အခန်း (၈၄၄)
Vol. 57 Ch. 844
ကျွင်းချောင်ရှောင်းသည် အလွန်တရာခက်ခဲလှသောအခြေအနေကို ကျရောက်နေသည်ဆိုသော်လည်း သူ့အနေနှင့် စက်အတောင်ပံနှင့် ပျံသန်းနိုင်သည့် စွမ်းအင်ကိုအသုံးပြုကာ အရှိန်အဟုန်ပြင်းပြင်း နှင့်ထွက်ပြေးလျက်ရှိ နေသေးသည်။
သို့ပေမဲ့ သူ၏ခန္ဓာကိုယ်ဆီမှထွက်ပေါ်နေသော အနီရောင်အလင်းတန်းသည် ကောင်းကင်ပေါ်သို့ ထိုးတက်လျက်ရှိပြီး တစ်ချိန်လုံး သူမည်သည့်နေရာတွင်ရှိနေသည်ဖြစ်ကြောင်းကို ဖော်ထုတ်ပြသလျက်ရှိ၏။
ကျွမ်းကျင်သူများသည် နေရာအနှံ့ဆီမှ တလှိုင်းပြီးတလှိုင်း ရောက်ရှိလာခဲ့ကြ၏။ ဤနေရာတွင် ကျိန်းသေပေါက် အန္တရာယ်များဖြစ်တည်လာတော့မှာ သေချာ၏။ အချက်အလက်အားဖြင့် ကျွင်းချောင်ရှောင်းသည် စည်းဓားမော့ကို ထုတ်ဖော်ကာ အသုံးပြုနိုင်၏။ သို့ပေမဲ့ သူသည် ထိုစီးဓားမော့၏ စွမ်းရည်ကို မစမ်းသပ်ရသေးချေ။ ထို့ကြောင့် အားကောင်းသည်လား၊ အားမကောင်းသည်လား ဆိုသည်ကို သေချာမသိပေ။ ထို့အပြင် ဤစည်းဓားမော့ကို အသုံးပြုပြီးသည့်နောက် အားနည်းသော အခြေအနေဆီ ရောက်ရှိသွားမည်ဆိုလျှင် သူသည် သေဆုံးသွားနိုင်သည်။
“ဘယ်ကိုသွားမယ်လို့ စဉ်းစားနေတာလဲ။”
ဟူး ဟူး
တွေးနေတုန်းမှာပဲ သူ၏ညာဘက်အနောက်ဘက်ဆီမှ စွမ်းအင်လှိုင်းများဖြစ်တည်လာပြီးနောက် ကြီးမားလှသည့် လက်သီးနှင့်လက်ဝါးချက်ကြီးသည် သူ့ဆီသို့ ရောက်ရှိလာခဲ့၏။
“ဒီနေရာကိုပဲ”
ကျွင်းချောင်ရှောင်းသည် သူ၏ဓားနှင့်အသာခုတ်ပိုင်းလိုက်၏။ ပြီးသည့်နောက်မှာတော့ ဝင်ရောက်လာသည့် တိုက်ခိုက်ချက်ကို ချိုးဖြတ်လိုက်တော့သည်။
သူ၏လမ်းတွင် တားဆီးလျက်ရှိနေသော သိုင်းအင်ပါယာအနည်းငယ်တို့သည် တိုက်ခိုက်ခြင်းကို ခံလိုက်ရတော့သည်။ ဤမြင်ကွင်းသည် အနောက်ဘက်မှ လိုက်ပါလာခဲ့သော ကျွမ်းကျင်သူများကို တန့်ခနဲ ဖြစ်သွားစေ၏။
သူသည် လူတော်တော်များများကို တစ်ခါတည်း သတ်ဖြတ်ဖြစ်ခဲ့၏။ ထို့ကြောင့် သူ၏ သီလမှတ်များသည် ပိုမိုတိုးပွားလာခဲ့သည်ဆိုသော်လည်း သူ၏ခန္ဓာကိုယ်မှာမူ ပိုမို၍ နီရဲလာခဲ့သည်။
ဂိုဏ်းချုပ်ကျွင်းသည် လက်ရှိအခြေအနေမှာတော့ အားလုံးအကြိုက် စားတော်ပွဲကြီးလိုပင် ဖြစ်နေတော့၏။ ထို့ကြောင့် အားလုံးသောသူများသည် သူ့ကိုပစ်မှတ်ထားကာ လိုက်လံသတ်ဖြတ်လျက်ရှိနေကြ၏။
