← Chapters

အခန်း (၈၃၈)

Vol. 57 Ch. 838

အခန်း (၈၃၈)

Vol. 57 Ch. 838

ရှစ်ကျန်းရွမ်သည် အမြင်အာရုံကို ပြန်လည်ရရှိခဲ့သည်ဆိုသော်လည်း သူမအနေဖြင့် ထပ်မံ၍ ရူးသွပ်မသွားချေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် သူမ၏စိတ်များ ပြန်လည်လွတ်သွားမလားဆိုသည်ကို သိချင်သောကြောင့် အလွန်တရာဆိုးရွားပြီး ဝမ်းနည်းဖွယ်ရာကောင်းလှသော ပုံပြင်များကို ပြောဆိုလျက်ရှိနေ၏။

သူမသည် နားထောင်ပြီးသွားသည်နှင့်တစ်ပြိုင်နက် မျက်မှောင်ကုတ်လျက်ရှိ၏။ အလွန်အမင်းကို စိတ်ပျက်ဝမ်းနည်း သည့် အမူအရာများဖြစ်တည်လျက်ရှိသည်ဆိုသော်လည်း သာမန်ပင်ဖြစ်နေသည်။ ရူးသွပ်ခြင်းကိုတော့ မရောက်ရှိ သွားခဲ့ချေ။

လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည် သူမ စုပ်ယူခဲ့သောစွမ်းအင်များမှာ သူမအားမတူညီသည့် ကိုယ်ရည်ကိုယ်သွေးနှင့် အခြားသောလူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည့်အရာဖြစ်သည်ဖြစ်ကြောင်း အနှစ်ချုပ်လိုက်မိတော့၏။

ပြီးသည့်နောက်မှာတော့ သူဆုံးဖြတ်လိုက်မိ၏။ “ဒီအရာကို ပြန်ပြီးတော့ ထုတ်ပေးလို့မရဘူး။ မဟုတ်ရင် ခန်းမသခင်ရဲ့ ခန္ဓာကိုယ်ထဲကို ပြန်ပြီး ဝင်သွားလိမ့်မယ်။ ဒီတော့ လောလောဆယ်ကို ချုပ်နှောင်ထားမှဖြစ်လိမ့်မယ်။”

လေစုပ်စက်ကြီး၏ အတွင်းနံရံသည် အလွန်တရာ အားကောင်းလွန်းလှ၏။ မသန့်ရှင်းသော စွမ်းအင်များအားလုံးသည် အပြင်ဘက်သို့ ထွက်ပေါ်မလာနိုင်ကြချေ။ အထဲတွင် အချိန်အတော်ကြာ ချုပ်နှောင် ထားနိုင်စွမ်းရှိ၏။

ဂိုဏ်းချုပ်ကျွင်းသည် သူ့အနေနှင့် ထပ်မံ၍ ကြိုတင်ပြင်ဆင်သင့်သည်လားဆိုသည်ကို သေသေချာချာစဉ်းစားလျက် ရှိနေသည်။

“ဂိုဏ်းချုပ်ကျွင်း”

ရှစ်ကျန်းရွမ်က ပြောလိုက်၏ “တခြားပုံပြင်တွေရှိသေးလား။”

“ရှိတာပေါ့။”

ကျွင်းချောင်ရှောင်းသည် ခြေကိုချိတ်ထိုင်၍ ပန်းသီးတစ်လုံးကို အသာကိုက်ကာဖြင့် ပြောလိုက်သည်။ “မနေ့ကတုန်းက ပြောပြတာက ရိုမီရိုနှင့်ဂျူးလိယက်ဆိုတဲ့ ဇာတ်လမ်းဘဲ။ ဒီနေ့ပြောပြမယ့်အကြောင်းက မြန်မာနိုင်ငံအကြောင်းပဲ”

စနစ် “………”

ဤနိုင်ငံ၏အကြောင်းလောက် သနားစရာ၊ ဝမ်းနည်းစရာကောင်းသည့် အကြောင်းမျိုး ရှိတော့မည်ပင် မပေါ်ချေ။

“ကောင်းပြီ။”

