက်က အဆိပ်မိ သွားတာ၊ အဆိပ်ဖြေဆေးတွေကလည်း အသုံးမတည့်ဘူးလေ၊ သူတို့ကိုယ် သူတို့ ကာကွယ်ရုံပဲ တတ်နိုင်တယ်၊ ခန်းမသခင်ရှစ်နဲ့ တခြားသူတွေကို မကယ်တင်နိုင်ဘူးတဲ့”

ဝှစ်

သူမပြော၍ မပြီးခင်မှာပဲ ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းထဲမှ ပျောက်ကွယ်သွားပြီဖြစ်၏။

“ထင်မှတ် ထားတဲ့အတိုင်းပဲ” လီလိုရှုက ပြောလိုက်၏။

“ဂိုဏ်းထဲက တစ်စုံတစ်ယောက်ကို ထိပြီဆိုရင်တော့ ဂိုဏ်းချုပ်က တခြားသူများထက် ပို၍ မြန်ဆန်နေတယ်။”

...............

တောင်ပိုင်းသဲကန္တာရနယ်မြေ ….

များပြားလှသည့် အဆိပ်သားရဲများ တည်ရှိရာ သစ်တောကြီးတစ်ခု တည်ရှိနေ၏။ ထိုသစ်တောထဲတွင်တော့ ကင်းမြီးကောက်များ၊ ကင်းခြေများများ၊ ပင့်ကူများ စသဖြင့် ရှုပ်ယှက်ခတ်လျက် ရှိ၏။ ဤတောင်ကြားကြီး တစ်ခုလုံးကို အဆိပ်တစ်သောင်းတောဟု ခေါ်ဆိုကြ၏။

လွန်ခဲ့သည့် နှစ်ရှစ်ရာတုန်းက အဆိပ်တွင် ကျွမ်းကျင် လှသော သိုင်းကျင့်ကြံသူတစ်ယောက်သည် ဤနေရာသို့ ရောက်ရှိလာပြီးသည့်နောက်မှာတော့ အဆိပ်ကိုးပါး နန်းတော်ကို တည်ထောင်ခဲ့၏။ ပြီးသည့်နောက်မှာတော့ ကျော်ကြားလှသော အဆိပ်ကိုးမျိုးကို ဖန်တီးခဲ့တော့သည်။

ဤဂိုဏ်းထဲတွင် တပည့်များ များများစားစား မရှိပေ။ သို့ပေမဲ့ လွန်ခဲ့သည့်နှစ်ပေါင်း ရာချီအတွင်းမှာ အဆင့်ငါးဂိုဏ်း တစ်ခုအဖြစ်သို့ သာရောက်ရှိခဲ့၏။ သို့ပေမဲ့ ၎င်းတို့ တက်မြောက်ထားသော အဆိပ် နည်းစနစ်များသည် ကြီးမားလွန်းသော ဂိုဏ်းကြီးများကပင် ကြောက်ရွံ့ကြရ၏

ထို့ပြင် သိုင်းကျင့်ကြံသူများအတွက်တော့ ဒုက္ခများစေသည့် အရာတစ်ခုကလည်း ရှိနေသေး၏။ ဤမိစ္ဆာဂိုဏ်းများသည် အဆိပ်များဖြင့် ပြည့်နှက်လျက်ရှိသည့် မြူခိုးများပြည့်နေသော သစ်တောထဲတွင် တည်ထောင်ထားခြင်းဖြစ်၏။ ထို့ကြောင့် သူတို့အနေနှင့် ဝင်ရောက်သွားချင်သည်ဆိုလျှင် အဆိပ်ဒဏ်ကို ခံနိုင်ရန် ကြိုတင်ပြင်ဆင်ရပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် အဆိပ်ဖြေဆေး ရှိပြီးသားဖြစ်၏။ ထို့ကြောင့် အဆိပ်ကိုးပါးနန်းတော်အား ဂရုမစိုက်ချေ။ ထို့ကြောင့်သာ အကြီးအကဲဝေနှင့် အကြီးအကဲကျန့်တို့အား စေလွှတ်လိုက်ခြင်းဖြစ်၏။ အဆုံးသတ်မှာတော့ ၎င်းတို့ နှစ်ယောက်သည် အထဲသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ နန်းတော်ထဲတွင် ဖမ်းချုပ်ခြင်းကို ခံထားရ၏။

“ငါ အမှုမဲ့၊ အမှတ်မဲ့ လုပ်လွန်းတာပဲ” တောင်ပိုင်းသဲကန္တာရ ဆီသို့ရောက်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ကြိတ်ကာ ပြောလိုက်မိ၏။