ဝှစ် ဝှစ်
ကျွမ်းကျင်သူများသည် တစ်လှိုင်းပြီးတစ်လှိုင်းရှေ့သို့ ထိုးတက်လာခဲ့တော့၏။ သီလအမှတ်ငါးရာကို သူတို့သည် လက်လွှတ်အလျှော့မပေးချင်ပေ။
အားကောင်းလှသောလူများသည် သူ၏နောက်ဆီသို့ ပိုမိုကာလိုက်ပါလာသည်ကို မြင်ရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် နှလုံးသားထဲက ရေရွတ်မိလိုက်၏ “ဘယ်လောက်တောင်ကြာအုံးမှာလဲ။”
စနစ်က ပြောလိုက်သည် “လုံခြုံတဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးအပိုင် စက်ဝိုင်း တည်နေရာဆီကို ပြန်လည်ဝင်ရောက်ဖို့အတွက်ဆို ဆယ်မိနစ်လောက်လိုသေးတယ်။”
“အင်း အချိန်ကြပြီပဲ။”
ကျွင်းချောင်ရှောင်းသည် အရှိန်မြှင့်ကာဖြင့် ရုတ်တရက်အနောက်ဘက်သို့ လှည့်လိုက်၏။ ပြီးသည့်နောက်မှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာစက်ဝိုင်းတည်ရှိရာသို့ အမြန်ဆုံးနှုန်းဖြင့် ကျော်ကာတက်၍ ပြေးတော့သည်။ သူသည် သေချာကြိတ်ကာ တွက်ချက်ထားခဲ့၏ ဤနေရာကို ရောက်ရှိရန်အတွက် ဆယ်မိနစ်ကျော် ကြာမြင့်ခဲ့၏။ ထို့ကြောင့် ပြန်လှည့်သွားမည်ဆိုလျှင် ဆယ်မိနစ်အတွင်း ရောက်ပေလိမ့်မည်။
စနစ်က ပြောလိုက်သည် “လက်ခံသူကို စိတ်ပျက်အောင် မလုပ်ချင်ဘူး။ ဒါပေမဲ့ ပြောစရာတစ်ခုရှိတယ်။ ကိုယ့်ရဲ့တည်နေရာမှာ သူတို့အားလုံးက ဝိုင်းပတ်ပြီး စောင့်နေမယ်ဆိုရင်ဘယ်လိုလုပ်မလဲ။”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် ပြိုလဲသွားမိ၏။ သူသည် ဤအရာကို မတွေးတောခဲ့မိချေ။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အဆုံးမဲ့သော တိုက်ခိုက်ခြင်းဆန္ဒများနှင့် ဖြစ်တည်လာခဲ့တော့၏ ပြီးနောက်ပြောလိုက်၏ “တကယ်လို့ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ စက်ဝိုင်းတည်နေရာကို ဝိုင်းရံပိတ်ဆို့ထားမယ်ဆိုရင် ဒီလူတွေ အကုန်လုံးကို သတ်ဖြတ်ပစ်ဖို့ရာပဲ ရှိတော့တယ်။”
