← Chapters

မိတ်ဆွေ၊ သေရေး၊ ရှင်ရေး

Vol. 109 Ch. 1430

မိတ်ဆွေ၊ သေရေး၊ ရှင်ရေး

Vol. 109 Ch. 1430

“အဲ့ဒီကောင်လေးက ငါ့အသတ်အဖြတ်အရှိန်အဝါကို အာရုံခံမိလို့ မိစ္ဆာချီ သုံးပြီး ထွက်ပြေးသွားတာပဲ” နတ်အရှင်မချန်းက လက်ဖဝါးပြန်ချ၍ သက်ပြင်းချကာ နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်မှ ပြန်ဆင်းသွားသည်။

နတ်ဘုရားစီရင်ရာစင်မြင့်အောက်တွင် သူမ၏ အိပ်ဆောင်မှာ ဖျက်ဆီးခံလိုက်ရသောကြောင့် တံခါးတစ်ချပ်သာ ကျန်ရစ်ခဲ့သည်။ တံခါးမှာ နတ်အရှင်မချန်း၏ ချိပ်တံဆိပ်ကြောင့် ဖျက်ဆီးမခံရခြင်း ဖြစ်လလေသည်။

နတ်အရှင်မချန်းက တံခါးဆီသို့ လျှောက်လာ၍ ခဏကြည့်ပြီးနောက် ခေါင်းခါရမ်းကာ ချာခနဲ လှည့်၍ ထွက်ခွာသွားတော့သည်။

သူမအနောက်တွင် တံခါးက ကျွီခနဲ မြည်ပြီးနောက် ပြိုကျကာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားတော့၏။

သူမ၏ချိပ်တံဆိပ်မှာ လုံးဝပျက်စီးသွားလေပြီ။

“ဘာလို့နတ်အရှင်မက မျက်မှောင်ကြုတ်နေရတာလဲ” ဖန်းကျစ်ယန်က နတ်အရှင်မအနား အပြေးသွားပြီး သူမ၏မျက်နှာအမူအရာကို မြင်လျှင် ဂရုတစိုက် မေးလိုက်သည်။

နတ်အရှင်မချန်းက သက်ပြင်းချ၍ ချင်မူ့အကြံဉာဏ်ကို ပြန်လည်ပြောပြ၏။ “အဲဒီကောင် စိတ်ကောင်းနှလုံးကောင်း မရှိမှန်း ငါ သိပါတယ်… သူ့အကြံအတိုင်း ငါ နတ်ဘုရားစီရင်ရာစင်မြင့်ကို ရွှမ်တုဆီ ယူသွားချင်တယ်… ဒါပေမဲ့ သူ တူးထားတဲ့ သေတွင်းကို ငါ မသိဘူး… တကယ်ကို စိုးရိမ်စရာကောင်းတယ်”

ဖန်းကျစ်ယန်က တခဏ တွေးကြည့်ပြီးနောက် ပြော၏။ “အရှင်မ၊ ကောင်းကင်နတ်အရှင်မူက အရှင်မကို စကားပြောတဲ့အခါ အကျိုးအမြတ်တွေကိုပဲ ပြောတယ်.... ဆုံးရှုံးပျက်စီးနိုင်တာတွေကို မပြောဘူး… အရှင်မ၊ အဲဒီလိုတွေးကြည့်မယ်ဆိုရင် ကောင်းတာတွေကိုပဲ ယူပြီး မကောင်းတာတွေကို ရှောင်နိုင်လိမ့်မယ်ထင်တယ်”

