← Chapters

အခန်း (၈၃၇)

Vol. 56 Ch. 837

အခန်း (၈၃၇)

Vol. 56 Ch. 837

ရှစ်ကျန်းရွမ်၏ အမြင်အာရုံကို ပြန်လည်ရရှိအောင် ကူညီပြီးသည့်နောက် သူမသည် ရောင်စုံလောကကြီး တစ်ခုလုံးကို မြင်တွေ့ခွင့် ရရှိသွားပြီဖြစ်သည်။

ထိုအရာကြောင့်ပင်လည်း ကျွင်းချောင်ရှောင်းသည် ဖုံးကွယ်ထား သည့်တာဝန်ကို ပြည့်စုံစေခဲ့တော့သည်။ တကယ်တမ်းမှာတော့ သူသည် လူကောင်းတစ်ယောက်ဟု သူကိုယ့်သူ ထင်မှတ်ထားခဲ့သူတစ်ယောက် မဟုတ်ပေ။ သို့ပေမဲ့ သူသည် ကောင်းမွန်သည့်ကိစ္စရပ်များကိုတော့ ကျိန်းသေပေါက် ပြုလုပ်ရပေလိမ့်မည်။

ထိုသို့ဆိုလျှင် လက်ရှိအခြေအနေတွင် အဘယ်ကြောင့် ဖုံးကွယ်ထား သည့်တာဝန်က ပေါ်လာရသနည်း။

စနစ်က ရှင်းပြလိုက်သည်။ “တချို့သော ဖုံးကွယ်ထားတဲ့တာဝန်က စဦးကတည်းက ပါလာတာမျိုး မဟုတ်ဘူး၊ စနစ်က အဆင့်မြှင့်တင်ပြီးတဲ့နောက်မှာ ဖြစ်တည်လာခဲ့တာလေ”

“ဒါဆိုရင် ငါမင်းကို ယုံရမယ်ပေါ့” ကျွင်းချောင်ရှောင်းက တီးတိုးရေရွတ်လိုက်သည်။ ပြီးသည့်နောက်မှာတော့ ပစ္စည်းကို နှိပ်ကာ ကြည့်ရှုလိုက်၏။

“……..” စနစ်က စိတ်ဓာတ်ကျသွားသည်။

“ပစ္စည်းအမျိုးအစား - တိုက်ပွဲတည်နေရာဂိတ်တံခါး

ဖော်ပြချက် - များပြားလှသော တည်နေရာထဲတွင် တည်ရှိနေကြသော သက်ရှိများသည် ဤအရာထဲသို့ ဝင်ရောက်နိုင်၏။ တိုက်ပွဲတည်နေရာကို ဖွင့်လှစ်ပြီးနောက်မှာတော့ များပြားလှသော တည်နေရာများမှ ကျင့်ကြံသူ များ အားလုံးသည် ဝင်ရောက်ကာ တိုက်ခိုက်နိုင်စွမ်း ရှိကြပြီး အသက်ရှင်သန်ခွင့် ရရန်အတွက်တော့ အလွန်အမင်း ကြိုးစားရပေမည်။

အကျိုးသက်ရောက်မှု - တိုက်ပွဲတည်နေရာထဲတွင် ပစ္စည်းအမျိုးအစား များစွာရှိနေသည်။ များပြားလှသည့် မျိုးနွယ်၊ လူပုဂ္ဂိုလ်များနှင့် တိုက်ခိုက်ရမည်ဖြစ်သည်။ အတွေ့အကြုံများ အလွန်ရရှိနိုင်သည့် တည်နေရာလည်း ဖြစ်သည်။

အထူးအကျိုးသက်ရောက်မှု - တိုက်ပွဲတည်နေရာထဲတွင် သိုင်းပညာအရင်းအမြစ်များ၊ သိုင်းနည်းစနစ်များ အားလုံးကို ပေါပေါသီသီ တွေ့ရှိနိုင်၏။

အကျိုးမသက်ရောက်မှု - သေခြင်းရှင်ခြင်းသည် ကံတရားအတိုင်းပင် ဖြစ်တော့၏။ ချမ်းသာခြင်းနှင့် ဆုတ်ယုတ်ခြင်းသည် ကောင်းကင်မှ ဆုံးဖြတ်ချက်အတိုင်းပင် ဖြစ်ပေလိမ့်မည်။

ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် ငါးသောင်း

အချိန်ကန့်သတ်ချက် - ငါးဆယ့်ကိုးမိနစ် ဆယ်စက္ကန့်”