သိုင်းနယ်မြေကျင့်ကြံသူတစ်ယောက်မပါဘူးဆိုပါက သူသည် လောက၏ အဆုံးဘက်ဆီသို့ ထွက်ပြေးလွတ်မြောက် နိုင်စွမ်းရှိ၏။ သို့ပေမဲ့ သူ၏ခန္ဓာကိုယ်၏ စွမ်းအားများအားလုံးသည် တဖြည်းဖြည်းနှင့် လျော့လျော့လာခဲ့၏။ သူ၏တည်နေရာကို ပြသလျက်ရှိသော အနီရောင်အလင်းတန်းများကလည်း ဆက်တိုက်ထွက်ပေါ်လျက်ရှိ၏။ ထို့ကြောင့် အားကောင်းလှသောလူများသည် တဖြည်းဖြည်းနှင့် သူ့ဆီသို့ ပိုမိုကာ ရောက်ရှိလာခဲ့ကြသည်။ သူ့အနေနှင့်အသက်ရှင်ချင်စိတ်ရှိသည်ဆိုလျှင် လုံခြုံသည့်တည်နေရာဆီသို့ ပြန်လည်သွားနိုင်မှပင်ဖြစ်ပေလိမ့်သည်။
စနစ်၏ ခန့်မှန်းမှုမှာ အမှန်ပင်ဖြစ်တော့၏။ ကျွင်းချောင်ရှောင်းသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ စက်ဝိုင်းတည်နေရာဆီသို့ ဦးတည်ကာ သွားလိုက်သည့် အချိန်မှာတော့ လူပေါင်းတစ်ထောင်ကျော်တို့သည် လေထဲတွင်လွင့်မျောလျက်ရှိပြီး သူ၏တည်နေရာအား ဝိုင်းပတ်ကာ ပိတ်ဆို့ထားကြ၏။
“ချီးတဲ့မှ”
သူသည် စိတ်ဆုံးဖြတ်ပြီးစွာဖြင့် ပြောလိုက်တော့သည် “တိုက်ခိုက်မယ်။”
“ဖြောက် ဖြောက် ဖြောက် ဖြောက်”
စက်အတောင်ပံ၏ တိုက်ခိုက်ရေးနှင့်ခုခံရေးလုပ်ဆောင်မှုများသည် အသက်ဝင်သွား၏။ ပြီးသည့်နောက်မှာတော့ သူ၏ခန္ဓာကိုယ်ပေါ်တွင် ဝိညာဉ်ကိုးပါးချပ်ဝတ်နှင့် စိတ်ဝိညာဉ်ချပ်ဝတ်တို့သည် တစ်လွှာပြီးတစ်လွှာ ပေါ်လာခဲ့၏။
လက်ရှိအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အားအကောင်းဆုံးသော အခြေအနေသို့ ရောက်ရှိနေ၏။ ဟွာတောင်ထိပ်တွင် မိစ္ဆာဂိုဏ်းတစ်ဂိုဏ်း၏ ဂိုဏ်းချုပ်များကို စိန်ခေါ်သည့်အချိန်က သူသည် လောင်ချာကြီးကိုပင် အသုံးပြုခဲ့သေး၏ သို့ပေမဲ့ ဤအရာများအားလုံးသည် တခြားသောလူများကို ခြောက်လှန့်ရန်သာ အဓိကရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအခြေအနေမှာတော့ သူသည် ဂြိုဟ်တိုက်ပွဲကြီးတွင် အသက်ရှင်ရပ်တည်နိုင်ရန်အတွက် ဤကဲ့သို့သော အားအကောင်းဆုံးဆိုသည့် လက်နက်များကို ထုတ်ဖော်ကာ အသုံးပြုမှ ဖြစ်ပေလိမ့်မည်။
လုံခြုံရေးတည်နေရာကို စည်းခတ်ကာ ပိတ်ဆို့ခြင်းခံလိုက်ရသည်ဆိုမှတော့ သူ့အနေနှင့် ၎င်းတို့အား သတ်ဖြတ်ရန် နည်းလမ်းမှလွဲ၍ အခြားမရှိတော့ချေ။ မဟုတ်ပါက သူ့အနေနှင့် ဆက်လက်ပြေးလွှားနေလျှင် အချိန်တချိန်ချိန်၌ သေဆုံးသွားမှာ သေချာ၏။
