အခန်း (၈၄၂)
Vol. 57 Ch. 842
ဤရက်စက်လှသော ဂြိုဟ် တိုက်ပွဲအတွင်းတွင် ကိုယ်သေလျှင်သေ၊ မသေလျှင် သူသေရမည်ဖြစ်၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းအနေနှင့် တိုက်ခိုက်သည့်အချိန်တွင် မည့်သို့သော သက်ညှာမှုမျိုးကိုမှ မပြသခဲ့ချေ။ လှုပ်ရှား တိုက်ခိုက်မှု တစ်ကွက်တည်း နှင့်တင် သူသည် သတ်ဖြတ်ခဲ့သည်။ ဒုတိယတစ်ကွက်ကိုပင် မသုံးခဲ့ချေ။ ဒီလိုနှင့် မိနစ် အနည်းငယ်အတွင်း တခြားသောဂြိုဟ်များရှိ ကျင့်ကြံသူ ဆယ့်ကိုးယောက်တို့သည် သေဆုံးသွားခဲ့ပြီဖြစ်၏။
ကြယ်ကြွေကုန်းမြေတိုက်မှ မည်သူမျှသည် ဤအချင်းအရာကို မမြင်ရခြင်းမှာ နှမျောစရာတော့ကောင်း၏။ မဟုတ်ပါက ၎င်းတို့ အားလုံးသည် ပြင်းပြင်းထန်ထန် ထိတ်လန့်တုန်လှုပ်သွားကြမှာ သေချာသည်။ ထို့အပြင် ကျွင်းချောင်ရှောင်း သတ်ဖြတ်ခဲ့သောသူများထဲတွင် အဆင့်ရှစ်သိုင်းအုပ်စိုးသူနှင့် နှိုင်းယှဉ်၍ရသော လူများဖြစ်သည်။
ကြီးမားသောဂိုဏ်းကြီးများမှဆိုလျှင် ထိုကဲ့သို့သော ကျင့်ကြံသူအဆင့်များ သေဆုံးသွားခြင်းဆိုသည်မှာ ကြီးမားသော ဆုံးရှုံးမှုပင် ဖြစ်ပေလိမ့်မည်။
ဟုတ်ပေသည်။ ကြယ်ကြွေကုန်းမြေ တိုက်ကြီးတွင် ကျွင်းချောင်ရှောင်းသည် ဤမျှ များပြားသော သိုင်းအုပ်စိုးသူ များကို သတ်ဖြတ်ရန် အခွင့်အရေး မရခဲ့ချေ။ သိုင်းအုပ်စိုးသူများမှာ ၎င်းတို့၏အသက်ကို ၎င်းတို့ ကောင်းကောင်း သိကြသူများဖြစ်၏။ ထို့ကြောင့် အဆင်ခြင်မဲ့ ဤကဲ့သို့ လာရောက်တိုက်ခိုက်မှုမျိုးကို မပြုလုပ်ကြပေ။
ထို့အပြင် ပြိုင်စံရှားဂိုဏ်း၏ လက်ရှိအားအင်အဆင့်အရဆိုလျှင် သိုင်းအုပ်စိုးသူတစ်ဒါဇင်ကျော်တို့သည် ရောက်ရှိလာပြီး တိုက်ခိုက်ဖို့ဆိုသည်မှာ လွယ်ကူသည့်ကိစ္စတော့ မဟုတ်ချေ။ သေခြင်းရှင်ခြင်း အခြေအနေမျိုးနှင့် ရင်ဆိုင်ရမှ သာလျှင် ဤမျှများပြားသော သိုင်းအုပ်စိုးသူများရောက်ရှိ၍ လာရောက်တိုက်ခိုက်မည်ဖြစ်သည်။
မတူညီသော ဂြိုဟ်ကြီးသုံးခုဆီမှ သိုင်းကျင့်ကြံသူ ဆယ့်ကိုးယောက်တို့သည် သေဆုံးသွားခဲ့ပြီဖြစ်သည်။ လူ တစ်ယောက်ကို အမှတ်သုံးရာပေးစွမ်းခဲ့ပြီး တခြားသောလူဆယ့်ခြောက်ယောက်တို့မှ တစ်ရာခြောက်ဆယ်မှတ်ကို ရရှိ၏။ ထို့ကြောင့် စုစုပေါင်းအားဖြင့် သီလအမှတ် လေးရာခြောက်ဆယ်အထိ ရရှိခဲ့ရ၏။
ဝှစ်
ကျွင်းချောင်ရှောင်းသည် သူ၏ဓားကိုဝှေ့ယမ်းပြီးသည့်နောက်မှာတော့ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူနှင့် နှိုင်းယှဉ်၍ ရနိုင်သော ကျင့်ကြံသူတစ်ယောက်ကို လှမ်း၍ ကြည့်လိုက်၏။ ပြီးနောက် ထူးမခြားနားသလို ပြောလိုက်သည်။ “နောက်ဆုံးတော့ သားကောင်က တစ်ကောင်ပဲ ကျန်တော့တာပဲ”