နတ်အရှင်မချန်း၏ မျက်လုံးများ တောက်ပသွားပြီး ချီးကျူးလိုက်သည်။ “နင်က တကယ်ဉာဏ်ကောင်းတာပဲ… ဒါက အဖြေပဲ… တွင်းထဲ ခုန်ချစရာ ဘယ်လိုတော့မလဲ... ရွှမ်တုဆီ နတ်ဘုရားစီရင်ရာစင်မြင့် ယူသွား၊ အသတ်အဖြတ်အရှိန်အဝါကို ငှားယူပြီး နတ်ဓားမနှစ်လက်ကို သန့်စင်မယ်ဆိုရင် ဘယ်သူမှ ငါ့ကို တားဆီးနိုင်မှာမဟုတ်ဘူး… ကောင်းကင်နယ်စားမင်းရဲ့ ခန္ဓာကိုယ်ထဲ နတ်ဓားမနှစ်လက်ကို ထိုးထည့်၊ ချီနဲ့သွေးကို ခိုးယူမယ်ဆိုရင်တော့ ရှေးဟောင်းနတ်ဘုရားဘုရင်ကို ရန်စမိလိမ့်မယ်”

ဖန်းကျစ်ယန်က ပြောသည်။ “ရှေးဟောင်းနတ်ဘုရားဘုရင်က သန်မာပေမယ့် သူ့ခွန်အားက ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှာ အကောင်းဆုံးတော့ မဟုတ်ဘူး”

နတ်အရှင်မချန်းက ပြုံးလျက် တုံ့ပြန်သည်။ “အဲဒါက အကြောင်းအရင်းပဲ… ရှေးဟောင်းနတ်ဘုရားဘုရင် ငါနဲ့ ယှဉ်ပြိုင်ချင်ရင်တောင်မှ ယှဉ်ပြိုင်နိုင်စွမ်း မရှိဘူး…. အခုအချိန်မှာ ပြဿနာဆိုလို့ တခြားကောင်းကင်နတ်အရှင်တွေ ငါ့ကို တားဆီးလာနိုင်တာပဲ ရှိတယ်… ရှေးဟောင်းနတ်ဘုရားဘုရင်တစ်ယောက်တည်းဆို စိတ်ပူစရာ မလိုပေမယ့် တခြားကောင်းကင်နတ်အရှင်တွေပါ ပါလာခဲ့ရင်တော့ ပြန်စဉ်းစားရတော့မယ်”

ဖန်းကျစ်ယန်က မျက်လုံးများ တောက်ပသွားကာ မေးလိုက်သည်။ “အရှင်မ၊ တခြားကောင်းကင်နတ်အရှင်တွေက အရှင်မကို တားဆီးမှာလား… ရှေးဟောင်းနတ်ဘုရားဘုရင်ကို တားဆီးကြမှာလား”

နတ်အရှင်မချန်းက တခစ်ခစ် ရယ်လိုက်ပြီး ဖြေ၏။ “ကျစ်ယန်၊ နင်က တကယ်ကို ထက်မြတ်တာပဲ… ရှေးဟောင်းနတ်ဘုရားဘုရင်ကို တခြားကောင်းကင်နတ်အရှင်တွေ သေချာပေါက် စိုးရိမ်မိကြမှာ… သူသာ ကောင်းကင်နယ်စားမင်းရဲ့ စွမ်းအားကို ရသွားရင် သမိုင်းမှာ ပြိုင်ဘက်ကင်းဖြစ်လာပြီး တစ်လောကလုံးမှာ အသန်မာဆုံးသိုင်းပညာရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်.. သူ့အနေနဲ့ ကောင်းကင်နတ်ဘုံအဆင့်ကို ကျင့်ကြံဖို့ ခက်တော့မှာမဟုတ်ဘူး… အဲဒီအခါ တခြားသူတွေ သူ့ကို သတိထားကြလိမ့်မယ်… အကျိုးအမြတ်တွေ အညီအမျှခွဲယူဖို့ တောင်းဆိုကြမှာသေချာတယ်… ဒါဆိုရင် ငါ အခွင့်ကောင်းယူလို့ရပြီ”