ပြိုင်စံရှားဂိုဏ်းသည် ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်နေသေး၏။ ထို့အပြင် သူသည် မိန်းမမရသေးချေ။ ဘယ်လိုဖြစ်ပြီး ဤနေရာတွင် သေဆုံးရမည်နည်း။
စနစ်ကပြောလိုက်သည် “လက်ခံသူ သေရင်သေသွားမယ်။ မိန်းမရဖို့ကတော့ လမ်းမရှိဘူး။”
ကျွင်းချောင်ရှောင်းသည် စနစ်၏ စောဒကတက်မှုကို လစ်လျူရှုထားလိုက်၏။ သူ၏မျက်လုံးအကြည့်များသည် နီရဲလာ၏။ ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း တောက်ပပြီး မီးတောက်များဖြစ်တည်လာ၏။ သူသည် သူ့ကိုထိမှန်သည့်အရာမှန်သမျှကို ကျွမ်းလောင်ပစ်နိုင်စွမ်းရှိသော မီးနတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်လာတော့သည်။
“လာပြီပဲ။ ဒီကောင်လေးပြန်လာပြီ။ သူ့ရဲ့တည်နေရာကို သူကြိမ်းသေပေါက်ပြန်လာမယ်ဆိုတာကို ကျုပ်သိတာပေါ့။”
အားကောင်းလှသော ကျင့်ကြံသူတစ်ထောင်ကျော်တို့၏ မျက်လုံးထဲမှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူသည် ၎င်းတို့အတွက် သားကောင်တစ်ခုပင်ဖြစ်တော့၏။ လက်ရှိအခြေအနေမှာတော့ တကိုယ်လုံးမီးတောက်များနှင့် တောက်ပလျက်ရှိနေသော ကျွင်းချောင်ရှောင်းကို သူတို့ ဂရုမစိုက်ကြချေ။ သူတို့သည် သီလအမှတ်ငါးရာတန်ကြီး ပျံသန်းလာသည်ဟုပင် သဘောထားနေကြ၏။
“အစီအရင်”
တခြားသောဂြိုလ်မှ ကျွမ်းကျင်သူများထဲမှ တစ်ယောက်က အော်ဟစ်လိုက်တော့၏။
ဝှစ် ဝှစ်
အလွန်အားကောင်းလှသော ကျင့်ကြံသူနှစ်ဆယ်ကျော်တို့သည် ရှေ့ဆီသို့ ပျံသန်းထွက်ပေါ်လာ၏။ ၎င်းတို့၏ ဓားများသည် ဓားအိမ်ထဲမှ ထွက်ပေါ်လာပြီးသည့်နောက် ချက်ချင်းဆိုသလိုဘဲ ဓားအစီအရင်တစ်ခု ဖြစ်တည်လာသည်။
“ခင်ဗျားတို့အားလုံး သေစမ်း။” ကျွင်းချောင်ရှောင်းသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။
သူ၏ညာဘက်လက်သည် တိုက်ခိုက်ရေးပုံစံကို အသက်သွင်းလိုက်သည်။ တလက်လက်တောက်ပလျက်ရှိသော ဓားအော်ရာများသည် အပြင်ဘက်ဆီသို့ ထွက်ပေါ်လာသည်။
ဤတိုက်ခိုက်ချက်သည် သိုင်းနယ်မြေတစ်ပိုင်းကျင်ကြံသူကို တိုက်ခိုက်ခဲ့သည်ထက် ပိုမို၍ အားကောင်းလွန်းနေ၏။ သေသေချာချာကြည့်ရှုမည်ဆိုလျှင် တည်နေရာကြီးတစ်ခုလုံးကိုပင် ခွဲခြမ်းသွားနိုင်သည့် ဓားအော်ရာများ ပါဝင်နေ၏။
“ဖြောက် ဖြောက်”
