← Chapters

အခန်း (၈၃၁)

Vol. 56 Ch. 831

အခန်း (၈၃၁)

Vol. 56 Ch. 831

ခေါက်ယပ်တောင်ကြီးကို ဝှေ့ယမ်းနေသော ကျွင်းချောင်ရှောင်းသည် မတ်မတ်ရပ်လျက်ရှိသည်။ ဤအချင်းအရာ ကိုသာ ပုံရိပ်ယောင်မြင်ကွင်းထဲတွင် ထုတ်ဖော်ပြသလိုက်မည်ဆိုပါက ချောမောလွန်းသောကြောင့် မိန်းမလေးပေါင်း မြောက်များစွာတို့သည့် မျက်တောင်ပင်မခတ်ပဲ ကြည့်ရှုနေပေလိမ့်မည်။

သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သူ့အား တကူးတက ကြည့်ရှု့မည့် မိန်းကလေးဟူ၍ ရှားရှားပါးပါး မြောင်စိုင်းဖန် တစ်ယောက်သာ ရှိနေ၏။

“ဟင်”

မြောင်စိုင်းဖန်သည် အသာလှည့်ကြည့်လိုက်၏။ ကြည့်ကောင်းလှသော လူတစ်ယောက်သည် ဤနေရာဆီသို့ ရောက်ရှိ လာခဲ့ပြီဖြစ်၏။ ဤအရာမှာ အပြင်ဘက်တွင်ရှိသော အဆိပ်ငွေ့များကို ဖြေရှင်းနိုင်သောကြောင့် ဖြစ်ပေလိမ့်မည်။

“ဂိုဏ်းချုပ်”

ကျန့်ရာက အသံပို့လွှတ်လိုက်သည်။ “ဒီမှာ အဆိပ်တွေ အများကြီး ရှိတယ်လေ၊ ဒီအဆိပ်တွေ အကုန်လုံးကို ဖြေရှင်းဖို့ဆိုတာ ခက်ခဲတယ်၊ ဒီတော့ အဆိပ်မမိစေနဲ့”

ဝှစ်

ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါလိုက်သည့်အချိန်မှာတော့ မျိုးစုံအသုံးပြု၍ရသော ဖုန်စုပ်စက်ကြီးသည် သူ၏ လက်ထဲတွင် ပေါ်လာတော့သည်။ ပြီးနောက် ပြောလိုက်သည်။ “အဆိပ်တွေကို စုပ်လို့ရလား စမ်းကြည့်တာပေါ့”

“ဒါက”

ကျန့်ရာသည် ကြောင်သွားသည်။ သို့ပေမဲ့ အဘိုးကြီးတင်း၏ မိစ္ဆာအော်ရာများကို စုပ်ယူနိုင်သည်ကို ပြန်လည်စဉ်းစားပြီးသည့်နောက်မှာတော့ ဤအဆိပ်ဓာတ်များအား ဖုန်စုပ်စက်နှင့် စုပ်လို့ရမည်ကို သူ ကောင်းကောင်း နားလည်မိ၏။

ကျွင်းချောင်ရှောင်းသည် ဖုန်စုပ်စက်၏ လက်ကိုင်ကို ကိုင်ကာဖြင့် အကြီးအကဲဝေ၏ မျက်နှာဆီသို့ ပြောင်းနှင့်ချိန်ကာ ဆွဲစုပ်လိုက်တော့သည်။

ဒွီး

ဟူး ဟူး

အလွန်အားကောင်းလှသော စုပ်ယူမှုစွမ်းအင်များ ဖြစ်တည်လာခဲ့၏။ အမဲရောင်အဆိပ်များအားလုံးသည် အကြီးအကဲဝေ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီးသည့်နောက် ဖုန်စုပ်စက်ထဲသို့ ရောက်ရှိသွားခဲ့၏။

“ဟုတ်ပြီ” ကျန့်ရာသည် ပျော်ရွှင်သွားမိ၏။

ကျွင်းချောင်ရှောင်းသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိသည်။ “သေချာပြီ၊ ဒီအဆိပ်ငွေ့တွေကလည်း မသန့်ရှင်းဘူးပဲ”

