အခန်း (၈၄၈)
Vol. 57 Ch. 848
ဆေးဥယျာဉ်နှင့် မနီးမဝေးရှိ တောင်ကမူလေး တစ်ခုအပေါ်မှာတော့ တောဝက်ရိုင်းလေးသည် ၎င်း၏ စိတ်ဝိညာဉ်စွမ်းအင် များကို ထုတ်ဖော်ကာဖြင့် အရှေ့တိုးလိုက်၊ အနောက်တိုးလိုက်ဖြင့် ကုန်းမြေတစ်ခုလုံးကို ပြန်လည်တည်ဆောက်လျက် ရှိနေသည်။
ဤတည်နေရာသည် ဆာလောင်မြက်များစိုက်ပျိုးရန် ထားရှိထားသည့် နေရာပင်ဖြစ်တော့သည်။ အနည်းဆုံး ဆာလောင်မြက်နှစ်သန်းကို ဤနေရာတွင်စိုက်ပျိုးမည်ဟု သတ်မှတ်ထား၏။
သာမန်အခြေအနေအရဆိုလျှင် ထိုကဲ့သို့သော ဆာလောင်မြက်ဆိုသည့်အပင်များအားလုံးသည် ကြီးထွား ရင့်သန်လာ ရန်အတွက် အနည်းဆုံးတစ်နှစ်ခန့်အချိန်ယူရသည်။
သို့ပေမဲ့ မျိုးစေ့ကန် နှင့် လုံလောက်သည့်စိတ်ဝိညာဉ်စွမ်းအင်များရှိသည့်အပြင် ကျွမ်းကျင်လှသည့် ဆေးပင်ပညာရှင်များ ၏ ပြုစုပျိုးထောင်မှုကြောင့် (၂)လမှ (၃)လအတွင်း ရင့်မှည့်ကြီးထွားလာလိမ့်မည်။
ထို့ကြောင့် ကြမ်းတမ်းလှသော သားရဲတစ်သိန်းကျော်တို့အား ကျွေးမွေးရန်အတွက် ပြဿနာမရှိသေးသည့်အပြင် အပြင်ဘက်ဆီသို့ပင် ပြန်လည်ရောင်းချ၍ ရနိုင်ပေ၏။
သို့ပေမဲ့ အပြင်လူများသည်သာ ပြိုင်စံရှားဂိုဏ်းတွင် ဆာလောင်မြက်များ စိုက်ပျိုးနေသည်ဟူသည့် သတင်းသာ ကြားသိရသည်ဆိုပါက ၎င်းတို့၏ မေးရိုးများသည် ပြုတ်ကျသွားပေလိမ့်မည်။
“အရာအားလုံးအဆင့်သင့်ဖြစ်နေပြီ။ အခုဆေးပင်တွေက ကြီးထွားလာဖို့ဘဲ စောင့်ရတော့မယ်။”
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ် အသာမှီပြီး ခြေနှစ်ဖက်ကို ချိတ်ကာဖြင့် အားရပါးရ ရေနွေးကြမ်းသောက် လျက်ရှိနေ၏။
စနစ်ကပြောလိုက်သည်။
“လက်ခံသူအနေနှင့် တိုက်ပွဲတည်နေရာထဲမှာ မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူရဲ့ လက်ဝါးနဲ့ရိုက်ခံရတာကို ကြောက်ရွံ့နေတုန်းပဲလား။”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်မိ၏။ “မင်းဒီကိစ္စကို အစမဖော်လို့ မရဘူးလား။ ငါမေ့တောင်နေပြီလေ။”
“ဒီလိုကြီးမားလှတဲ့ရန်ငြိုးကြီးကို ဘယ်လိုလုပ်မေ့လို့ရမှာလဲ။”
စနစ်ကပြောလိုက်သည်။ “လက်စားချေခြင်းဆိုတာက အေးသွားတဲ့ဟင်းတွေဆိုရင်တောင်မှ စားလို့ကောင်းတဲ့အရာမျိုးဘဲလေ။ ဒီတော့ မင်းအနေနဲ့ ကျိန်းသေပေါက်လက်စားချေရမယ်။ ဒီကိစ္စကို လက်ခံသူကိုအမြဲတမ်းသတိပေးနေမှာပဲ။”
......
လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည် သူအား မွ မွ ဟု ပြောဆိုလေ့ရှိသည့် အမျိုးသမီးအသံကိုပင် သတိရလျက် ရှိနေတော့၏။
ဝှစ် ဝှစ်
ရုတ်တရက်ဆိုသလိုပဲ အပြင်ဘက်ဆီတွင် တစ်စုံတစ်ယောက် အဆင့်တက်သည့်အော်ရာမျိုး ထွက်ပေါ်လာခဲ့၏။
“ဟမ်”
ကျွင်းချောင်ရှောင်းသည် အပေါ်သို့မော့ကြည့်ပြီးနောက် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “တစ်စုံတစ်ယောက်က သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖျက်ရောက်ရှိတော့မှာလား။”
လက်ရှိအချိန်တွင် အပြင်ဘက်တွင် ကျင့်ကြံလျက်ရှိနေကြသော တပည့်များအားလုံးသည်လည်း သတိပြုမိလိုက်ကြ၏ ၎င်းတို့သည် အော်ရာများထွက်ပေါ်နေသည့်နေရာဆီကို လှမ်း၍ ကြည့်လိုက်သည့် အချိန်မှာတော့ ဟယ်ဝူတီ ၏ အခန်းဖြစ်ကြောင်း သိရှိလိုက်ရ၏။
“ကျွတ် ကျွတ်”
ကျွင်းချောင်ရှောင်းသည် ရေနွေးခွက်ကို အသာကောက်မော့ပြီးနောက် ပြောလိုက်၏။ “ငါ့ရဲ့ ဒီတပည့်က တိုးတက်တာအရမ်းမြန်တာပဲ။”
သူ့အနေနဲ့ ဟယ်ဝူတီ တစ်ယောက် သိုင်းအုပ်စိုးသူအဆင့်သို့ ချိုးဖျက်ရောက်ရှိခဲ့ခြင်းနှင့်ပတ်သက်၍ အံ့အားသင့်မှု မရှိချေ။ ထို့အပြင် အထူးသော နတ်ဘုရားအဆင့် စိတ်ဝိညာဉ်မျိုးကို ပိုင်ဆိုင်သည့် လူတစ်ယောက်ဖြစ်သည့်အပြင် ကျင့်ကြံခြင်းအရာတွင်လည်း အလွန်ပင်ဇွဲရှိလှသောသူတစ်ယောက်ဖြစ်နေသည် မဟုတ်လား။
“သူက ငါ့ထက်တောင်မြန်သေးတာပဲ။”
စမ်းသပ်မှုမျှော်စင်ထဲသို့ ဝင်ရောက်ရန် ပြင်ဆင်နေသည့် ရီရှင်းချန်သည် ရုတ်တရက် မျက်မှောင်ကုတ်မိသွား၏။
သူသည် ပြိုင်စံရှားဂိုဏ်းတွင် သူ့ထက်ပိုမို၍ မြန်ဆန်စွာဖြင့် သိုင်းအုပ်စိုးသူအဆင့်သို့ ချိုးဖျက်ရောက်ရှိခဲ့သော တပည့် တစ်ယောက်ရှိနေသည်ဆိုသော အကြောင်းအရာနှင့်ပတ်သက်၍ သဝန်တိုခြင်းတော့မရှိချေ။ လက်ရှိအခြေအနေ၌ ဂြိုဟ်တိုက်ပွဲတည်နေရာထဲသို့ သွားရောက်နိုင်ရန်အတွက် သူသည် အဆင့်ချိုးဖြတ်နိုင်ရန်သာ စဉ်းစားလျက်ရှိတော့သည်။
ဝှစ် ဝှစ်
အဆင့်တက်သည့် အရိပ်အယောင်များသည် ခဏတာဖြစ်ပေါ်လာပြီးသည့်နောက်မှာတော့ ပြန်လည်တည်ငြိမ်သွား ခဲ့၏။
“ကျွီ”
တံခါးဖွင့်ပြီးနောက် ဟယ်ဝူတီ ထွက်လျှောက်လာ၏။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သိုင်းအုပ်စိုးသူတစ်ယောက်၏ အော်ရာမျိုး ထွက်ပေါ်လျက်ရှိ၏။ သူ၏မျက်လုံးများသည်လည်း ယခင်ကထက်ပို၍ တောက်ပပြီးတော့ စူးရှလာလေ၏။