များပြားလှသော ဂြိုဟ်များအသီးသီးမှ စွမ်းအားမြင့် ကျင့်ကြံသူများသည် သူ့အား သားကောင်အဖြစ် သတ်မှတ် ခဲ့၏။ အဆုံးသတ်မှာတော့ ၎င်းတို့အားလုံးသည် သားကောင်အဖြစ် ပြန်လည်ဖြစ်တည်သွားခဲ့သည်။ ဤအရာမှာ အခြေအနေဆိုးသည်ဟု ဆိုရမည်။
သူတော်စင်တစ်ပိုင်းကျင့်ကြံသူသည် ထူးမခြားနားသလို ပြောလိုက်၏။ “မင်း ဒီကို တစ်ယောက်တည်း ဝင်လာရဲ တယ်ဆိုတာ အံ့အားသင့်စရာတော့ မဟုတ်တော့ဘူး၊ မင်းမှာ စွမ်းရည်တချို့တော့ ရှိတာပဲ ၊ ဒါပေမဲ့”
ခဏလောက် ရပ်တန့်ပြီးသည့်နောက် သူသည် အေးစက်စက် အကြည့်ဖြင့် ပြောလိုက်သည်။ “မင်းသေရမှာပဲလေ”
ဤစွမ်းအားမြင့် ကျင့်ကြံသူသည် တခြားသောသူများနှင့် ပူးပေါင်း၍ တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သေး၏။ သို့ပေမဲ့ ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်မှ ကျင့်ကြံသူ သတ်ဖြတ်ခံရသည်ကို မြင်ပြီးနောက် သူသည် ဘေးတစ်ဖက်တွင် မတ်တပ်ရပ်၍ ကြည့်ရန်သာ ဆုံးဖြတ်ခဲ့၏။
အဘယ့်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဤကြယ်ကြွေကုန်းမြေတိုက်ကြီးမှ ကျင့်ကြံသူသည် အလွန်တရာ အားကောင်းနေ၏။ ၎င်းအနေနှင့် များပြားလှသော ကျင့်ကြံသူများကို သတ်ဖြတ်သည့်အတွက် သီလအမှတ်များ ဖြည်းဖြည်းချင်း ရရှိသွားမှာဖြစ်သည်။ အချိန်ရောက်လာပြီဆိုလျှင် ထိုသို့ သီလအမှတ်များ များပြားစွာ ရရှိထားသူကို သူက ပြန်လည်သတ်ဖြတ်မည် ဆိုလျှင် သူသာလျှင် ပိုမိုများပြားသည့် သီလအမှတ်များကို ရမှာ သေချာ၏။ ထို့ကြောင့်ပင် စောင့်စားနေခြင်း ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် အလွန်တရာ အားကောင်း၏။ ဤအချင်းအရာနှင့်ပတ်သက်၍ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူသည် ကောင်းမွန်စွာ ခန့်မှန်းခဲ့ပြီးပြီဖြစ်သည်။ သို့ပေမဲ့ သူမထင်မှတ်ထားခဲ့သည်မှာ အချိန်တိုအတွင်း လူ ဆယ့်ကိုးယောက်တို့ကို သတ်ဖြတ်ပစ်နိုင်လိမ့်မည်ဟု မထင်မှတ်ခဲ့ခြင်းပင်။
သို့ပေမဲ့ ကိစ္စမရှိပေ။ စားသုံးရန် အတွက် အစားအစာက အဆင့်သင့် ရှေ့သို့ရောက်နေပြီဖြစ်သည်။ သူ့အနေဖြင့် သေချာချက်ပြုတ်ပြီး စားရန်သာ ကျန်တော့၏။
ဘုန်း ဘုန်း
ဤသိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူသည် လက်ကို ယမ်းခါလိုက်သည်။ တည်နေရာတစ်ခုလုံးသည် တုန်ခါသွား တော့သည်။ လက်သီးချက်ကြီးသည် အပေါ်ဆီမှ အောက်သို့ ကျဆင်းလာခဲ့၏။ ထိုအရာ၏ အားအင်အဆင့်ကို တိုင်းတာကြည့်မည်ဆိုလျှင် ကျိန်းသေပေါက် သာမန်သိုင်းနယ်မြေ ကျင့်ကြံသူများ နှိုင်းယှဉ်၍ ရမည့်အရာ မဟုတ်ချေ။
ကျွင်းချောင်ရှောင်းမှာတော့ ဓားအား ကျစ်ကျစ်ပါအောင်ဆုပ်၍ မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်လို့ လာခဲ့တော့သည်။ သူသည် သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့်သို့ ချိုးဖြတ်ရောက်ရှိကတည်းက သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူနှင့် ပြင်းပြင်းထန်ထန် လေးလေးနက်နက် မတိုက်ခိုက်ခဲ့ရချေ။ လက်ရှိ အခြေ အနေမှာတော့ သူသည်ဂြိုဟ်တိုက်ပွဲသို့ ရောက်ရှိနေပြီဖြစ်သည်။ တည်နေရာအစီအရင် အတားအဆီးကလည်း သူ့အား အပြင်ဘက်သို့ ထွက်ခွာစေပြီဖြစ်သည့်အတွက် သူ့အနေနှင့် စိတ်ပါသလောက် တိုက်ခိုက်၍ရနိုင် တော့သည်။
“ငါ့ရဲ့ စကြဝဠာ၊ ငါ့ရဲ့အားအင်၊ ငါ့ရဲ့စွမ်းအားတွေ….”
“ဓားတစ်သောင်းမှသည် တစ်ခုတည်းအဖြစ်သို့”
ကျွင်းချောင်ရှောင်း၏ ဆံနွယ်ရှည်များသည် လေထဲတွင် လွင့်သွား၏။ ကောင်းကင်နဂါးဓားသည် တောက်ပသည့် မီးတောက်များ ဖြစ်တည်လာပြီးသည့်နောက် ယှဉ်ပြိုင်၍ မရနိုင်အောင် အားကောင်းသော ဓားချီများ ဖြစ်တည် လာခဲ့သည်။
“အမ်”
တိုက်ခိုက်ရေးတည်နေရာ၏ အဝေးတစ်နေရာမှာတော့ ဂြိုဟ်အသီးသီးရှိ ကျင့်ကြံသူများအားလုံးသည် ကောင်းကင်ပေါ်တွင် ပေါ်လာသည့် တလက်လက် တောက်ပနေသော အလင်းတန်းများကို မြင်လိုက်ရ၏။ ၎င်းတို့၏ မျက်လုံးများသည်လည်း လင်းလက်သွားခဲ့ကြသည်။
“ဓားချီတွေလား၊ ဒါက အရမ်းဝေးတယ်ဆိုပေမယ့် အရမ်းအားကောင်းတာပဲ”
“ဓားတာအိုကျင့်ကြံသူတစ်ယောက်ယောက် ရောက်နေတာလား၊ သွားကြည့်ကြရအောင်”
သိုင်းကျင့်ကြံသူများအားလုံးသည် ထိုမြင်ကွင်းကို မြင်ရသည့်အချိန်မှာတော့ အလျင်မြန်ဆုံးနှုန်းဖြင့် ပြေးလာကြ တော့သည်။ သူတို့ သိသလောက်ဆိုလျှင် ဓားတာအို ကျင့်ကြံသော ကျင့်ကြံသူဆိုသည်မှာ ကျိန်းသေပေါက် ရှားပါးသော ကျင့်ကြံသူများဖြစ်၏။
……………………
ဘုန်း ဘုန်း ဘုန်း
တလက်လက်တောက်ပနေသော ဓားချီများသည် ပေါက်ကွဲမှုစွမ်းအင်တွေ ဖြစ်တည်သွားပြီးနောက် လေထဲမှ ကျဆင်းလာသော လက်သီးချက်ကြီးများကို တစ်ခုချင်းဆီ ချိုးဖြတ်သွားခဲ့တော့သည်။