“နန်းတော်သခင်မြောင်”

သူသည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “ခင်ဗျားပြောတဲ့အတိုင်းပဲ ကျုပ်ကိုယ်တိုင် ရောက်လာခဲ့ပြီလေ၊ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ အမှောင်ထဲမှာ ပုန်းအောင်းနေဖို့ မသင့်တော်ဘူး မဟုတ်လား”

များပြားလှသော မြူများအပြင်ဘက်တွင် ကြည့်ကောင်းလှသော ပုံရိပ်တစ်ခုသည် ဖြည်းဖြည်းချင်း ပေါ်လာတော့၏။ ပြီးနောက် သူမက ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း... ရှင့်ကို ကျွန်မက မဖိတ်ခေါ်ထားဘူးလေ၊ ပထမဦးဆုံး သိုင်းအုပ်စိုးသူနှစ်ယောက်ကို စေလွှတ်လိုက်တယ်၊ အခု ကိုယ်တိုင် ရောက်လာပြန်ပြီ၊ ရှင့်ရဲ့ ရည်ရွယ်ချက်က ဘာလဲ”

“ဒါက အရမ်းရိုးရှင်းပါတယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခန်းမသခင်ရှစ်ကို လွှဲပေးပါ”

လေစုပ်စက်သည် အဆိပ်များကို ဖြေရှင်းနိုင်ခဲ့ပြီဖြစ်သောကြောင့် အကြီးအကဲဝေနှင့် ကျန့်ရာတို့သည် လုံခြုံသည်ဟု ဆိုရမည်။ ပြီးသည့်နောက်မှာ သူသည် ရှစ်ကျန်းရွမ်အား ခေါ်ဆောင်သွားရပေလိမ့်မည်။ သူ၏ နှလုံးသားသည် ကျောက်ရုပ်တစ်ရုပ်လို မလှုပ်မရှားနှင့် တည်ငြိမ်လွန်းသည် ဆိုသော်လည်း သူနှင့် သိကျွမ်းခင်မင်သောသူများကို ကယ်တင်ရမည်မှာတော့ သဘာဝပင်ဖြစ်၏။

မြောင်စိုင်းဖန်သည် အဆိပ်ငွေ့များကြားထဲမှ တဖြည်းဖြည်းချင်း ပေါ်ပေါက်လာခဲ့သည်။ သေးသွယ်၍ လှပလှသော အမျိုးသမီးတစ်ယောက် ဖြစ်နေ၏။ သူမ၏ ဆံနွယ် အနက်ရောင်များသည် ကျောဖက်သို့ ဖြောင့်စင်းစွာ ကျဆင်း နေ၏။ မျက်လုံးများကလည်း စမ်းရေများကဲ့သို့ပင် ကြည်လင်ရှင်းသန့်နေသည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “နန်းတော်သခင်မြောင်... အရမ်းလှတာပဲ၊ ဒါပေမဲ့ ကျင့်ကြံခြင်း နည်းစနစ်ကို မကျင့်ဘဲနဲ့ အဆိပ်တွေကို ကျင့်ကြံတာ တကယ်ဆိုးတာပဲ၊ ဒီဘဝလုံး သူမကို လက်ထပ်နိုင်မယ့်လူ မရှိမှာကို စိုးရိမ်မိတယ်လေ”

မြောင်စိုင်းဖန်သည် အမှန်ပင် လှပလွန်း၏။ အမှတ်ပြည့် ပေးရမည်ဆိုလျှင် တစ်ဆယ်ကို ရှစ်ခွဲလောက် ရနိုင်မည့် အလှမျိုးဖြစ်၏။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် အလှအပနှင့် ပတ်သက်မည်ဆိုလျှင် နားလည်လှသည့် လူမျိုးတော့ မဟုတ်ပေ။ ထို့အတူ အလှအပနှင့်ပတ်သက်၍ ခုခံနိုင်စွမ်းသည် အလွန်တရာ နက်နဲလှသော အခြေအနေသို့ ရောက်ရှိနေလေ၏။

