← Chapters

အခန်း (၈၄၉)

Vol. 57 Ch. 849

အခန်း (၈၄၉)

Vol. 57 Ch. 849

သလင်းအမြူတေများ၏ကိစ္စအား ခရမ်းရောင်ဘုရင်ဆီသို့ လွှဲအပ်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဂိုဏ်း၏စီမံခန့်ခွဲမှုအပေါ်တွင် အာရုံစိုက်လျက်ရှိ၏။

လက်ရှိအခြေအနေမှာတော့ သူတွင် အဆင့်မြင့်ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးများ ရှိနေပြီ ဖြစ်သောကြောင့် နောက်ထပ်လိုအပ်နေသည်မှာ သူ၏တပည့်များအား ပိုမို၍ အဆင့်မြင့်တက်လာစေရန်အတွက် သူ မည်သို့ကူညီရမည် ဆိုသည်ကို စဉ်းစားရခြင်းပင်ဖြစ်သည်။

ဤအဆင့်မြင့်တက်မှုဆိုသည်မှာ သိုင်းအုပ်စိုးသူ အဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိရန်ဖြစ်သည်။ ဂြိုဟ်တိုက်ပွဲကျင်းပသည့် တိုက်ခိုက်ရေးတည်နေရာထဲတွင် များပြားလှသော ကျွမ်းကျင်သူများတည်ရှိနေ၏။ သူ၏တပည့်များသည်သာ လက်ရှိအခြေအနေတွင် ဝင်ရောက်ပြီးတိုက်ခိုက်မည်ဆိုပါက သေခြင်း၊ ရှင်ခြင်း လျှို့ဝှက် နယ်မြေထက် စိန်ခေါ်မှုပိုမိုပြင်းထန်ပေလိမ့်မည်။ ထို့ပြင် ဤတည်နေရာတစ်ခုလုံးကို ပြောင်းပြန်လှန်ဖို့ဆိုလျှင် ကျိန်းသေပေါက် သူ့အနေနှင့် လူအနည်းငယ်ကို ခေါ်ကာ ပြုလုပ်နိုင်သည့်အရာမျိုးမဟုတ်ပေ။

အနည်းဆုံး သိုင်းအုပ်စိုးသူအဆင့် တစ်ရာ သို့မဟုတ် တစ်ထောင်လောက်ကို ခေါ်သွားမှသာလျှင် အားလုံးကို အနိုင်ကျင့်၍ ရမှာဖြစ်၏။ ထိုသို့ဆိုလျှင် ပန်းချီရေးဆွဲထားသလို လှပလှသည့် မြင်ကွင်းတစ်ခုမျိုးကို ဖြစ်ပေါ်သွားအောင် သူပြုလုပ်နိုင်စွမ်းရှိ၏။

“လီချင်းယန်နဲ့ တခြားသောတပည့်တွေက သိုင်းဘုရင်ထိပ်ဆုံးအဆင့်ကို ချိုးဖြတ်ရောက်ရှိဖို့ နည်းနည်းပဲ လိုအပ်တော့တယ်။ သူတို့အနေ နဲ့ သူတို့ဘာသာနားလည်မှုရရှိဖို့ ဆိုတာ အချိန်နည်းနည်းကြာသွားမှာကို ငါစိုးရိမ်ရတယ်။”

ကျွင်းချောင်ရှောင်းက တီးတိုးရေရွတ်လိုက်သည်။ “သိုင်းအုပ်စိုးသူ ဆေးလုံးများရှိရင် ဘယ်လောက်ကောင်းလိုက် မလဲ။”

စနစ်ကပြောလိုက်သည်။ “လက်ခံသူအနေနဲ့ ဂိုဏ်းစုဆောင်းမှတ်တွေကို အသုံးပြုမယ်ဆိုရင် ဘာမဆို ရနိုင်တယ်။ ဒါပေမဲ့ … ”

သူသည် ခဏရပ်တန့်ကာ ပြောလိုက်သည်။ “ဒါတွေမလုပ်ခင် အဆင့်မြင့်စတိုးဆီကို သွားမှဖြစ်မယ်။”

“တော်စမ်း”