သူ၏ တိုက်ကွက်များ အားလုံးသည် ဓားတိုက်ခိုက်ချက် တစ်ခုတည်းနှင့် ဖျက်ဆီးခံလိုက်ရသည်ကို မြင်သည့်အချိန်တွင် သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူ၏ မျက်နှာအမူအရာများသည် လေးနက်သွားတော့သည်။ သူက တွေးလိုက် မိသည်။ “ဒီကောင်လေးရဲ့ ကျင့်ကြံခြင်းအဆင့်က တော်တော်ကောင်းတာပဲ”
ဝှစ် ဝှစ်
ကျွင်းချောင်ရှောင်းသည် ဓားကို ယမ်းခါပြီးသည့်နောက်မှာတော့ လင်းကျန့်ဓားသိုင်းကို တစ်ကြိမ်ထပ်မံပြီး သုံးပြန်၏။ သူ၏ မျက်လုံးများတွင်ရှိသော တိုက်ခိုက်လိုခြင်းဆန္ဒများမှာတော့ ခန့်မှန်း၍မရအောင် ပိုမို အားကောင်းလာတော့သည်။
သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူသည် မျက်လုံးချင်းဆုံလိုက်သည့်အချိန်မှာတော့ အနည်းငယ်စိုးရွံ့သွားတော့၏။ သူသည် အလျင်အမြန်ပဲ လှုပ်ရှားမှုနည်းစနစ်ကို အသုံးပြုကာ ထွက်ပြေးလိုက်တော့သည်။ အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက် လှုပ်ရှားသည့်အချိန်တွင် မည်သည့်အရာသည် အစစ်အမှန်ဖြစ်ပြီး မည်သည့်အရာသည် ပုံရိပ်ယောင် ဖြစ်သည်ကို ခန့်မှန်းရ ခက်ခဲလှ၏။
ကျွင်းချောင်ရှောင်း၏ ဓားမှာတော့ ဤသိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူကို အစောကြီးကတည်းက ပိုင်းဖြတ်ပြီး ဖြစ်နေတော့သည်။ ဓားအုပ်စိုးသူတစ်ယောက်ဖြစ်သည့်အပြင် လက်ထဲတွင် ကောင်းကင်နဂါးဓားကို ကိုင်ဆောင် ထားသည် ဖြစ်သောကြောင့် သူ၏ လက်ရှိတိုက်ခိုက်ရေးစွမ်းအင်သည် နဂါးစိမ်းလခြမ်းဓားမော့ကို ကိုင်ဆောင် ထားသည်ထက် ပို၍ အားကောင်းလို့နေသည်။
သူသည် ဓားမော့ကိုလည်း တစ်ခါတစ်ရံ ထုတ်ဖော်အသုံးပြု တတ်သည်။ သို့ပေမဲ့ သူသည် ဓားတာအိုတွင် အကောင်းဆုံးသော လူတစ်ယောက် ဖြစ်၏။
ဆွစ် ဆွစ်
ရေတွက်လို့မရအောင် များပြားသော ဓားချီများသည် လေပွေများကဲ့သို့ ဖြစ်တည်လာ၏။ ကံဆိုးစွာဖြင့် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူသည် ထိပ်တိုက် တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိဘဲ နောက်သို့ ဆုတ်ဖယ် လိုက်၏။ ထို့ကြောင့် သူ့အား ပိုင်းဖြတ်လိုက်သည် ဆိုသော်လည်း ထိမှန်သွားခြင်းတော့ မရှိတော့ချေ။
“ထွက်ပြေးချင်တာလား”
စက်အတောင်ပံသည် ဖြစ်တည်လာခဲ့တော့သည်။ တိုက်ခိုက်ရေးစွမ်းအင်သည် အသက်ဝင်သွားခဲ့တော့၏။ ကျွင်းချောင်ရှောင်းသည် အလင်းတန်းတစ်ခုကဲ့သို့ ဖြတ်သန်းပြီးနောက် ထိုသူ့ နောက်သို့လိုက်တော့သည်။
မျက်စိတစ်မှိတ်အတွင်း ဖမ်းမိသွားခဲ့၏။