ရှစ်ကျန်းရွမ်သည် မျက်လုံးအပြူးသားဖြင့် စိတ်ပါဝင်စားစွာဖြင့် နားထောင်ရန် စောင့်မျှော်နေ၏ “ပုံပြင်ကတော့ ဒီလို ……။”

နားထောင်ပြီးသည့်နောက်မှာတော့ ရှစ်ကျန်းရွမ်သည် မျက်ရည်အဝဲသားနှင့်ဖြစ်နေ၏။ သူမသည် မျက်မှန်ကို အသာ ချွတ်ကာ မျက်ရည်များကို သုတ်လိုက်၏။ ပြီးနောက် စိတ်ပျက်ဝမ်းနည်းသည့်အသံဖြင့် ပြောလိုက်တော့၏။

“ဘာလို့ လူတွေက တကိုယ်ကောင်းဆန်ကြတာလဲ”

“ဟင်း”

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ချစ်ခြင်းမေတ္တာတွေ နည်းပါးလွန်းလို့ပေါ့။ လောကကြီးမှာ ချစ်ခြင်းမေတ္တာဆိုတာက ဘာလဲ။ လူတွေကို အတူတကွနေထိုင်ပြီး အတူတကွသေဆုံးဖို့အတွက် သင်ပြပေးတဲ့အရာဟာ ချစ်ခြင်းမေတ္တာများဖြစ်နေမလား။”

“ခန်းမသခင်ရှစ်။”

ခနလောက်ရပ်တန့်ပြီးသည့်နောက်မှာ သူကပြောလိုက်သည် “မနက်ဖြန်ကျရင် ဒီထက်ကောင်းတဲ့ပုံပြင်ကို ပြောပြအုံးမယ်လေ။ အဲဒီအကြောင်းအရာက တိုင်တန်းနစ်တဲ့။”

စနစ်သည် မည်သို့မျှမနေနိုင်တော့ဘဲ ထ၍ ပြောလိုက်မိသည် “တော်ပါတော့ ငါ ပါ ငိုချင်လာပြီ”

“တော်စမ်း။”

……

လမ်းပေါ်မှာတော့ အလွန်တရာလှပလှသည့် ရှုခင်းများကို မြင်ရသည့်အချိန်တိုင်းတွင် ကျွင်းချောင်ရှောင်းသည် ရပ်တန့်ကာဖြင့် ရှစ်ကျန်းရွမ်ကို သေသေချာချာကြည့်ရှုစေ၏။

တခြားသောသူများအားလုံးသည်လည်း သူတို့နှစ်ယောက်ကို နှစ်ယောက်တည်းအတူရှိစေရန် အခွင့်အရေးပေး၍ အသာ ရှောင်ထွက်နေကြသည်။

“ဒါကရေတံခွန်လေ။”

ရှစ်ကျန်းရွမ်သည် စကြဝဋ္ဌာ ဆီမှ ဆင်းသက်လျက်ရှိသော နဂါးငွေ့တန်းကဲ့သို့သောအရာကြီးကို ကြည့်ရှုပြီးသည့်နောက် သူမ၏အပြုံးများသည် ပိုမို၍ တောက်ပလာခဲ့တော့သည်။

ရက်အနည်းငယ်အတွင်း သူမသည် ဤရောင်စုံလောကကြီးနှင့် အသားကျနေခဲ့ပြီဖြစ်၏။ သူမ၏စိတ်အခြေအနေ တစ်ခုလုံးသည်လည်း ပိုမို၍ ကောင်းမွန်လာခဲ့၏။

ဟုတ်ပေသည်။ သူမသည် ကျွင်းချောင်ရှောင်းကြောင့် အလင်းကို ပြန်လည်ရရှိခဲ့သည်ဖြစ်ကြောင်းကို ကောင်းကောင်းနားလည်၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းကို ကြည့်လိုက်သည့်အချိန်တိုင်းတွင် သူမသည် ရှက်ရွံ့ကာဖြင့် ပါးများနီမြန်းလျက် ရှိနေတော့သည်။