မြောင်စိုင်းဖန်သည် ပြုံးကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းက ခန်းမသခင်ရှစ်ကို တကယ်ကို ဂရုစိုက်တာကိုး၊ ရှင်တို့နှစ်ယောက်က ပတ်သက်ဆက်နွယ်နေတာလား”

“လိုရင်းကို ပြောရအောင်”

ကျွင်းချောင်ရှောင်းသည် အေးစက်စက် မျက်နှာဖြင့် ပြောလိုက်၏။ “ခန်းမသခင်ရှစ်ကို မြန်မြန်လက်လွှဲပေးပါ၊ မဟုတ်ရင် ကျုပ်က မြေပေါ်မှာရှိနေတဲ့ တည်နေရာကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်မယ်”

အလွန်ပင် ကြမ်းတမ်းလှပြီး အလွန်ပင် ယောကျ်ားဆန်လွန်းလှ၏။

ဟား ဟား ဟား ဟား

မြောင်စိုင်းဖန်သည် ပါးစပ်ကိုအုပ်ကာဖြင့် ရယ်လိုက်၏။ ခဏလောက်ကြာပြီးသည့်နောက်မှာတော့ သူမ၏ အကြည့်များသည် အေးစက်သွားခဲ့သည်။ “ကျွင်းချောင်ရှောင်း... ကျွန်မတို့ အဆိပ်ကိုးပါးနန်းတော်ကို လွယ်လွယ်ကူကူ ထင်နေတာလား”

“မဟုတ်ရင်”

ကျွင်းချောင်ရှောင်း၏အသံသည် ပေါ်ထွက်လာလာချင်းမှာပဲ အလွန်ကြမ်းတမ်းလှသော ချီဖိနှိပ်မှုသည် ဖြစ်ပေါ်လာပြီးသည့်နောက် တည်နေရာတစ်ခုလုံးတွင်ရှိနေသော သိုင်းကျင့်ကြံသူများကို ဖုံးလွှမ်း သွားခဲ့၏။

အတွင်း၌ရှိနေသော တပည့်တစ်ထောင်ကျော်တို့သည် ကျောက်ရုပ်ကြီးများကဲ့သို့ ခဲလျက်ရှိနေသည်။ ၎င်းတို့၏ မျက်လုံးထဲတွင် ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်သွား၏။ လက်ရှိအခြေအနေမှာ တစ်ဖက်လူများ သည် မကောင်းသည့်ရည်ရွယ်ချက်ဖြင့် တစ်စုံတစ်ခု ပြုလုပ်မည်ဆိုပါက သူသည် အတွေးတစ်ချက်နှင့်ပင် အကုန်လုံးကို သတ်ဖြတ်နိုင်စွမ်း ရှိနေသည်။

အဆိပ်ကိုးပါးနန်းတော်၏ တပည့်များအားလုံးသည် သိုင်းတပည့်နှင့် သိုင်းဆရာ အဆင့်များသာဖြစ်ကြ၏။ သူ့ကဲ့သို့ ဓားနှင့်သိုင်းအုပ်စိုးသူထိပ်ဆုံး၏ ရှေ့မှာတော့ ၎င်းတို့အားလုံးသည် ပုရွက်ဆိတ်ကလေးများကဲ့သို့ပင် ဖြစ်တော့၏။

အကြီးအကဲဝေနှင့် ကျန့်ရာတို့သည်လည်း ဤကဲ့သို့ ပြုလုပ်နိုင်သည်။ ကံဆိုးစွာဖြင့် ၎င်းတို့သည် အဆိပ်ငွေ့များကို ရှူရှိုက်ပြီးသည့်နောက်မှာတော့ ချီဖိနှိပ်မှုကို ထုတ်ဖော်နိုင်စွမ်း မရှိကြတော့ချေ။