သူမက တောက်ပစွာ ပြုံးလိုက်သည်။ “နတ်ဓားမနှစ်လက်ကို သန့်စင်ပြီးသွားရင် ကောင်းကင်နတ်အရှင်ဆယ်ပါးကို စိတ်ထဲ ထည့်နေစရာမလိုတော့ဘူး… အချိန်တန်ရင် သူတို့ ငါ့ကို သတိထားမိဖို့ နောက်ကျသွားလိမ့်မယ်”

သူမကား စိတ်ဓာတ်တက်ကြွနေတော့သည်။ သူမသည် အင်္ကျီလက်စများကို ခါလိုက်ရာ လေထဲတွင် လွင့်မြောသွားစေ၏။ “ကောင်းကင်နတ်အရှင်မူကတော့ ငါ့အတွက် သေတွင်း တူးခဲ့တယ် ထင်နေလောက်ပြီ... ဒါပေမယ့် ငါ့ကို ကူညီခဲ့မိမှန်း ထင်ထားမှာမဟုတ်ဘူး… အဲဒီအချိန်ကျ သူ့ရဲ့မျက်နှာအမူအရာက အတော်လေး စိတ်ဝင်စားဖို့ကောင်းမှာပဲ”

ဖန်းကျစ်ယန်က ချီးကျူးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူက ရက်စက်ကောက်ကျစ်တဲ့ မြေခွေးတစ်ကောင်ဆိုပေမယ့် အရှင်မနဲ့ ယှဉ်ရင်တော့ နိမ့်ကျနေပါသေးတယ်”

နတ်အရှင်မချန်းက စိတ်ကျေနပ်စွာဖြင့် ‌တခစ်ခစ် ရယ်နေ၏။

မိစ္ဆာချီသည် နတ်ဘုရားစီရင်ရာစင်မြင့်နှင့် ခပ်ဝေးဝေးသို့ လွတ်မြောက်သွားသည်။ မကြာမီ ၎င်းက သိပ်သည်းသွား၏။ ချင်မူက အနက်ရောင်မီးခိုးငွေ့ထဲမှ ထွက်ပေါ်လာပြီး ထိုအနက်ရောင်မီးခိုးတို့က ပျားအုပ်တစ်အုပ်ကဲ့သို့ သူ့အနောက်မှလိုက်ကာ သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားတော့သည်။ မကြာမီ ၎င်းတို့က လုံးလုံးလျားလျား ပျောက်ကွယ်သွားချေပြီ။

‘လူသားတွေက လောဘကြီးတယ်… နတ်အရှင်မချန်းက ရွှမ်တုတိုက်ပွဲမှာ အငြိမ်နေမှာမဟုတ်ဘူး… ကောင်းကင်နယ်စားမင်းရဲ့ ရုပ်ခန္ဓာအတွက် ရှေးဟောင်းနတ်ဘုရားဘုရင်နဲ့ သေချာပေါက် တိုက်ခိုက်မှာပဲ… ဒါပေမဲ့ ကောင်းကင်နယ်စားမင်းရဲ့ ရုပ်ခန္ဓာကို လိုချင်နေတဲ့သူက ရှေးဟောင်းနတ်ဘုရားဘုရင် တစ်ယောက်တည်းမဟုတ်ဘူးဆိုတာကို နတ်အရှင်မချန်း ထည့်တွက်မိမှာမဟုတ်ဘူး… ကောင်းကင်နတ်အရှင်ဟုန်လည်း ရှိတယ်”

ချင်မူက ခေါင်းမော့ကြည့်လိုက်သည်။ ကောင်းကင်နတ်ဘုံ၏ တစ်၀က်ကျော်သည် ဘိုးဘေးနန်းတော်ထဲသို့ ရောက်ရှိလာပြီဖြစ်ကြောင်း မြင်လိုက်ရ၏။ လွန်ခဲ့သည့် ဆယ်ရက်အတွင်း ရောက်လာခြင်း ဖြစ်မည်။