ဈေးနှုန်းကို မြင်ရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် မျက်လုံးပြူးသွား၏။ “ဂိုဏ်းစုဆောင်းမှတ် ငါးသောင်း ဟုတ်လား၊ ဒါက အရမ်းကို ဈေးကြီးတယ်လေ”

သူ၏ လက်ရှိအကန့်အသတ်သည် ဂိုဏ်းစုဆောင်းမှတ် ငါးသောင်းသာဖြစ်၏။ ထို့ကြောင့် ဤအရာကို ဝယ်ယူမည် ဆိုလျှင် ကန့်သတ်ထားသော ဂိုဏ်းစုဆောင်းမှတ် အရေအတွက် အားလုံးကို အသုံးပြုရမည်ဟု ဆိုလိုခြင်းဖြစ်သည်။

“ပြီးတော့ ဒီအနောက်က အချိန်ကန့်သတ်ချက်က ဘာကိုဆိုလိုတာလဲ”

“ဒီဟာက ပစ္စည်းကို ဝယ်ယူလို့ရနိုင်တဲ့ အချိန်အကန့်အသတ်လေ၊ လက်ခံသူအနေနဲ့ သတ်မှတ်ထားတဲ့ အတိုင်း အတာ အတောအတွင်းမှာပဲ ဒါကို ဝယ်ယူလို့ရနိုင်တယ်၊ မဟုတ်ရင် ဝယ်ယူနိုင်တဲ့ ပစ္စည်းစာရင်းကနေ ပယ်ဖျက် သွားလိမ့်မယ်၊ အနာဂတ်မှာ စတိုးကို refresh လုပ်ရင်တောင်မှ ဒါကို ပြန်မတွေ့နိုင်တော့ဘူး”

“ဒီလိုကိစ္စမျိုးလည်း ရှိလား” ကျွင်းချောင်ရှောင်း ဆွံ့အသွားမိ၏။

စနစ်က ပြောလိုက်တော့သည်။ “ဒါကြောင့် ဈေးကြီးနေတာပေါ့၊ လက်ခံသူအနေနှင့် ဝယ်ယူဖို့အတွက် ကြယ်ငါး …..”

သူပြော၍ မပြီးသေးခင်မှာပဲ ကျွင်းချောင်ရှောင်းသည် ကြားဖြတ်ကာ ပြောလိုက်တော့၏။ “ကြယ်ငါးသိန်း အာမခံချက် ပေးမယ်ဆိုရင်တောင် မဝယ်ဘူး”

ဂိုဏ်းစုဆောင်းမှတ် ငါးသောင်းဆိုသည်မှာ အလွန်ပင် များပြားလွန်းလှ၏။ ထို့ပြင် တိုက်ပွဲတည်နေရာကြီးသည် သတ်ဖြတ်ဖို့အတွက်သာဖြစ်၏။ အထဲတွင် များပြားလှသော အရင်းအမြစ်များ ရှိသည်ဆိုသော်လည်း သေခြင်းနှင့် ရှင်ခြင်းတရားသည် ကံတရားအတိုင်းသာ ဖြစ်နေတော့၏။ ဤအရာမှာ ဆိုးရွားလွန်းနေသည်။ ထို့ပြင် တိုက်ပွဲတည်နေရာဆိုသောအရာသည် ၎င်း၏ ဖော်ညွှန်းချက်အရဆိုလျှင် ကျိန်းသေပေါက် အန္တရာယ်များသော နေရာဖြစ်သည်။ ဆော့ကစား၍ ကောင်းသည့် အရာမျိုး မဟုတ်နိုင်ချေ။

ထို့ပြင် ဂိုဏ်းအား ပိုမိုအားကောင်းအောင် ပြုလုပ်မည်ဆိုလျှင် အဓိကတာဝန်ကို သူပြည့်စုံအောင် ပြုလုပ်နိုင်တော့မည်။ ပြီးလျှင် တပည့်များနှင့်အတူ စိတ်လက်ပေါ့ပါးကာ အပူအပင်ကင်းလှသော ဘဝကြီးတစ်ခုကို ဖြတ်သန်းသွားရန် စဉ်းစားထား၏။ အဘယ်ကြောင့် ဤတိုက်ပွဲတည်နေရာမျိုးထဲသို့ ဝင်ရောက်၍ တိုက်ခိုက်နေရမည်နည်း။