ကျွင်းချောင်ရှောင်းသည် မျက်လုံးများ ချာချာလည်သွား၏။ အဆင့်မြင့်စတိုးဆိုသည်မှာ အလွန်ဈေးကြီးလှသော နေရာမျိုးဖြစ်သည်။

ဂိုဏ်းစုဆောင်းမှတ် ငါးသောင်း၊ တစ်သိန်းမရှိဘဲ နှင့် သွား၍ရရှိနိုင်သည့် အရာမျိုးမဟုတ်ဟု သူ ခံစားနေမိသည်။။ ထို့ကြောင့် သူ့အနေနှင့် ဤနေရာ သို့ သွားရန်အတွက် ယုံကြည်ချက်မရှိသေးချေ။

“ဟင်း”

ကျွင်းချောင်ရှောင်းသည် သက်ပြင်းချကာပြောလိုက်၏။ “ငါတို့ အချိန်တန်ရင် ခြေတစ်လှမ်းလှမ်းထားနိုင်ဖို့လိုအပ်တယ်။”

အဆင့်တက်ဖို့ကိစ္စဆိုသည်မှာ ဖြေးညှင်းစွာ နှင့် ပြုလုပ်လို့ရသည့်အရာမျိုးဖြစ်သည်။ တခါတည်း ဖြစ်တည်သွားအောင် ပြုလုပ်ဖို့ဆိုသည်မှာ အဓိပ္ပာယ်မရှိလှချေ။ လွယ်လည်း မလွယ်ကူချေ။

“ဂိုဏ်းချုပ်”

လီချင်းယန်က ပြောလိုက်သည်။ “ချင်စုန့်ပေါင်ရောက်လာပြီ။”

“ဒီကောင်လေးက လမ်းတစ်ဝက်မှာ စိတ်ပြောင်းသွားပြီတောင် ငါထင်ထားတာ၊ ရောက်လာသေးတာပဲ။”

စားဖိုမှူးနတ်ဘုရားပြိုင်ပွဲ ပြီးဆုံးသွားခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သည်။ သို့ပေမဲ့ ချင်စုန့်ပေါင် သည် ပြိုင်စံရှားဂိုဏ်းဆီသို့ လာရောက်၍ သတင်းမပို့ခဲ့ပေ။ ထို့ကြောင့် ၎င်း၏အဖေ ချင်ပုတောင် နှင့်အတူ ချစ်လှသော ဒုတိယမျိုးဆက်၏ သားတစ်ယောက်အဖြစ် ငြိမ်ငြိမ်သက်သက်နှင့်နေထိုင်နေပြီဟု ကျွင်းချောင်ရှောင်းခန့်မှန်းခဲ့၏။

…….

အဓိကဟောခန်းထဲမှာတော့ ချင်စုန့်ပေါင်သည် စားပွဲ၏ ထိပ်တွင် ထိုင်လျက်ရှိနေ၏။ သူသည် တစ်ယောက်တည်းလာခဲ့ခြင်းမဟုတ်ချေ။ သတ်လတ်ပိုင်းအရွယ် ခပ်ဝဝ ဗိုက်ရွှဲရွှဲ နှင့် လူတစ်ယောက်သည် သူနှင့်အတူ လိုက်ပါလာခဲ့၏။ အလွန်တရာ ဝသောကြောင့် မျက်လုံးများအားလုံးသည် မှေးကျဉ်းလျက်ရှိပြီး မျဉ်းကြောင်းလေး တစ်ခုကဲ့သို့ပင် ဖြစ်တည်နေသည်။

“ဒါက” ကျွင်းချောင်ရှောင်းသည် အသာလျှောက်ဝင်လာပြီးမေးလိုက်၏။

ချင်စုန့်ပေါင်သည် မိတ်ဆက်ပေးရန် ပြင်လိုက်သည့်အချိန်မှာဘဲ သက်လတ်ပိုင်းအရွယ် လူကြီးသည် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်၏။ “ဒီက နိမ့်ကျတဲ့ အစေခံပါ။ ပိုက်ဆံမရှိပါဘူး။”

