← Chapters

အခန်း (၈၄၃)

Vol. 57 Ch. 843

အခန်း (၈၄၃)

Vol. 57 Ch. 843

ကျွင်းချောင်ရှောင်းသည် အလွန်အားကောင်းလွန်းလှ၏။ သို့ပေမဲ့ သူသည် သိုင်းအုပ်စိုးသူ တစ်ထောင်ကျော်တို့နှင့် တိုက်ခိုက်ရန်တော့ မစဉ်းစားထားချေ။

ထို့ကြောင့် သူသည် ထွက်ပြေးခြင်းကိုသာပြုလုပ်ရန် စဉ်းစားလိုက်မိ၏။ လုံခြုံသည့်တည်နေရာ၏ အချိန်ကာလသည် ပြည့်သွားသည်ဆိုသည်နှင့် သူသည်တဖန်ပြန်လာကာ ပြန်လည်ပုန်းအောင်းနေမည်ဖြစ်၏။

“ဝှစ်”

စက်အတောင်ပံနှင့် ပျံသန်းနိုင်သောစွမ်းရည်တို့၏ ပေါင်းစပ်မှုအောက်မှာတော့ သူသည် အလွန်တရာမြန်ဆန်လွန်း လှ၏။ အချိန်တိုအတွင်းမှာဘဲ သူသည် နောက်တွင်ရှိသော စွမ်းအားမြင့်ကျင့်ကြံသူများအားလုံးကို သဲမှုန်လေးတစ်ခု ကဲ့သို့ ချန်ရစ်ခဲ့တော့သည်။

ကျွင်းချောင်ရှောင်းသည် ထွက်ပြေးလွတ်မြောက်ခြင်းနှင့်ပတ်သက်လျှင် အလွန်တရာ ယုံကြည်ချက်ရှိနေ၏။ တည်နေရာရွှေ့လျားမှုကို ဖန်တီးပြုလုပ်နိုင်သော သိုင်းနယ်မြေကျင့်ကြံသူမှလွဲ၍ မည်သူမျှ သူ့ကို လိုက်လံဖမ်းဆီး နိုင်လိမ့်မည်မဟုတ်ပေ။

“ဟမ်”

ရုတ်တရက်ဆိုသလိုဘဲ စက်အတောင်ပံနှင့် သူ၏ ခန္ဓာကိုယ်ဆီမှ အနီရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ကောင်းကင်ဆီသို့ ထိုးတက်သွားသည်ကို သူမြင်လိုက်ရ၏။ သူဇဝေဇဝါဖြစ်သွားမိသည်။ “ဒါက သောက်ကျိုးနည်း ဘာကြီးလဲ။”

“ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ သိုင်းကျင့်ကြံသူဟာ အဝါရောင်အဆင့်ကျွမ်းကျင်သူ(၁၉)ယောက်နဲ့ အမဲရောင်အဆင့်ကျွမ်းကျင်သူ(၁)ယောက်တို့ကို သတ်ဖြတ်ခဲ့တယ်။ လူတွေအားလုံးက ရူးရူးမူးမူးသတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်။ ဒါကြောင့် အဆင့်သုံးဝရမ်းကို ထုတ်ပြန်လိုက်တယ်။ရလဒ်ကတော့ သီလအမှတ် ငါးရာပါ။” ကျယ်လောင်လှသော အသံတစ်ခုသည် ကောင်းကင်ယံဆီမှ ထွက်ပေါ်လာတော့၏။

“အဆင့်သုံးဝရမ်းအမိန့်ဟုတ်လား။ ဒါကတကယ့်ကို ဝှက်အကြီးစားကြီးဘဲ။” နေရာအနှံ့တွင် ပြန့်ကျဲလျက်ရှိနေကြသော စွမ်းအားမြင့်ကျင့်ကြံသူများအားလုံးသည် ထိုအသံကို ကြားသည့်နောက်မှာ တော့ မျက်လုံးများ လင်းလက်သွားကြ၏။