“စတိုးဆီမှာရှိတဲ့ ပစ္စည်းတိုင်းက အသုံးဝင်တယ်လေ၊ ခေါင်းလိမ်းဆီ၊ မျက်နှာကပ်တဲ့အရာနဲ့ ဖုန်စုပ်စက်တောင်မှ အသုံးဝင်တယ် မဟုတ်ဘူးလား၊ ဒီပစ္စည်းက အချိန်အကန့်အသတ်နဲ့ ဝယ်ယူရတဲ့ပစ္စည်း ဖြစ်တယ်ဆိုမှတော့ ကျိန်းသေပေါက် ပိုပြီး အသုံးဝင်လိမ့်မယ်၊ လက်ခံသူအနေနဲ့ ကြောင်တောင်တောင် လုပ်မနေဘဲ ဒါကို ဝယ်ယူ သင့်တယ်လို့ ထင်တယ်၊ ပြီးတော့ သေခြင်းရှင်ခြင်း နယ်မြေထဲကို တပည့်တွေ ဝင်ရောက်ခြင်းကြောင့် ဂိုဏ်း စုဆောင်းမှတ်တွေ အများကြီး ရနေတယ်လေ၊ ဒါတွေအားလုံးက ထပ်ပြီးတော့ ရလာနိုင်တဲ့ အရာတွေပဲ မဟုတ်လား”

စနစ်သည် အရည်အသွေးပြည့်ဝသော အရောင်းသမားတစ်ယောက်ကဲ့သို့ပင် ဖြစ်နေ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် မတုန်မလှုပ်နှင့်ပင် ဖြစ်၏။ သူသည် သူ၏ စည်းမျဉ်းဥပဒေများကို ခပ်မြဲမြဲ စွဲကိုင် ထားတော့သည်။

တခြားနည်းလမ်းလည်း မရှိချေ။ စနစ်သည် အကြံတစ်ခု ရရှိလိုက်၏။ ထို့နောက် ပြောလိုက်တော့သည် “ဒီတိုက်ပွဲတည်နေရာဆိုတာက လောက ကြီးမှာရှိနေတဲ့ ဂြိုလ်တွေအကုန်လုံးက ကျင့်ကြံသူတွေ လာရောက်တိုက်ခိုက်ရတာပဲ၊ ဒါကို ဝယ်လိုက်မယ်ဆိုရင် တခြားဂြိုလ်တွေကိုလည်း သွားဖို့ အခွင့်အရေး ရလာလိမ့်မယ်လေ”

“ဒါက ဟုတ်တာပဲ” ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။

စနစ်က ဆက်ပြောလိုက်သည်။ “ဝိညာဉ်မျိုးနွယ်တွေရဲ့ ကုန်းမြေတိုက်ကြီးကလည်း ဂြိုလ်တစ်ခုပဲလေ၊ ဒီတော့ လက်ခံသူအနေနဲ့ ဝိညာဉ်မျိုးနွယ်တွေ လာနိုင်တဲ့ လမ်းက စည်းကိုပယ်ဖျက်ပြီး အထဲကို ဝင်သွားမယ်ဆိုရင် တစ်ဖက်ကလည်း ဝင်လာပြီး ကျုးကျော်နိုင်တာပေါ့၊ ဒီတော့ တိုက်ပွဲတည်နေရာကို အသုံးပြုပြီး တည်နေရာရွေ့ပြောင်း၊ သူတို့ဂြိုလ်တွေကို သွားနိုင်မယ်ဆိုရင် အရမ်း အဆင်ပြေမှာ မဟုတ်ဘူးလား”

ကျွင်းချောင်ရှောင်းနောက်ကို အချိန်အတော်ကြာ လိုက်ပြီးသည့်နောက် စနစ်၏ တွေးခေါ်နိုင်စွမ်းသည်လည်း ပိုမို လိုက်ဖက်ညီလာတော့၏။ သူထိုသို့ ပြောလိုက်သည်ဆိုသည်နှင့် ကုန်းရှန့် ၏ စိတ်လှုပ်ရှားမှုများသည် ပိုမိုကာ တိုးပွားလာခဲ့တော့သည်။ ပြီးသည့်နောက်မှာတော့ သူသည် မေးစေ့ကို ပွတ်သပ်ကာဖြင့် ရေရွတ်လိုက်၏။ “ဒါဆိုရင် ငါမဝယ်သင့်ဘူးလား”