ပြောရလျှင် ထူးဆန်းစရာတော့ ကောင်းနေ၏။ မြောင်စိုင်းဖန်သည် ဤချီဖိနှိပ်မှုကို မခံရချေ။ ထိုအစား သူမက ပြုံးကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းရဲ့ စွမ်းရည်က တကယ်ကို နက်နဲလွန်းတယ်လေ၊ ချီးကျူးသင့်ပါတယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “နန်းတော်သခင်မြောင်.. အကြောက်အလန့်ကင်းလှတာပဲ၊ ခင်ဗျားတို့ အဆိပ်ကိုးပါးနန်းတော်က အဆိပ်ကိုးပါးကြောင့်ပဲ ဂုဏ်ယူဝံ့ကြွားနေကြတာ မဟုတ်လား”

“ဂိုဏ်းချုပ်ကျွင်း... ရှင်ချီဖိနှိပ်မှုကို ထုတ်လွှတ်လိုက်တဲ့အချိန်မှာပဲ ရှင့်ရဲ့ကိုယ်ထဲကို အဆိပ်တွေ တိုးဝင်နေပြီဆိုတာ မသိဘူးလား” မြောင်စိုင်းဖန်သည် ပြုံးလိုက်၏။

ကျွင်းချောင်ရှောင်း မျက်မှောင်ကုတ်မိသွားသည်။ ချီဖိနှိပ်မှုကို ထုတ်လွှင့်လိုက်သည့်အချိန်၌ လေထဲတွင်ရှိနေသော အဆိပ်ငွေ့များအားလုံးသည် သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်ပြီး မရီဒန်များဆီသို့ တွယ်ကပ်လျက်ရှိနေကြောင်းကို သိရှိလိုက်ရသည်။

မြောင်စိုင်းဖန်က ပြုံးကာပြောလိုက်သည်။ “ဒါက နှလုံးဝါးမျိုခြင်းအဆိပ်ပဲလေ၊ ကျွန်မတို့ အဆိပ်ကိုးပါးနန်းတော်ရဲ့ အဆိပ်ကိုးမျိုးထဲက တစ်ခုပဲ၊ အော်ရာတွေ ဒါမှမဟုတ် ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်လိုက်မယ်ဆိုရင် ဒီအဆိပ်က ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားမှာပဲ”

“ဟမ့်”

ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလိုပြောလိုက်၏။ “သေးငယ်လှတဲ့ အဆိပ်လေးတွေက ကျုပ်ကို ဘာမှမလုပ်နိုင်ဘူးလေ”

“ဟမ်... ဂိုဏ်းချုပ်ကျွင်းကို ကျွန်မပြောဖို့ မေ့သွားတယ်၊ ရှင်နင်းထားတဲ့ ကျောက်ပြားတွေမှာလည်း အဆိပ်တွေ ရှိတယ်လေ၊ အဲတာကလည်း နှလုံးတိုက်စားခြင်းအဆိပ်လို့ ခေါ်တယ်၊ ဒါကိုထိလိုက်ပြီဆိုတာနဲ့ အဆိပ်တွေက ကိုယ်ထဲဝင်သွားမှာလေ”

ကျွင်းချောင်ရှောင်းသည် သူ၏ခြေထောက်မွှေးညှင်းပေါက်များဆီမှ တိုးဝင်လာသော အဆိပ်ဓာတ်များကို ခံစားမိ လိုက်၏။ ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ကျုပ်ဂိုဏ်းရဲ့ သိုင်းအုပ်စိုးသူနှစ်ယောက်က ဒီနေရာမှာ ပိတ်လှောင် ခံထားရတယ်ဆိုတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး၊ ခင်ဗျားတို့ အဆိပ်ကိုးပါးနန်းတော်က တကယ့်ကို အားကောင်းတာပဲ၊ ဒါပေမဲ့ …”

သူသည် ခဏရပ်တန့်ကာ ပြောလိုက်သည်။ “တခြားအဆိပ်တွေရှိရင် ထုတ်ပါအုံး”