ကုန်းမြေတိုက်ကြီးတစ်ခုခုဆီမှ သိုင်းကျင့်ကြံသူများကို ပထမဦးဆုံး သတ်ဖြတ်နိုင်ခြင်းမှလွဲ၍ တခြားသောသူများကို သတ်ဖြတ်ခြင်းသည် သီလအမှတ် ဆယ်မှတ်သာ ရရှိ၏။ လက်ရှိအခြေအနေမှာတော့ သီလအမှတ် ငါးရာတောင် ပေးစွမ်းနေတော့သည်။ ထိုအရာသည် ကျိန်းသေပေါက် အားလုံးလိုအပ်နေသည့်အရာမျိုးပင်ဖြစ်ပေလိမ့်မည်။

“အနီရောင်အလင်းတန်း”

ကျွင်းချောင်ရှောင်းတည်ရှိနေသော တည်နေရာ၏ မိုင်တစ်ရာအတွင်းတွင်ရှိသော သိုင်းကျင့်ကြံသူများအားလုံးသည် အနီရောင်အလင်းကို မြင်လိုက်ကြရ၏။ ၎င်းတို့အားလုံးသည် ဆာလောင်နေသော ဝံပုလွေများကဲ့သို့ ကျွင်းချောင်ရှောင်းနောက်သို့ လိုက်တော့သည်။

“ချစ်ခင်ရပါသော ပါဝင်ယှဉ်ပြိုင်သူ”

စနစ်၏ အမျိုးသမီးအသံသည် ပြောလိုက်တော့သည် “ရှင့်ကို အဆင့်သုံး ဝရမ်းထုတ်ပြန်ထားတယ်။ ဒီတော့ တည်ရှိနေတဲ့နေရာကို အနီရောင်အလင်းတန်းတွေက တောက်လျှောက်ဖော်ပြနေလိမ့်မယ်။ ကျေးဇူးပြုပြီး ကောင်းကောင်းပုန်းကွယ်ထားပါ။ မွ မွ”

…

ကျွင်းချောင်ရှောင်းသည် နေရာမှာတင် ပြိုလဲလုမတတ်ဖြစ်သွားတော့၏။

လက်ရှိအခြေအနေမှာတော့ အနီရောင်အလင်းတန်းများသည် ဆက်တိုက်ဆိုသလိုဘဲ ထွက်ပေါ်လာ၏။ သူနှင့် မိုင် (၂၀၀) (၃၀၀) အတွင်းတွင်ရှိသော သူများအားလုံးသည် သူမည်သည့်နေရာတွင်ရှိသည်ဆိုကြောင်းကို ကောင်းကောင်းသိရှိနေသည်။

“လူ(၂၀)တည်း”

ကျွင်းချောင်ရှောင်းသည် အော်ဟစ်လိုက်တော့၏။ “လူနှစ်ဆယ် သတ်ဖြတ်တာကို ဘာလို့အဆင့်သုံးဝရမ်းတောင်ထုတ်ပြန်ရတာလဲ။”

စနစ်သည် ဝင်၍ ပြောလိုက်သည်။ “လက်ခံသူ… တွက်ချက်တာမှားသွားပြီနဲ့တူတယ်။”

တခြားသောသူများကို သတ်ဖြတ်ခြင်းသည် ဝရမ်းထုတ်ပြန်ခံရမည်ကို သူသာသေချာသိမည်ဆိုလျှင် ဤကဲ့သို့ မလုပ်ဘဲ သေသေချာချာ ပုန်းအောင်းနေမှာဖြစ်၏။ တခြားသောနည်းလမ်းမရှိပါက သူ့အနေနှင့် တည်နေရာဂိတ်တံခါးကို အသုံးပြု၍ ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်သွားနိုင် သေး၏။ လက်ရှိအခြေအနေမှာတော့ သူပြန်ချင်ရင်တောင်မှ ပြန်၍မရနိုင်တော့ချေ။