သူ့အနေနှင့် တိုက်ပွဲတည်နေရာကို ဝယ်ယူ၍ တခြားသူများကို သတ်ဖြတ်ရန် စိတ်ဝင်စားမှု မရှိပေ။ သို့ပေမဲ့ တခြားသော ဂြိုလ်များဆီသို့ သွားရောက်ခွင့် အခွင့်အရေး ရရှိမည်ဆိုပါက ကျိန်းသေပေါက် ဝယ်ယူရန် ထိုက်တန် သည့်အရာ ဖြစ်ပေလိမ့်မည်။

အဓိကတာဝန်သည် ဂိုဏ်းတစ်ခုလုံးကို ပိုမိုအားကောင်းအောင် ပြုလုပ်ရန်ပင် ဖြစ်သည်။ ပိုမိုအားကောင်းလာစေနိုင်သော အဓိကသော့ချက်သည် အရင်းအမြစ်များပင်ဖြစ်၏။ ကြယ်ကြွေ ကုန်းမြေတိုက်ကြီး တစ်ခုတည်းနှင့် သူသည် စိတ်မကျေနပ်နိုင်ပေ။ တခြားသော တည်နေရာများဆီသို့ သွားပြီး၊ အထူးသဖြင့် ဝိညာဉ်မျိုးနွယ်များ၏ တည်နေရာဆီသို့ သွားရောက်၍ အရင်းအမြစ်များကို ရယူနိုင်မည်ဆိုပါက တိုးတက်မှုအမြန်နှုန်းသည်လည်း ပိုမို၍ မြန်ဆန်လာပေလိမ့်မည်။

“ဝယ်မယ်၊ ဝယ်မယ်၊ ဝယ်မယ်”

စနစ်သည် ဆော်ဩလိုက်၏။ “အခွင့်အရေးဆိုတာက တစ်ကြိမ်ပဲ တံခါးလာခေါက် တာလေ”

အချိန်အကန့်အသတ်သာ မရှိပါက ကျွင်းချောင်ရှောင်းသည် အချိန်အတော်ကြာ စဉ်းစားမိပေလိုက်မည်။ သို့ပေမဲ့ အချိန်အကန့်အသတ်ကို မြင်ရသည့်နောက်မှာတော့ သူသည် စိတ်ကိုဒုန်းဒုန်းချလိုက်မိ၏။ “ဒါဆိုရင် မင်းကိုငါ တစ်ကြိမ် ထပ်ယုံကြည်လိုက်မယ်”

“ဒင်... လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ငါးသောင်းအား အသုံးပြု၍ တိုက်ပွဲတည်နေရာဂိတ်တံခါးအား ဝယ်ယူ လိုက်တော့သည်၊ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပေးလိုက်ပါပြီ”

“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၄၃၃၃/၅၀၀၀၀”

အတိတ်တုန်းကသာဆိုလျှင် ကျွင်းချောင်ရှောင်းသည် ဤကဲ့သို့ များပြားလှသော ဂိုဏ်းစုဆောင်းမှတ်များကို အသုံးပြုပြီးသည်နှင့် ရင်နာသည့် ခံစားချက်ကို ရရှိပေလိမ့်မည်။ သို့ပေမဲ့ ယခုလည်း ရင်နာတုန်းပင် ဖြစ်၏။ “ရင်နာလိုက်တာကွာ”

တိုက်ပွဲတည်နေရာဂိတ်တံခါးသည် သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေကဲ့သို့ပင် လေပွေလှိုင်းတစ်ခု၏ ပုံသဏ္ဍာန် ကဲ့သို့ ဆင်တူနေသည်။ သူသည် တောနက်ထဲတွင် ရောက်ရှိနေသောကြောင့် ထိုအရာကို ထုတ်ယူ၍ အနီးကပ် ကြည့်ရှုခွင့် မရခဲ့ပေ။

“ခန်းမသခင်ရှစ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မြန်မြန် သွားကြစို့”

......................