ကျွင်းချောင်ရှောင်းမှာတော့ များများစားစား တွေးတောမနေချေ။ သူသည် အချိန်ရှိသည်နှင့်တစ်ပြိုင်နက် ဖုန်စုပ်စက်ထဲတွင်ရှိနေသော ထူးဆန်းသည့်စွမ်းအင်များကို လေ့လာလျက်ရှိနေ ၏။ ဤအရာသည် လူတစ်ယောက်၏ အားအင်အဆင့်ကို အဆပေါင်းများစွာ ပိုမိုတိုးပွားလာစေ၏။ ထိုထက်မကပင် တိုးပွားနိုင်သေး၏။

သေသေချာချာဆန်းစစ်လေ့လာကြည့်မည်ဆိုလျှင် အရှုံးမရှိနိုင်သောအရာမျိုးဖြစ်၏။ ဆိုးရွားသည်မှာ သူ၏လေ့လာမှု အရ မည်သည့်ထူးခြားမှုကိုမှ မရရှိသေးချေ။

နောက်တစ်ရက်မှာတော့သူသည် လမ်း၏ထောင့်ဆုံးနေရာတစ်ခုဆီသို့ ရောက်ရှိသွားခဲ့၏။

“ခန်းမသခင်ရှစ်။”

ကျွင်းချောင်ရှောင်းသည် ရပ်တန့်လိုက်၏။ ပြီးနောက် လက်သီးကိုဆုပ်ကာဖြင့် ပြောလိုက်၏။ “ဒီနေရာမှာ လမ်းခွဲကြတာပေါ့။ လမ်းမှာဂရုစိုက်ပါ။”

“ကောင်းပါပြီ။”

ရှစ်ကျန်းရွမ်က ခေါင်းညိတ်လိုက်၏ သို့ပေမဲ့ သူမသည် ထွက်ခွာခါနီးမှာဘဲ အသာလှည့်ကာ ပြောလိုက်၏။ “ကျေးဇူးပါ။ ဂိုဏ်းချုပ်ကျွင်း။ ကူညီပေးတဲ့အတွက်လေ။ ဒီကြင်နာမှုကို ကျွန်မက အမြဲတမ်းမှတ်ထားပါ့မယ်။”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏ “ကျုပ်တို့က မိတ်ဆွေတွေလေ။”

“မိတ်ဆွေတွေဆိုမှတော့ ဘာလို့ မဟာမိတ်မဖွဲ့ရမှာလဲ။ ရှစ်ကျန်းရွမ် ပြုံးကာပြောလိုက်တော့သည်။

တောင်ပြာဂိုဏ်းနှင့် ပြိုင်စံရှားဂိုဏ်းတို့သည် မဟာမိတ်ဖွဲ့စည်းခဲ့သည့်အချိန်တုန်းက သူမထိုအကြံအစည်ကို ရရှိခဲ့ခြင်း ပင်ဖြစ်၏။ ထို့ကြောင့် သူမသည်လည်း ထိုစဉ်ကတည်းက မဟာမိတ်ဖွဲ့ချင်ခဲ့၏။

သို့ပေမဲ့ အကြီးအကဲများ ငြင်းပယ်မည်ကို သိရှိသောကြောင့် ကျွင်းချောင်ရှောင်းကို အားနာပြီး ဤကိစ္စကို မပြောခြင်းသာဖြစ်သည်။ လက်ရှိအချိန်မှာတော့ ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွဲ့တို့သည် သူမကို ထောက်ခံအားပေးနေကြပြီဖြစ်သည်။

ဂိုဏ်းချုပ်ကျွင်းက ပြောလိုက်သည်။ “သေချာတာပေါ့။”

ဂိုဏ်းတစ်ခုအနေနှင့် များပြားလှသော မဟာမိတ်ရှိသည်ဆိုသည်မှာ သာမန်ပင်ဖြစ်တော့သည်။ သူ့အနေနှင့် များလေ ကောင်းလေဟုသတ်မှတ်ထားခဲ့၏။

“ပြန်ရောက်တာနဲ့ လူသိရှင်ကြားကြေညာလိုက်မယ်လေ။” ရှစ်ကျန်းရွမ်က ပြောလိုက်သည်။

“ကောင်းပါပြီ။”