စနစ်သည် ဆက်တိုက်ဆိုသလိုဘဲ ရင်နာအောင် ပြုလုပ်လျက်ရှိ၏။ “အလွယ်ကူဆုံးသော လုပ်ဆောင်မှုကနေပြီးတော့ ငရဲခန်းလုပ်ဆောင်မှုဆီသို့ ပြောင်းပြီးယှဉ်ပြိုင်လိုက်သလိုပေါ့။”

“ဟားဟား ဟား ဟား ဟား”

“အဆင်ပြေတယ်။”

ကျွင်းချောင်ရှောင်းသည် တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ “ငါ့ဆီမှာ စက်အတောင်ပံလည်းရှိတယ်။ ပြီးတော့ စိတ်ဝိညာဉ်အမြူတေနှစ်ခုကလည်း ရှိသေးတယ်။ ငါ့ရဲ့ အမြန်နှုန်း ကလည်း ပိုပြီးမြန်ဆန်သေးတယ်။ ပြီးတော့ တစ်နာရီအတွင်း လျှောက်ပြီးပြေးနေဖို့ဆိုတာ ပြဿနာတစ်ခုမဟုတ်ဘူး။”

“ဟူး ဟူး”

ထိုအချိန်မှာတော့ သူသည် စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်လွှင့်ကာဖြင့် သူ၏အနောက် တည်နေရာသုံးခုဆီမှ လိုက်ပါလာခဲ့သော ရေတွက်၍မရအောင် များပြားသည့် ကျွမ်းကျင်သူများကို ကြည့်ရှုလိုက်တော့၏ သူသည် ဖြစ်နိုင်သမျှ အမြန်ဆုံး ထွက်ပြေးလွတ်မြောက်အောင် ကြိုးစားလိုက်တော့သည်။

စနစ်သည် အားတက်သရောပြောလိုက်၏။ “ဒီနေရာက တကယ့်ကို စိတ်ဝင်စားစရာပဲ။ လက်ခံသူနဲ့ တကယ့်ကို လိုက်ဖက်ညီတယ်။ ထွက်ပြေးကြစို့”

…

ကျွင်းချောင်ရှောင်းသည် ဂရုမစိုက်ပေ။ ထွက်ပြေးလွတ်မြောက်ရန်သာ အာရုံစိုက်လျက်ရှိနေ၏။

“လိုက် လိုက်။ သူ့ကို မလွတ်စေနဲ့။”

“သီလအမှတ်ငါးရာတောင်ရမှာ။ ငါမရ ရအောင် လိုက်မှဖြစ်မယ်။”

သိုင်းကျင့်ကြံသူတစ်သောင်းကျော်တို့သည် တည်နေရာလေးခုဆီမှ တလက်လက်တောက်ပနေသော မျက်ဝန်းများနှင့် အတူ သူ၏နောက်ဆီသို့ လိုက်ပါတော့၏။ ၎င်းတို့အားလုံးသည် ဤအဆင့်သုံး ဝရမ်းထုတ်ပြန်ခံရသောသူအား အပိုင်းပိုင်းခုတ်ဖြတ်၍ သီလအမှတ်များကို ရယူချင်စိတ်ရှိနေကြ၏။

“သူတို့အချင်းချင်းဘာလို့ မတိုက်ခိုက်ဘဲ ငါ့နောက်ကို ဘာလို့ လိုက်နေတာလဲ။” ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ အော်ဟစ်လျက်ရှိ၏။

ဂြိုဟ်တိုက်ပွဲဆိုသည်မှာ အဓိကဂြိုလ်များတွင်ရှိသော လူများအားလုံးသည် ဤနေရာသို့ ရောက်ရှိလာပြီး တစ်ယောက် နှင့်တစ်ယောက်တိုက်ခိုက်ရမည်ဖြစ်၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ အားလုံးသောသူများသည် သူ့အား ပစ်မှတ်ထားလျက်ရှိသည်။