မျက်မှန်တပ်ပြီးသည့်နောက် အမြင်အာရုံများကို အလုံးစုံပြန်လည်ကောင်းမွန်ခဲ့ပြီဖြစ်သော ရှစ်ကျန်းရွမ်မှာတော့ အလွန်တရာ ပျော်ရွှင်လျက် ရှိနေ၏။ လမ်းတလျှောက်မှာတော့ သူမသည် ကလေးလေး တစ်ယောက်ကဲ့သို့ပင် မရင်းနှီးသည့် လောကကြီး၏ ပစ္စည်းပစ္စယများစွာတို့အား မေးမြန်းလျက်ရှိနေသည်။

ဟုတ်ပေသည်။ သူမသည် သိုင်းကျင့်ကြံသူ အများအပြားနှင့်လည်း လမ်းတွင် တွေ့ဆုံခဲ့ရ၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းကို ကြည့်ရှုပြီးသည့်နောက် သူမသည် တွေးလိုက်မိတော့သည်။ “သူက တခြားသူတွေထက် ပိုပြီး ကြည့်လို့ကောင်းတာပဲ”

ဤအရာမှာ အမြင်များသွားကြောင့်ပင် ကျိန်းသေပေါက် ဖြစ်ပေလိမ့်မည်။ လက်ရှိအခြေအနေတွင် အချစ်ရေး၊ အချစ်ရာ၌ ကျွမ်းကျင်သူတစ်ယောက်သာ ဆိုပါက သူမ၏အနားသို့ ရောက်ရှိရန် အခွင့်အရေးကို အသုံးပြုပြီး ကျိန်းသေပေါက် သူမ ပိုမိုနှစ်သက်လာအောင် ကြိုးစားမိပေလိမ့်မည်။

သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်း၏ စိတ်အာရုံများ အားလုံးသည် ၎င်း၏ သိုလှောင်လက်စွပ်ထဲသို့သာ ရောက်ရှိနေခဲ့၏။ သူသည် သိုလှောင်လက်စွပ်ထဲတွင် ရှိနေသော ဖုန်စုပ်စက်ကြီးကို သေချာကြည့်ရှုနေ၏။ ထိုအထဲတွင်တော့ ထူးဆန်းလှသည့် ဓာတ်သဘာဝများ တည်ရှိလို့နေသည်။

“ဒီမသန့်ရှင်းတဲ့အရာတွေက ခန်းမသခင်ရှစ်ကို ရူးသွပ်သွားပြီး မျက်စိတောင် ကန်းစေတယ်”

ဤအရာသည် ဝိညာဉ်မျိုးနွယ်ဖြစ်မည်ဟု စနစ်က ပထမ ပြောဆိုခဲ့၏။ သို့ပေမဲ့ ဖုန်စုပ်စက်ဖြင့် စုပ်ယူပြီးသည့် နောက် ကျွင်းချောင်ရှောင်းသည် ထိုအချက်ကို ပယ်ချခဲ့၏။

အဘယ်ကြောင့်ဆိုသော် အစီအရင်အင်ပါယာ ပြောသလိုဆိုလျှင် ဝိညာဉ်မျိုးနွယ်များ၏ ထုတ်လွှတ်လိုက်သော ဓာတ်သဘာဝသည် အစိမ်းရောင် ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့ မဟုတ်ချေ။ ထို့အပြင် ရှစ်ကျန်းရွမ်၏ အားအင် ပိုမို၍ တိုးပွားလာသည်ဆိုသော်လည်း တခြားသူများ၏ စွမ်းအင်များကို စုပ်ယူသည့် အလေ့အထ မရှိချေ။ ထို့ကြောင့် ဤစွမ်းအင်များမှာ ဝိညာဉ်မျိုးနွယ်များ မဟုတ်သည်မှာ သေချာလှသည်။

“ဟင်း”

ကျွင်းချောင်ရှောင်းသည် သူ၏ ကုပ်ပိုး ကို ပွတ်သပ်ကာ ရေရွတ်လိုက်၏။ “ဝိညာဉ်မျိုးနွယ်တွေက ရှေးခေတ်တုန်းက အင်ပါယာတွေကိုတောင်မှ ဝါးမြိုနိုင်စွမ်းရှိတယ်တဲ့၊ သူတို့က ပုန်းအောင်းတဲ့နေရာမှာလည်း တော်ပုံပေါ်တယ်၊ ဒီတော့ လွယ်လွယ်ကူကူနဲ့ ရှာဖွေလို့ရမှာ မဟုတ်ဘူး”

စနစ်က ပြောလိုက်သည်။ “အခုအချိန်မှာ ပတ်ဝန်းကျင် တည်နေရာထဲမှာရှိတဲ့ ပန်းပင်တွေ ခြောက်သွေ့တဲ့အရာ ကိုပဲ ပိုပြီးအာရုံစိုက်ရမယ်၊ ဘယ်သူလုပ်တယ်ဆိုတာကို ရှာဖွေတွေ့ရှိပြီဆိုရင် ဝိညာဉ်မျိုးနွယ်တွေကို ရှာဖွေ တွေ့ရှိ နိုင်ပြီ မဟုတ်လား။”