“မြန်လိုက်တာ” သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူက ထအော်လိုက်မိသည်။
“သေစမ်း”
ကျွင်းချောင်ရှောင်းသည် အေးစက်စက်ဖြင့် အော်လိုက်၏။ ရုတ်တရက် ကောင်းကင်နဂါးဓားအား မြှောက်လိုက်သည်။ ရုတ်တရက် သူ၏လက်ကောက်ဝတ်သည် တောက်ပသွားပြီးသည့်နောက် စတီးကဲ့သို့ အရာ များ ဖုံးလွှမ်းသွားခဲ့တော့သည်။ စက်အတောင်ပံ၏ တိုက်ခိုက်ရေးစွမ်းအင်သည် အစစ်အမှန် အသက်ဝင်သွားခဲ့ပြီ ဖြစ်၏။
ဝှစ် ဝှစ်
ပေါက်ကွဲမှုပြင်းထန်လှသော ဓားချီများသည် ဖြစ်တည်လာခဲ့၏။ ၎င်းအရာသည် အေးစက်သည့်အော်ရာများကို ထုတ်ဖော်နိုင်သည်သာမက အလွန်တရာလေးလံလှသော စွမ်းအားများကိုလည်း ဖြစ်တည်စေ၏။ လက်ရှိအခြေ အနေမှာတော့ လောကကြီးတစ်ခုလုံးသည် အရောင်အဆင်းကင်းမဲ့သွားပြီး တလက်လက် တောက်ပနေသော ဓားအလင်းတန်းများသည်သာ လောကကြီးတစ်ခုလုံးတွင် ဖြစ်တည်လျက် ရှိနေတော့သည်။
“မဟုတ်ဘူး” သို
င်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူသည် ကြီးမားလှသည့် ဘေးအန္တရာယ်ကြီးကို ခန့်မှန်းမိ သောကြောင့် ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်၏။ သို့ပေမဲ့ သူ၏ပါးစပ် ဖွင့်ဖွင့်ခြင်းမှာပဲ ခန္ဓာကိုယ်တစ်ခု လုံးသည် နှစ်ပိုင်း ပိုင်းပြတ်သွားခဲ့၏။
ဓားချီများသည် လေထုထဲတွင် ဖြစ်တည်သွားပြီးသည့်နောက်မှာတော့ ထိုသူသည် ခန္ဓာကိုယ်နှစ်ပိုင်း ပြတ်ကာဖြင့် အလောင်းအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
“ဖန်းယွမ်ကုန်းမြေတိုက်ကြီး၏လူအား ပထမဦးဆုံး သတ်ဖြတ်ပစ်သည့်အတွက် ပြိုင်ပွဲဝင်သူအား ဂုဏ်ပြုပါသည်၊ သီလအမှတ်တစ်ရာအား ဆုလာဘ်အဖြစ် ရရှိပါသည်၊ အမဲရောင်အဆင့် ကျွမ်းကျင်သူကို သတ်ဖြတ်ပစ်သည့် အတွက် ပြိုင်ပွဲဝင်အား သီလအမှတ် နှစ်ဆယ် ထပ်တိုးရရှိသည်”
“အမဲရောင်ကျွမ်းကျင်သူ ဟုတ်လား”
အမျိုးသမီးရဲ့အသံသည် ထပ်မံထွက်ပေါ်လာသည်။ “ဤဂြိုဟ်တိုက်ပွဲမှာ အဆင့်တွေက ခြားနားလှတယ်၊ ဒါကြောင့် မတူညီတဲ့အဆင့်တွေနဲ့ အားအင်တွေကို ခွဲခြားနိုင်ဖို့အတွက် ဂြိုဟ်တိုက်ပွဲထဲမှာပါတဲ့ ပါဝင်ယှဉ်ပြိုင် သူတွေကို ကောင်းကင်၊ မြေ၊ အမဲရောင်နဲ့ အဝါရောင်ဆိုပြီး ခွဲခြားထားတယ်၊ ခင်မင်ရပါသော ပါဝင် ယှဉ်ပြိုင်သူ…. အစောနတုန်းက သတ်ဖြတ်ပစ်လိုက်တဲ့လူက ဖန်းယွမ်ကုန်းမြေတိုက်ကြီးရဲ့ အသွင်ပြောင်း လေဟာနယ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်တယ်၊ ဒါပေမဲ့ ဂြိုဟ်တိုက်ပွဲအတွင်းမှာတော့ သူ့ကို အမဲရောင် အဆင့်လို့ သတ်မှတ်ထားတယ်”