ရွှီ …။

ကျွင်းချောင်ရှောင်းသည် ချင်ပုတောင်၏ဘေးတွင် အလွန်လျင်မြန်လှသည့်နှုန်းထားဖြင့် ဝင်ကာထိုင်လိုက်တော့၏။ ပြီးသည့်နောက်မှာတော့ လက်ကို ဆန့်တန်းကာ ပြောလိုက်၏။ “လက်ရှိအခြေအနေမှာ ကျုပ်ဂိုဏ်းရဲ့ ကောင်းကင်ပေါ်မှာ မင်္ဂလာရှိတဲ့တိမ်တွေဖြစ်တည်နေတယ်လေ။ ဘာကြောင့်လဲဆိုတာ ကျုပ်စဉ်းစားနေတာ။ အခုတော့ ဆရာ ချင် ကိုယ်တိုင် ကျုပ်ရဲ့ဂိုဏ်းကို လာလည်တာကိုး။”

စနစ် “………”

လီချင်းယန် “……….”

ချင်ပုတောင်သည် အနည်းငယ် တုန်လှုပ်သွားသည် ဆိုသော်လည်း အရာအားလုံးကို ကျော်ဖြတ်ဖူးသည့် အတွေ့အကြုံ ရင့်ကျက်လှသော လူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် ပြုံးကာပြောလိုက်၏။

“ဂိုဏ်းချုပ်ကျွင်း … ကျုပ်သားက ပြိုင်စံရှားဂိုဏ်းကို ဝင်ရောက်ခွင့်ရတာ တကယ့်ကို ကံကောင်းတာဘဲ။ အနာဂတ်မှာ ကျုပ်က ခင်ဗျားကို ဒုက္ခပေးရတော့မယ်။”

ပြောပြောပြီးချင်းမှာပဲ သူသည် သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ယူကာပြောလိုက်သည်။ “ဒီမှာ ငွေသားငါးသန်းနှင့် သဘာဝစိတ်ဝိညာဉ်ကျောက်တုံး နှစ်သောင်းပါ။ ကျေးဇူးပြုပြီး ဝင်ကြေးအဖြစ် လက်ခံပါအုံး။”

သူ၏သားသည် အလွန်ချမ်းသာ၏။ အဖေတစ်ယောက်အနေနှင့် ဤအတိုင်း လွှတ်လိုက်လို့ မသင့်တော်လှပေ။

“ခေါင်းဆောင်ချင် … ခင်ဗျားအသက် ဘယ်လောက်ရှိပြီလဲ။”

“လေးဆယ်ကျော်ကျော်လောက်”

ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ “ဒီကျွင်းက နှစ်ဆယ်ကျော်ကျော်လေးလေ။ ခင်ဗျားကို အစ်ကိုကြီးလို့ ခေါ်မယ်။”

ချင်ပုတောင်သည် ထိုစကားကို ကြားလိုက်သည့်အချိန်မှာတော့ ပြုံးကာပြောလိုက်သည်။ “ဒီနေ့ကစ၍ တစ်ယောက်ကိုတစ်ယောက် အစ်ကိုကြီး၊ ညီလေးလို့ ခေါ်ကြတာပေါ့။”

“အစ်ကိုကြီး”

“ညီလေး”

“အစ်ကိုကြီး”

“ညီလေး”

စနစ်သည် ဝင်၍ ပြောလိုက်၏။ “အခု နဂါးစိမ်းတောင်ကြားဓားမော့ကြီးကို ထုတ်ပြီးတော့ သွေးသစ္စာတွေဘာတွေဆိုပြီး သွေးသောက်ညီအစ်ကိုတွေ ဖွဲ့လိုက်ကြပါလား။”

“အကြံကောင်းပဲ။”

စနစ် “….…”

ချင်ပုတောင်သည် အချိန်ကိုက်ပင် ပြိုင်စံရှားဂိုဏ်းဆီသို့ သူ၏သားအား လာရောက်ပို့သခဲ့၏။ ဒုတိယအနေနှင့် သူသည် စားဖိုမှူးနတ်ဘုရားပြိုင်ပွဲ၏ ဗိုလ်စွဲသူ လျိုဝမ်ရှစ် ချက်ပြုတ်သော ဟင်းပွဲများကို စားသောက်ချင်နေမိ၏။ ထို့ကြောင့်ပင် စကားပြောနေရင်း လိုရင်းအကြောင်းအရာဆီသို့ ပြန်လည်ကာပြောဆိုလိုက်၏။