“ဂုဏ်ယူပါတယ်။ ဂျူနီယာညီလေး ဟယ် …သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ်ရောက်ရှိသွားတဲ့အတွက်လေ။”
အနားကဖြတ်လျှောက်သွားခဲ့ကြသော ရောင်းရင်းဂိုဏ်းသူဂိုဏ်းသားများအားလုံးသည် ၎င်းအား ဂုဏ်ယူစကားဆို လျက် ရှိနေ၏။
“ဒါကတိုက်ဆိုင်တာပါ။ တိုက်ဆိုင်တာပါ။”
ဟယ်ဝူတီ သည် သူ၏ခေါင်းအနောက်ကို အသာကုတ်ကာဖြင့် ရူးကြောင်ကြောင်နှင့် ပြုံးလျက်ရှိ၏။
သူသည် အထက်နယ်မြေက ရောက်ရှိလာကတည်းက နှိမ့်နှိမ့်ချချနှင့်သိုသိုသိပ်သိပ် နေခဲ့သူတစ်ယောက်ဖြစ်သည်။ ပြောရမည်ဆိုလျှင် သိုင်းအင်ပါယာဘဝမှ ပြန်လည်မွေးဖွားလာခဲ့သော ရီရှင်းချန်နှင့်ဆိုလျှင် တခြားစီဟု ဆိုရမည်။
“ဂျူနီယာညီလေး ဟယ်။”
လီချင်းယန်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်က အဓိကဟောခန်းထဲကို လာဖို့ခေါ်လိုက်တယ်။”
“ကောင်းပြီ။”
အဓိကဟောခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် အသာပြောလိုက်၏။ “မင်းက သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ်ရောက်ရှိသွားပြီဆိုတော့ တိုက်ပွဲတည်နေရာထဲကို လိုက်ခဲ့ဖို့ပြင်တော့။”
“ဂြိုဟ် တိုက်ပွဲတည်နေရာကြီးလား။” ဟယ်ဝူတီ သည် ဆွံ့အသွားမိ၏။
သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ်ရောက်ရှိနိုင်ရန်အတွက် သူသည်တစ်ချိန်လုံး တံခါးပိတ်ကျင့်ကြံခြင်းကို ပြုမူနေရ၏။ ထို့ကြောင့် ဂိုဏ်းချုပ်ဖြစ်ခဲ့သည့်အကြောင်းအရာနှင့်ပတ်သက်၍ သူကောင်းကောင်းမသိချေ။
ကျင်းရှောင်ချောင်း ကပြောလိုက်၏။ "ရိုးရိုးရှင်းရှင်းဘဲ။ ဒါကဂြိုဟ်တိုက်ပွဲလေ။”
“ဂြိုဟ်တိုက်ပွဲဟုတ်လား။”
ဟယ်ဝူတီ ၏ မျက်လုံးများသည် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွား၏။ သူသည်ဤနေရာအကြောင်းကို အရင်တုန်းက ကြားခဲ့ဖူးသည်။
ဤတိုက်ခိုက်ပွဲတည်နေရာတစ်ခုသည် စွမ်းအားမြင့်ကျင့်ကြံသူ တစ်ယောက် သည် ဆန်းကြယ်လှသော စွမ်းအင်များနှင့် အသုံးပြု ဖန်တီးထားသည့် တည်နေရာပင်ဖြစ်တော့သည်။ ၎င်းတည်နေရာထဲတွင် များပြားလှသောဂြိုဟ်များ အသီးသီးမှ သိုင်းကျင့်ကြံသူများသည် ဝင်ရောက်ပြီးတော့ အချင်းချင်းသတ်ဖြတ်နိုင်စွမ်းရှိကြ၏။
“ဂိုဏ်းချုပ်”
ဟယ်ဝူတီ က မေးလိုက်သည်။ “ဘယ်အချိန်ဝင်ရမှာလဲ”
“အချိန်မရွေးဝင်လို့ရတယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။
ဟယ်ဝူတီ ၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။
“ဒါကသတ်မှတ်ထားတဲ့ ဂြိုဟ်တွေကပဲ ဝင်ရောက်ဖို့ အရည်အသွေးရှိတာမဟုတ်ဘူးလား။”