စနစ်က ပြောလိုက်သည်။ “အဆိပ်ဖြေဆေးက အဆိပ်ပေါင်း တစ်ရာကျော်ကိုပဲ ကုသနိုင်တာလေ၊ ကြယ်ကြွေ ကုန်းမြေတိုက်ကြီးမှာရှိတဲ့ အဆိပ်ပေါင်းတစ်သောင်းကျော်ကိုတော့ ဘယ်ကုသနိုင်မလဲ၊ ဒီတော့ စတိုးကို Refresh လုပ်ပြီးတော့ ပိုမိုအားကောင်းတဲ့ အဆိပ်ဖြေဆေးတွေ ရအောင်လုပ်ရမယ်”

အရည်အသွေး ပြည့်မီလှသော အရောင်းသမားတစ်ယောက် ပီသစွာပင် စနစ်သည် သူ့အား ဂိုဏ်းစုဆောင်းမှတ်များ သုံးဖြုန်းရန် အကြံပေးလျက်ရှိသည်။

ရွှီး

ကျွင်းချောင်ရှောင်းသည် စနစ်အား လျစ်လျှုရှုပြီး အရှေ့သို့ ပြေးတက်လိုက်၏။ နှစ်နာရီလောက် ကြာပြီးသည့် နောက်မှာတော့ တောင်ပိုင်းသဲကန္တာရ၏ အဆိပ်မြူတောကြီးတစ်ခုဆီသို့ ရောက်ရှိသွားခဲ့တော့သည်။

အေးစက် သည့်လေများ အတွင်းမှ တိုက်ခတ်လာပြီးသည့်နောက် ညှီစို့စို့အနံများပင် ပေါ်ထွက်နေ၏။ လက်ရှိအခြေအနေမှာတော့ အန္တရာယ်များလှသော တောထဲတွင် အသက်ရှင်ကျန်ရစ်အောင် နေထိုင် သွားလာနိုင်စွမ်းရှိသော သိုင်းကျင့်ကြံသူများ ဆိုလျှင်တောင်မှ ဤတောကြီးသည် အဆိပ်ပြင်းလှသော မြူများ တည်ရှိနေသည်ဖြစ်ကြောင်းကို သိရှိနိုင်၏။ ဤအရာများကို ကောင်းကောင်း မကိုင်တွယ်နိုင်ဘူးဆိုပါက ကျိန်းသေပေါက် သေဆုံးပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် အထဲသို့ လှမ်းဝင်ပြီးသည့်နောက်မှာတော့ ညှိုးခြောက်လျက်ရှိသည့် သစ်ပင်၊ သစ်ရွက် များကို နင်းတက်ကာ ရှေ့သို့ လျှောက်လိုက်၏။ ကင်းမြီးကောက်များ၊ ကင်းခြေများများနှင့် တခြား အဆိပ်ရှိသော သတ္တဝါများသည် လျင်လျင်မြန်မြန်နှင့် ရှေ့သို့ တိုးတက်လာ၏။ သို့ပေမဲ့ ၎င်းတို့ တိုက်ခိုက်ခြင်း မပြုရသေးခင်မှာပဲ ချက်ချင်း ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

နှစ်မိုင်၊ သုံးမိုင်ခန့် လျှောက်ပြီးသည့်နောက်မှာတော့ ရုတ်တရက် အမဲရောင်စပါးကြီးမြွေကြီးတစ်ကောင်သည် ရုတ်တရက် ခြုံပုတ်ထဲဆီမှ ထွက်ပေါ်လာပြီး ကျွင်းချောင်ရှောင်းကို ရစ်ပတ်လိုက်၏။ ၎င်း၏ ပါးစပ်ကြီးကိုဟ၍ ဦးခေါင်းကိုမြိုရန် ပြင်ဆင်လိုက်သည်။ သို့ပေမဲ့ ချက်ချင်းပဲ ၎င်း၏ စိတ်ထဲတွင် အန္တရာယ်အငွေ့အသက်ကို ခံစား လိုက်ရ၏။ သူသည် ဤလူသားမျိုးနွယ်ဆီမှ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားလျက်ရှိသည်။ သို့ပေမဲ့ နောက်ကျ သွားခဲ့ပြီဖြစ်၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပူပြင်းလှသော အပူချိန်၏အောက်တွင် မီးလောင်ပြာကျသွားခဲ့ ရတော့သည်။

ဝှစ် ဝှစ်

ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ပေါ်တွင် ဖြစ်ပေါ်နေသော မီးတောက်များ ပျောက်ကွယ်သွား၏။ ပြီးသည့်နောက် မှာတော့ သူသည် ရှေ့သို့လှမ်းတက်လိုက်၏။ ပြီးသည့်နောက်မှာတော့ တိမ်လို၊ မြူလိုဖြစ်လျက်ရှိသော အဆိပ်မြူ များ ရှိရာနေရာတွင် မတ်တပ်ရပ်လိုက်၏။