ကျွင်းချောင်ရှောင်းသည် ထိုအရာကို ကောင်းကောင်းနားလည်သည်။ “အစ်ကိုကြီး … အဝေးကြီးကနေ လာရတာပဲ။ ဒီတော့ ဟင်းပွဲတွေကို အစောကြီးကတည်းက ပြင်ဆင်ထားပြီးသားပါ။”

“ကျေးဇူးပြုပြီး”

“ကျေးဇူးပြုပြီး”

ကျွင်းချောင်ရှောင်းသည် ချင်ပုတောင်အား အဓိကဟောခန်းမှတဆင့် စားသောက်ခန်းဆီသို့ ခေါ်ဆောင်လာခဲ့တော့၏။

ဂိုဏ်းအသိအမှတ်ပြုဗဟိုဆီမှ အဆင့်မြင့်စီမံခန့်ခွဲသူများဖြစ်သော အကြီးအကဲကျန်းနှင့် အကြီးအကဲကျိုးတို့ ကဲ့သို့သော လူများသည်သာလျှင် စားသောက်ခွင့်ရခဲ့သော စားသောက်ခန်းထဲသို့ ချင်ပုတောင်သည် ရောက်ရှိ လာခဲ့ပြီဖြစ်သည်။

ဤအရာမှာ ကျွင်းချောင်ရှောင်းအနေနှင့် အစ်ကိုကြီးဟူသည့် လေးစားမှုမျိုးကို ပေးစွမ်းသည်ဖြစ်ကြောင်း သိသာထင်ရှားသည်။

“ဟင်းပွဲတွေချလေ။”

ကျွင်းချောင်ရှောင်းသည် လက်ဖြောက်တီးလိုက်၏။

အားဟိုင်နှင့် ရိဟိုင်တို့သည် အမိန့်ကို ရရှိပြီးသည့်နောက်မှာတော့ စားကောင်းသောက်ဖွယ်များအားလုံးကို မြန်မြန် ဆန်ဆန်ဖြင့် ချခင်းတော့၏။ အသား၊ အသီးအရွက်၊ အချိုပွဲ အရာအားလုံးသည် စားပွဲပေါ်တွင် တည်ရှိနေ၏။ ဟင်းပွဲများအားလုံးချပြီးသည့်နောက်မှာတော့ ချင်ပုတောင်သည် အလျင်စလို မစားပေ။ အသာအယာနှင့် အနံ့ခံလျက် ရှိ၏။

“ဒီအရသာက မဆိုးဘူးဘဲ”

ချင်စုန့်ပေါင်သည် ကြောင်အမ်းသွား၏။ သူ့အဖေသည် အစားအသောက်နှင့်ပတ်သက်လျှင် သူ့ထက်ပို၍ ဂျေးများလှ၏။ လက်ရှိအခြေအနေမှာတော့ စားသောက်ခြင်းပင်မပြုရဘဲ အနံ့ခံရုံနှင့် ကောင်းမွန်လှသည့် အရာဖြစ်ကြောင်း ချီးကျူး လျက်ရှိနေ၏။ ဒီအရာဟာ သူမထင်မှတ်ထားသည့်ကိစ္စပင်ဖြစ်တော့သည်။

ကျွင်းချောင်ရှောင်းက နှိမ့်ချစွာဖြင့် ပြောလိုက်မိ၏။ “ဒါက အလကားတွေပါပဲ။ ခင်ဗျားရဲ့ရှေ့မှာဒါတွေကို ကျွေးမွေးရတာ ရှက်ရွံ့မိတယ်။”

ချင်ပုတောင်က ပြောလိုက်သည်။ “ညီလေး ဒီဟာက အနံ့ခံရုံနဲ့တင် စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းလောက်တန်တဲ့အရာဖြစ်နေပြီ”

“……….” ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့၏။

သေချာပေသည်။ ချမ်းသာသူများ၏ ပါးစပ်ထဲတွင် အရာအားလုံးကို ငွေနှင့်တိုင်းတာခြင်းပင်ဖြစ်ပေလိမ့်မည်။

ဝှစ်

ချင်ပုတောင်သည် လက်ကို ယမ်းခါပြီးသည့်နောက်မှာတော့ သူအထူးပြင်ဆင်ထားသော စားသောက်ဖွယ်ရာ ပစ္စည်း၊ ပစ္စယများကို ထုတ်ယူလိုက်တော့သည်။ ဤအရာကို ကြည့်ရှုရမည်ဆိုလျှင် ရွှေမဟုတ်သော်လည်း ကျိန်းသေပေါက် ရွှေထက်ပို၍ တန်ဖိုးရှိသည့် အရာမျိုးနှင့် ပြုလုပ်ထားသည့် တူများ၊ ဇွန်းများ၊ ခက်ရင်းများပင် ဖြစ်ပေလိမ့်မည်။

ကျွင်းချောင်ရှောင်း “………..”