“ကောင်းကင်နတ်အရှင်ဟုန်က သေချာပေါက် ကောင်းကင်နယ်စားမင်းရဲ့ရုပ်ခန္ဓာကို အဆုံးရှုံးခံမှာ မဟုတ်ဘူး… ကောင်းကင်နတ်အရှင်ဟုန်ကမှ တကယ့်ကို မြေခွေးအိုကြီးပဲ… နတ်အရှင်မချန်း လှုပ်ရှားရင် သူ့ထောင်ချောက်ထဲကနေ လွတ်မြောက်နိုင်ဖို့ ခက်လိမ့်မယ်’’

ကောင်းကင်နယ်စားမင်းကို ရှင်းလင်းသတ်ဖြတ်ခြင်းမှာ မျှော်မှန်း၍မရနိုင်အောင်ပင် ရက်စက်ကြမ်းကြုတ်မည့် တိုက်ပွဲကြီး ဖြစ်လိမ့်မည်။ ကောင်းကင်နတ်အရှင်ဆယ်ပါးမှ ဘယ်နှယောက် စေလွှတ်ခံရမည်လည်း ချင်မူမသိသည့်တိုင် ကောင်းကင်နတ်အရှင်ဟောင်ကတော့ ပါဝင်လိမ့်မည်မဟုတ်ပေ။

ကောင်းကင်နတ်အရှင်ဟောင်၏ အတိုက်အခိုက်စွမ်းရည်တို့သည် အတော်လေး တိုးတက်လာခဲ့သော်လည်း အထွတ်အထိပ်အခြေအနေသို့ ပြန်လည်မရောက်ရှိသေးပေ။

ကောင်းကင်နတ်အရှင်ရှောင်မှာ နှင်ထုတ်ခံရခဲ့သဖြင့် ရောက်ရှိလာနိုင်မည်မဟုတ်ပေ။

ကျန်ကောင်းကင်နတ်အရှင်များမှ ဘယ်နှယောက် ပေါ်လာနိုင်မည်နည်း။

“ကောင်းကင်နတ်အရှင်ရှုက သွားမှာမဟုတ်ဘူး… ရွှမ်တုရဲ့ ကောင်းကင်တာအိုက သူ့ကို ထိန်းချုပ်နိုင်တယ်… သူက ကောင်းကင်နတ်ဘုံမှာပဲ ကျန်ခဲ့ပြီး ခိုင်ဧကရာဇ်နဲ့ တခြားကောင်းကင်ဘုံတွေက ရှေးဟောင်းနတ်ဘုရားတွေ၊ ဧကရာဇ်တွေ တိုက်ခိုက်မလာနိုင်အောင် စောင့်ကြပ်နေလိမ့်မယ်”

“နတ်အရှင်မယန်က ရှေးဟောင်းနတ်ဘုရားထိုက်ကျိရဲ့ ထောက်ပံ့ပေးမှုကို ရထားတော့ အရမ်းစွမ်းအားကြီးနေပြီ… သူ သွားမလား၊ မသွားဘူးလား ပြောရခက်တယ်”

“နတ်ဧကရာဇ်လန်ရွှမ်က ခြောက်သွေ့နေတဲ့ ကမ္ဘာဦးတာအိုသစ်သီးတစ်လုံး ရထားတာ…. သူ့ရဲ့ခွန်အားက အများကြီးတိုးတက်လာတာဆိုတော့ ဒီတစ်ကြိမ် သွားဖို့ များတယ်… သူ့ခွန်အားကို ထုတ်ဖော်ပြသဖို့ အခွင့်အရေးပဲ”

“ဆယ့်တစ်ပါးမြောက် ကောင်းကင်နတ်အရှင်ရှစ်ချီလော်ကတော့ သေချာပေါက် သွားလိမ့်မယ်… သူက ပူပူနွေးနွေး ကောင်းကင်နတ်အရှင် ဖြစ်ထားတာဆိုတော့ ဒီအခွင့်အရေးကို အသုံးချပြီး သူ့ရဲ့အင်အားကို ထုတ်ပြမှာပဲ… မဟုတ်ရင် အခြားသူတွေ လက်ခံလာနိုင်အောင် ဖြောင်းဖြဖို့ ခက်လိမ့်မယ်”