ထိုအချိန်မှာတော့ ကုန်းမြေတိုက်တစ်ခုပေါ်ရှိ အလွန်အားကောင်းလှသော သိုင်းကျင့်ကြံသူနှစ်ယောက်တို့သည် မြေပေါ်သို့ လှမ်းတက်လိုက်ကြ၏။ ၎င်းတို့၏ အရှေ့တွင်ကြီးမားလှသော လူ့ဘီလူးကြီးတစ်ကောင်၏ အရိပ်သည် ဖြစ်တည်လာခဲ့သည်။
၎င်းတို့သည် ချက်ချင်းပဲ လက်ကိုမြှောက်ကာဖြင့် အလွန်ထက်ရှလှသော ဓားအော်ရာများဖြင့် ထိပ်တိုက်ရင်ဆိုင် လိုက်၏။
“ဘုန်း ဘုန်း”
မြေတစ်ခုလုံးအက်ကွဲလှလောက်သည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့တော့သည်။ အရာအားလုံး တည်ငြိမ်သွားသည့်နောက်မှာတော့ ဓားအော်ရာများကြောင့် ကြီးမားလှသော လူ့ဘီလူးကြီးပုံရိပ်ယောင် များသည် ပျောက်ကွယ်သွားတော့၏။
……
ကုန်းမြေတိုက်ကြီးတစ်ခုဆီမှ အလွန်အားကောင်းလှသော လူနှစ်ယောက်သည် အနောက်ဖက်သို့ ဆုတ်ခွာလာ၏ ၎င်းတို့သည် ရင်ဘတ်ကိုအုပ်ကိုင်ကာဖြင့် သွေးများအန်ထွက်လျက်ရှိတော့သည်။ ၎င်းတို့၏မျက်လုံးထဲတွင် ထိတ်လန့်တုန်လှုပ်မှုများနှင့်ပြည့်နှက်လျက်ရှိသည်။
၎င်းတို့သည် အမဲရောင် အဆင့်ကျွမ်းကျင်သူများ ဖြစ်ကြ၏။ ထို့ကြောင့် ၎င်းတို့၏အားအကောင်းဆုံးသော အကာအကွယ်ဖြစ်သည့် ပုံရိပ်ယောင်လူထွားကြီးသည် ၎င်းတို့၏ ကုန်းမြေတိုက်ကြီးတွင် အားအကောင်းဆုံးသော ခုခံခြင်းနည်းစနစ်ဟုလည်း ပြောရမည်။
လက်ရှိအခြေအနေမှာတော့ နှစ်ယောက်ပေါင်းပြီးတော့ ထုတ်ဖော်တိုက်ခိုက်ခဲ့သည်ဆိုတာတောင်မှ တဖက်လူ၏ တိုက်ခိုက်ချက်ကို မခုခံနိုင်ခဲ့ချေ။
ကျွင်းချောင်ရှောင်းမှာတော့ အားအကောင်းဆုံးသော အခြေအနေသို့ ရောက်ရှိနေသည်။
“ဓားသုံးထောင်ကျမ်း”
ထိုအချိန်တွင်မှာတော့ ဓားအစီရင်ဆီမှ ဓားရိပ်များသည် ရှေ့ဆီမှ လှမ်းထွက်သွားခဲ့ကြသည်။ ထိုဓားရိပ်များအားလုံးသည် ကျွင်းချောင်ရှောင်းဆီသို့ ဦးတည်ကာ ဝင်ရောက်လာခဲ့၏။
“ဝှစ် ဝှစ်”
အလွန်အားကောင်းလှသော ဓားချီ များသည် တောင်ကြီးတစ်ခုကဲ့သို့ ကြီးမားလှသည့် အရှိန်အဟုန်ဖြစ်တည်စေပြီး ဆူနာမီကဲ့သို့ပင် အရာအားလုံးကို တိုက်စားတော့မည့်ပုံသဏ္ဍာန်မျိုးဖြင့် ဝင်ရောက်လာခဲ့သည်။
“လင်းကျန့် ဓားသိုင်း”
“ဝှစ် ဝှစ်”