ဤသို့နှင့်ပဲ မဟာမိတ်ဖွဲ့စည်းခြင်းကိစ္စသည် အလွန်တရာလေးနက်ခန်းနားလွန်းသော စားပွဲဝိုင်းကြီးများတွင် ဖြစ်တည်ခဲ့ခြင်းမဟုတ်ဘဲ တောနက်တစ်ခုထဲ၌ ဂိုဏ်းချုပ်နှစ်ယောက်၏ သဘောတူညီမှုနှင့် ဖြစ်တည် သွားခဲ့ရပြီဖြစ်သည်။ အကျိုးသက်ရောက်မှုမှာတော့ ထိပ်တန်းအဆင့်ဟုပင်ဆိုရမည်။

“နှုတ်ဆက်ပါတယ်။”

“နှုတ်ဆက်ပါတယ်။”

ရှစ်ကျန်းရွမ်သည် နှမြောတသနှင့် အကြီးအကဲနှစ်ယောက်ကို ခေါ်ဆောင်ကာ မြောင်ဟွာခန်းမဆီသို့ ပြန်သွားတော့ သည်။

ကျွင်းချောင်ရှောင်းမှာတော့ သူ၏ ဂိုဏ်းအကြီးအကဲနှစ်ယောက်ကို ခေါ်ဆောင်ကာ ပြိုင်စံရှားဂိုဏ်းဆီသို့ ဦးတည် တော့၏။

“အကြီးအကဲဝေ”

လမ်းတစ်လျှောက်မှာတော့ ကျန့်ရာက တီးတိုးပြောလိုက်သည် “အကြီးအကဲလန့်က ထွက်သွားပြီ။ ဘာလို့ တစ်ခုမှ မပြောတာလဲ။”

“အင်း”

အကြီးအကဲဝေက သက်ပြင်းချလိုက်သည်။

အဆိပ်တစ်ထောင်သစ်တောထဲက ပြန်လာပြီးသည့်နောက်မှာတော့ သူသည် တောက်လျှောက်လုံး တိတ်ဆိတ် ငြိမ်သက်နေ၏ ပြောရမည်ဆိုလျှင် သူတစ်ကြိမ်ချစ်ခဲ့ဖူးသော မိန်းခလေးတစ်ယောက်၏ သေဆုံးခြင်းကို လက်သင့်မခံနိုင်သလို ဖြစ်နေ၏။

အနည်းငယ် ငူငူငေါင်ငေါင်ဖြစ်နေသော အကြီးအကဲဝေကို ကြည့်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းက ပြောလိုက် သည်။

“ဒီလိုဆိုရင် ဂိုဏ်းဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကို ပိုပြီးအာရုံစိုက်ထားပေါ့။ ဒါမှ အနာဂတ်မှာ ကိုယ်ချစ်တဲ့လူတွေကို ပိုပြီးတော့ နာကြင်စေတာမျိုး၊ ထိခိုက်စေတာမျိုးကို ရှောင်လွဲနိုင်မှာ မဟုတ်လား။”

စနစ်က စောဒက တက်လိုက်သည် “စော်ရှိမှ ဒီစကားတွေကို ပြောတာကောင်းမယ်။”

…..

ပြိုင်စံရှားဂိုဏ်း …….။

ကျွင်းချောင်ရှောင်း ပြန်ရောက်လာပြီးသည့်နောက်မှာတော့ သူသည် မြောင်စိုင်းဖန်အား ကြိုးဖြင့်ချည်နှောင်ကာဖြင့် အကျဉ်းထောင်ထဲတွင် ချုပ်နှောင်ထားခဲ့တော့သည်။

ကျိုးဒူဒူသည် အလွန်ပင်ပျော်ရွှင်သွားခဲ့၏။ သူ၏ အခန်းဖော်အသစ်သည် အလွန်တရာလှပလှသော မိန်းမလှလေးဖြစ်လိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ပေ။