“ဘယ်လိုတောင် ငရဲလိုကောင်မျိုးကို ငါက ပြဿနာရှာခဲ့မိလို့လဲ။”

“ချစ်ခင်ရပါသော ပါဝင်ယှဉ်ပြိုင်သူ … ရှင့်ရဲ့အသက်က သီလအမှတ်ငါးရာနဲ့ ထိုက်တန်တယ်။ ဒီတော့ အားလုံးက လိုက်ကြတာပေါ့။” အမျိုးသမီးအသံသည် ထပ်မံထွက်ပေါ်လာ၏။

“…….” ကျွင်းချောင်ရှောင်းသည် အမြန်ဆုံးသော နှုန်းထားဖြင့် ပြေးတော့သည်။ သူသည် အဆုံးစွန်ဆုံးသော အားအင်များ ကို အသုံးပြုကာဖြင့် လွတ်မြောက်အောင် ထွက်ပြေးနေခြင်းပင် ဖြစ်သည်။

လက်ရှိအခြေအနေမှာတော့ သူ၏သွေးများအားလုံးသည် ဆူပွက်လျက်ရှိနေ၏။ သူ၏စိတ်ထဲတွင် တစ်ခုတည်းသော အကြောင်းအရာသာ ရှိသည်။ ဤအရာဟာ အိမ်ပြန်ချင်နေခြင်းပင်ဖြစ်သည်။ သူသည် ပြိုင်စံရှားဂိုဏ်းသို့ ပြန်ချင်မိ၏။

…….

ကြယ်ကြွေကုန်းမြေတိုက်ကြီးထဲမှာတော့ မြို့တော်ဝန်ဟန်အပါအဝင် သိုင်းနယ်မြေကျင့်ကြံသူ အနည်းငယ်တို့သည် ပေါ်ပေါက်လာခဲ့ကြ၏။ ၎င်းတို့သည် ရှေ့စောင့်ကြည့်ရေးမျှော်စင်ဆီသို့ ရောက်ရှိလာကြသည်။ အားလုံးသည် မျက်မှောင်ကုတ်ကာဖြင့် ကြည့်ရှုလျက်ရှိနေကြ၏။

“ခေါင်းဆောင်”

ကျွမ်းကျင်သူတစ်ယောက်သည် အချိန်အတော်ကြာ ငြိမ်သက်နေရာမှ ပြောလိုက်တော့၏။ “ကျုပ်တို့ငြင်းလို့မရဘူးလား။”

“ဟင်း”

အဖြူရောင်ဝတ်စုံနှင့်အကြီးအကဲသည် ခေါင်းကို ခါယမ်းကာပြောလိုက်၏။ “အထက်နယ်မြေရဲ့ စိတ်ဆန္ဒကို ကျုပ်တို့ငြင်းပယ်လို့မရနိုင်ဘူး။ ဂြိုဟ်တိုက်ပွဲတွေက အလှည့်ကျ ကျင်းပပြုလုပ်တာလေ။”

“ကျုပ်တို့ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ အလုံးစုံအားအင်က လုံးဝကို အားနည်းတယ်။ ဒီတော့ အဲ့ဒီကိုသွားတယ်ဆိုတာက ကျိန်းသေပေါက် ကိုယ့်ကိုယ်ကို သတ်သေတာနဲ့တူနေလိမ့်မယ်။” သိုင်းနယ်မြေကျင့်ကြံသူများထဲမှ တစ်ယောက်က မျက်မှောင်ကုတ်ကာပြောလိုက်၏။

သူ့အနေနှင့် သိုင်းနယ်မြေကျင့်ကြံသူတစ်ယောက်ဖြစ်သည်မို့ ဂြိုဟ်တိုက်ပွဲများနှင့်ပတ်သက်၍ နားလည်မှုတော်တော်ရှိ သည်။ ထို့ကြောင့်သူသည် မျက်မှောင်ကုတ်ကာဖြင့် ပြောခဲ့ခြင်းပင်ဖြစ်တော့သည်။