သူအနေနှင့် တောင်အနောက်သို့ ရောက်သည့်အချိန်မှာတော့ လျှို့ဝှက်တိုက်ပွဲတည်နေရာ၏ ဝင်ပေါက်ကို မြင်လိုက် ရသည်။ သူသည် ရုတ်တရက် နားလည်သွားမိ၏။ “ဒါက သူတော်စင်သက်တံ့ရောင်ဖန်တီးခဲ့တဲ့အရာပဲ ဖြစ်ရမယ်။”
ဟယ်ဝူတီ သည် သူနားမလည်သည့်ကိစ္စအရာမှန်သမျှကို သူတော်စင်သက်တံ့ရောင် ဖန်တီးခဲ့သည့်အရာ ဖြစ်သည်ဟုသာ ဆွဲတွေးလေ့ရှိ၏။ ၎င်းသည် ရီရှင်းချန်နှင့် အတူတူပင်ဖြစ်သည်။
……
ကျွင်းချောင်ရှောင်းသည် ၎င်း၏တပည့်နှင့်အကြီးအကဲများအားလုံးကို ခေါ်သွားရုံတင်မက သူ၏ ပဋိညာဉ်သားရဲများ ကို ခေါ်သွားရန်လည်း ပြင်ဆင်နေ၏။
ထို့ကြောင့်ပင် နဂါးလေးနှင့် ရှောင်မိုရှန်းတို့ကို ခေါ်ယူကာ အချိန်အတိုင်းအတာတစ်ခုအတွင်း အားအင်ပိုမိုတိုးပွား လာအောင် ပြုလုပ်ရန် မှာကြားလိုက်သည်။
“အဟမ့်”
နဂါးလေးသည် ထူးမခြားနားသလို ပြောလိုက်၏။ “သခင့်အနေနဲ့ ကျုပ်ကို ခေါ်သွားရင်လုံလောက်ပြီလေ။ ဒီအရှုပ်ထုပ်ကို ခေါ်သွားစရာမလိုဘူး။”
“နင့်ဘယ်သူကို အရှုပ်ထုပ်လို့ပြောတာလဲ။”
ရှောင်မိုရှန်း၏ မျက်လုံးများသည် ပြူးကျယ်သွား၏။ သူမသည် လက်ထဲတွင်ရှိနေသော စိတ်ဝိညာဉ်ကြောင်ကို အသာခေါက်လိုက်၏။ စိတ်ဝိညာဉ်ကြောင်သည် နာကျင်သွားသည်ဆိုသော်လည်း သူ၏မျက်လုံးထဲတွင်တော့ ပျော်ရွှင်မှုများနှင့် ပြည့်နှက်လျက်ရှိနေ၏။
“ငါနင့်ကို ပြောနေတာလေ။”
“ထပ်ပြောစမ်း။”
“အရှုပ်ထုပ်။ အရှုပ်ထုပ်။ အရှုပ်ထုပ်။” နဂါးလေးသည် ထပ်တလဲလဲထပ်မံ၍ ပြောလိုက်တော့သည်။
စနစ်ကပြောလိုက်တော့သည်။ “သူကတကယ့်ကို လက်ခံသူရဲ့ ပဋိညာဉ်သားရဲဖြစ်ဖို့ ပါရမီနဲ့ သတ္တဝါတစ်ကောင်ပဲ။ မိန်းမတွေကို ဆက်ဆံပုံက သူ့သခင်လိုပဲ”
“သခင်”
ရှောင်မိုရှန်း သည် ဒေါသထွက်သည့် အမူအရာဖြင့် ပြောလိုက်တော့၏ “ဒီအကောင်လေးက ကျွန်မကို အနိုင်ကျင့်နေတယ်။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အရင်ဆုံးမင်းရဲ့လက်ကို လွှတ်လိုက်အုံး။ လက်ထဲမှာရှိနေတဲ့ကြောင်က အသက်ထွက်ပြီးသေတော့မယ်။”
“ရ …. ရ …. အဆင်ပြေပါတယ်။”
စိတ်ဝိညာဉ်ကြောင်သည် ခြောက်ကပ်ကပ်အသံဖြင့် ပြောလိုက်သည်။ “စကားဆက်ပြောကြပါ။ ကျုပ်တောင့်ခံနိုင်သေးတယ်။”
“ဖောင်း ဖောင်း”
ရှောင်မိုရှန်း သည် ကြောင်အား မြေပြင်ပေါ်သို့ ကောက်ပေါက်လိုက်၏။ ပြီးသည့်နောက်မှာတော့ နာနာကျင်ကျင်ဖြင့် ပြောလိုက်၏။ “ငါစိတ်တိုနေတယ်။ စကားမပြောနဲ့။”
“အား”
ကျွင်းချောင်ရှောင်း “……….”