ဓားရိပ်များအားလုံးသည် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ ရူးရူးမူးမူးဆိုသလိုဘဲ အောက်ဆီသို့ ကျဆင်းလာသော ဓားရိပ်များနှင့် ထိပ်တိုက်တွေ့ဆုံ၏။ အဆုံးသတ်မှာတော့ ရှိရှိသမျှသော ဓားများအားလုံးသည် အနောက်ဘက်သို့ လွင့်စင်သွား၏။
“လာ … လာစမ်း”
ကျွင်းချောင်ရှောင်းသည် အော်ဟစ်လိုက်၏။ ရှိရှိသမျှသော ဓားများအားလုံးသည် ကျွင်းချောင်ရှောင်း၏ ထိန်းချုပ်မှုဆီသို့ ရောက်ရှိသွားခဲ့ပြီး လေထဲတွင်တော့ ကြီးမားလှသော ဓားရိပ်တစ်ခုအဖြစ် ပေါင်းစပ်သွားခဲ့တော့သည်။
၎င်းတို့၏ ဓားများသည် ကျွင်းချောင်ရှောင်းရှေ့ဆီသို့ ရောက်ရှိသွားသည့်ကို မြင်သည့်အချိန်မှာတော့ တဖက်မှ သိုင်းကျင့်ကြံသူများအားလုံး၏ မျက်နှာသည် ပျက်ယွင်းသွားခဲ့ကြတော့၏။
“ဒါက”
အစီအရင်ထဲတွင်ရှိနေသော လူများသည် ဆွံ့အသွားကြ၏။ နောက်တစ်စက္ကန့်အတွင်းမှာပဲ ၎င်းတို့သည် မကောင်းသည့် ခံစားချက်များကို ရရှိလိုက်ကြသည်။
ခေါင်းဆောင်ကအော်ဟစ်လိုက်၏။ “နောက်ကိုဆုတ်ကြ။”
“သေစမ်း။ အားလုံးသေကြ။” ကျွင်းချောင်ရှောင်းသည် ဒေါသထွက်နေ၏။
သူသည် ကောင်းကင်နဂါးဓားအား ကိုင်ဆွဲပြီး ရုတ်တရက် ခုတ်ပိုင်းလိုက်တော့သည်။ လေထဲတွင် ရှိနေသော ကြီးမားလှသည့် ဓားကြီးမှာလည်း တောင်ကြီးတစ်ခုလုံးကို ပိုင်းဖြတ်နိုင်သည့်အရှိန်အဟုန်ဖြင့် အောက်သို့ ဆင်းသက် လာပြီး ဓားအစီအရင်က ဖျက်ဆီးသွားခဲ့သည်။
“ဘုန်း ဘုန်း”
ရေတွက်၍မရအောင် များပြားလှသော ဓားအစီအရင်ထဲတွင်ရှိသော ဓားသမားများအားလုံးသည် အချိန်ကိုက်မရှောင်ရှား နိုင်ခဲ့ကြတော့ချေ။ ၎င်းတို့အားလုံးတည်ရှိနေရာ နေရာတစ်ခုလုံးသည် သွေးအိုင်ကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့တော့၏။
လက်ရှိအချိန်မှာတော့ သိုင်းအင်ပါယာအဆင့် ကျွမ်းကျင်သူများအနေနှင့် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်လျက်ရှိနေတော့သည်။
“အင်ပါယာဓားကုန်းမြေရဲ့ ကျင့်ကြံသူ … ပထမဦးဆုံး သတ်ဖြတ်နိုင်တဲ့အတွက် ပါဝင်ယှဉ်ပြိုင်သူကို ဂုဏ်ပြုပါတယ်။ သီလအမှတ်တစ်ရာရရှိတယ်။”
“အဝါရောင်အဆင့် သိုင်းကျင့်ကြံသူ နှစ်ဆယ့်တစ်ယောက်ကို သတ်ဖြတ်ခဲ့တဲ့အတွက် ပါဝင်ယှဉ်ပြိုင်သူကို ဂုဏ်ပြုပါ တယ်။ သီလအမှတ်နှစ်ရာ့တစ်ဆယ်ရရှိတယ်။”