ခေါင်းဆောင်သည် သက်ပြင်းကိုချကာပြောလိုက်၏။ “တကယ်လို့ သတ်သေတယ်ဆိုရင်တောင်မှ ကျုပ်တို့က သိုင်းအုပ်စိုးသူ ဒါမှမဟုတ် သိုင်းနယ်မြေကျင့်ကြံသူ နှစ်ထောင်လောက်ကို ပို့ရမယ်။ ဒါမှသာ ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့တည်နေရာက ပိုပြီးချဲ့ထွင်လာမှာလေ။”

“တည်နေရာကို ချဲ့ထွင်တာဟုတ်လား။”

မြို့တော်ဝန်ဟန်သည် နာနာကျင်ကျင်ဖြင့် ပြုံးကာပြောလိုက်၏။ “ကျုပ်အထင်အရဆို တည်နေရာကို ဘယ်လိုမှချဲ့ထွင်နိုင်မှာမဟုတ်ဘူး။ အကုန်လုံးသေသွားလိမ့်မယ်။”

“အင်း” များပြားလှသော သိုင်းနယ်မြေကျင့်ကြံသူများအားလုံးသည် သက်ပြင်းချလိုက်မိ၏။

ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် စကြာဝဠာထဲတွင် စိတ်ဝိညာဉ်စွမ်းအင်များအနည်းပါးဆုံးသော ဂြိုဟ်ထဲတွင် ပါဝင်လျက်ရှိ၏။ ၎င်း၏အထက်တွင် ရေတွက်၍ မရအောင်များပြားလှသော ဂြိုလ်များတည်ရှိနေကြသည်။

နောက်ငါးနှစ်ကြာလျှင် ယှဉ်ပြိုင်ရမည့် ဂြိုဟ်တိုက်ပွဲကို ပါဝင်ယှဉ်ပြိုင်ခြင်းဆိုသည်မှာ သိုင်းအုပ်စိုးသူများအားလုံးကို သေတွင်းထဲသို့ တွန်းပို့သည်နှင့် ဆင်တူလှ၏။ ၎င်းတို့အနေနှင့် လူအနည်းငယ်လောက်သာ စေလွှတ်ရမည်ဆိုလျှင် ပြဿနာမရှိပေ။ သို့ပေမဲ့ အနည်းဆုံးလူနှစ်ထောင် လောက်ပေးမှသာ အဆင်ပြေလိမ့်မည်။ ထို့ကြောင့် အားလုံးသာ သေဆုံးသွားမည်ဆိုပါက ကုန်းမြေတိုက်ကြီး တစ်ခုလုံး၏ ကပ်ဘေးကြီးသည် ကျဆင်းလာမှာဖြစ်တော့၏။

“အားလုံးပဲ”

ခေါင်းဆောင်ကပြောလိုက်၏ “ငါးနှစ်ကြာပြီးလို့ရှိရင် တိုက်ပွဲကိုသွားဖို့ ရွေးချယ်ကြတာပေါ့။ ဒီတော့လက်ရှိအခြေအနေမှာ ကြယ်ကြွေကုန်းမြေ တိုက်ကြီးရဲ့ တည်နေရာကို ချဲ့ထွင်နိုင်ဖို့ ကိုယ့်ရဲ့အားအင်တွေကို ပိုပြီးတိုးအောင် ကြိုးစားကြ။ ဒီတစ်လမ်းပဲ ရှိတော့တယ်။”

များပြားလှသော သိုင်းနယ်မြေကျင့်ကြံသူများ၏ မျက်လုံးများသည် စိတ်ဆုံးဖြတ်ပြီးသား အရိပ်အယောင်များနှင့် ပြည့်နှက်သွားခဲ့ကြ၏။ ၎င်းတို့သည် အားကောင်းလွန်းလှ၏။ သို့ပေမဲ့ အဆင့်မြင့်ဂြိုဟ်များ၏ ကျွမ်းကျင်သူ များနှင့် နှိုင်းယှဉ်လျှင်တော့ သူတို့သည် ဘာမှမဟုတ်ကြပေ။ ထို့ကြောင့် အထက်နယ်မြေနှင့် ယှဉ်ပြိုင်ရမည်ဆိုလျှင် အားလုံးသေဆုံးကြမှာ သေချာ၏။