ဤရောင်းရင်းတွေသည် တုနန်နာက်မှ လိုက်ပါကာ ဂိုဏ်းထဲ ရောက်ရှိလာပြီးသည့်နောက် မယုံနိုင်ဖွယ်ရာ စွမ်းအင်တစ်ခုကို နိုးထခဲ့ပုံပေါ်သည်။ ထိုအရာမှာ အနာခံနိုင်ခြင်းပင်ဖြစ်တော့သည်။
နဂါးလေးနှင့် ရှောင်မိုရှန်းတို့သည် အလွန်အားကောင်းလွန်းလှ၏။ သို့ပေမဲ့ ၎င်းတို့၏ မွေးဖွားလာသည့် အပြုအမူနှင့် အကျင့်စရိုက်များသည် တစ်ယောက်နှင့်တစ်ယောက်မတူညီကြချေ။ ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက် မြင်လိုက်သည်နှင့်တပြိုင်နက် ရန်စောင်လျက်ရှိနေကြ၏။ ဤအရာသည် ကျွင်းချောင်ရှောင်းအား ခေါင်းကိုက်စေတော့သည်။
“မဖြစ်သေးဘူး။ ငါသေချာဖြောင်းဖျပြီး ဒီနှစ်ယောက်ကို ငြိမ်းချမ်းရေးရအောင် ပြုလုပ်မှဖြစ်လိမ့်မယ်။ ပြီးတော့ ရှောင်မိုရှန်းနှင့် ဒီစိတ်ဝိညာဉ်ကြောင်ကိုလည်း ခွဲထားမှ ဖြစ်မယ်။”
“သခင်”
နဂါးလေးသည် အဓိကအကြောင်းအရာကို ပြန်လည်ပြောဆိုလိုက်၏။ သူ၏ မျက်လုံးများသည် အေးစက်နေ၏။ “ကျုပ်ကပိုပြီးအားကောင်းလာလိမ့်မယ်။ အဲအချိန်ကျရင် သခင့်ကို ရိုက်နှက်ခဲ့တဲ့ကောင်ကို ရှာဖွေပြီးတော့ သေချင်စိတ် ပေါက်တဲ့အထိ ပြန်ပြီး ရိုက်နှက်ပြမယ်။”
“သူ့ရဲ့အဆင့်က ဘယ်လောက်လဲ။”
“သိုင်းနယ်မြေ” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။
“ဒါက နည်းနည်းတော့ကြမ်းတယ်။”
မြေအဆင့်စွမ်းအားမြှင့်ကျင့်ကြံသူသည် သူ့အား ဖိနှိပ်တိုက်ခိုက်ခဲ့၏။ ထိုသူသည် တင်းရှင်းဝမ်နှင့် မြို့တော်ဝန်ဟန်တို့ ထက် ပိုမို၍ အားကောင်းသည်ဆိုသည်မှာ ရှင်းလင်းလှသည်။
“အဆင်ပြေတယ်။”
နဂါးလေးက ပြောလိုက်သည်။
“ကျုပ်ထပ်ပြီးတော့ အသွင်ပြောင်းနိုင်သေးတယ်။”
“အခုလား”
“အခုတော့မဟုတ်ဘူးလေ။ အချိန်ကောင်း တစ်ခုကိုစောင့်ရမှာပေါ့။”
…
ကျွင်းချောင်ရှောင်းသည် အဆင့်မြင့်စတိုးကို ဖွင့်လိုက်သည်။ ပြီးသည့်နောက်မှာတော့ အဆင့်မြင့်နဂါးမီးတောက် နည်းစနစ်ဆိုသည့်အရာအား ကြည့်ရှုလိုက်သည်။ ပြီးနောက်တွေးလိုက်သည်။ “ဒီနည်းစနစ်ကို နဂါးလေးကို ပေးလိုက်မယ်ဆိုရင် ပိုပြီးအားကောင်းလာနိုင်တယ်။”