စနစ်က အကြံပြုသလို နဂါးစိမ်းတောင်ကြားဓားမော့ကြီးကို ထုတ်ယူ၍ သွေးသောက်ညီအစ်ကို ဖွဲ့ရန်ပင် သေသေချာချာစဉ်းစားလိုက်မိတော့သည်။

ချင်ပုတောင်သည် စားသောက်ရမည့်အရာအားလုံးကို ပြင်ဆင်ပြီးသည့်နောက်မှာတော့ အသားနီကင်အား တူနှင့်အသာလှမ်းယူ၍ ပါးစပ်ထဲသို့ ထည့်လိုက်၏။

ပြီးသည့်နောက်မှာတော့ သူသည် စာခြောက်ရုပ်ကြီးတစ်ယောက်ကဲ့သို့ တောင့်တောင့်ကြီးဖြစ်သွားတော့၏။ ဤအရာမှာ အမှန်ပင်ဖြစ်၏။ သူ၏ဝိညာဉ်တစ်ခုလုံးသည် ပျံသန်းသွားခဲ့၏။

စားသောက်ပြီးသည့်နောက်မှာတော့ ခေါင်းဆောင်ချင်၏ မျက်နှာတစ်ခုလုံးသည် လေညင်းခံထွက်ရသကဲ့သို့ သာယာ ပျော်ရွှင်နေသည့်အမူအရာမျိုးဖြစ်တည်နေသည်။ ဟင်းရည်တစ်ငုံကို သောက်ပြီးသည့်နောက်မှာတော့ သူသည် ဇွန်းကို ချကာ လေးလေးနက်နက်ပြောလိုက်သည်။ “ညီလေး မင်းရဲ့ဂိုဏ်းမှာ ဒီလောက်အရသာရှိတဲ့ ဟင်းပွဲတွေရှိတာ ဝမ်းမြောက်စရာပဲ။ ဒီလိုကောင်းမွန်လှတဲ့ စားသောက်ဖွယ်ရာတွေကို အရသာခံရတာ ဘဝမှာ နေထိုင်ရတဲ့အတွက် နောင်တတရားဆိုတာကတော့ မရှိတော့ဘူး။”

ဘုတ်

ပြီးသည့်နောက်မှာတော့ သူသည် စားပွဲပေါ်သို့ သိုလှောင်လက်စွပ်တစ်ကွင်းကို အသာတင်ကာ ပြောလိုက်၏။ “ဒီမှာ သဘာဝစိတ်ဝိညာဉ်ကျောက်တုံး နှစ်သောင်းရှိတယ်။ ခင်မင်ရင်းနှီးမှုအရ လက်ခံပေးပါအုံး။”

“အစ်ကိုကြီး”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒါက ကျုပ်ကို အပြင်လူတစ်ယောက်လိုဆက်ဆံနေတာလား။”

“ဒါလည်းဟုတ်တာပဲ။”

ချင်ပုတောင်သည် ချက်ချင်းပဲ သိုလှောင်လက်စွပ်ကို ပြန်သိမ်းကာပြောလိုက်၏။ “ညီအစ်ကိုတွေကြားထဲမှာ ပိုက်ဆံအကြောင်း ပြောရတာ ဆက်ဆံရေးကို ထိခိုက်နိုင်တယ်နော်။”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားသည်။ သူသည် လောက၏ဝတ်အရ ပြောဆိုခဲ့ခြင်းသာ ဖြစ်၏။ အဘယ့်ကြောင့် ချက်ချင်းပြန်လည်သိမ်းဆည်းသွားရသနည်း။

“အစ်ကိုကြီး”

“ညီလေး”