သို့ပေမဲ့ ညသို့ရောက်သည့်အချိန်မှာတော့ အားရပါးရအော်ဟစ်လျက်ရှိနေ၏။ အဘယ့်ကြောင့်ဆိုသော ဤအမျိုးသမီး သည် ကြိုးချည်ခံထားရပြီး သူမ၏ မရီဒန်များသည် စည်းခတ်ခြင်း ကိုခံထားရသည်ဆိုသော်လည်း ကြောက်မက် ဖွယ်ရာကောင်းလှသော ပင့်ကူ၊ ကင်းမြီးကောက်နှင့် တခြားသော အဆိပ်ရှိသတ္တဝါများအားလုံးသည် ထောင်ထဲတွင် မည်သည့်နေရာမှမှန်းမသိ ပေါ်ပေါက်လာခဲ့တော့သည်။

သူသည် အကျဉ်းထောင်၏ ပြတင်းပေါက်သံတိုင်နှစ်ခုကို ကိုင်ကာ ကြောက်မက်ဖွယ်ရာ အော်ဟစ်လျက်ရှိနေ၏။ “ဂိုဏ်းချုပ်ကျွင်း … ထောင်ပြောင်းပေးပါ။ ထောင်ပြောင်းပေးပါ။”

“ဂိုဏ်းချုပ်”

ကျန့်ရာက မေးလိုက်၏။ “ဒီမိန်းကလေးကို ဆက်ပြီးတော့ ချုပ်နှောင်ထားအုံးမှာလား။”

“အင်း”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အရင်ဆုံးချုပ်ထားကြတာပေါ့။”

တင်းရှင်းဝမ်က အကြံပြုလိုက်သည်။ “အဆိပ်အတတ်ပညာကို အဆုံးစွန်ထိ နားလည်တတ်ကျွမ်းဖို့ဆိုတာကလည်း မလွယ်ဘူးလေ။ ဂိုဏ်းချုပ်အနေနှင့် သူမဘာသာ အညံ့ခံလာဖို့လုပ်နိုင်ရင် အကောင်းဆုံးဖြစ်လိမ့်မယ်။”

“အင်း။ ဟုတ်တယ်။” နင် ညီအစ်ကိုတို့ကလည်း သဘောတူညီလိုက်ကြ၏။

ကျွင်းချောင်ရှောင်းအနေဖြင့် မြောင်စိုင်းဖန်ကို ဤကဲ့သို့ ခေါ်ဆောင်လာခြင်းမှာလည်း ထိုသို့သော ရည်မှန်းချက်မျိုးရှိ သောကြောင့်ပင်ဖြစ်တော့၏။ သို့ပေမဲ့ သူမသည် ကြိုးနှင့်ချည်နှောင်ခံရပြီး သေမလိုအခြေအနေထိ ဖြစ်နေသည်တောင်မှ ခေါင်းမာလျက်ရှိနေသေး၏။ လွယ်လွယ်ကူကူနှင့်အညံ့ခံနိုင်မည့် ပုံပန်းသွင်ပြင်ကို မရှိချေ။

ဤသို့ဆိုမှတော့ သူမအား အရင်ဆုံးချုပ်နှောင်ထားမှဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ ဂိုဏ်း၏ နံပါတ်တစ် တသက်တကျွန်း အကျဉ်းသားကြီး သေဆုံးသွားခြင်းမှ ကာကွယ်ရန်အလို့ငှာ ကျွင်းချောင်ရှောင်းသည် မြောင်စိုင်းဖန် အား အသာထုတ်ယူ၍ တခြားသော အခန်းတစ်ခုတွင် ချုပ်နှောင်ထားခဲ့သည်။

ထိုအချိန်ကြမှသာ ကျိုးဒူဒူသည် စိတ်သက်သာရာရကာ သက်ပြင်းချမိ၏။ သူသည် ရင်ဘတ်ကို အသာဖိကိုင်ကာ ပြောလိုက်၏။ “နတ်ဆိုးဘုရင်တွေထက်တောင်မှ ဒီအဆိပ်ရှိတဲ့မိန်းမက ကြောက်ဖို့ပိုကောင်းတာပဲ။”

……..