အဆင့်မြင့်နဂါးမီးတောက်နည်းစနစ်သည် သားရဲအမျိုးအစားနည်းစနစ်တစ်ခုဖြစ်ပြီး မီးဓာတ်အမျိုးအစား၊ သားရဲများ နှင့်သင့်တော်လှသည့်အရာဖြစ်သည်။ ဂိုဏ်းစုဆောင်းမှတ်မှာ တစ်သောင်းတောင်ကုန်ကျ၏။
“နဂါးလေးကို စဦးအဆင့် မီးမိုးသည့်စနစ်ကို ပေးလိုက်ပြီးသည့်နောက်မှာ သူ၏အားအင်အဆင့်မှာ နည်းနည်းပိုပြီး တိုးလာတယ်။ အခုအဆင့်မြင့်စွမ်းအင်တစ်ခုကို ထပ်ပြီးပေးလိုက်ရင် ပိုပြီးအားကောင်းသွားမယ် ဟုတ်တယ်မလား။” ကျွင်းချောင်ရှောင်း ခန့်မှန်းလိုက်မိသည်။
စနစ်ကပြောလိုက်၏။ “အဆင့်မြင့်စတိုးထဲမှာ ကောင်းတဲ့ပစ္စည်းတွေချည်း ရှိတယ်လေ။ လက်ခံသူအရမ်းကြီးစဉ်းစားစရာမလိုဘူး။ ဝယ်သာ ဝယ်ချလိုက်တော့။”
“ဒင်”
“လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် တစ်သောင်း ကို အသုံးပြုခဲ့သည်။”
“အဆင့်မြင့်နဂါးမီးတောက်နည်းစနစ်တစ်ခုကို ရရှိပြီး ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ။”
“ဒင်”
“ဂိုဏ်းစုဆောင်းမှတ် ၃၄၄၈၀/၅၀၀၀၀”
စနစ်ကပြောလိုက်သည်။ “မင်းဒီလိုပဲ ဝယ်လိုက်တယ်ဟုတ်လား။”
အတိတ်တုန်းကသာဆိုလျှင် လက်ခံသူအား ပစ္စည်းများဝယ်ယူရန်အတွက် အတင်းအဓမ္မ ကြိုးစားခဲ့ရ၏။ လက်ရှိ အခြေအနေမှာတော့ လက်ခံသူသည် တခါတည်းတန်း၍ ဝယ်ယူခဲ့၏။ ၎င်းအနေနှင့်ပျော်ရွှင်မှုဆိုသည်ကိုတောင် မည်သို့ ခံစားရမှန်းမသိ ဖြစ်သွားတော့၏။
“ဒင်”
“ဝယ်ယူထားသော နဂါးမီးတောက်နည်းစနစ်သည် စိတ်ဝိညာဉ်သားရဲခန်းမဆောင်နှင့် အလိုအလျောက်လိုက်ဖက်ညီ သွားတော့သည်။”
ကျွင်းချောင်ရှောင်းသည် မိတ်ဆက်ကို ဝင်၍ ကြည့်လိုက်သည်။
သားရဲစွမ်းရည် - အဆင့်မြင့်နဂါးမီးတောက်နည်းစနစ်။
အစွမ်း - ပဋိညာဉ်သားရဲများအား အဆင့်မြင့်နဂါးမီးတောက် နည်းစနစ်ကို နားလည်အောင် ပြုမူနိုင်စွမ်းရှိ၏။