ချင်ပုတောင်က ပြောလိုက်သည်။ “ကျုပ်တို့ချင်မိသားစုက လက်ရှိအခြေအနေမှာ တောင်တစ်ရာတောအတွင်းထဲမှာ သဘာဝစိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းတစ်ခုကို တွေ့ထားတယ်လေ။ အဲကိုသွားရအုံးမယ်။ ဒီတော့ အရင်ဆုံးထွက်သွားပါတော့မယ်။”

“သဘာဝစိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းဟုတ်လား။”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လေးနက်သွား၏။ သို့ပေမဲ့ သူသည် လေးလေးနက်နက်ပြောလိုက်သည်။ “တောင်တစ်ရာတောတန်းဆိုတာဟာ ကြမ်းတမ်းလှတဲ့ တောရိုင်း သတ္တဝါတွေနဲ့ပြည့်နှက်နေတဲ့ နေရာမလား။ အရမ်း အန္တရာယ်များတယ်မလား။”

“ဒါကအမှန်ပဲ။”

ချင်ပုတောင်က ပြောလိုက်သည်။ “အဲနေရာမှာ မိုင်းတွင်းတူးဖို့ သိပ်မလွယ်ဘူး။ ပြန်သွားတာနဲ့ ဒီဟာကို ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားရအုံးမယ်။”

“အစ်ကိုကြီး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တကယ်လို့ ပြိုင်စံရှားဂိုဏ်း၏ အကူအညီကို လိုအပ်ရင် ကျုပ်က ပျော်ပျော်ရွှင်ရွှင်နဲ့ ကူညီပေးပါမယ်။”

“ပြောနေစရာတောင်မလိုဘူး။ ကျုပ်က တကယ့်ကို အကူအညီလိုတာပေါ့။”

ချင်ပုတောင်က ပြောလိုက်သည်။ “ညီလေး … ချင်မိသားစုအနေနဲ့ တောင်တစ်ရာတောတန်းကိုသွားပြီး ရှာဖွေတဲ့နေရာမှာ ကျွမ်းကျင်သူတစ်ချို့ကို စေလွှတ်ပေးမယ်ဆိုရင်လည်း အဆင်ပြေတယ်မဟုတ်လား။”

ကျွင်းချောင်ရှောင်းသည် ဇဝေဇဝါဖြစ်သွား၏။

ချင်ပုတောင်သည် သူ၏သားကို လိုက်ပို့ရုံတင်မက အစားအစာများကိုလည်း စားသွားသေး၏။ ထို့အပြင် ပြိုင်စံရှားဂိုဏ်း၏ အကူအညီကိုလည်း တောင်းခံရန် စဉ်းစားနေတော့သည်။

“ဟုတ်တယ်။”

ချင်ပုတောင်က ပြောလိုက်သည်။ “အကူအညီအတွက် ကျုပ်က တစ်စုံတစ်ခုကိုတော့ ပေးပါမယ်။”

“အစ်ကိုကြီး ဘယ်အချိန်သွားကြမလဲ။”

“လဝက်လောက်ကျရင်ပေါ့။”

“ကောင်းပြီ၊ မိုင်းတွင်းအကြောင်းကို ချင်မိသားစုတစ်ခုထဲသိထားတာလား”

“အခုချိန်မှာတော့ ချင်မိသားစုတစ်ခုထဲသိတာ။”

“ဒါဆို ပြဿနာမရှိဘူး။”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “လဝက်အတွင်း ကျွမ်းကျင်သူတွေကို ပို့လိုက်မယ်။

“ကျေးဇူးပါပဲ”

“အစ်ကိုကြီးနဲ့ကျုပ်က ညီအစ်ကိုတွေလေ။”

သူ့အနေနှင့် လောကဝတ် စကားများကို သိပ်မပြောရဲချေ။ ယဉ်ကျေးပျူငှာစွာနှင့် ပိုက်ဆံပေးမည့် စိတ်ကူးကို ပြန်လည် ရုတ်သိမ်းသွားမှာ စိုးရသေးသည်မဟုတ်လား။ ထို့ကြောင့် လိုက်လျောညီထွေဖြစ်အောင် ပြန်လည်ပြောဆိုခဲ့ခြင်းပင်ဖြစ်တော့သည်။

All Chapters