“ကောင်းကင်နတ်အရှင်ဟွေ့လည်း သေချာပေါက်သွားမှာ… သူက မကောင်းမှုနဲ့ ရှေးဟောင်းနတ်ဘုရားတွေကို အမုန်းဆုံးလေ”

“ကောင်းကင်နတ်အရှင်ကုန်း သွားမလား၊ မသွားဘူးလား ဆိုတာကတော့ ပြောရခက်တယ်”

ချင်မူက တခဏမျှ တွေးနေသည်။ ‌မြေအောက်ဘုံအရှင်သခင်သည် ရွှမ်တုသို့ မသွားရောက်နိုင်သဖြင့် ကောင်းကင်နယ်စားမင်းနှင့် ပူးပေါင်းနိုင်မည်မဟုတ်ပေ။ ထိုမျှသာမက မြေအောက်ဘုံအရှင်သခင်က ကောင်းကင်နယ်စားမင်း၏ အကြံအစည်ကို သိထားပြီးဖြစ်နိုင်သဖြင့် ဤကိစ္စတွင် သေချာပေါက် ဝင်ရောက်ပတ်သက်မည် မဟုတ်ချေ။

ဝင်ရောက်ပတ်သက်နိုင်သူများမှာ ခိုင်ဧကရာဇ်၊ လန်ဝူနှင့် ကောင်းကင်နတ်အရှင်ယွဲ့တို့သာ ရှိ၏။ သူတို့သုံးယောက်၏ ခွန်အားနှင့် ရှေးဟောင်းနတ်ဘုရားသုံးပါးကို ပေါင်းလိုက်ပါက တိုက်ခိုက်နိုင်စွမ်း ရှိပေလိမ့်မည်။

သို့သော် ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်အရှင်ဆယ်ပါးတွင် ကောင်းကင်လက်နက်ကောင်းကင်နတ်အရှင်ယွီ ရှိနေသေးသည်။ ကောင်းကင်နတ်အရှင်ယွီက ရှေးဟောင်းနတ်ဘုရားသုံးပါးကို ထိန်းထားနိုင်သဖြင့် တိုက်ခိုက်နိုင်သူများမှာ ခိုင်ဧကရာဇ်၊ လန်ဝူနှင့် ကောင်းကင်နတ်အရှင်ယွဲ့တို့သာ ဖြစ်နိုင်၏။

“ဒါမှမဟုတ် နောက်ထပ်စစ်ပွဲတစ်ပွဲ စတင်ပြီး ကောင်းကင်နတ်ဘုံကို တိုက်ခိုက်လို့ရတာပဲ… ဒီအခွင့်အရေးကို အသုံးချပြီး ကောင်းကင်နတ်ဘုံမှာ ကျန်ခဲ့တဲ့ ကောင်းကင်နတ်အရှင်တွေကို သတ်ပစ်လို့ရတယ်.. အနည်းဆုံးတော့ ကောင်းကင်နတ်အရှင်ဟောင်ကို ရှင်းပစ်နိုင်မှာပဲ… ဒါပေမဲ့ အဲဒီလိုလုပ်မယ်ဆိုရင် ကောင်းကင်နယ်စားမင်းကို လက်လျှော့လိုက်ရလိမ့်မယ်… ကောင်းကင်နတ်အရှင်ရှုကို သတ်လိုက်ရင် မြေအောက်ဘုံအရှင်သခင်က ဒေါသထွက်လိမ့်မယ်…”