“ဟုတ်တယ်” ကျွင်းချောင်ရှောင်းလည်း ထိုသို့တွေးမိ၏။ အရှေ့ဟယ်ကျူးထဲတွင်ရှိသော ခမ်းခြောက်နေသော သစ်ပင်များ တည်ရှိရာနေရာသည် မည်သည့်သဲလွန်စများ မကျန်ရှိခဲ့ချေ။ ဒါကြောင့် သူ့အနေဖြင့် ဆက်လက် ရှာဖွေချင်သော်လည်း မည်သို့ရှာဖွေရမည်ကို မသိရှိချေ။

“ဂိုဏ်းချုပ်ကျွင်း”

ခဏလောက် လျှောက်ပြီးသည့်နောက် ခန်းမသခင်၏ မျက်လုံးများသည် အလုံးစုံ ပြန်လည် ကောင်းမွန်လာသည်ကို အတည်ပြုပြီးသည့်နောက် ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွဲ့တို့သည် ဂိုဏ်းချုပ်ကျွင်း၏ အရှေ့သို့ ရောက်ရှိလာပြီး ဒူးထောက်ကာ ဦးညွတ်လိုက်၏။ “ကျေးဇူး အများကြီးတင်ပါတယ်”

အတိတ်တုန်းက သူတို့သည် ကျွင်းချောင်ရှောင်းကို မုန်းတီးခဲ့၏။ သို့ပေမဲ့ အဆိပ်ကိုးပါး နန်းတော်ထဲတွင် ဖြစ်တည် ခဲ့သည့် ကိစ္စရပ်များအားလုံး ပြီးသည့်နောက်မှာတော့ ထိုလူသည် ခန်းမသခင်ကို ကယ်တင်ရန်အတွက် အဆိပ်ချောက်နက်ထဲသို့ပင် ခုန်ချခဲ့သေး၏။ ထိုအချင်းအရာကို မြင်သည့်နောက်မှာတော့ သူတို့၏ အမူအကျင့်နှင့် စိတ်နေ စိတ်ထား အားလုံးတို့သည် ပြောင်းလဲသွားတော့သည်။

ဂိုဏ်းချုပ်ကျွင်းအနေနှင့် ရှစ်ကျန်းရွမ်ကို နံရံတွင်ကပ်ကာ မေးစေ့ကို လက်လေးနှင့်ကိုင်၍ ကျုပ်ရဲ့ မိန်းမလုပ်စမ်း ဟု မာမာတင်းတင်း ပြောမည်ဆိုလျှင်ပင် ဤအကြီးအကဲနှစ်ယောက်သည် ကျိန်းသေပေါက် ထ၍ ငြင်းပယ်လိမ့်မည် မဟုတ်ချေ။ မမြင်ချင်ယောင်ပင် ဆောင်နေမိပေလိမ့်မည်။

မိမိ အသက်အန္တရာယ်ကို ဂရုမစိုက်ဘဲ အဆိပ်ငါးပါးရှိနေသည့် ချောက်နက်ထဲသို့ ခုန်ဆင်းခဲ့သည့် အမျိုးသား တစ်ယောက်သည် ဘဝတစ်ခုလုံး ပုံအပ်၍ ယုံကြည်ရလောက်အောင် ထိုက်တန်သည့် အမျိုးသား တစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။

သို့ပေမဲ့ ဤအရာသည် အကယ်၍သာဟူသော ကိစ္စသာဖြစ်သည်။

အစစ်အမှန်တရားမှာတော့ ဂိုဏ်းချုပ်ကျွင်းသည် သူ၏လက်ကို ယမ်းခါပြီးသည့်နောက် အကြီးအကဲနှစ်ယောက် ဒူးထောက်သည့်အခြေအနေကို တားဆီးလိုက်၏။ ပြီးနောက် ပြောလိုက်တော့သည်။ “ခန်းမသခင်ရှစ်နဲ့ ကျုပ်က မိတ်ဆွေတွေလေ၊ မိတ်ဆွေတွေ ဒုက္ခရောက်ပြီဆိုရင် လာပြီး ကယ်တင်ရမှာ သဘာဝပဲ မဟုတ်လား၊ ကျေးဇူးတင်ဖို့ မလိုဘူး”

All Chapters