ရက်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ မြောင်ဟွာခန်းမသည် ပြိုင်စံရှားဂိုဏ်းနှင့် မဟာမိတ်ဖွဲ့စည်းလိုက်သည် ဖြစ်ကြောင်း တရားဝင်ကြေညာခဲ့တော့၏။

အတိတ်တုန်းကသာဆိုပါက ကျွင်းချောင်ရှောင်းအနေနှင့် အဆင့်(၄)ဂိုဏ်းတစ်ခုနှင့် မဟာမိတ်ဖွဲ့ရခြင်းသည် အလွန် ကောင်းမွန်သည့်အရာဖြစ်လိမ့်မည်ဟု လူတိုင်းက ချီးကျူးပြောဆိုပေလိမ့်မည်။ သို့ပေမဲ့ ဒီအခြေအနေမှာတော့ အဆင့်(၄)ဂိုဏ်းတစ်ခုသည် ပြိုင်စံရှားဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ရသည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်သင့်ကြောင်း တလောကလုံးရှိလူများက သတ်မှတ်ကြတော့သည်။

ဤကဲ့သို့ မဟာမိတ်ဖွဲ့ခြင်းသည် ထူးခြားသည့်ကိစ္စရပ်ကြောင့်မဟုတ်ပေ။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်း ဂိုဏ်းချုပ်နှင့် မြောင်ဟွာခန်းမသခင်တို့ကြားထဲ ထုတ်ဖော်ပြောဆို၍မရသော ရင်းနှီး ပတ်သက်မှုမျိုးရှိနေမည်ဟု အခြားသောသူများသည် အစောကတည်းက တွေးထင်ထားကြ၏။ ယခု မဟာမိတ်ဖွဲ့လိုက်ပြီဆိုသောကြောင့် ထိုအချင်းအရာသည် ပိုမို၍ သေချာသွားခဲ့ပြီဖြစ်၏။

“အနာဂတ်မှာ မြောင်ဟွာခန်းမကို သွားပြီးတော့ ပြဿနာမရှာကြနဲ့။”

“သေသေချာချာနားထောင်ကြ။ မင်းတို့တွေအနေနဲ့ အပြင်ကိုထွက်လို့ မြောင်ဟွာခန်းမရဲ့တပည့်တွေနဲ့ တွေ့မယ်ဆိုရင် သတိထားကြ။ သူတို့နဲ့ သွားမရှုပ်မိစေနဲ့။”

အဆင့်(၄)ဂိုဏ်းနှင့် အဆင့်(၅)ဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲများအားလုံးသည် ၎င်းတို့၏တပည့်များကို အထူးမှာကြားလျက်ရှိကြ၏။ ပြိုင်စံရှားဂိုဏ်းကို သွား၍ ရှုပ်ထွေးခြင်းသည် ကောင်းမွန်သော အရာဖြစ်လာနိုင်မည်မဟုတ်ချေ။

“သတင်းအချက်အလက်ကွန်ယက်ကို တည်ထောင်တာ ဘယ်လိုအခြေအနေရှိလဲ။” ယနေ့မှာတော့ ကျွင်းချောင်ရှောင်းသည် မိုးဆွေဟောခန်းဆီသို့ ရောက်ရှိလာပြီး အခြေအနေကို မေးမြန်းတော့၏။

လီလိုရှုသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ မြေပုံကို ထုတ်ယူကာ စီရင်စုအနည်းငယ်ကို လက်ညိုးညွှန်ပြလိုက်သည်။ “အနည်းဆုံးစီရင်စု ငါးနေရာမှာတော့ နေရာချထားပြီ။ အရှေ့တောင်ဘက်က ချဲ့ထွင်နေတုန်းပဲ။ တည်နေရာကြီး တစ်ခုလုံးကို ဖြန့်ကျက်ဖို့ဆို တစ်လလောက်ကြာလိမ့်မယ်။”

“ကောင်းပြီ။ ဆက်ပြီးတော့လုပ်ထားပါ။”

သတင်းအချက်အလက်ကွန်ယက်ကြီးကို ပိုမို၍ တိုးပွားလာစေရန် တပည့်များကိုသာ အားကိုးနေလျှင် အကျိုးသက်ရောက်မှု ကြီးမားလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် လွတ်လပ်သော ကျင့်ကြံသူများကိုလည်း ငှားရမ်းဖို့အရေးကြီးလှ၏။

မိုးဆွေဟောခန်းသည် သတင်းအချက်အလက်ကွန်ယက်များကို ဖုံးလွှမ်းအောင် ပြုလုပ်နိုင်သော ဌာနတစ်ခုပင် ဖြစ်တော့၏။