ချင်မူမှာ စိတ်ဓာတ်ကျသွားသည်။ ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်နတ်အရှင်ရှုတို့၏ သေဆုံးမှုအတွက် ကောင်းကင်နယ်စားမင်းအား အလဲအလှယ်လုပ်ပြီး မြေအောက်ဘုံအရှင်ကို မဟာမိတ်အဖြစ်မှ ဆုံးရှုံးရခြင်းသည် သူ လက်ခံနိုင်သော အရာမဟုတ်ပေ။

‘ရွှမ်တုတိုက်ပွဲမှာ ခိုင်ဧကရာဇ်၊ လန်ဝူနဲ့ ကောင်းကင်နတ်အရှင်ယွဲ့တို့က သူတို့ကိုယ်သူတို့တောင် ကာကွယ်နိုင်ကြမှာမဟုတ်ဘူး… ဒါကြောင့် ငါ ကောင်းကင်နယ်စားမင်းကို ကယ်နိုင်၊ မကယ်နိုင်က ကောင်းကင်နတ်အရှင်ရုံအပေါ်မှာ မူတည်နေတယ်”

ချင်မူ့မျက်လုံးထောင့်စွန်းများ တွန့်သွားသည်။ ကောင်းကင်နတ်အရှင်ရုံ ကျွမ်းကျင်သည့် မဟာတာအိုမှာ ယိုတုမဟာတာအို ဖြစ်သည်။ သူသာ ရွှမ်တုကို သွားရောက်ပါက သူ၏တာအိုသည် များစွာဖိနှိပ်ခံရလိမ့်မည်။ ရွှမ်တုတွင် အန္တရာယ်များစွာ ကြုံတွေ့နိုင်၏။

ထိုအကြောင်းအရင်းကြောင့်ပင် ကောင်းကင်နတ်အရှင်ရှု ရွှမ်တုသို့ သွားရောက်လိမ့်မည်မဟုတ်ဟု ချင်မူ ကောက်ချက်ချနိုင်ခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်နတ်အရှင်ရုံ ရွှမ်တုသို့ မသွားနိုင်သည့် အကြောင်းအရင်းလည်း ဖြစ်၏။

‘ကောင်းကင်နတ်အရှင်ရုံကို စွန့်စားခိုင်းလို့ မဖြစ်ဘူး’

ဘိုးဘေးနန်းတော်၏ကောင်းကင်မှာ တဖြည်းဖြည်း မည်းမှောင်လာသည်။ ချင်မူက စိတ်ထိန်း၍ သစ်နက်တောင်တန်းများဆီသို့ လျှောက်လှမ်းနေရင်း စိတ်ထဲမှ တွေးနေ၏။ ‘သူ ရွှမ်တုကို သွားမယ်ဆိုရင် အသက်အန္တရာယ်ရှိတယ်’

ရုတ်တရက် သူ့အရှေ့တွင် တစ္ဆေမီးတောက်များ ပေါ်လာပြီး စက္ကူလှေတစ်စင်း လွင့်မျောလာသည်။

ချင်မူ ရပ်လိုက်ရာ စက္ကူလှေပေါ်တွင် မီးအိမ်တစ်လုံး ကိုင်ထားသော အဘိုးကြီးတစ်ဦးကို တွေ့လိုက်ရ၏။ မီးအိမ်ကြီးအလင်းရောင်က သူ့အပေါ်တွင် တောက်ပနေသည်။

အဘိုးကြီးက စက္ကူလှေပေါ်မှ ဆင်း၍ ကျောက်ချလိုက်သည်။ သူက လှေဘေးရှိ အလင်းရောင်အောက်တွင် ထိုင်ကာ စက္ကူလူနှင့် စက္ကူမြင်းတစ်ကောင်ကို တိတ်တဆိတ် ခေါက်နေ၏။

ချင်မူက ရှေ့သို့လျှောက်သွားပြီး ထိုလူကို လျစ်လှူရှုကာ စက္ကူလှေဘေးမှ ဖြတ်သွားသည်။

“မူ”