မြောင်စိုင်းဖန်သည် မျက်မှောင်ကုတ်သွားမိ၏။ နှလုံးဝါးမြိုခြင်းအဆိပ်နှင့် နှလုံးတိုက်စားခြင်းအဆိပ်များ အားလုံးသည် တစ်ဖက်လူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လျက်ရှိ၏။ လက်ရှိအချိန်တွင် အဆိပ်သည် အစွမ်းသက်ရောက်မှုကို ပြရမည့်အချိန် ဖြစ်သည်။ သို့ပေမဲ့ ဤလူသည် အဘယ်ကြောင့် တည်ငြိမ်နေရသနည်း။ အဆိပ်များကို ခဏတာထိန်းချုပ်ထားနိုင်ရန် လုံလောက်သည့်အားအင်အဆင့်ကို ပိုင်ဆိုင်ထားသည်လား။

“ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ပီသတာပဲ၊ တပည့်တွေထက်ပိုပြီး အားကောင်းလွန်းတာကိုး၊ ကျွန်မရဲ့ အဆိပ် နှစ်ခုကို မိထားတာတောင်မှ ရယ်နိုင်၊ ပြောနိုင်၊ လှုပ်နိုင်သေးတယ်လေ” မြောင်စိုင်းဖန်သည် အေးစက်စက် ပြောလိုက်၏။

“မြှောက်ပင့်လွန်းနေပြီ” ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်တော့သည်။

ရုတ်တရက်ဆိုသလိုပဲ မြောင်စိုင်းဖန်သည် သူမ၏ လက်ကို ယမ်းခါလိုက်၏။ ဒါဇင်ချီသော အအေးအလင်းတန်းများ ပျံသန်းရောက်ရှိလာ၏။

ကျွင်းချောင်ရှောင်းသည် အင်္ကျီလက်ကို ယမ်းခါလိုက်ပြီးသည့်နောက် ငွေရောင်အပ်များ အားလုံးကို ဖမ်းဆီး လိုက်၏။ သူ၏လက်ထဲတွင်တော့ အဆိပ်အပ်များအားလုံး ရောက်ရှိလာခဲ့၏။ သူသည် ပြုံးကာ ပြောလိုက်၏။ “ကျုပ် မမှားဘူးဆိုရင် ဒါကလည်း အဆိပ်ကိုးပါးထဲက တစ်ခုပဲပေါ့”

မြောင်စိုင်းဖန်သည် ပြုံးကာပြောလိုက်၏။ “ရှင်သိပြီဆိုမှတော့ ဘာလို့ လက်ဗလာနဲ့ ဖမ်းရဲရတာလဲ၊ ဂိုဏ်းချုပ်ကျွင်း ကတော့ တကယ့်ကို သတ္တိကောင်းနေပြီ”

“ဒါဆိုရင် အဆိပ်ခြောက်မျိုး ကျန်အုံးမှာပေါ့၊ အားလုံးကို တစ်ခါတည်း သုံးလိုက်ပါလား”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီနေ့မှာတော့ အဆိပ်ကိုးပါးနန်းတော်ရဲ့ အဆိပ်ကိုးမျိုးလုံးက ဘယ်လောက်အားကောင်းလဲ ဆိုတာကို ကျုပ်က စမ်းသပ်ကြည့်ချင်တယ်”

အကြီးအကဲဝေကို ကူညီပြီး အဆိပ်များ စုပ်ယူလျက်ရှိသော ကျန့်ရာသည် မြေပေါ်သို့ လဲကျလုမတတ် ဖြစ်သွား၏။

ဂိုဏ်းချုပ်... တကယ်လို့ အဆိပ်ဒဏ်ကို ခံနိုင်တယ်ဆိုရင်လည်း မြန်မြန်ဆန်ဆန်ပဲ အဲ့မိန်းမကို ရိုက်လိုက်တော့လေ၊ ဘယ်လိုဖြစ်ပြီးတော့ အဆိပ်ကိုးမျိုးကို စမ်းသပ်မယ်လုပ်နေရပြန်တာတုန်း။