…

“ဂြိုဟ်တိုက်ပွဲဟုတ်လား။” ကောင်းကင်ဘုံအင်ပါယာဆီမှာတော့ မူချန်းဟုန်သည် မျက်မှောင်ကုတ်လျက်ရှိနေကြ၏။

စားပွဲ၏ထိပ်တွင် ထိုင်လျက်ရှိနေသော ရီထျန်းချန်က ပြောလိုက်၏။ “ဒီ တိုက်ပွဲတည်နေရာကို အထက်နယ်မြေမှာရှိတဲ့ ကျွမ်းကျင်သူကြီးတစ်ယောက်က ဖန်တီးခဲ့တာလို့ ကျုပ်ကြားဖူးတယ်။ ဒါက လူဦးရေများပြားတဲ့ပြဿနာကို ဖြေရှင်းတာတဲ့။ ဒီထဲကို ဝင်သွားပြီဆိုရင် လူတွေက သတ်ဖြတ်ခံရမယ်။ ပြီးတော့ ကိုယ်ပိုင်ဆိုင်တဲ့ တည်နေရာကို ချဲ့ထွင်အောင် ပြုလုပ်ရမယ်။”

စစ်တုဟောင်ယွမ် သည် ခေါင်းကို ခါယမ်းကာဖြင့် ပြောလိုက်၏။ “ဂြိုဟ်တိုက်ပွဲက ငရဲခန်းထက်တောင် ပိုပြီး ကြောက်ဖို့ကောင်းသေးတယ်။ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာရှိတဲ့ လူတွေကို စေလွှတ်တယ်ဆိုတာက ကိုယ့်လူကို သေတွင်းထဲပို့တာနဲ့ အတူတူဘဲ။”

“ဟုတ်တယ်။” ရီထျန်းချန်က ပြောလိုက်၏။

“ရှေးအင်ပါယာတွေရဲ့တိုက်ပွဲကြောင့် လောကကြီးဟာ တစိတ်တပိုင်းစီ ကွဲအက်ခဲ့တယ်။ ဒီတော့ ကျုပ်တို့စုပ်ယူနိုင်တဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေအကုန်လုံးဟာလည်း ထိခိုက်မိသွားကြပြီ။”

“ဂြိုလ်တိုက်ပွဲကိုသာ သွားမယ်ဆိုရင် ကျုပ်တို့ရဲ့ လက်ရှိရှိနေတဲ့ အားအင်အဆင့်ဟာ ကြီးကြီးမားမားထိခိုက်လိမ့်မည်။

မူချန်းဟုန်သည် ဤဖြစ်စဉ်မှာ လေးနက်လျက်ရှိကြောင်း ကောင်းကောင်းနားလည်မိ၏။ ထို့ကြောင့်သူသည် စားပွဲပေါ်တွင်ရှိသော စာတစ်စောင်ကို ကောက်ယူကာဖြင့် ပြောလိုက်တော့၏။ “ကုန်းမြေတိုက်ကြီးတစ်ခုလုံးအတွက် ဘာပဲဖြစ်ဖြစ် ကျုပ်တို့သွားမှဖြစ်မယ်။”

စောင့်ကြည့်ရေးမျှော်စင်သည် သိုင်းအုပ်စိုးသူနှစ်ထောင်ကို ပို့ဆောင်ရုံသာမက သိုင်းနယ်မြေတစ်ပိုင်းနှင့် သိုင်းနယ်မြေ ကျင့်ကြံသူများကိုပါ စေလွှတ်ရန် စီစဉ်ထား၏။