မရဏတမန်တော်၏ လက်ချောင်းများကား လျင်မြန်သွက်လက်သောကြောင့် စက္ကူမြင်းတစ်ကောင်က သူ၏လက်ထဲတွင် လျင်မြန်စွာ ရုပ်လုံးပေါ်လာသည်။ “မင်း အခု လိုအပ်နေတာ လူအင်အားမလား”

သူက မှင်သေသေ မေး၏။ “တျန်းရှု၊ လော့ဝူရွှမ်၊ ကျဲ့ဟွလီနဲ့ ကောင်းကင်ဓားမ… ငါ သူတို့ကို ဖမ်းမိထားတယ်… မြေအောက်ဘုံအရှင်သခင်က သူတို့ကို ဧည့်ခံထားတယ်… တျန်းရှုက ထွက်သွားချင်တယ်လို့ ပြောနေတယ်… သူတို့လေးယောက် မင်းနဲ့အတူ ပူးပေါင်းရင် ဓားမလမ်းစဉ်ရဲ့ ကောင်းကင်ဘုံ ၃၀ စွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မယ်လို့ ပြောတယ်… ကောင်းကင်နတ်အရှင်တစ်ပါးကို အနိုင်မယူနိုင်ပေမယ့် သူတို့အသက်ကိုတော့ ကယ်တင်နိုင်လိမ့်မယ်”

ချင်မူက ရှုပ်ထွေးနေသော အကြည့်များဖြင့် လှေအနောက်တွင် ရပ်လိုက်သည်။ “ကျွန်တော် သူတို့နဲ့အတူ ဓားမလမ်းစဉ် အတိုက်အခိုက်စွမ်းရည်တွေကို ပေါင်းစည်းပြီးသွားပြီ… တကယ်ကို စွမ်းအားကြီးတယ်”

“သူတို့ထဲမှာ အနိမ့်ဆုံးသိုင်းအဆင့်က နတ်ဘုရားစီရင်ရာစင်မြင့်အဆင့်ဆိုတော့ ကောင်းကင်နတ်အရှင်တစ်ပါးအတွက် မပြောပလောက်ဘူး…. တျန်းရှုလို ဧကရာဇ်ပလ္လင်အဆင့်ရှိတဲ့ အင်အားကြီးသိုင်းပညာရှင်တစ်ယောက်တောင်မှ ငါ့မီးအိမ်အလင်းရောင်ကြောင့် အဖမ်းခံထားရတယ်”

မရဏတမန်တော်အဘိုးအိုမှာ ခေါင်းမော့မကြည့်ဘဲ အခေါက်ခံရတော့မည့် စက္ကူရုပ်ပုံကိုသာ ကြည့်နေသည်။ “မင်း သူတို့ကိုတောင် ဖိတ်ခေါ်ခဲ့ပြီး ဘာလို့ ငါ့ကိုကျ မဖိတ်တာလဲ…. ငါ့ကို အထင်သေးနေတာလား”

ချင်မူက ခေါင်းခါရမ်း၏။ “ခင်ဗျားရဲ့ စွမ်းဆောင်နိုင်ရည်တွေက သိပ်ကို ပြင်းထန်တယ်… ဆိုတော့ ခင်ဗျားကိုလည်း ဖိတ်ခေါ်ချင်ခဲ့ပါတယ်… ဒါပေမဲ့ ခင်ဗျားက ယိုတုမဟာတာအိုကို ကျင့်ကြံတာဆိုတော့ ရွှမ်တုမှာ သိပ်ပြီး အစွမ်းပြနိုင်မှာမဟုတ်ဘူး”

“မင်း ခိုင်ဧကရာဇ်၊ ကောင်းကင်နတ်အရှင်ယွဲ့နဲ့ နတ်ဘုရင်လန်ဝူကိုလည်း ဖိတ်ထားသေးတယ်မလား”