“ဒါက တကယ့်ကို အဆိပ်ပြင်းအရာတွေပဲ” စနစ်က ပြောဆိုလိုက်သည်။

“စမ်းကြည့်မယ်၊ ဘယ်လောက်ထိ အဆိပ်ပြင်းလဲဆိုတာကို သိရတာပေါ့”

ကျွင်းချောင်ရှောင်းသည် အထဲသို့ လျှောက်ဝင်လိုက်၏။ ပြီးနောက် သူ၏ပါးစပ်ကို ဟကာ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်၏။ အဆိပ်မြူများ အားလုံးသည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့တော့သည်။ တခြားသော သိုင်းကျင့်ကြံသူတစ်ယောက်ယောက်သာ ဤမြင်ကွင်းကို မြင်ပါက မျက်လုံးများ ပြူးထွက်၍ ပြုတ်ကျသွားပေလိမ့်မည်။

ဤမြူထူထဲသည့်တောထဲတွင် တခြားသော မည်သူမဆိုသည် အဆိပ်သက်ရောက်ခြင်းမခံရအောင် ကြိုးစားရမှာဖြစ်သည်။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းမှာတော့ ထိုအဆိပ်ဆိုသော မြူကဲ့သို့ အရာများကို စုပ်ယူလျက်ရှိ ၏။ ချက်ချင်းသေဆုံးသွားမည်ကို မစိုးရွံ့ဘူးလား မသိပေ။

ခဏလောက်ကြာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် များပြားလှသည့်အဆိပ်များကို စုပ်ယူပြီး ဖြစ်နေသည်။ သူ၏မျက်နှာတစ်ခုလုံးသည် စိမ်းလိုက်၊ နီလိုက်နှင့် ဖြစ်နေ၏။ သူ၏ ခန္ဓာကိုယ်ထဲတွင် အဆိပ်များ တည်ရှိလျက်ရှိနေကြောင်း သိသာ၏။

ဝှစ်

ရုတ်တရက်ဆိုသလိုပဲ သူ၏ခန္ဓာကိုယ်ဆီမှ မီးတောက်များ ထွက်ပေါ်လာ၏။ ပြီးသည့်နောက်မှာတော့ သက်ရှိ မီးလူသားတစ်ယောက်ကဲ့သို့ ရှေ့သို့လှမ်းလျှောက်လိုက်သည်။ ခန္ဓာကိုယ်ထဲတွင်ရှိနေသော အဆိပ်များသည် မီးတောက် များ၏ တိုက်ခိုက်မှုကြောင့် ပျောက်ကွယ်သွားရပြီဖြစ်သည်။

ဘူ....

ကျွင်းချောင်ရှောင်းသည် အီးပေါက်လိုက်၏။ သူ၏ ဖင်ဆီမှ ဆိုးရွားလှသည့် အနံ့အသက်များ ထွက်ပေါ်လာခဲ့သည်။ သူသည် ခေါင်းကိုခါယမ်းလိုက်၏။ “နတ်မီးတောက်တွေရှိနေတဲ့ ခန္ဓာကိုယ်ကို ဘယ်အဆိပ်က သတ်နိုင်မှာလဲ”

ဘူ... ဘူ... ဘူ...

ပြောရင်းနှင့်သူသည် အီးပေါက်ရင်း လမ်းလျှောက်သွားလျက်ရှိသည်။

ပတ်ဝန်းကျင်ရှိ မြူများအားလုံးသည် ပျောက်ကွယ်သွားခဲ့၏။ သို့ပေမဲ့ အီးနံ့များမှာတော့ လှိုင်၍ ကျန်ခဲ့ရသည်။ ရှေ့သို့ဆက်သွားပြီးသည့်နောက် မှာတော့ ကျောက်ပြားကြီးတစ်ခုကို မြင်ရ၏။ ထိုကျောက်ပြားပေါ်တွင်တော့ ‘အဆိပ်ကိုးပါးနန်းတော်’ ဟူ၍ ရေးသား ထားသည်ကို မြင်လိုက်ရ၏။

“ပြိုင်စံရှားဂိုဏ်းတပည့်ကို ဒီထဲမှာ ဖမ်းထားရဲတယ်ဆိုတော့ ဒီဂိုဏ်းက ထပ်ပြီးရှိနေဖို့ မလိုတော့ဘူး”

ဘူ....

စနစ်သည် မနေနိုင်တော့ဘဲ ထပြောလိုက်၏။ “ဖီ ….အဆိပ်ကို ဖြေရှင်းတဲ့နေရာမှာ တခြားနည်းလမ်းတွေ သုံးလို့မရဘူးလား၊ ဘာလို့ အီးပေါက်ပြီး အဆိပ်ထုတ်နေရတာလဲ။”

All Chapters