“ကျုပ်သိပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါဆိုရင် ကျုပ်ကကော ဘယ်အဆင့်လဲ”
“အဆင့်အရ ပြောရမယ်ဆိုရင် ရှင်က အဝါရောင်အဆင့်မှာပဲ၊ ဒါပေမဲ့ အဆင့်တူအဆင့်ကို သတ်ဖြတ်ပြီးတဲ့ နောက်မှာတော့ သီလအမှတ်တွေ ပိုပြီးတော့ ပေးတယ်လေ” အမျိုးသမီး၏ အသံသည် ထပ်မံထွက်ပေါ်လာ၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်က အဆင့်နိမ့်ဆုံးပေါ့”
“ဒါပေမဲ့ စောနက တိုက်ခိုက်ခဲ့တဲ့ တိုက်ခိုက်ရေးအားအင်အရဆိုရင် ရှင်က မြေနဲ့ အမဲရောင်အဆင့်ရဲ့ ကြားထဲမှာ ရှိလိမ့်မယ်” အမျိုးသမီး၏ အသံသည် ထပ်မံထွက်ပေါ်လာသည်။
“အင်း… ဒီလိုကိုး” ကျွင်းချောင်ရှောင်းက သဘောတကျဖြင့် ပြောလိုက်မိသည်။ သို့ပေမဲ့ သူတော်စင်တစ်ပိုင်း ကျင့်ကြံသူပင်လျှင် အမဲရောင်အဆင့်၌ ရှိနေ၏။ ဆိုလိုသည်မှာ ဂြိုဟ်တိုက်ပွဲအတွင်းတွင် ကောင်းကင်အဆင့်နှင့် မြေအဆင့် ကျင့်ကြံသူများ များပြားစွာ ရှိနေသည် ဆိုသည့်သဘောပင် ဖြစ်သည်။ ၎င်းတို့၏ အားအင်အဆင့်သည် သိုင်းနယ်မြေ သို့မဟုတ် ထိုထက်မြင့်သော ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်သည့်သူများ ဖြစ်ပေလိမ့်မည်။ ထိုသူများနှင့်သာ သူရင်ဆိုင်တွေ့မည်ဆိုပါက ပြဿနာဖြစ်နိုင်သည် မဟုတ်ပါလား။ ထင်မှတ်ထားသည့် အတိုင်းပဲ ဤနေရာ၏ တိုက်ပွဲတွင် အနိမ့်ဆုံးလိုအပ်ချက်သည် သိုင်းအုပ်စိုးသူသာ ဖြစ်၏။ ထို့ကြောင့် များပြားလှသော ကျင့်ကြံသူများသည် တိမ်လိုပင် ပေါများနေမှာဖြစ်၏။
ကျွင်းချောင်ရှောင်းသည် သူ၏မျက်နှာကို ဖုံးကာကာဖြင့် ထူးဆန်းစွာ ရယ်မောလိုက်၏။ “ဒီနေရာက စိတ်လှုပ်ရှား စရာပဲ၊ ငါရဲ့ အရမ်းသင့်တော်တယ်”
သူ့အနေနှင့် အမြဲတမ်း ဂိမ်းဆာဗာကိုခိုးကာ နေထိုင်နေရသည့်လူ တစ်ယောက်ဖြစ်သည်မို့ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ပြိုင်စံကင်းနေပြီဟု ခံစားရ၏။ ဤဂြိုဟ်တိုက်ပွဲ အတွင်းမှာတော့ သိုင်းအုပ်စိုးသူများသည် နေရာအနှံ့ရှိနေ၏။ သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူများဆိုသည်မှာ လမ်းဘေးခွေး များကဲ့သို့ ပေါများနေသည်။ ထို့အပြင် သိုင်းနယ်မြေနှင့် ထို့ထက်မြင့်မားသော သိုင်းကျင့်ကြံသူများ လည်း ရှိနေသေးသည်။ ထို့ကြောင့် အခြေအနေမှာ ခြားနားနေ၏။ ၎င်းတို့နှင့် တိုက်ခိုက်ရမည်ကို စဉ်းစားပြီး သည့်အချိန်မှာ ကျွင်းချောင်ရှောင်း၏ သွေးများအားလုံးသည် ဆူပွက်လျက်ရှိနေတော့သည်။
……………….
သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူအပါအဝင် စွမ်းအားမြင့် ကျင့်ကြံသူနှစ်ဆယ်ကျော်ကို သတ်ဖြတ်ပြီးသည့်နောက် သူသည် သီလအမှတ် ငါးရာ့ရှစ်ဆယ်ကို ရရှိခဲ့၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာစက်ဝိုင်းသည် နှစ်မီတာ၊ သုံးမီတာမှသည် နှစ်ဆယ်မီတာဆီသို့ တိုးတက်သွားခဲ့၏။
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျ သွားမိ၏။ “ရွာအဆင့်အရွယ်အစားရအောင် တိုးတက်လာဖို့အတွက် ငါ လူဘယ်လောက်တောင် သတ်ရမှာလဲ”
အမျိုးသမီး၏ အသံထွက်ပေါ်လာသည်။ “ခင်မင်ရပါသော တိုက်ပွဲဝင်သူ... ကိုယ်သတ်ခဲ့တဲ့လူအရေအတွက်က တည်နေရာရဲ့ အကျယ်အဝန်းကို ဖော်ပြနေပါတယ်၊ ပြီးတော့ ပါဝင်ယှဉ်ပြိုင်သူတွေ နည်းလေ၊ ဒီနေရာကြီး ချဲ့ထွင်လာဖို့က ပိုပြီး နှေးကွေးလေပဲ”
ရွှီး ရွှီး
ထိုအချိန်မှာပဲ အလင်းတန်းများ ဖြစ်တည်လာခဲ့သည်။ ထိုအထဲတွင် ထွက်ခွာသွားရန် ပြင်ခဲ့သော ကျွမ်းကျင်သူများ လည်း ပါဝင်နေကြ၏။ ထို့အပြင် ဓားစွမ်းရည်ကို သတိပြုမိသောကြောင့် ရောက်ရှိလာကြသော သိုင်းကျင့်ကြံသူ များလည်း ပါဝင်နေ၏။ ထိုသူတို့အားလုံးမှာ အနည်းဆုံး ခြောက်ထောင်မှ ခုနှစ်ထောင် နီးပါးခန့်ပင် ရှိတော့သည်။
“ဟမ့်”
ကျွင်းချောင်ရှောင်းသည် ဝံ့ကြွားစွာဖြင့် မတ်တပ်ရပ်နေသည်။ သူသည် လက်နှစ်ဖက်ဖြင့် ဓားကိုကိုင်ထား၏။ သိုင်းအုပ်စိုးသူ ဆယ့်ကိုးယောက်နှင့် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတို့ကို သတ်ဖြတ်ပြီးသည့်နောက်မှာတော့ သူသည် သွေးပူရုံသာ ရှိနေသေးသည်။ နောက်ထပ်ရောက်လာသူများသည် တကယ့်ကို စစ်မှန်သည့်တိုက်ပွဲ တစ်ခုကို တိုက်ခိုက်ရတော့မှာဖြစ်၏။ သူသည် တစ်ချိန်တည်းမှာပဲ စက်အတောင်ပံကိုလည်း အသက်သွင်းထား သေး၏။
ပြီးသည့်နောက်မှာတော့ သူစဉ်းစားမိသည်မှာ ထွက်ပြေးရန်ပင် ဖြစ်တော့သည်။
“အဲလောက်ကြီး ကြောက်မနေနဲ့” စနစ်က ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းက ပြန်အော်လိုက်သည်။ “ငါက ထွက်မပြေးရအောင် ငါ့ခေါင်းက မြင်းကန် ခံထားရတာမှာ မဟုတ်တာ၊ သိုင်းအုပ်စိုးသူ ခုနှစ်ထောင်လောက်နဲ့ ငါက ဘယ်လိုလုပ် တိုက်ခိုက်ရမှာလဲ”