မရဏတမန်တော်က စက္ကူရုပ်ပုံကို မှုတ်လိုက်ရာ ၎င်းက ချက်ချင်း အသက်ဝင်လာသည်။ “နဂါးဟန်ခေတ်က ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှာ ငါ နောင်တော်ယွီကို အလေးစားဆုံးပဲ… ကောင်းကင်နတ်အရှင်ယွဲ့ကတော့ ငါနဲ့ ဆက်ဆံရေးအကောင်းဆုံးပဲ… ဒါပေမဲ့ ငါ့ကို စကားအများဆုံးပြောတာ ဘယ်သူလဲ မင်း သိလား”

သူက ခေါင်းမော့လာ၍ စက္ကူလှေတစ်ဖက်ခြမ်းရှိ ချင်မူ့ဆီ ကြည့်လိုက်သည်။ “မင်းပဲ”

“ငါကောင်းကင်နတ်အရှည်ယွဲ့ကို နှစ်တစ်သန်းကြာ သိကျွမ်းခဲ့ပေမယ့် သူ့ကို စကားဆယ်ခွန်းကျော်အောင် မပြောခဲ့ဖူးဘူး… အမြဲတမ်း သူကသာ ပြောပြီး ငါက နားထောင်ခဲ့တာ”

အရေးအကြောင်းများဖြင့် ပြည့်နှက်နေသည့် သူ၏မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ထွန်းလာသည်။ “ဒါပေမဲ့ ငါ မင်းနဲ့ တွေ့တိုင်း စကားအများကြီး ပြောမိတယ်… ဘာလို့လဲ သိလား”

ချင်မူက လှည့်ကြည့်လာသည်။

“ကောင်းကင်နတ်အရှင်ယွဲ့က မိန်းမတစ်ယောက်ဆိုတော့ သူ့အရှေ့မှာ ဘာမှပြောလို့မရဘူး… ကောင်းကင်နတ်အရှင်ယွီက ငါ့ရဲ့အစ်ကိုကြီးဆိုတော့ သူ့ကို လေးစားသောအားဖြင့် စိတ်ထဲမှာပဲ ထားခဲ့တယ်... တခြားကောင်းကင်နတ်အရှင်တွေကိုတော့ ဂရုတောင် မစိုက်ခဲ့ဘူး”

မရဏတမန်တော်က ထရပ်လိုက်သည်။ “မင်းကတော့ မတူဘူး…မင်း ငါ့အသက်နဲ့ လဲပြီး ယုံကြည်လို့ရတဲ့ မိတ်ဆွေတစ်ယောက်အဖြစ် ဆက်ဆံခဲ့တာ.. တာအိုမိတ်ဆွေပေါ့… မင်းနဲ့ ကောင်းကင်နတ်အရှင်ယွီက ဘာမှမပတ်သက်ပေမယ့် သူ့အတွက် မင်းက အသက်ကိုတောင် စွန့်ရဲတယ်… ကောင်းကင်နတ်အရှင်ဟောင်၊ ယွမ်မု၊ ကောင်းကင်နယ်စားမင်းနဲ့ ကောင်းကင်နတ်ဘုံတို့ကိုတောင် စော်ကားခဲ့တာ…”

“အဲဒီအချိန်ကစပြီး မင်းရဲ့ စကားတစ်ခွန်းအတွက် မင်း ကောင်းကင်နတ်အရှင်ယွီကို ပြန်အသက်သွင်းပေးဖို့ ပြန်လာမှာကို ယိုတုမှာ နှစ်တစ်သန်းကြာတဲ့အထိ စောင့်ခဲ့တာပဲ …. မင်းလည်း တကယ် ပြန်လာခဲ့တယ်”

“အခု မင်းဆီက စကားတစ်ခွန်းလေးနဲ့ မင်းနဲ့အတူ လိုက်ပြီး ရွှမ်တုမှာ သတ်ဖြတ်ပေးနိုင်တယ်”

All Chapters