များပြားလှသော ဂြိုဟ်များမှ ကျွမ်းကျင်သူအားလုံးသည် မျက်လုံးတွေပြူးထွက်တော့မတတ် အံ့အားသင့်လျက် ရှိနေ၏။
ကျွင်းချောင်ရှောင်း၏ ဓားချက်အောက်တွင်တော့ အလွန်အားကောင်းလှပါသည်ဆိုသော ကျွမ်းကျင်သူ နှစ်ဆယ်ကျော်တို့သည် သေဆုံးသွားခဲ့သည်ကို ၎င်းတို့ မျက်ဝါးထင်ထင်မြင်လိုက်ရသည်။
“ဘုန်း”
ထိုအချိန်မှာပဲ လူရိုင်းကုန်းမြေမှ သိုင်းကျင့်ကြံသူနှစ်ယောက်တို့၏ ဝတ်စုံများသည် ပွင့်ထွက်သွားခဲ့၏။ ၎င်းတို့၏ ရင်ဘတ်ပေါ်တွင်ရှိသော ထူးဆန်းသည့် တက်တူးကဲ့သို့ အရေးအကြောင်းများသည် ထင်ပေါ်လာတော့သည်။
ချက်ချင်းဘဲ ၎င်းတို့၏ခန္ဓာကိုယ်များသည် အလွန်တရာကြီးမားပြီး မီတာ ခြောက်ဆယ်ခန့်ရှိသော သားရဲများ၏ ပုံသဏ္ဍာန် အဖြစ်သို့ ပြောင်းလဲသွားတော့၏။
“လူရိုင်းဘုရင်အသွင်ပြောင်းလဲခြင်း” တစ်စုံတစ်ယောက်က ထအော်လိုက်ရ၏။
“ကောင်လေး”
လူရိုင်းဘုရင်အသွင်ပြောင်းလဲခြင်းကျွမ်းကျင်သူက အော်ဟစ်လိုက်တော့၏ “သေစမ်း”
တောင်ကဲ့သို့ကြီးမားလှသော လက်ဝါးရိုက်ချက်ကြီးသည် အလွန်ကြမ်းတမ်းလှသည့်အားအဟုန်နှင့်အတူ ကြမ်းတမ်းစွာ တိုက်ခိုက်တော့သည်။
“ဝှစ်”
တခြားသော လူရိုင်းဘုရင်အသွင်ပြောင်းကျွမ်းကျင်သူသည် လည်း ညာဘက်လက်ကိုမြှောက်ကာဖြင့် ဘေးတစ်ဖက်ဆီမှ တိုက်ခိုက်လိုက်၏။ ကျွင်းချောင်ရှောင်းကို နှစ်ဖက်နှစ်ချက်ညှပ်ကာ သတ်ဖြတ်ရန် ပြင်ဆင်ကြခြင်း ပင် ဖြစ်၏။
“ဝှစ်”
ကြမ်းတမ်းလှသောအားအင်များသည် ရူးရူးမူးမူးဖြစ်တည်လာပြီးသည့်နောက် တည်နေရာတစ်ခုလုံးသည် ပျက်စီးသွား ခဲ့၏။ အခြားသောဂြိုဟ်များမှာရှိနေသော ကျွမ်းကျင်သူများသည် ထိုအချင်းအရာကို မြင်သည့်နောက်မှာတော့ အံ့အားသင့် လျက် ရှိနေကြတော့သည်။
“သေစမ်း။”
ကျွင်းချောင်ရှောင်း၏ မျက်လုံးထဲတွင်တော့ တိုက်ခိုက်လိုခြင်း ဆန္ဒများဖြစ်တည်လာခဲ့၏။
သူသည် ကောင်းကင်နဂါးဓားအား ကိုင်ပြီးသည့်နောက် ဓားပေါ်တွင် အလွန်အားကောင်းလှသော မီးတောက်များ ဖြစ်တည်လာခဲ့တော့သည်။ ပြီးသည့်နောက်မှာတော့ သူ့အားတိုက်ခိုက်လိုက်သော လက်ဝါးကြီးအား ထိုးသွင်းလိုက်သည်။
“ရွှီ”
ဓားအော်ရာများသည် လက်ဝါးကြီးအား ထိုးဖြတ်သွားခဲ့တော့၏။