ဂိုဏ်းချုပ် အဘယ်ကြောင့် ဟန်ရေးပြနေသည်ဆိုသည်ကို ကျန့်ရာသည် နားမလည်နိုင်ချေ။

“ဂိုဏ်းချုပ်ကျွင်း.. ရှင့်ရဲ့ ကျင့်ကြံခြင်းအဆင့်က အဆိပ်တစ်မျိုးလောက် သက်ရောက်မယ်ဆိုရင်တောင်မှ မလွယ်ဘူးနော်၊ အဆိပ်တွေအကုန်လုံး ခန္ဓာကိုယ်ထဲကို ရောက်သွားပြီဆိုရင် သိုင်းနယ်မြေကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်တယ်ဆိုရင်တောင်မှ အဆိပ်ဒဏ်ခံရပြီး ကျိန်းသေပေါက် သေဆုံးမှာပဲ” မြောင်စိုင်းဖန်သည် ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။

ကျင့်ကြံခြင်းအဆင့်အရဆိုလျှင် သူမနှင့် သူမ၏တပည့်များအားလုံးသည် အဆင့်ငါးဂိုဏ်းများနှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။ သို့ပေမဲ့ အဆိပ်အသုံးပြုသည့်နေရာမှာတော့ ယုံကြည်ချက်အပြည့် ရှိလို့နေသည်။

“အဆိပ်က မသုံးတော့ဘူးလား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

တစ်ဖက်လူ၏ တည်ငြိမ်မှုနှင့် အေးစက်သည့်အမူအရာကို မြင်ရချိန်မှာတော့ မြောင်စိုင်းဖန်သည် သူမ၏ မျက်နှာကို ထိန်းသိမ်းလိုက်ပြီးနောက် ခပ်တည်တည်ဖြင့် ပြန်ပြောလိုက်တော့သည်။ “အဆိပ်ကိုးပါးနန်းတော်ရဲ့ အဆိပ်ကိုးမျိုး လုံးကို ထုတ်သုံးဖို့ဆိုတာ ခက်ခဲတယ်လေ၊ ဒီတော့ ရှင်နဲ့ ကျွန်မ အချိန်မဖြုန်းတော့ဘူး”

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါဆိုရင်လည်း ကျုပ်က ပြရမှာပေါ့”

ဝှစ်

သူ၏ခန္ဓာကိုယ်ဆီမှ ရုတ်တရက် ရောင်စုံမီးတောက်များ ဖြစ်တည်လာခဲ့၏။ ထိုမီးတောက်များသည် အရောင်အသွေးစုံပြီး လှပလွန်း၏။

မြောင်စိုင်းဖန်၏ အပြုံးသည် အေးခဲသွားသည်။ သူမ၏ မျက်လုံးများသည် ပြူးထွက်သွားခဲ့သည်။ “ကြက်သွေးရောင်ကြယ်မီးတောက်၊ ခရမ်းရောင်နတ်မီးတောက်၊ ကောင်းကင်စိတ်ဝိညာဉ်မီးတောက်ပြာ ရှင်က အရာအားလုံးကို ငြိမ်းသက်နိုင်တဲ့ နတ်မီးခန္ဓာကိုယ်ကို ပိုင်ဆိုင်တာလား”

“အဲဒါမှမဟုတ်ရင် ဘာဖြစ်မလဲ”

မီးတောက်များကြားတွင်ရှိနေသော ကျွင်းချောင်ရှောင်းသည် သေမျိုးကမ္ဘာထဲသို့ ဆင်းသက်လာသော မီးနတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်တော့သည်။ ပြင်းထန်လှသော အပူလှိုင်းများအားလုံးသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့လျက်ရှိ၏။ အားကောင်းလှသော မီးတောက်များ၏ ကျွမ်းလောင်မှုအောက်မှာတော့ ရှိရှိသမျှ အဆိပ်များအားလုံးသည် ပျောက်ကွယ်သွားခဲ့ရတော့သည်။

ဘူ.......