လိုအပ်ချက် - ၁/၁ မီးတက်အမျိုးအစား ပဋိညာဉ်သားရဲ ၊ ၂၃၁/၁၀၀ မီးအမျိုးအစား အလယ်အလတ်အဆင့်ကိုး သလင်းအမြူတေ၊ ဝ/၃၀ မီးဓာတ်မျိုးအစား အဆင့်နိမ့် အဆင့်ကိုး စိတ်ဝိညာဉ်သားရဲ သလင်းအမြူတေ၊ ဝ/၁၀ မီးဓာတ်အမျိုးအစား အလယ်အလတ်အဆင့် အဆင့်ကိုး စိတ်ဝိညာဉ်သားရဲ သလင်းအမြူတေ”
ကျွင်းချောင်ရှောင်းသည် မီးတက်အမျိုးအစား ပဋိညာဉ်သားရဲဆိုသည့်အရာကို နှိပ်ကြည့်လိုက်သည့် အချိန်မှာတော့ မီးနဂါးလေး၏ နာမည်သည် ပေါ်နေလျက်ရှိနေ၏။ ဆိုလိုသည်မှာ သူ့အနေနှင့်လုံလောက်သည့် မီးဓာတ်အမျိုးအစား၊ သလင်းအမြူတေများကိုသာ ရရှိမည်ဆိုပါက နဂါးလေးအား အဆင့်မြင့်နဂါးမီးတောက်နည်းစနစ်ကို သင်ကြားပေးနိုင် စွမ်းရှိမည်ဖြစ်သည်။
“မီးဓာတ်အမျိုးအစား သလင်းအမြူတေတွေလား။”
သူသည် မေးစေ့ကို ပွတ်သပ်ကာဖြင့် ပြောလိုက်မိ၏။ “ဒီအရာတွေကို ငါဘယ်ကနေသွားရှာရမလဲ။”
လက်ရှိအခြေအနေမှာတော့ အဓိကဟောခန်း၏ ဝင်ပေါက်မှတဆင့် ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်သားရဲ ဟောခန်းဆီသို့ ဦးတည်ကာလျှောက်သွားသော ခရမ်းရောင်ဘုရင်အား မြင်လိုက်ရ၏။
သူသည် ပြုံးကာဖြင့် လက်ကို ဝှေ့ယမ်းလိုက်၏။ “ဟောခန်းသခင်ကျိ … ဒီကိုလာအုံး။ ပြောစရာရှိတယ်။”
ခရမ်းရောင်ဘုရင်သည် သွားနေရာမှ ခဏရပ်တန့်လိုက်၏။ သူ၏နှလုံးသားထဲတွင်တော့ ဆိုးရွားသည့် ခံစားချက်များကို ရရှိနေ၏။
………
“မီးဓာတ်မျိုးအစား သလင်းအမြူတေအများကြီးကို ရှာဖွေဖို့အတွက် ကျုပ်ဘယ်ကနေရနိုင်လဲ။”
“ခင်ဗျားတို့သားရဲတွေက ကိုယ်ပိုင်သင်္ချိုင်းရှိတယ်မလား။ ဒီတော့ ခင်ဗျားရဲ့နောက်လိုက်တွေကို သွားပြီးတော့ တူးခိုင်းလိုက်ရင်ရော။”
“မဖြစ်ဘူး။ ဒီလိုနေရာတွေက လျှို့ဝှက်နေရာတွေ ပြောပြလို့မရဘူး။”
ကျွင်းချောင်ရှောင်းသည် အလယ်အလတ်အဆင့် သားရဲဆေးလုံးများအများကြီးပါဝင်သော သိုလှောင်လက်စွပ်ကို စားပွဲ ပေါ်သို့ ပစ်တင်ကာပြောလိုက်၏။
“ဟောခန်းသခင်ကျိ ….. ကျေးဇူးပြုပြီးတော့ မီးဓာတ်မျိုးအစား သလင်းအမြူတေတွေကို ဖြစ်နိုင်သမျှ များများစုဆောင်းပေးပါ။”
“နားလည်ပါပြီ” ခရမ်းရောင်ဘုရင်သည် ရုတ်တရက်မတ်တပ်ထကာဖြင့် လက်စွပ်ကို ယူလိုက်တော့၏။