ဤနေရာတွင် ဂိုဏ်း၏တပည့်များအားလုံးသည် အသေးစားသာ ပါဝင်ကြ၏။ သတင်း အချက်အလက် များများစားစား သည် လွတ်လပ်သော ကျင့်ကြံသူများဆီမှ ရရှိကြခြင်းဖြစ်ပြီး ၎င်းသတင်းများအား ငွေဖြင့်ပေး၍ ဝယ်ယူကြခြင်းပင်ဖြစ်သည်။

ထို့ပြင် ဤကဲ့သို့ သတင်းအချက်အလက်များကို ကောင်းမွန်စွာ စုစည်းပေးထားနိုင်သောသူများသည် ဌာနခွဲများ၏ ထောက်ခံမှုကိုရပြီး ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းသားများအဖြစ် ဖြစ်လာကြ၏။

ပြိုင်စံရှားဂိုဏ်းသည် လက်ရှိအချိန်တွင် တပည့်များကို ခေါ်ယူရာတွင် နည်းလမ်း(၂)မျိုး ရှိနေ၏။ တစ်ခုသည် တောင်၏ ဂိတ်တံခါးတွင် စမ်းသပ်မှုကို ဝင်ရောက်ဖြေဆိုပြီး ဂိုဏ်းထဲသို့ ဝင်ရောက်ခွင့်ရခြင်းဖြစ်ပြီး ဒုတိယနေရာမှာတော့ ဂိုဏ်း၏ ဌာနခွဲများတွင် ကောင်းကောင်းမွန်မွန်နှင့် အလုပ်လုပ်ကိုင်၍ ကောင်းမွန်သည့် အရည်အချင်းကို ပြသနိုင်မည်ဆိုပါက ဂိုဏ်းသားအဖြစ် ခေါ်ယူခြင်းပင်ဖြစ်သည်။

ဤကဲ့သို့သော ဂိုဏ်းသားအသစ်စုဆောင်းမှုသည် အလုံးစုံကောင်းမွန်စွာ လည်ပတ်နေပြီဖြစ်သောကြောင့် ကျွင်းချောင်ရှောင်းအနေဖြင့် တပည့်အသစ်များကို ခေါ်ယူရန် သေသေချာချာစဉ်းစားနေစရာ မလိုအပ်တော့ချေ။

လီချင်းယန်မှာလည်း ဆေးအရင်းပင်များနှင့်ပတ်သက်၍ အလုံးစုံတာဝန်ယူထားခဲ့သည်။ ထို့ကြောင့် ကျိန်းသေပေါက် သူ့အနေနှင့် သက်တောင့်သက်သာဖြစ်လျက်ရှိနေ၏။

“ဇိမ်ကျလိုက်တာ။”

စာကြည့်ခန်းထဲက ထိုင်ခုံမှာ အသာလဲှပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် မျက်လုံးကို မှိတ်ကာဖြင့် တရေးနှပ် လိုက်၏။ သူ့အနေနှင့် များပြားလှသောကိစ္စများ လုပ်စရာရှိသည်ဆိုသော်လည်း သူမပါဘဲနှင့် ဂိုဏ်းသည် အလိုလိုလည်ပတ် နေပြီဖြစ်၏။ ထို့ကြောင့် သူ့အနေနှင့် စိတ်ပူပန်စရာကိစ္စများ လျော့နည်းလာခဲ့တော့သည်။

အလုံးစုံလက်လွှဲပေးနိုင်တဲ့ ဆရာကြီး။ …. ဤကဲ့သို့သောနေ့မျိုးကို ရောက်ရန် သူအမှန်ပင် မျှော်လင့်နေမိ၏။

“သြော်၊ ဟုတ်သားပဲ”

ကျွင်းချောင်ရှောင်းသည် မျက်လုံးကို ဖွင့်ကာဖြင့် ပြောလိုက်၏ “ဂြိုဟ်တိုက်ပွဲ တည်နေရာကို အရင်ဆုံးထုတ်ပြီးတော့ ကြည့်ရှုရမယ်။”

All Chapters