၎င်းတို့အနေနှင့် အားနည်းသည်ဆိုရင်တောင်မှ အလျှော့ပေး၍ မဖြစ်ချေ။ မျှော်လင့်ချက်လေး သေးသေးလေးတစ်ခု အတွက် အဆုံးထိတိုက်ခိုက်ရမှာဖြစ်သည်။

သို့ပေမဲ့ ၎င်းတို့သည် အဘယ့်ကြောင့် များပြားလှသော ကျွမ်းကျင်သူများကို စေလွှတ်ရသနည်း။ ဂြိုဟ်တိုက်ပွဲ၏ စည်းမျဉ်းစည်းကမ်းများအရသာ ဖြစ်တော့၏။

သိုင်းအုပ်စိုးသူများကိုသာ စေလွှတ်လိုက်မည်ဆိုလျှင် အပြစ်ပေးခြင်းကို ခံရပေလိမ့်မည်။ သို့ပေမဲ့ ဂြိုဟ်တိုက်ပွဲဆီကို သွားရောက်ဖို့ဆိုလျှင် သက်ဆိုင်ရာဂြိုဟ်များမှ အလှည့်ကျသည့်စာရင်းသည် ထွက်ပေါ်လာလိမ့်မည်ဖြစ်သည်။ ထိုစာရင်းတွင် ပါဝင်မှသာ ပါဝင်ယှဉ်ပြိုင်ခွင့်ရမည်။

သို့ပေမဲ့ ၎င်းတို့ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာကို ပိုမိုချဲ့ထွင်နိုင်အောင်ပြုလုပ်နိုင်မည်ဆိုပါက အလွန် အားကောင်းလွန်းလှသော ဆုလာဘ်များကို ရရှိပေလိမ့်မည်။

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ကျွမ်းကျင်သူများမှာတော့ ဆုလာဘ်ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။ ၎င်းတို့အနေနှင့် ရက်စက်လှသောတိုက်ပွဲများတွင် အသက်ရှင်ကျန်ရစ်ဖို့သာ မျှော်လင့်နေမိကြတော့သည်။

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ထိပ်တန်းကျွမ်းကျင်သူများ စိုးရိမ်ပူပန်လျက်ရှိနေတုန်းမှာဘဲ ဂြိုဟ်တိုက်ပွဲဆီသို့ တည်နေရာရွှေ့ပြောင်းမှုမှတဆင့် ချိုးဖြတ်ဝင်ရောက်လာခဲ့သော ကျွင်းချောင်ရှောင်းမှာတော့ ပါးစပ်ကိုဟ၍ လျှာကြီးထုတ်ကာ အားရပါးရ ပြေးလျက်ရှိနေတော့၏။

ဟုတ်ပေသည် သူ၏နောက်မှာတော့ ကျွမ်းကျင်သူတစ်ထောင်ကျော်တို့သည် နောက်မှလိုက်လံတိုက်ခိုက်လျက်ရှိနေ၏။ ထိုလိုက်လံတိုက်ခိုက်ကြသည့်ထဲတွင် သိုင်းအုပ်စိုးသူများနှင့် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူများလည်း ပါဝင်လျက် ရှိ၏။ မည်မျှကြောက်မက်ဖွယ်ရာကောင်းလှသနည်း။

ကုန်းရှန်သည် ယနေ့အချိန်မှာတော့ အားရပါးရ ပြေးလွှားလျက်ရှိနေ၏ သို့ပေမဲ့ ကောင်းကင်ကြီးမှ ပေးအပ်သည့် ကောင်းချီးကြောင့် အသက်ရှင်လျက်တော့ ရှိနေသေး၏။

စနစ်သည် သူ့အား မြင်သာအောင်ပြုလုပ်နေသည်။ “ငါ့ရဲ့စွမ်းအင်တွေ … ငါ့ရဲ့စကြာဝဠာတွေ …. ငါ့ရဲ့ မရီဒန်တွေ။ လာခဲ့စမ်း။”

All Chapters