ရုတ်တရက်ဆိုသလိုပဲ ၎င်း၏ဖင်ဆီမှ အဆိပ်ငွေ့များ ပြန်လည်ထွက်ပေါ်သွား၏။

အကြီးအကဲဝေနှင့် ကျန့်ရာတို့သည် ထိုအသံကို ကြားရချိန်မှာတော့ မျက်လုံးတွေချာချာလည်ကာ မြေပေါ်သို့ပင် လဲကျသွားခဲ့သည်။

အဆိပ်ကိုးပါးနန်းတော်မှ တပည့်တော်တော်များတို့သည် ကြည့်ရှုရုံသာတတ်နိုင်၏။ ၎င်းတို့သည် ချီဖိနှိပ်မှုကို ခံရသည့်နောက်မှာတော့ ကျောက်ရုပ်များလိုပင် အေးခဲလျက်ရှိနေ၏။ ထို့ကြောင့် ဂိုဏ်းချုပ်ကျွင်း၏ ဖင်ဆီမှ ထွက်ပေါ်လာသော အီးနံ့သည် သူတို့ မည်သို့မှ ရှောင်ရှား၍ရနိုင်သောအရာမဟုတ်တော့ချေ။ အားလုံးသည် မြေပေါ်သို့ လဲကျသွားခဲ့ကြ၏။

မြောင်စိုင်းဖန်၏ အမူအရာသည်လည်း အလွန်ပျက်ယွင်းသွားတော့သည်။ ဤလူသည် ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ် တစ်ယောက်ဖြစ်သည်။ သို့ပေမဲ့ အဘယ့်ကြောင့် အရှက်အကြောက် ကင်းမဲ့စွာဖြင့် လူများကြားထဲတွင် အီးထပေါက်နေရသနည်း။

ဆွစ်

ကျွင်းချောင်ရှောင်းသည် မြောင်စိုင်းဖန်၏ရှေ့တွင် ပေါ်လာတော့သည်။ သူသည် လက်ကို လှုပ်ရှားလိုက်ပြီးသည့် နောက်မှာတော့ ရှေ့တွင်ရှိနေသော မမြင်ရသည့်အတားအဆီးတစ်ခုကို ဖျက်ဆီးလိုက်တော့သည်။ ပြီးနောက် သူမ၏ သွယ်လျလှပသော လည်ပင်းကို ဆွဲကိုင်လိုက်ကာ နောက်ဘက်သို့ ဆွဲသွားလိုက်၏။ ပြီးနောက် အဓိကဟောခန်း၏ နံရံဆီသို့ တွန်းလွှတ်လိုက်တော့သည်။

ဤနေရာမှာ အချစ်ဇာတ်ကားများသာဆိုပါက မိန်းကလေးတစ်ယောက်အား နံရံဆီသို့ကပ်ကာဖြင့် မေးစေ့ကို အသာမော့ကာ “ကောင်မလေး... ငါ့ကိုချစ်လိုက်တော့” ဆိုပြီး ပြောရမည့် အခန်းပင်ဖြစ်သည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းမှာတော့ တစ်ဖက်လူ၏လည်ပင်းကို ခပ်တင်းတင်း ဆုပ်ကိုင်ထား၏။ သူ၏ အကြည့်များသည် အေးစက်နေသည်။

“ခန်းမသခင်ရှစ်ကို လွှဲပေး၊ မဟုတ်ရင် ဒီဂိုဏ်းချုပ်က ခင်ဗျားရဲ့အသက်ကို ချမ်းသာပေးမှာ မဟုတ်ဘူး”

ခလွပ်

အနည်းငယ် အားစိုက်လိုက်သည့်အချိန်မှာတော့ အရိုးကျိုးသံ သဲ့သဲ့ကိုပင် ကြားလိုက်ရ၏။ ဆန့်ကျင်ဘက်လိင်နှင့် ပတ်သက်၍ ပျော့ညံ့ရမည်လား။ ဂိုဏ်းချုပ်ကျွင်းတွင် ထိုကဲ့သို့သော ခံယူချက်မျိုး မရှိချေ။

All Chapters